သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

အစၥေရးေရြးေကာက္ပြဲ အႏုိင္ရသူ ခန္႕မွန္းဖုိ ့ခက္ခဲ


အဂၤါေန႔က အစၥေရးလ္ႏုိ္င္ငံမွာ ၅ လအတြင္း ဒုတိယအၾကိမ္ က်င္းပခဲ့တဲ့ ေရြးေကာက္ပြဲမွာ လက္ရွိ ၀န္ၾကီးခ်ဳပ္ Benjamin Netanyahu ဟာ ဗဟုိ၀ါဒီ Blue and White ပါတီ ေခါင္းေဆာင္ အစၥေရးစစ္တပ္ အႀကီးအကဲ ေဟာင္း Benny Gantz နဲ႔ အႀကိတ္အနယ္ယွဥ္ၿပိဳင္ေနရ ပါတယ္။ ၿပီးခဲ့တဲ့ ဧၿပီလကေရြးေကာက္ပြဲ က်င္းပခဲ့ေပမယ့္လည္း Netanyahu ဟာ လုံေလာက္တဲ့ လူမ်ားစု အစိုးရတစ္ရပ္ မဖြဲ႕စည္းႏုိင္တာ ေၾကာင့္ အခု ေရြးေကာက္ပြဲကို ထပ္မံ က်င္းပရတာျဖစ္ပါတယ္။ အစၥေရးလ္ သမိုင္းမွာ မၾကံဳစဖူး ဒုတိယအႀကိမ္ ျပန္လည္ က်င္းပခဲ့တဲ့ ေရြးေကာက္ပြဲမွာ အစၥေရးလ္ႏုိင္ငံရဲ႕ သမိုင္း၀င္ သက္တမ္း အရွည္ၾကာဆုံး၀န္ၾကီးခ်ဳပ္ Netanyahu ထပ္မံ အႏုိင္ ရမရ ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။ အျပည့္အစုံကို ကိုရဲမင္းထြန္းက တင္ျပေပးပါမယ္။

လက္ရွိ အစၥေရးလ္ ၀န္ၾကီးခ်ဳပ္ Benjamin Netanyahu ဟာ စက္တင္ဘာလ ၁၆ ရက္ေန႔ ေရြးေကာက္ပြဲ မတိုင္ခင္ အၾကိဳ ကာလအတြင္း အမ်ိဳးသားေရးကို လွံဳ႕ေဆာ္တဲ့ အျငင္းပြားဖြယ္ရာ ကတိေတြကိုေပးၿပီး ေရြးေကာက္ပြဲ ၀င္ခဲ့ပါတယ္။ Netanyahu ေပးတဲ့ကတိေတြအထဲ သူသာ အႏုိင္ရရင္ အေနာက္ဖက္ကမ္း နယ္ေျမတစ္ခ်ိဳ႕ကို အစၥေရးလ္ႏုိင္ငံ ပိုင္နက္ထဲ သြတ္သြင္းမယ့္ကတိနဲ႔ ဂ်ဴးအေျခစိုက္ စခန္း အားလုံးကို အစၥေရးလ္ အခ်ဳပ္အျခာအာဏာေအာက္ ထည့္သြင္းမယ္ဆိုတဲ့ ကတိလည္း ပါ၀င္ခဲ့ပါတယ္။ အဲဒီလို ကတိေပးေပးခဲ့ေပမဲ့လည္း မဲေပးအျပီးမွာေတာ့ ေရြးေကာက္ပြဲ အၾကိတ္အနယ္ ရွိေၾကာင္းကိုေတာ့ ၀န္ၾကီးခ်ဳပ္ Netanyahu က ေျပာခဲ့ပါတယ္။

“ေရြးေကာက္ပြဲက သိပ္ၿပီး အႀကိတ္အနယ္ရွိပါတယ္။ အႏုိင္ရမယ္လို႔ အပိုင္ေျပာလို႔ မရပါဘူး။ ဒါေပမဲ့ ခင္ဗ်ားတို႔ မဲဆႏၵရွင္ေတြက တကယ္ မဲသြားေပးၾကမယ္ဆိုရင္ေတာ့ ကၽြန္ေတာ္တို႔ ႏုိင္မွာပါ။”

ေလာေလာဆယ္မွာ အဂတိလိုက္စား မႈဆိုင္ရာ တရားစြဲဆိုခ်က္ေတြနဲ႔ ရင္ဆုိင္ေနရတဲ့ ၀န္ႀကီးခ်ဳပ္ Netanyahu အတြက္ အစၥေရးလ္ ျပည္သူေတြ မဲရုံေတြကို သြားၿပီး မဲ ေပးမေပး ဆိုတာကလည္း အေရးႀကီးေနပါတယ္။ ဒါေၾကာင့္ သူဟာ ေရြးေကာက္ပြဲေန႔ တစ္ေန႔လုံး ေနရာစံုကို သြားၿပီး မဲဆႏၵရွင္ေတြ မဲေပးၾကဖို႔ ေဆာ္ၾသခဲ့ပါတယ္။ သေဘာထား တင္းမာသူနဲ႔ ဘာသာေရး၀ါဒစြဲ ျပင္းထန္သူ အမ်ိဳးသားေရး ၀ါဒီေတြနဲ႔ ပူးေပါင္းျပီး ပါလီမန္မွာ လူမ်ားစု ေနရာကို ရရွိဖို႔ သူက အျပင္းအထန္ ၾကိဳးစားေနတာပါ။

အစၥေရးလ္ႏို္င္ငံရဲ႕ ေရြးေကာက္ပြဲနဲ႔ Netanyahu ရဲ႕ ေရြးေကာက္ပြဲ ကတိေတြနဲ႔ ပတ္သက္ျပီး သတင္းေထာက္ေတြရဲ႕ အေမးကိုေတာ့ Netanyahu ရဲ႕ မဟာမိတ္ တစ္ဦးျဖစ္သူ အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္က အခုလို ေျဖၾကားခဲ့ပါတယ္။

“သူႏုိင္ဖို႔ အခြင့္အေရး ေကာင္းေကာင္း ရွိပါတယ္။ ဒါေပမဲ့ ေရြးေကာက္ပြဲက သိပ္ အၾကိတ္အနယ္ ရွိမယ္လို႔ လူထု စစ္တမ္းေတြက ျပေနတယ္။ လူထု စစ္တမ္းေတြဟာလည္း တစ္ခါတစ္ခါ မမွန္တတ္ပါဘူး။ သူ႔ ေရြးေကာက္ပြဲ ကတိေတြနဲ႔ ပတ္သက္ျပီးေတာ့ ကၽြန္ေတာ္ အခု ဘာမွာ မေျပာလို ပါဘူး။ ေျပာဖို႔ ေစာေနပါေသးတယ္။”

Netanyhu နဲ႔ ယွဥ္ျပိဳင္သူ အစၥေရးလ္ စစ္တပ္ အၾကီးအကဲေဟာင္း Benny Gantz ကေတာ့ အစၥေရးလ္းႏိုင္ငံ အလယ္ပိုင္းက သူ႔ရဲ႕ ဇာတိျမိဳ႕မွာ မဲေပးရင္း သူ႔ပါတီအေနနဲ႔ အဂတိလိုက္စားမႈနဲ႔ အစြန္းေရာက္၀ါဒ မပါရွိဘဲ ေမွ်ာ္လင့္ခ်က္နဲ႔ ေျပာင္းလဲမႈကို အစၥေရးလ္ ႏိုင္ငံအတြက္ေဆာင္က်ဥ္း ေပးမွာ ျဖစ္တယ္လို႔ ေျပာခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ေရြးေကာက္ပြဲအတြင္းက ၀န္ၾကီးခ်ဳပ္ Netanyahu ရဲ႕ မဟာမိတ္ ျဖစ္ျပီး အခုအခါ ျပိဳင္ဖက္ ရန္သူ ျဖစ္သြားခဲ့သူ Avigdor Liebermann ကိုေတာ့ ေရြးေကာက္ပြဲအျပီး အစိုးရဖြဲ႕စည္းေရးမွာ အဆုံးအျဖတ္ေပးမယ့္သူ (king maker) အျဖစ္ သတ္မွတ္ထားပါတယ္။ Netanyahu ေခါင္းေဆာင္တဲ့ အရင္ ညြန္႔ေပါင္း အစိုးရအဖြဲ႕အတြင္း သူ ပါ၀င္ဖို႔ ျငင္းဆန္ခဲ့လို႔ အခုလို ေရြးေကာက္ပြဲ က်င္းပခဲ့ရတာပါ။ သူက ပုံမွန္ျဖစ္တဲ့ အစၥေရးလ္ႏုိင္ငံကို ျပန္လည္ တည္ေဆာက္ၾကစို႔ Make Israel Normal Again လို႔ ေၾကြးေၾကာ္ျပီး ေရြးေကာက္ပြဲကို ၀င္ေရာက္ခဲ့ ပါတယ္။ ဘာသာေရး အစြန္းေရာက္ေတြ ၾသဇာ လႊမ္္းမိုးမႈ မရွိတဲ့ အစၥေရးလ္ ႏို္င္ငံကို ဆိုလိုတာ ျဖစ္ပါတယ္။

အစၥေရးလ္ႏုိင္ငံရဲ႕ ေရြးေကာက္ပြဲရဲ႕ ေနာက္ဆုံး ရလဒ္ေတြကို ဗုဒၶဟူးေန႔မွာ ေၾကညာႏုိင္မွာ ျဖစ္ပါတယ္။ ၀န္ၾကီးခ်ဳပ္ Netanyahu ရဲ႕အမ်ိဳးသား ေရးဆိုင္ရာ ကတိေပးခ်က္ေတြေၾကာင့္ ေလာေလာဆယ္မွာပဲ ဥေရာပႏုိင္ငံေတြနဲ႔ ေဆာ္ဒီအာေရဘီယား ႏိုင္ငံေတြရဲ႕ ေ၀ဖန္မႈေတြ ထြက္ေပၚလာခဲ့ပါျပီ။ ေဂ်ာ္ဒန္ ဘုရင္ဟူစိန္ကလည္း ပိုင္နယ္နယ္ေျမ သိမ္းသြင္းမယ့္လုပ္ရပ္ဟာ ေဘးဆိုးတစ္ခု ျဖစ္မယ္ လို႔ ေျပာခဲ့ပါတယ္။

အခု ေနာက္ဆုံး ရရွိတဲ့ မဲရုံထြက္ ကနဦး ေကာက္ယူတဲ့ စစ္တမ္းေတြမွာေတာ့ လက္ရွိ ၀န္ၾကီးခ်ဳပ္ Netanyahu ေရာ စစ္တပ္ အၾကီးအကဲေဟာင္း Gantz ပါ အစိုးရ ဖြဲ႕ႏုိင္ေလာက္ အႏုိင္ရရွိေသးပါဘူ။ ႏွစ္ဘက္စလုံးကေတာ့ ဗုဒၶေန႔မွာ ရရွိမယ့္ ေနာက္ဆုံး မဲ ရလဒ္ေတြက အခု အေျခအေနကို ေျပာင္းလဲသြားေစလိမ့္လို႔ ေမွ်ာ္လင့္ေနၾကပါတယ္။

ျပတ္ျပတ္သားသား မရွိတဲ့ ေရြးေကာက္ပြဲ ရလဒ္ ထြက္ေပၚလာရင္ေတာ့ အစၥေရးလ္ သမၼတ Reuven Rivlin ရဲ႕ အခန္းက႑က အေရးပါလာမွာ ျဖစ္ပါတယ္။ သူဟာ အစၥေရးလ္ႏုိင္ငံအက်ိဳးအတြက္ ဘယ္သူက အသင့္ေတာ္ဆုံးလဲဆိုတာကို ဆုံးျဖတ္ျပီး ၀န္ၾကီးခ်ဳပ္ကို ေရြးခ်ယ္ႏုိင္ပါတယ္။ ပုံမွန္ကေတာ့ အမ်ားစု အႏုိင္ရ ပါတီ ေခါင္းေဆာင္ကို ေရြးခ်ယ္ေလ့ရွိပါတယ္။ သမၼတ Rivlin ကေတာ့ ေရြးေကာက္ခံ အစိုးရတစ္ရပ္ ဖြဲ႕စည္းဖို႔နဲ႔ ေနာက္ထပ္ ေရြးေကာက္ပြဲ တစ္ခုကို ေရွာင္ရွားႏုိင္ဖို႔ေရး အစြမ္းကုန္ ၾကိဳးပမ္းသြားမွာျဖစ္ေၾကာင္း ေျပာထား ေၾကာင္းပါ။

.....................

(Unicode)

အစ္စရေးရွေးကောက်ပွဲ အနိုင်ရသူ ခန့်မှန်းဖို့ခက်ခဲ

အင်္ဂါနေ့က အစ္စရေးလ်နိုင်ငံမှာ ၅ လအတွင်း ဒုတိယအကြိမ် ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ လက်ရှိ ဝန်ကြီးချုပ် Benjamin Netanyahu ဟာ ဗဟိုဝါဒီ Blue and White ပါတီ ခေါင်းဆောင် အစ္စရေးစစ်တပ် အကြီးအကဲ ဟောင်း Benny Gantz နဲ့ အကြိတ်အနယ်ယှဉ်ပြိုင်နေရ ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလကရွေးကောက်ပွဲ ကျင်းပခဲ့ပေမယ့်လည်း Netanyahu ဟာ လုံလောက်တဲ့ လူများစု အစိုးရတစ်ရပ် မဖွဲ့စည်းနိုင်တာ ကြောင့် အခု ရွေးကောက်ပွဲကို ထပ်မံ ကျင်းပရတာဖြစ်ပါတယ်။ အစ္စရေးလ် သမိုင်းမှာ မကြုံစဖူး ဒုတိယအကြိမ် ပြန်လည် ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ အစ္စရေးလ်နိုင်ငံရဲ့ သမိုင်းဝင် သက်တမ်း အရှည်ကြာဆုံးဝန်ကြီးချုပ် Netanyahu ထပ်မံ အနိုင် ရမရ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ အပြည့်အစုံကို ကိုရဲမင်းထွန်းက တင်ပြပေးပါမယ်။

လက်ရှိ အစ္စရေးလ် ဝန်ကြီးချုပ် Benjamin Netanyahu ဟာ စက်တင်ဘာလ ၁၆ ရက်နေ့ ရွေးကောက်ပွဲ မတိုင်ခင် အကြို ကာလအတွင်း အမျိုးသားရေးကို လှုံ့ဆော်တဲ့ အငြင်းပွားဖွယ်ရာ ကတိတွေကိုပေးပြီး ရွေးကောက်ပွဲ ဝင်ခဲ့ပါတယ်။ Netanyahu ပေးတဲ့ကတိတွေအထဲ သူသာ အနိုင်ရရင် အနောက်ဖက်ကမ်း နယ်မြေတစ်ချို့ကို အစ္စရေးလ်နိုင်ငံ ပိုင်နက်ထဲ သွတ်သွင်းမယ့်ကတိနဲ့ ဂျူးအခြေစိုက် စခန်း အားလုံးကို အစ္စရေးလ် အချုပ်အခြာအာဏာအောက် ထည့်သွင်းမယ်ဆိုတဲ့ ကတိလည်း ပါဝင်ခဲ့ပါတယ်။ အဲဒီလို ကတိပေးပေးခဲ့ပေမဲ့လည်း မဲပေးအပြီးမှာတော့ ရွေးကောက်ပွဲ အကြိတ်အနယ် ရှိကြောင်းကိုတော့ ဝန်ကြီးချုပ် Netanyahu က ပြောခဲ့ပါတယ်။

“ရွေးကောက်ပွဲက သိပ်ပြီး အကြိတ်အနယ်ရှိပါတယ်။ အနိုင်ရမယ်လို့ အပိုင်ပြောလို့ မရပါဘူး။ ဒါပေမဲ့ ခင်ဗျားတို့ မဲဆန္ဒရှင်တွေက တကယ် မဲသွားပေးကြမယ်ဆိုရင်တော့ ကျွန်တော်တို့ နိုင်မှာပါ။”

လောလောဆယ်မှာ အဂတိလိုက်စား မှုဆိုင်ရာ တရားစွဲဆိုချက်တွေနဲ့ ရင်ဆိုင်နေရတဲ့ ဝန်ကြီးချုပ် Netanyahu အတွက် အစ္စရေးလ် ပြည်သူတွေ မဲရုံတွေကို သွားပြီး မဲ ပေးမပေး ဆိုတာကလည်း အရေးကြီးနေပါတယ်။ ဒါကြောင့် သူဟာ ရွေးကောက်ပွဲနေ့ တစ်နေ့လုံး နေရာစုံကို သွားပြီး မဲဆန္ဒရှင်တွေ မဲပေးကြဖို့ ဆော်သြခဲ့ပါတယ်။ သဘောထား တင်းမာသူနဲ့ ဘာသာရေးဝါဒစွဲ ပြင်းထန်သူ အမျိုးသားရေး ဝါဒီတွေနဲ့ ပူးပေါင်းပြီး ပါလီမန်မှာ လူများစု နေရာကို ရရှိဖို့ သူက အပြင်းအထန် ကြိုးစားနေတာပါ။

အစ္စရေးလ်နိုင်ငံရဲ့ ရွေးကောက်ပွဲနဲ့ Netanyahu ရဲ့ ရွေးကောက်ပွဲ ကတိတွေနဲ့ ပတ်သက်ပြီး သတင်းထောက်တွေရဲ့ အမေးကိုတော့ Netanyahu ရဲ့ မဟာမိတ် တစ်ဦးဖြစ်သူ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က အခုလို ဖြေကြားခဲ့ပါတယ်။

“သူနိုင်ဖို့ အခွင့်အရေး ကောင်းကောင်း ရှိပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲက သိပ် အကြိတ်အနယ် ရှိမယ်လို့ လူထု စစ်တမ်းတွေက ပြနေတယ်။ လူထု စစ်တမ်းတွေဟာလည်း တစ်ခါတစ်ခါ မမှန်တတ်ပါဘူး။ သူ့ ရွေးကောက်ပွဲ ကတိတွေနဲ့ ပတ်သက်ပြီးတော့ ကျွန်တော် အခု ဘာမှာ မပြောလို ပါဘူး။ ပြောဖို့ စောနေပါသေးတယ်။”

Netanyhu နဲ့ ယှဉ်ပြိုင်သူ အစ္စရေးလ် စစ်တပ် အကြီးအကဲဟောင်း Benny Gantz ကတော့ အစ္စရေးလ်းနိုင်ငံ အလယ်ပိုင်းက သူ့ရဲ့ ဇာတိမြို့မှာ မဲပေးရင်း သူ့ပါတီအနေနဲ့ အဂတိလိုက်စားမှုနဲ့ အစွန်းရောက်ဝါဒ မပါရှိဘဲ မျှော်လင့်ချက်နဲ့ ပြောင်းလဲမှုကို အစ္စရေးလ် နိုင်ငံအတွက်ဆောင်ကျဉ်း ပေးမှာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲအတွင်းက ဝန်ကြီးချုပ် Netanyahu ရဲ့ မဟာမိတ် ဖြစ်ပြီး အခုအခါ ပြိုင်ဖက် ရန်သူ ဖြစ်သွားခဲ့သူ Avigdor Liebermann ကိုတော့ ရွေးကောက်ပွဲအပြီး အစိုးရဖွဲ့စည်းရေးမှာ အဆုံးအဖြတ်ပေးမယ့်သူ (king maker) အဖြစ် သတ်မှတ်ထားပါတယ်။ Netanyahu ခေါင်းဆောင်တဲ့ အရင် ညွန့်ပေါင်း အစိုးရအဖွဲ့အတွင်း သူ ပါဝင်ဖို့ ငြင်းဆန်ခဲ့လို့ အခုလို ရွေးကောက်ပွဲ ကျင်းပခဲ့ရတာပါ။ သူက ပုံမှန်ဖြစ်တဲ့ အစ္စရေးလ်နိုင်ငံကို ပြန်လည် တည်ဆောက်ကြစို့ Make Israel Normal Again လို့ ကြွေးကြော်ပြီး ရွေးကောက်ပွဲကို ဝင်ရောက်ခဲ့ ပါတယ်။ ဘာသာရေး အစွန်းရောက်တွေ သြဇာ လွှမ်းမိုးမှု မရှိတဲ့ အစ္စရေးလ် နိုင်ငံကို ဆိုလိုတာ ဖြစ်ပါတယ်။

အစ္စရေးလ်နိုင်ငံရဲ့ ရွေးကောက်ပွဲရဲ့ နောက်ဆုံး ရလဒ်တွေကို ဗုဒ္ဓဟူးနေ့မှာ ကြေညာနိုင်မှာ ဖြစ်ပါတယ်။ ဝန်ကြီးချုပ် Netanyahu ရဲ့အမျိုးသား ရေးဆိုင်ရာ ကတိပေးချက်တွေကြောင့် လောလောဆယ်မှာပဲ ဥရောပနိုင်ငံတွေနဲ့ ဆော်ဒီအာရေဘီယား နိုင်ငံတွေရဲ့ ဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့ပါပြီ။ ဂျော်ဒန် ဘုရင်ဟူစိန်ကလည်း ပိုင်နယ်နယ်မြေ သိမ်းသွင်းမယ့်လုပ်ရပ်ဟာ ဘေးဆိုးတစ်ခု ဖြစ်မယ် လို့ ပြောခဲ့ပါတယ်။

အခု နောက်ဆုံး ရရှိတဲ့ မဲရုံထွက် ကနဦး ကောက်ယူတဲ့ စစ်တမ်းတွေမှာတော့ လက်ရှိ ဝန်ကြီးချုပ် Netanyahu ရော စစ်တပ် အကြီးအကဲဟောင်း Gantz ပါ အစိုးရ ဖွဲ့နိုင်လောက် အနိုင်ရရှိသေးပါဘူ။ နှစ်ဘက်စလုံးကတော့ ဗုဒ္ဓနေ့မှာ ရရှိမယ့် နောက်ဆုံး မဲ ရလဒ်တွေက အခု အခြေအနေကို ပြောင်းလဲသွားစေလိမ့်လို့ မျှော်လင့်နေကြပါတယ်။

ပြတ်ပြတ်သားသား မရှိတဲ့ ရွေးကောက်ပွဲ ရလဒ် ထွက်ပေါ်လာရင်တော့ အစ္စရေးလ် သမ္မတ Reuven Rivlin ရဲ့ အခန်းကဏ္ဍက အရေးပါလာမှာ ဖြစ်ပါတယ်။ သူဟာ အစ္စရေးလ်နိုင်ငံအကျိုးအတွက် ဘယ်သူက အသင့်တော်ဆုံးလဲဆိုတာကို ဆုံးဖြတ်ပြီး ဝန်ကြီးချုပ်ကို ရွေးချယ်နိုင်ပါတယ်။ ပုံမှန်ကတော့ အများစု အနိုင်ရ ပါတီ ခေါင်းဆောင်ကို ရွေးချယ်လေ့ရှိပါတယ်။ သမ္မတ Rivlin ကတော့ ရွေးကောက်ခံ အစိုးရတစ်ရပ် ဖွဲ့စည်းဖို့နဲ့ နောက်ထပ် ရွေးကောက်ပွဲ တစ်ခုကို ရှောင်ရှားနိုင်ဖို့ရေး အစွမ်းကုန် ကြိုးပမ်းသွားမှာဖြစ်ကြောင်း ပြောထား ကြောင်းပါ။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG