သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်သံရုံးဖွင့်မယ့်အချိန် ဂျေရုဆလမ် မငြိမ်သက်


 ဂျေရုဆလမ် ကန်သံရုံးလမ်းညွှန်ဆိုင်းဘုတ်
ဂျေရုဆလမ် ကန်သံရုံးလမ်းညွှန်ဆိုင်းဘုတ်

တနင်္လာနေ့ကျရင် ဂျေရုဆလင်မြို့မှာ အစ္စရေးနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးဖွင့်လှစ်ဖို့ရှိတာနဲ့ တပြိုင်နက်ထဲမှာပဲ ဒေသတွင်းမှာ သံရုံးဖွင့်ပွဲနဲ့ ပတ်သက်ပြီး မငြိမ်သက်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်၊၊

သံရုံးဖွင့်ပွဲမှာ ဧည့်သည် ၈၀၀ လောက်ဖိတ်ကြားဖို့ ရာထားပြီး သမ္မတ Trump ရဲ့သမီးဖြစ်သူ Ivanka Trump နဲ့ သားမက်ဖြစ်သူ Jared Kushner တို့လည်းတက်ရောက်မှာဖြစ်ပါတယ်၊၊

သမ္မတ Trump က ဗီဒီယိုကတဆင့် မိန့်ခွန်းပြောကြားမှာဖြစ်ပြီး အစ္စရေး နိုင်ငံဆိုင်ရာ အမေရိကန်သံရုံးကို Tel Aviv မြို့ကနေ ပြောင်းရွှေ့ဖို့သူ့ရဲ့ ၂၀၁ရ ခုနှစ်ကဆုံးဖြတ်ချက်ကို အခိုင်အမာပြသဖို့ရည်ရွယ်ထားပါတယ်၊၊ ဂျေရုဆလင်မြို့ကို အစ္စရေးနိုင်ငံရဲ့ မြို့တော်အဖြစ် တရားဝင်သတ်မှတ်ဖို့အချိန်ရောက်ပြီလို့ သမ္မတ Trump က မနှစ်နှောင်းပိုင်းကပြောခဲ့တာပါ၊၊

ဂျေရုဆလင်မြို့မှာ သံရုံး အဆောက်အဦးတည်ဆောက်မှုအပြီး မသတ်ခင်အချိန်တွင်း မှာတော့ သံရုံးဝန်ထမ်း ၈၅၀ ထဲက တော်တော်များများကို Tel Aviv မြို့မှာ ဆက်လက်ထားရှှိမှာဖြစ်ပါတယ်၊၊ ကနဦး ဝန်ထမ်းသစ်တွေအဖြစ် သံအမတ်ကြီး David Friedman နဲ့ ဝန်ထမ်း ၅၀ ကိုတော့ ဂျေရုဆလင်မြို့ သံရုံးကို ပြောင်းရွှေ့ခန့်ထားမှာဖြစ်ပါတယ်၊၊

ဂျေရုဆလင်မြို့ကို ပါလက်စတိုင်းလူမျိုးရဲ့ အနာဂတ် မြို့တော်အဖြစ်သတ်မှတ်ဖို့ ပါလက်စတိုင်းတွေက ရည်ရွယ်ထားတာဖြစ်ပြီး အမေရိကန် သံရုံးကို ဂျေရုဆလင်မြို့မှာပြောင်းရွှေ့ ဖွင့်လှစ်တာဟာ သိသာထင်ရှားတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေကဆိုပါတယ်၊၊

ကန်သံရုံးဖွင့်မယ့်အချိန် ဂျေရုဆလမ် မငြိမ်သက်
please wait

No media source currently available

0:00 0:00:59 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG