သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးဝန်ကြီးချုပ် ကုလသမဂ္ဂကို အပြင်းအထန်ဝေဖန်


အစ္စရေးလ် ဝန်ကြီးချုပ် Benjamin Netanyahu၊
အစ္စရေးလ် ဝန်ကြီးချုပ် Benjamin Netanyahu၊

ဂျေရုဆလင်ကို အစ္စရေးလ်နိုင်ငံရဲ့ မြို့တော်အဖြစ် အမေရိကန်က တရားဝင် အသိအမှတ်ပြုလိုက်တဲ့အပေါ် ဆန့်ကျင်တဲ့ ဆုံးဖြတ်ချက် မူကြမ်းတခုကို ဒီကနေ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အရေးပေါ် ဆွေးနွေးဖို့ ရှိနေချိန်မှာပဲ၊ ကုလသမဂ္ဂဟာ အလိမ်အညာတွေနဲ့ ပြည့်နေတဲ့ အိမ်တလုံးအဖြစ် အစ္စရေးလ် ဝန်ကြီးချုပ် Benjamin Netanyahu က အပြင်းအထန် ဝေဖန်ပြောဆိုလိုက်ပါတယ်။ အထွေထွေညီလာခံမှာ မဲခွဲဆုံးဖြတ်မယ့် အစီအစဉ်ကို အစ္စရေးလ်က လုံးဝရှုတ်ချကြောင်းလည်း ပြောဆိုခဲ့တာပါ။

ဂျေရုဆလင်ဟာ အစ္စရေးလ်ရဲ့ မြို့တော်ဖြစ်သလို၊ အမေရိကန်က ဦးဆောင်ပြီး နိုင်ငံခြား သံရုံးတွေကို ပြောင်းရွှေ့မှာဖြစ်သလို၊ ပြောင်းရွှေ့တည်ဆောက်မှုတွေ လုပ်ဆောင်သွားမှာ ဖြစ်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။ ဂျေရုဆလင်ကို အစ္စရေးလ်ရဲ့ မြို့တော်အဖြစ် တရားဝင်အသိအမှတ်ပြုကြောင်းနဲ့ အမေရိကန် သံရုံးကိုလည်း ပြောင်းရွှေ့ အခြေစိုက်မယ့်အကြောင်း အမေရိကန်ရဲ့ ကာလကြာရှည် ရပ်တည်ချက်ကို ပြောင်းလဲပြီး သမ္မတ Donald Trump က ဒီလဆန်းပိုင်းမှာပဲ ကြေညာခဲ့တာပါ။

ဂျေရုဆလင်မြို့နဲ့ ပတ်သက်တဲ့ မကြာသေးခင်က သဘောထား ဆုံးဖြတ်ချက်တွေအပေါ် အလွန်အမင်း ဝမ်းနည်းကြောင်း ထည့်သွင်းဖော်ပြထားတဲ့ ဆုံးဖြတ်ချက် မူကြမ်း တရပ်ကိုလည်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ တနင်္လာနေ့က ချမှတ်ဖို့ ကြိုးစားခဲ့ကြတာပါ။ ဒါပေမဲ့လည်း အဖွဲ့ဝင် ၁၅ နိုင်ငံရှိတဲ့ လုံခြုံရေးကောင်စီမှာ ၁၄ နိုင်ငံက ထောက်ခံခဲ့ပေမဲ့လည်း အမေရိကန်က ဗီတိုအာဏာသုံး ပယ်ချခဲ့ပါတယ်။

ဒီကနေ့ အထွေထွေညီလာခံမှာ မဲခွဲ မဆုံးဖြတ်ခင်မှာလည်း အမေရိကန်သမ္မတ Trump နဲ့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nikki Haley တို့က သတိပေးပြောဆိုနေကြတာပါ။ အမေရိကန်ထံက ဒေါ်လာဘီလီယံ ထောင်သောင်းချီယူနေပြီး၊ အမေရိကန်ကို ဆန့်ကျင်မဲခွဲဖို့ ကြိုးပမ်းတဲ့ လုပ်ရပ်အဖြစ် သမ္မတ Trump က မနေ့တုန်းက အစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောဆိုခဲ့သလို၊ မဲခွဲဆုံးဖြတ်မှုကို စောင့်ကြည့်နေမှာ ဖြစ်ကြောင်းလည်း သတိပေးခဲ့ပါတယ်။

အစ္စရေးဝန်ကြီးချုပ် ကုလသမဂ္ဂကို အပြင်းအထန်ဝေဖန်
please wait

No media source currently available

0:00 0:01:37 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG