သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျေရုဆလင်မြို့တော် သတ်မှတ်မှု ကန်အဆိုပြုချက် ကုလပယ်ချ


ဂျေရုဆလင်အရေး ဆွေးနွေးတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပစဉ် (ဒီဇင်ဘာ ၂၁-၂၀၁၇)
ဂျေရုဆလင်အရေး ဆွေးနွေးတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပစဉ် (ဒီဇင်ဘာ ၂၁-၂၀၁၇)

ဂျေရုဆလင်ကို အစ္စရေးရဲ့ မြို့တော်အဖြစ် အသိမှတ်ပြုပြီး အမေရိကန် သံရုံးကို ဂျေရုဆလင်ရွှေ့ပြောင်းဖို့ အမေရိကန်ပြည်ထောင်စုရဲ့ ဆုံးဖြတ်ချက်ကို ပယ်ချတဲ့ အဆိုပြုချက်ကို ကုလသမဂ္ဂ အထွေထွေညီလာခံကြီးက ကြာသပတေးနေ့က တခဲနက် မဲခွဲ ဆုံးဖြတ် အတည်ပြု လိုက်ပါတယ်။

ထောက်ခံမဲပေးကြတဲ့ နိုင်ငံပေါင်း ၁၂၈ နိုင်ငံရှိပြီး ပယ်ချတဲ့အဆိုပြုချက်ကို လက်မခံတဲ့ နိုင်ငံတွေက အမေရိကန်နဲ့ အစ္စရေး အပါအဝင် ၉ နိုင်ငံရှိပြီး မဲမပေးပဲ ကြားနေခဲ့ တဲ့နိုင်ငံက ကနေဒါ အပါအဝင် ၃၅ နိုင်ငံ ရှိပါတယ်။

အမေရိကန်က အချုပ်အခြာအာဏာပိုင် နိုင်ငံတနိုင်ငံ အနေနဲ့ လုပ်ပိုင်ခွင့်ရှိတာကို ကျင့်သုံးမှု အတွက် ဒီ်တနိုင်ငံထဲ ကိုပဲ ရွေးပြီး အထွေထွေ ညီလာခံကြီးမှာ အတိုက်ခိုက် ခံရတာမို့ ဒီနေ့ကို အမေရိကန် ပြည်ထောင်စုက ဘယ်တော့မှ မေ့မှာ မဟုတ်ကြောင်း မဲမပေးခင် မှာပဲ လူအပြည့်ရှိနေတဲ့ ခန်းမကြီးမှာ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး Nikki Haley က ပြောကြားခဲ့ပါတယ်။

ကုလသမဂ္ဂကို ကမ္ဘာမှာ ရန်ပုံငွေ အများဆုံး ထည့်ဝင်တဲ့ အမေရိကန် နိုင်ငံအနေနဲ့ နောက်တခါ ရန်ပုံငွေတောင်းခံတဲ့ အခါနဲ့ နိုင်ငံတွေ အနေနဲ့ အမေရိကန်ကို လာရောက် အကူအညီ တောင်းခံလာရင်လည်း ဒီနေ့ ဖြစ်ရပ်ကို အမှတ်ရ နေမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ အစ္စရေး သံအမတ်ကြီး Danny Danon ကလည်း ဒီကနေ့ အဆိုပြုချက်ကို ထောက်ခံကြသူတွေဟာ ပါလက်စတိုင်းတွေရဲ့ ကြိုးဆွဲရာကတဲ့ ရုပ်သေးတွေဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အီဂျစ်က ကမကထ ပြု တင်သွင်းခဲ့တဲ့ မူကြမ်းကို ဆွေးနွေးရေးအတွက် ကြာသပတေးနေ့ အထွေထွေညီလာခံ အရေးပေါ် ညီလာခံ ခေါ်ယူဖို့ ပါလက်စတိုင်းက တောင်းဆိုခဲ့တာပါ။ တနင်္လာနေ့ လုံခြုံရေးကောင်စီ ဆွေးနွေးပွဲမှာ အဖွဲ့ဝင် ၁၄ နိုင်ငံက ထောက်ခံခဲ့တဲ့ အခုဆုံးဖြတ်ချက်နဲ့ ထပ်တူ နီးပါး တူညီတဲ့ အဆိုပြုချက် တရပ်ကို အမေရိကန်က ဗီတို အာဏာသုံး ပယ်ချခဲ့အပြီးမှာ အခုလို အရေးပေါ် ညီလာခံ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

ဂျေရုဆလင်မြို့တော် သတ်မှတ်မှု ကန်အဆိုပြုချက် ကုလပယ်ချ
please wait

No media source currently available

0:00 0:01:39 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG