သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်သံရုံး ရွှေ့ပြောင်းတဲ့နေ့ အဓိကရုဏ်း ပါလက်စတိုင်း ၃၇ဦးထက်မနည်းသေဆုံး


အစ္စရေးနိုင်ငံမှာရှိတဲ့ သံရုံးကို Tel Aviv ကနေ Jerusalem မြို့ကို အမေရိကန်ပြည်ထောင်စုက တရားဝင် ပြောင်းရွေ့ ဖွင့်လှစ်လိုက်ပါပြီ။ ဒီလို ဒီကိစ္စအပေါ် ကန့်ကွက် ဆန္ဒပြကြသူတွေကို အစ္စရေးက အကြမ်းဖက် နှိပ်နင်းခဲ့တာကြောင့် သေဆုံးသူ အနည်းဆုံး လူ ၃၇ ဦးနဲ့ ထိခိုက် ဒဏ်ရာရသူ ရာနဲ့ချီရှိနေတဲ့ကြားဘဲ သံရုံးကို ပြောင်းရွေ့လိုက်တာပါ။

အကြမ်းဖက် ဆန္ဒပြမှုတွေ ဖြစ်ပေါ်နေတဲ့ နေရာနဲ့ ကီလိုမီတာ ၁၀၀ လောက်ဝေးနေရာမှာ အမေရိကန်နဲ့ အစ္စရေး အရာရှိတွေက သံရုံးဖွင့်ပွဲကို ကျင်းပခဲ့တာလည်း ဖြစ်ပါတယ်။ နိုင်ငံတကာရဲ့ ကန့်ကွက်မှုတွေကို အာခံပြီး နှစ်ပေါင်းများစွာ တည်ရှိခဲ့တဲ့ အမေရိကန်သံရုံးကို ပြောင်းရွေ့ဖို့ သမ္မတ Donald Trump က ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ ဆုံးဖြတ်လိုက်တာပါ။ နိုင်ငံတကာ သံရုံးအများစုကတော့ Tel Aviv မှာဘဲ ဆက်ရှိနေကြဆဲ ဖြစ်ပါတယ်။

သံရုံးသစ် ဖွင့်လှစ်ပွဲအတွက်သွားတဲ့ အမေရိကန်ကိုယ်စားလှယ်အဖွဲ့ဝင် သမ္မတ Trump ရဲ့ သားမက် အိမ်ဖြူတော်အကြံပေး Jared Kushner ကတော့ - သမ္မတ Trump ရှေ့မှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ သမ္မတ အဆက်ဆက်က သံရုံး ရွေ့ပြောင်းရေးကိစ္စအတွက် အကြိမ်ကြိမ် နောက်ဆုတ်ခဲ့ကြပေမယ့် ဒီသမ္မတကတော့ ပြောတဲ့အတိုင်း တကယ်လုပ်တဲ့သူ ဖြစ်တယ်လို့ ဖွင့်ပွဲအခမ်းအနားမှာ ပြောပါတယ်။

အစ္စရေးတပ်ဖွဲ့တွေက ဆန္ဒပြသူတွေအပေါ် ကျည်ဆံအစစ်တွေ အသုံးပြုခဲ့တဲ့အပေါ် ဝေဖန် ပြောဆိုမှုတွေ ရှိနေသလို၊ အစ္စရေးတို့ကလည်း နယ်စပ်ခြံစည်းရိုးမှာ ခြိမ်းချောက်မှုတွေ ရှိနေတဲ့အတွက် သူတို့အနေနဲ့ လုံခြုံရေးအတွက် လိုအပ်ချက်အရ လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ချေပ ပြောဆိုပါတယ်။

သတ်မှတ်ထားတဲ့ ခြံစည်းရဲ့ ပါလက်တိုင်းဘက်အခြမ်းမှာ ဆန္ဒပြနေကြသူတွေကို အစ္စရေးဘက်အခြမ်းကနေ ကျည်ဆံအစစ်တွေနဲ့ ပစ်ခတ်တာအပါအဝင် မျက်ရည်ယိုဗုံးတွေပါ အသုံးပြုခဲ့ပါတယ်။ ဒါပေမယ့် ဆန္ဒပြသူတွေဟာ အဲဒီလို ပစ်ခတ်မှုတွေကို ဂရုမစိုက်ဘဲ ဆက်လက် လူစုပြီး ဆန္ဒပြနေကြဆဲ ဖြစ်ပါတယ်။

ဆန္ဒပြသူတွေဘက်ကလည်း အစ္စရေးဘက်ကို ခဲတွေ ရရာလက်နက်တွေနဲ့ ပြန်ပြီး ပစ်ပေါက်ခဲ့ကြသလို သံရုံးဖွင့်ပွဲ မစခင် ကားတာယာတွေကို မီးရှို့ကြပါတယ်။

XS
SM
MD
LG