သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဂ်ာ္ဒန္ျမစ္အေနာက္ဘက္ အစၥေရး သိမ္းယူမည့္အေရး OIC စည္းေ၀းမည္


အေနာက္ဘက္ကမ္းရွိ Yatta ၿမိဳ႕တြင္ ပါလက္စတုိင္းပိုင္ အေဆာက္အဦမ်ားကို ၿဖဳိခ်က္ဖ်က္ဆီးေနသည့္ အစၥေရးယာဥ္တစီး။ (စက္တင္ဘာ ၁၁၊ ၂၀၁၉)

အစၥေရး၀န္ႀကီးခ်ဳပ္ Benjamin Netanyahu က ေဂ်ာ္ဒန္ျမစ္ အေနာက္ဘက္ကမ္း ေဒသတခ်ိဳ႕ကို သိမ္းယူမယ့္ ရည္ရြယ္ခ်က္နဲ႔ ပတ္သက္ၿပီး ေဆြးေႏြးဖို႔ အစၥလာမၼစ္ ပူးေပါင္းေဆာင္ရြက္ေရးအဖြဲ႔ OIC က တနဂၤေႏြေန႔မွာ အေရးေပၚအစည္းအေ၀းတခု က်င္းပမွာပါ။

ေဆာ္ဒီအာေရဗ်ရဲ႕ ပန္ၾကားခ်က္နဲ႔ ေဆာ္ဒီႏုိင္ငံ ဆိပ္ကမ္းၿမိဳ႕ Jeddah မွာ ေဆြးေႏြးပြဲ က်င္းပမယ့္အေၾကာင္း အဖြဲ႔၀င္ ၅၇ ႏိုင္ငံပါ OIC က ဗုဒၶဟူးေန႔တုန္းက တြစ္တာ လူမႈကြန္ရက္မွာ ေရးသားခဲ့ပါတယ္။

အေနာက္ဘက္ကမ္းမွာ အစၥေရးရဲ႕ တရားမ၀င္ အေျခခ်အိမ္ယာ တည္ေဆာက္မႈနဲ႔ ေဂ်ာ္ဒန္ျမစ္၀ွမ္းေဒသကို သိမ္းပိုက္ဖို႔ ရည္ရြယ္ထားတယ္ဆိုတဲ့ အစၥေရး၀န္ႀကီးခ်ဳပ္ Netanyahu ရဲ႕ ေျပာဆိုခ်က္ေတြနဲ႔ ပတ္သက္ၿပီး OIC အဖြဲ႔က ေဆြးေႏြးၾကမွာျဖစ္တယ္လုိ႔ တူရကီ ႏုိင္ငံျခားေရး၀န္ႀကီးဌာနက စေနေန႔မွာ ေျပာဆိုထားပါတယ္။

ေနာက္သီတင္းပတ္က်င္းပမယ့္ ေရြးေကာက္ပြဲမွာ သူအႏုိင္ရခဲ့ရင္ သိမ္းပိုက္ခံ အေနာက္ဘက္ကမ္းက အစိတ္အပိုင္းကို သိမ္းယူမယ့္ အစီအစဥ္ကို အစၥေရး၀န္ႀကီးခ်ဳပ္ Netanyahu က ၿပီးခဲ့တဲ့ အဂၤါေန႔တုန္းက ေျပာဆိုခဲ့တာပါ။ ဒီေဆာင္ရြက္ခ်က္ဟာဆိုရင္ ကာလရွည္ အစၥေရး-ပါလက္စတုိင္း ပဋိပကၡေပၚမွာ ထူးထူးျခားျခား ေျပာင္းလဲသြားႏုိင္ပါတယ္။

စက္တင္ဘာလ ၁၇ ရက္ေန႔ ေရြးေကာက္ပြဲမွာ သူအႏုိင္ရခဲ့ရင္ မဟာဗ်ဴဟာေျမာက္ အေရးႀကီးတဲ့ ေဒသျဖစ္တဲ့ ေဂ်ာ္ဒန္ျမစ္၀ွမ္းနဲ႔ ပင္လယ္ေသ ေျမာက္ပိုင္းမွာ အစၥေရးရဲ႕ အခ်ဳပ္အျခာ အာဏာပိုင္ျဖစ္ေအာင္ လုပ္ဖို႔ ရည္ရြယ္ေၾကာင္း အစၥေရး၀န္ႀကီးခ်ဳပ္ Netanyahu က ႐ုပ္သံမိန္႔ခြန္းမွာ ေျပာဆိုခဲ့တာပါ။

ဒီလိုက်ဴးေက်ာ္မႈဟာဆိုရင္ အစၥေရး-ပါလက္စတိုင္းၾကား ၿငိမ္းခ်မ္းေရး သေဘာတူညီခ်က္တခု ရရွိေရး အခြင့္အလမ္းေတြကို ဖ်က္ဆီးပစ္လိမ့္မယ္လို႔ ပါလက္စတိုင္း လြတ္ေျမာက္ေရးအဖြဲ႔ PLO ရဲ႕ အမႈေဆာင္ ေကာ္မတီ၀င္ Hanan Ashrawi ကလည္း တြစ္တာ လူမႈကြန္ရက္မွာ ေရးသားခဲ့ပါတယ္။

-------------------------

[Unicode Version]

ဂျော်ဒန်မြစ်အနောက်ဘက် အစ္စရေး သိမ်းယူမည့်အရေး OIC စည်းဝေးမည်

အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က ဂျော်ဒန်မြစ် အနောက်ဘက်ကမ်း ဒေသတချို့ကို သိမ်းယူမယ့် ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC က တနင်္ဂနွေနေ့မှာအရေးပေါ်အစည်းအဝေးတခု ကျင်းပမှာပါ။

ဆော်ဒီအာရေဗျရဲ့ ပန်ကြားချက်နဲ့ ဆော်ဒီနိုင်ငံ ဆိပ်ကမ်းမြို့ Jeddah မှာ ဆွေးနွေးပွဲ ကျင်းပမယ့်အကြောင်း အဖွဲ့ဝင် ၅၇ နိုင်ငံပါ OIC က ဗုဒ္ဓဟူးနေ့တုန်းက တွစ်တာ လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

အနောက်ဘက်ကမ်းမှာ အစ္စရေးရဲ့ တရားမဝင် အခြေချအိမ်ယာ တည်ဆောက်မှုနဲ့ဂျော်ဒန်မြစ်ဝှမ်းဒေသကို သိမ်းပိုက်ဖို့ ရည်ရွယ်ထားတယ်ဆိုတဲ့ အစ္စရေးဝန်ကြီးချုပ် Netanyahu ရဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး OIC အဖွဲ့က ဆွေးနွေးကြမှာဖြစ်တယ်လို့ တူရကီ နိုင်ငံခြားရေးဝန်ကြီးဌာနက စနေနေ့မှာ ပြောဆိုထားပါတယ်။

နောက်သီတင်းပတ်ကျင်းပမယ့် ရွေးကောက်ပွဲမှာ သူအနိုင်ရခဲ့ရင် သိမ်းပိုက်ခံ အနောက်ဘက်ကမ်းက အစိတ်အပိုင်းကို သိမ်းယူမယ့် အစီအစဉ်ကို အစ္စရေးဝန်ကြီးချုပ် Netanyahu က ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းက ပြောဆိုခဲ့တာပါ။ ဒီဆောင်ရွက်ချက်ဟာဆိုရင် ကာလရှည် အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခပေါ်မှာ ထူးထူးခြားခြား ပြောင်းလဲသွားနိုင်ပါတယ်။

စက်တင်ဘာလ ၁၇ ရက်နေ့ ရွေးကောက်ပွဲမှာ သူအနိုင်ရခဲ့ရင် မဟာဗျူဟာမြောက် အရေးကြီးတဲ့ ဒေသဖြစ်တဲ့ ဂျော်ဒန်မြစ်ဝှမ်းနဲ့ ပင်လယ်သေ မြောက်ပိုင်းမှာ အစ္စရေးရဲ့ အချုပ်အခြာ အာဏာပိုင်ဖြစ်အောင် လုပ်ဖို့ ရည်ရွယ်ကြောင်း အစ္စရေးဝန်ကြီးချုပ် Netanyahu က ရုပ်သံမိန့်ခွန်းမှာ ပြောဆိုခဲ့တာပါ။

ဒီလိုကျူးကျော်မှုဟာဆိုရင် အစ္စရေး-ပါလက်စတိုင်းကြား ငြိမ်းချမ်းရေး သဘောတူညီချက်တခု ရရှိရေး အခွင့်အလမ်းတွေကို ဖျက်ဆီးပစ်လိမ့်မယ်လို့ ပါလက်စတိုင်း လွတ်မြောက်ရေးအဖွဲ့ PLO ရဲ့ အမှုဆောင် ကော်မတီဝင် Hanan Ashrawi ကလည်း တွစ်တာ လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG