သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးရွေးကောက်ပွဲ Netanyahu အကျိတ်အနယ်ကြိုးပမ်း


အစ္စရေးလ် ဝန်ကြီးချုပ် Benjamin Netanyahu က အင်္ဂါနေ့ ရွေးကောက်ပွဲမှာ သူ ပြန်အရွေးခံရရင် အနောက်ဖက်ကမ်းက ဂျုး အခြေချ စခန်းတွေ အားလုံးကို အစ္စရေးလ်နိုင်ငံ ပိုင်နက်အတွင်း သွတ်သွင်းမယ်လို့ တနင်္လာနေ့က ပြောလိုက်ပါတယ်။ ရွေးကောက်ပွဲ မကျင်းပလေး ခင်မှာပဲ သူ့ရဲ့ အမျိုးသားရေးဝါဒ အခြေခံ မဲဆွယ်ပွဲ နောက်ဆုံးစကားကို ပြောလိုက်တာ ဖြစ်ပါတယ်။

အစ္စရေးလ်နိုင်ငံရဲ့ သက်တမ်း အကြာဆုံး ဝန်ကြီးချုပ်ဖြစ်သူ Netanyahu ဟာ သူ့အတွက် စံချိန်တင် သက်တမ်း ငါးကြိမ်မြောက် ဝန်ကြီးချုပ် ဖြစ်ရေးအတွက် ဗဟိုဝါဒီ Blue and White ပါတီက Benny Gantz နဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ Netanyahu ဟာ အဂတိ လိုက်စားမှုဆိုင်ရာ စွပ်စွဲချက်တွေနဲ့ လည်း ရင်ဆိုင်နေရပါတယ်။

အခု ရွေးကောက်ပွဲဟာ ဧပြီလက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအပြီး ဝန်ကြီးချုပ် Netanyahu အနေနဲ့ လုံလောက်တဲ့ လူများစု အစိုးရ မဖွဲ့နိုင်ခဲ့တာကြောင်း ၆ လအတွင်း ဒုတိယ အကြိမ်မြောက် ကျင်းပရတဲ့ ရွေးကောက်ပွဲ ဖြစ်ပါတယ်။

လူထု စစ်တမ်းတွေအရတော့ အင်္ဂါနေ့ ရွေးကောက်ပွဲ ဘယ်သူနိုင်မလဲဆိုတာ ပြောဖို့ မလွယ်ကူပါဘူး။ ကိုယ်စားလှယ် နေရာ ၁၂၀ ရှိတဲ့ အစ္စရေးလ် လွှတ်တော် Knesset မှာ Netanyahu ရဲ့ လက်ယာ လီကွတ်ပါတီနဲ့ Benny Gantz ဦးဆောင်တဲ့ ဗဟိုဝါဒီ Blue and White ပါတီတို့အကြား ဘယ်ပါတီက ကိုယ်စားလှယ် အများစု အနိုင်ရမလဲဆိုတာ မခန့်မှန်းနိုင်ကြပါဘူး။

ရွေးကောက်ပွဲ အကြို ကာလအတွင်းမှာ ဝန်ကြီးချုပ် Netanyahu ဟာ အမျိုးသားရေးဝါဒီတွေရဲ့ ထောက်ခံမှုကို ရရှိအောင် ကြိုးစားနေခဲ့ပါတယ်။ ပြီးခဲ့တဲ့ အပတ်ကလည်း သူ့ရဲ့ မဟာမိတ် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နဲလည်း အမေရိကန်နဲ့ အစ္စရေးလ် နှစ်နိုင်ငံ ကာကွယ်ရေး စာချုပ်တစ်ရပ် ထားရှိနိုင်ခြေကိုလည်း ပြောထားပြီး အစ္စရေးလ် အမျိုးသားရေး ဝါဒီတွေရဲ့ ထောက်ခံမှုနဲ့ ရွေးကောက်ပွဲ အနိုင်ရရေး ကြိုးပမ်းနေပါတယ်။

............

အစ်စရေးရှေးကောကျပှဲNetanyahu အကြိတျအနယျကွိုးပမျး


တိုက်ရိုက် လင့်ခ်


XS
SM
MD
LG