သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အစၥေရး ပါလက္စတိုင္း တိုက္ပြဲ ၁၀ ဦး ထက္မနည္းေသဆံုး


(Zawgyi/Unicode)

အစၥေရးတို႔က ဂါဇာကမ္းေျမွာင္ေဒသက Islamic Jihad စစ္ေသြးၾကြအဖြဲ႕ရဲ႕ အဆင္ျမင့္ ေခါင္းေဆာင္တစ္ဦးကို ေလေၾကာင္းကေန တိုက္ခိုက္ လုပ္ၾကံ သတ္ျဖတ္ လိုက္တာေၾကာင့္ အဲဒီ အဖြဲ႔က ေရာ့ကက္ ဒုံး ၁၅၀ ေက်ာ္ ပစ္လႊတ္ျပီး အစၥေရးကို လက္တု႔ံ ျပန္ေနပါတယ္။

အခုလို လက္တုန္႔ မျပန္ခင္ အစၥးေရးတို႔ရဲ႕ ေလေၾကာင္းက တိုက္ခိုက္မႈေတြေၾကာင့္ အခုဆိုရင္ အနည္းဆုံး လူ ၁၀ ဦး ေသဆုံးခဲ့တယ္လို႔ ေျပာပါတယ္။ အစၥေရးလ္ တာ၀န္ရွိသူ ေတြကေတာ့ အျပန္အလွန္ တိုက္ခိုက္မႈေတြ ရက္ေတာ္ေတာ္ၾကာ ျဖစ္ေနဦးမွာကို ေမွ်ာ္လင့္ထားေၾကာင္း ေဂ်ရုဆလင္က Linda Gradstein သတင္းေပးပို႔ထားတာကို ေျပာျပခ်င္ပါတယ္။

ေရာ့ကက္ ဒုံးနဲ႔ တိုက္ခိုက္ခံေနရျပီဆိုတာကို သတိေပးတဲ့ဥၾသဆြဲခ်က္ေတြကို ဂါဇာနားက အစၥးေရးလ္ေတာင္ပိုင္းေဒသ တစ္ခြင္လုံးတစ္ခ်ိန္လုံး ၾကားေနရတာပါ။ အစၥေရးလ္တို႔ရဲ႕ အၾကီးဆုံးျမိဳ႕ျဖစ္တဲ့ Tel Aviv ျမိဳ႕ထဲမွာေတာင္မွ ဒီ ဥၾသဆြဲသံေတြကို ၾကားေနရပါတယ္။ ဒီလို ေရာ့ကက္နဲ႔ တိုက္ခိုက္ခံေနရလို႔ အစၥေရးလ္ အစိုးရက Tel Aviv ကေန ႏုိင္ငံ့ေတာင္ပိုင္း တစ္ေလွ်ာက္ ေက်ာင္းေတြ ရုံးေတြ အားလုံးပိတ္ထားဖုိ႔ ဆုံးျဖတ္ခဲ့ပါတယ္။ ဒါဟာ ၂၀၁၄ ခုႏွစ္က အစၥေရးလ္နဲ႔ ဟားမားစ္တို႔ အၾကားတိုက္ပြဲေတြျဖစ္ျပီး ေနာက္ပိုင္း ပထမဆုံး အၾကိမ္ ပိတ္ရတာပါ။

တစ္ခ်ိန္တည္းမွာပဲ အစၥေရးလ္တို႔ရဲ႕ Iron Dome သံမဏိ လိပ္ခုံး ဒုံးက်ည္ကာကြယ္ေရးစနစ္ကလည္း ဒါဇင္နဲ႔ခ်ီတဲ့ ဒုံးေတြကို တရစပ္ ပစ္ခ်ေနရပါတယ္။ လြတ္သြား တဲ့ ဒုံးေတြကေတာ့ လူမေနတဲ့ ေနရာေတြနဲ႔ ပင္လယ္ျပင္ထဲ က်ေရာက္ေပါက္ကြဲတဲ့ ဒုံးေတြ အမ်ားစုျဖစ္ ပါတယ္။ ဒုံးတစ္စင္းကေတာ့ အိမ္တစ္လုံးကို ထိသြားသလို စက္ရုံတစ္ရုံလည္း ေနာက္ထပ္ ဒုံးတစ္လုံးဒဏ္ခံလိုက္ရပါတယ္။ ဗုံးစေတြထိလို႔ အစၥေရးလ္တစ္ခ်ိဳ႕ ဒဏ္ရာအနည္းငယ္ရၾကတာလည္း ရွိပါတယ္။

အစၥေရးလ္ ၀န္ၾကီးခ်ဳပ္ Benjamin Netanyahu က လြန္ခဲ့တဲ့ရက္က အစၥေရးလ္တို႔ လုပ္ၾကံ သတ္ျဖတ္ခဲ့သူ Baha Abu al-Ata ဟာ အရင္က ဂါဇာကေန အစၥေရးလ္ကို ဒုံးေတြပစ္ခတ္ခဲ့ရာမွာ အဓိက တာ၀န္ရွိသူလို႔ ဆိုပါတယ္။

“Islamic Jihad အဖြဲ႔ အဆင့္ျမင့္ေခါင္းေဆာင္တစ္ဦးျဖစ္တဲ့ al-Ata ဟာ အခ်ိန္မေရြး ေပါက္ကြဲႏုိ္္င္တဲ့ ဗုံးတစ္လုံးျဖစ္တယ္”လို႔ Netanyahu ေျပာသြားတာပါ။

al-Ata ဟာ အစၥေရးလ္ကို ေနာက္ထပ္ တိုက္ခိုက္မႈေတြ လုပ္ဖို႔ အစီအစဥ္ေတြ ဆြဲေနတယ္လို႔လည္း ဆိုပါတယ္။

သူ႔ကို လုပ္ၾကံလိုက္တာေၾကာင့္ Islamic Jihad အဖြဲ႔ရဲ႕ လက္တံု႔ျပန္မႈကို အစၥေရးတို႔ ေမွ်ာ္လင့္ေနတုန္း ျမန္ျမန္ဆန္ဆန္ပဲ ေရာက္လာခဲ့ ပါတယ္။ Abu al-Ata ရဲ႕ အသုဘကို လိုက္ပို႔ေဆာင္တဲ့ လူအုပ္ၾကီးကလည္း ဂလဲ့စားေခ်ဖို႔ ေအာ္ဟစ္ ေၾကြးေၾကာ္ေနခဲ့ပါတယ္။

ေရာ့ကက္ ဒုံးနဲ႔ တိုက္ခိုက္ခံရတာကို အစၥေရးတို႔ နာရီ အေတာ္ၾကာပဲ ျပန္လည္ မတုံ႔ျပန္ခဲ့ပါဘူး။ အဲဒီေနာက္မွာေတာ့ ဒုံးေတြ ထြက္လာ တဲ့ေနရာေတြကို အစၥေရးလ္တို႔ ျပန္လည္ ပစ္ခတ္ခဲ့ပါေတာ့တယ္။

Islamic Jihad အဖြဲ႔က အစၥေရးလ္ကို အခုလို တိုက္ခိုက္ေနတာဟာ ဂါဇာေဒသကို ၂၀၀၇ ခုႏွစ္ကတည္း ထိန္းခ်ဳပ္ေနတဲ့ ဟားမားစ္အဖြဲ႕ အတြက္လည္း စိန္ေခၚခ်က္ျဖစ္တယ္လို႔ အစၥေရးလ္ အျငိမ္းစား စစ္ဗိုလ္ခ်ဳပ္ၾကီး Giora Eiland က ေျပာပါတယ္။

“ဟားမာစ္အဖြဲ႕ ဂါဇာေဒသကို ပိုင္ပိုင္ႏုိ္င္ႏုိ္င္ မထိန္းခ်ဳပ္ႏုိင္ေအာင္ Islamic Jihad ေတြက အႏၱရာယ္ေပးေနတယ္။ ဘာျဖစ္လို႔လည္းဆုိေတာ့ ဟားမားစ္ေတြက သူတို႔ရဲ႕ တကယ့္ အတိုက္အခံေတြ ျဖစ္လို႔ပဲ။ ဒါေၾကာင့္ အခု သူတို႔ ဒီလို အခက္အခဲ ေတြ႕ေနခ်ိန္မွာ တစ္ေယာက္နဲ႔ တစ္ေယာက္ ေဆြးေႏြး စကားေျပာဆိုၾကဖို႔ ၾကိဳးစားေနၾကတယ္။ ဒီလို ဟားမားစ္တို႔ ၾကိဳးပမ္းေနတာေတြ ေအာင္ျမင္လိမ့္မယ္လို႔ အစၥေရးလ္ တို႔ကလည္း ယုံၾကည္ေနတယ္။”

Islamic Jihad အဖြဲ႔ကုိ အီရန္တို႔က ေငြေၾကး ေထာက္ပ့ံေပးေနရာမွာ စစ္ေရး စြမ္းရည္ကို သိသိသာသာ တိုးတက္ တည္ေဆာက္ႏုိင္ခဲ့တယ္လို႔ လည္း အၿငိမ္းစား ဗိုလ္ခ်ဳပ္ၾကီး Eilard က ယုံၾကည္ေနပါတယ္။

အရင္ကလည္း ဒီလို အျပန္အလွန္ သတ္ျဖတ္တိုက္ခိုက္မႈေတြ အစၥေရးနဲ႔ ဟားမားစ္တို႔ အၾကား ျဖစ္ခဲ့ဖူးပါတယ္။ အစၥေရး တာ၀န္ရွိသူ ေတြက သူတို႔အေနနဲ႔ ပဋိပကၡ က်ယ္ျပန္႔သြားမွာကို မလိုလားဘူးဆိုတဲ့ အမွာစကားကို ဟားမားစ္ေတြကို အသိေပးထားပါတယ္။ ေရာ့ကက္ ဒုံးေတြ ပစ္ခတ္ေနတာ ရပ္ဆိုင္းတာနဲ႔ ဂါဇာကို တိုက္ခိုက္ေနတာကိုလည္း ရပ္ဆိုင္းမယ္လို႔ အစၥေရးတို႔ ေျပာေနေၾကာင္းပါ။

တိုက္႐ိုက္ လင့္ခ္


..................

အစ္စရေး ပါလက်စတိုင်း တိုက်ပွဲ ၁၀ ဦး ထက်မနည်းသေဆုံး

(Zawgyi/Unicode)

အစ္စရေးတို့က ဂါဇာကမ်းမြှောင်ဒေသက Islamic Jihad စစ်သွေးကြွအဖွဲ့ရဲ့ အဆင်မြင့် ခေါင်းဆောင်တစ်ဦးကို လေကြောင်းကနေ တိုက်ခိုက် လုပ်ကြံ သတ်ဖြတ် လိုက်တာကြောင့် အဲဒီ အဖွဲ့က ရော့ကက် ဒုံး ၁၅၀ ကျော် ပစ်လွှတ်ပြီး အစ္စရေးကို လက်တုံ့ ပြန်နေပါတယ်။ အခုလို လက်တုန့် မပြန်ခင် အစ္စးရေးတို့ရဲ့ လေကြောင်းက တိုက်ခိုက်မှုတွေကြောင့် အခုဆိုရင် အနည်းဆုံး လူ ၁၀ ဦး သေဆုံးခဲ့တယ်လို့ ပြောပါတယ်။ အစ္စရေးလ် တာဝန်ရှိသူ တွေကတော့ အပြန်အလှန် တိုက်ခိုက်မှုတွေ ရက်တော်တော်ကြာ ဖြစ်နေဦးမှာကို မျှော်လင့်ထားကြောင်း ဂျေရုဆလင်က Linda Gradstein သတင်းပေးပို့ထားတာကို ပြောပြချင်ပါတယ်။

ရော့ကက် ဒုံးနဲ့ တိုက်ခိုက်ခံနေရပြီဆိုတာကို သတိပေးတဲ့ဥသြဆွဲချက်တွေကို ဂါဇာနားက အစ္စးရေးလ်တောင်ပိုင်းဒေသ တစ်ခွင်လုံးတစ်ချိန်လုံး ကြားနေရတာပါ။ အစ္စရေးလ်တို့ရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ Tel Aviv မြို့ထဲမှာတောင်မှ ဒီ ဥသြဆွဲသံတွေကို ကြားနေရပါတယ်။ ဒီလို ရော့ကက်နဲ့ တိုက်ခိုက်ခံနေရလို့ အစ္စရေးလ် အစိုးရက Tel Aviv ကနေ နိုင်ငံ့တောင်ပိုင်း တစ်လျှောက် ကျောင်းတွေ ရုံးတွေ အားလုံးပိတ်ထားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါဟာ ၂၀၁၄ ခုနှစ်က အစ္စရေးလ်နဲ့ ဟားမားစ်တို့ အကြားတိုက်ပွဲတွေဖြစ်ပြီး နောက်ပိုင်း ပထမဆုံး အကြိမ် ပိတ်ရတာပါ။

တစ်ချိန်တည်းမှာပဲ အစ္စရေးလ်တို့ရဲ့ Iron Dome သံမဏိ လိပ်ခုံး ဒုံးကျည်ကာကွယ်ရေးစနစ်ကလည်း ဒါဇင်နဲ့ချီတဲ့ ဒုံးတွေကို တရစပ် ပစ်ချနေရပါတယ်။ လွတ်သွား တဲ့ ဒုံးတွေကတော့ လူမနေတဲ့ နေရာတွေနဲ့ ပင်လယ်ပြင်ထဲ ကျရောက်ပေါက်ကွဲတဲ့ ဒုံးတွေ အများစုဖြစ် ပါတယ်။ ဒုံးတစ်စင်းကတော့ အိမ်တစ်လုံးကို ထိသွားသလို စက်ရုံတစ်ရုံလည်း နောက်ထပ် ဒုံးတစ်လုံးဒဏ်ခံလိုက်ရပါတယ်။ ဗုံးစတွေထိလို့ အစ္စရေးလ်တစ်ချို့ ဒဏ်ရာအနည်းငယ်ရကြတာလည်း ရှိပါတယ်။

အစ္စရေးလ် ဝန်ကြီးချုပ် Benjamin Netanyahu က လွန်ခဲ့တဲ့ရက်က အစ္စရေးလ်တို့ လုပ်ကြံ သတ်ဖြတ်ခဲ့သူ Baha Abu al-Ata ဟာ အရင်က ဂါဇာကနေ အစ္စရေးလ်ကို ဒုံးတွေပစ်ခတ်ခဲ့ရာမှာ အဓိက တာဝန်ရှိသူလို့ ဆိုပါတယ်။

“Islamic Jihad အဖွဲ့ အဆင့်မြင့်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ al-Ata ဟာ အချိန်မရွေး ပေါက်ကွဲနို်င်တဲ့ ဗုံးတစ်လုံးဖြစ်တယ်”လို့ Netanyahu ပြောသွားတာပါ။

al-Ata ဟာ အစ္စရေးလ်ကို နောက်ထပ် တိုက်ခိုက်မှုတွေ လုပ်ဖို့ အစီအစဉ်တွေ ဆွဲနေတယ်လို့လည်း ဆိုပါတယ်။

သူ့ကို လုပ်ကြံလိုက်တာကြောင့် Islamic Jihad အဖွဲ့ရဲ့ လက်တုံ့ပြန်မှုကို အစ္စရေးတို့ မျှော်လင့်နေတုန်း မြန်မြန်ဆန်ဆန်ပဲ ရောက်လာခဲ့ ပါတယ်။ Abu al-Ata ရဲ့ အသုဘကို လိုက်ပို့ဆောင်တဲ့ လူအုပ်ကြီးကလည်း ဂလဲ့စားချေဖို့ အော်ဟစ် ကြွေးကြော်နေခဲ့ပါတယ်။

ရော့ကက် ဒုံးနဲ့ တိုက်ခိုက်ခံရတာကို အစ္စရေးတို့ နာရီ အတော်ကြာပဲ ပြန်လည် မတုံ့ပြန်ခဲ့ပါဘူး။ အဲဒီနောက်မှာတော့ ဒုံးတွေ ထွက်လာ တဲ့နေရာတွေကို အစ္စရေးလ်တို့ ပြန်လည် ပစ်ခတ်ခဲ့ပါတော့တယ်။

Islamic Jihad အဖွဲ့က အစ္စရေးလ်ကို အခုလို တိုက်ခိုက်နေတာဟာ ဂါဇာဒေသကို ၂၀၀၇ ခုနှစ်ကတည်း ထိန်းချုပ်နေတဲ့ ဟားမားစ်အဖွဲ့ အတွက်လည်း စိန်ခေါ်ချက်ဖြစ်တယ်လို့ အစ္စရေးလ် အငြိမ်းစား စစ်ဗိုလ်ချုပ်ကြီး Giora Eiland က ပြောပါတယ်။

“ဟားမာစ်အဖွဲ့ ဂါဇာဒေသကို ပိုင်ပိုင်နိုင်နိုင် မထိန်းချုပ်နိုင်အောင် Islamic Jihad တွေက အန္တရာယ်ပေးနေတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဟားမားစ်တွေက သူတို့ရဲ့ တကယ့် အတိုက်အခံတွေ ဖြစ်လို့ပဲ။ ဒါကြောင့် အခု သူတို့ ဒီလို အခက်အခဲ တွေ့နေချိန်မှာ တစ်ယောက်နဲ့ တစ်ယောက် ဆွေးနွေး စကားပြောဆိုကြဖို့ ကြိုးစားနေကြတယ်။ ဒီလို ဟားမားစ်တို့ ကြိုးပမ်းနေတာတွေ အောင်မြင်လိမ့်မယ်လို့ အစ္စရေးလ် တို့ကလည်း ယုံကြည်နေတယ်။”

Islamic Jihad အဖွဲ့ကို အီရန်တို့က ငွေကြေး ထောက်ပံ့ပေးနေရာမှာ စစ်ရေး စွမ်းရည်ကို သိသိသာသာ တိုးတက် တည်ဆောက်နိုင်ခဲ့တယ်လို့ လည်း အငြိမ်းစား ဗိုလ်ချုပ်ကြီး Eilard က ယုံကြည်နေပါတယ်။

အရင်ကလည်း ဒီလို အပြန်အလှန် သတ်ဖြတ်တိုက်ခိုက်မှုတွေ အစ္စရေးနဲ့ ဟားမားစ်တို့ အကြား ဖြစ်ခဲ့ဖူးပါတယ်။ အစ္စရေး တာဝန်ရှိသူ တွေက သူတို့အနေနဲ့ ပဋိပက္ခ ကျယ်ပြန့်သွားမှာကို မလိုလားဘူးဆိုတဲ့ အမှာစကားကို ဟားမားစ်တွေကို အသိပေးထားပါတယ်။ ရော့ကက် ဒုံးတွေ ပစ်ခတ်နေတာ ရပ်ဆိုင်းတာနဲ့ ဂါဇာကို တိုက်ခိုက်နေတာကိုလည်း ရပ်ဆိုင်းမယ်လို့ အစ္စရေးတို့ ပြောနေကြောင်းပါ။

XS
SM
MD
LG