ဂျေရုဆလင်မြို့မှာ အမေရိကန်သံရုံး ဖွင့်ပွဲမတိုင်ခင်မှာပဲ အမေရိကန်သမ္မတ Donald Trump ရဲ့ သမီး Ivanka နဲ့ သူ့ခင်ပွန်း Jared Kushner တို့ဟာ အစ္စရေးကို ရောက်နေပြီဖြစ်ပါတယ်။
သံရုံအသစ်ကို တနင်္လာနေ့မှာ ဖွင့်လှစ်ဖို့ စီစဉ်ထားပြီး အဲဒီနေ့ဟာ အစ္စရေး လွတ်လပ်ရေးနေ့လည်း ဖြစ်ပါတယ်။
Tel Aviv က အမေရိကန်သံရုံးကို ပြောင်းရွှေ့ဖို့အတွက် ပိုပြီးကျယ်ဝန်းတဲ့ နေရာကို စတင်ရှာဖွေနေချိန်မှာပဲ ယာယီသံရုံးကို ဂျေရုဆလင်မှာ ရှိနေတဲ့ အမေရိကန် ကောင်စစ်ရုံး အဆောက်အဦး အတွင်းမှာဖွင့်လှစ်မှာ ဖြစ်ပါတယ်။
ဒါဟာ သမ္မတလောင်းမဲဆွယ်စဉ်က Trump ရဲ့ ကတိပေးထားချက်အတိုင်း လုပ်ဆောင်တာလို့ ပြောကြပေမယ့် နိုင်ငံတကာ အသိုင်းအဝိုင်း ကတော့ ဒီလိုလုပ်ဆောင်တာဟာ အငြင်းပွါးဖွယ် လုပ်ရပ်တခုအဖြစ် ရှုမြင်ကြပါတယ်။
အစ္စရေးက ဂျေရုဆလင်ကို သူ့မြို့တော်အဖြစ်သတ်မှတ်ပေမယ့် ပါလက်စတိုင်းတွေကတော့ အရှေ့ ဂျေရူစလင်ကို အနာဂတ် ပါလက်စတိုင်းနိုင်ငံအတွက် မြို့တော်အဖြစ်သတ်မှတ်ထားတာပါ။
၂ ဘက်ကြား ငြိမ်းချမ်းရေးရဖို့အတွက် ကြားဝင် ဆောင်ရွက်ပေးဖို့ ကြိုးပမ်းနေချိန်မှာ ဘက်မလိုက်ပဲ ကြားနေမယ့် အမေရိကန်ပြည်ထောင်စုရဲ့ ကာလတာရှည် ချမှတ်ထားတဲ့ မူဝါဒဟာ သမ္မတ Trump ရဲ့ အခုဆုံးဖြတ်ချက်ကြောင့် အဆုံးသတ်သွားပြီဖြစ်ပါတယ်။