သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်သံရုံး Jerusalem ကို မေလမှာ စရွှေ့မည်


ကန်သံရုံး
ကန်သံရုံး

အစ္စရေးနိုင်ငံ အနှစ် (၇၀) မြောက်နေ့နဲ့ တိုက်ဆိုင်ပြီး အမေရိကန်နိုင်ငံသံရုံးသစ်ကို ဂျေရုစလင်မှာ ရှေ.နှစ် မေလထဲ ဖွင့်လှစ်တော့မယ်လို့ အမေရိကန်နိုင်ငံက ကြေညာလိုက်ပါတယ်။

လက်ရှိ ဂျေရုစလင်မှာရှိတဲ့ အမေရိကန် ကောင်စစ်ဝန်ရုံး အဆောက်အုံထဲမှာပဲဒီသံရုံးသစ်ကိုစဖွင့်မှာဖြစ်ပြီးရှေ.နှစ် ၂၀၁၉ အကုန်ကျမှ နောက်ဆက်တွဲအဖြစ်ဆောက်မဲ့ သီးသန့်အဆောက်အဦးထဲကို ပြောင်းရွေ.သွားမှာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက သောကြာနေ့မှာ ထုတ်ပြောလိုက်ပါတယ်။

သမ္မတ Donald Trump က အမေရိကန်အနေနဲ့ ဂျေရုစလင်ကို အစ္စရေးမြို.တော်အဖြစ် အသိအမှတ်ပြုလိုက်ပြီး ခုလို သံရုံးရွှေ.ဖို့ ပြင်ဆင်သွားမယ်လို့ မနှစ် ဒီဇင်ဘာလမှာ ကြေညာခဲ့အပြီးမှာ ခုလို သံရုံးဖွင့်မဲ့ ရက်အတိအကျ ထုတ်ပြန်လိုက်တာပါ။

လက်ရှိ အမေရိကန်သံရုံးကိုတော့ Tel Aviv မြို. မှာ ဖွင့်လှစ်လာခဲ့ပါတယ်။

ခုလို ရက်သတ်မှတ်လိုက်တာက အရင် ကြိုပြောထားခဲ့တဲ့ ရက်ထက် တနှစ်စောနေတာကြောင့် ပါလက်စတိုင်းနိုင်ငံသားတွေအတွက် ဒေါသထွက်စေခဲ့ပါတယ်။

ပါလက်စတိုင်းနိုင်ငံသားတွေအတွက်တော့အစ္စရေးနိုင်ငံစတင်ထူထောင်တဲ့ ၁၉၄၈ ခုနှစ် မေလ ၁၄ ရက်နေ့ကို Nakba လို့ခေါ်တဲ့ ကပ်ဆိုးကျတဲ့နေ့ရက်ကြီး အဖြစ် သတ်မှတ်ပြီး ဝမ်းနည်းပူဆွေးပွဲတွေ ကျင်းပလေ့ရှိပါတယ်။

ပါလက်စတိုင်း ညှိုနှိုင်းရေးမူးချုပ် Saeb Erekat က ခုလို ပါလက်စတိုင်းတွေ ကပ်ဒုက္ခဆိုက်ရတဲ့ ရက်မျိုးကိုအမေရိကန်ဖက်က သံရုံးဖွင့်ပွဲလုပ်ဖို့ ရွေးချယ်လိုက်တာက ဒီအရှေ.အလယ်ပိုင်းဒေသထဲ ဖြစ်ပျက်နေတာတွေကို ဂရုမထား ထင်ရာစိုင်းလိုက်တာဖြစ်တယ်လို့ ဝေဖန်လိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG