သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်သံရုံး ၂၀၁၉ မှာ ဂျေရုစလင်မြို့သို့ ရွှေ့ပြောင်းမည်


Tel Aviv မှာရှိတဲ့ အစ္စရေးဆိုင်ရာ အမေရိကန်သံရုံး
Tel Aviv မှာရှိတဲ့ အစ္စရေးဆိုင်ရာ အမေရိကန်သံရုံး

၂၀၁၉ ခု အကုန်မှာ အစ္စရေးဆိုင်ရာ အမေရိကန်သံရုံးကို ဂျေရုစလင်မြို့ကို ပြောင်းရွှေ့မယ်လို့ အမေရိကန် ဒုတိယ သမ္မတ Mike Pence ကပြောကြားလိုက်ပါတယ်။

ရှေ့လာမယ့် ရက်သတ္တပတ်တွေအတွင်း ဒီသံရုံးပြောင်းရွှေ့ရေးအတွက် သူတို့ရဲ့အရာရှိတွေ တိုးမြှင့် ပြင်ဆင်သွားမှာဖြစ်ပြီး နောက်နှစ်မကုန်ခင် ဂျေရုစလင်မှာ ဖွင့်လှစ်တော့မယ်လို့ အစ္စရေး လွှတ်တော် Knesset မှာ Pence ကပြောကြားလိုက်တာပါ။

ဂျေရုစလင်ဟာ အစ္စရေးနိုင်ငံရဲ့ မြို့တော်ဖြစ်ပြီး သူတို့သံရုံးကို Tel Aviv ကနေ ဂျေရုစလင်ကိုပြောင်းရွှေ့ဖို့ သမ္မတ Trump က ညွှန်ကြားထားတာဖြစ်ပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ကတော့ သံရုံးပြောင်းရွှေ့ရေးကိစ္စဟာ နှစ်နဲ့ချီကြာမြှင့်မယ်လို့ ပြောကြားခဲ့ပေမယ့် အခုတော့ နှောင်နှစ်အကုန်မှာ ပြောင်းရွှေ့တော့မှာဖြစ်ပါတယ်။

အစ္စရေးဝန်ကြီးချုပ် Netanyahu က ဒီလိုပြောင်းရွှေ့မယ့် ကိစ္စအတွက် သမ္မတ Trump နဲ့ ဒု သမ္မတ Pence တို့ကို ကျေးဇူးတင်စကားပြောကြားလိုက်ပါတယ်။ အစ္စရေးပါလီမန်ထဲက အာရပ်လူမျိုး လွှတ်တော်အမတ်တွေကတော့ ဒါကို သပိတ်မှောက်သွားမယ်လို့ ပြောနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG