သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အစၥေရး ၀န္ႀကီးခ်ဳပ္ Netanyahu ကို အဂတိမႈနဲ႔ စြဲခ်က္တင္


အစၥေရး ၀န္ႀကီးခ်ဳပ္ Benjamin Netanyahu

(Zawgyi/Unicode)

အစၥေရးႏုိင္ငံကို ၁၃ ႏွစ္ၾကာ ဦးေဆာင္ခဲ့သူ ၀န္ၾကီးခ်ဳပ္ Benjamin Netanyahu ဟာ လာဘ္ေပးလာဘ္ယူမႈ၊ လိမ္လည္မႈနဲ႔ ယုံၾကည္မႈကို ေဖာက္ဖ်က္တဲ့ အမႈေတြနဲ႔ စြဲခ်က္တင္ခံရျပီ ျဖစ္ပါတယ္။

အစၥေရး ေရွ႕ေနခ်ဳပ္က လိမ္လည္မႈနဲ႔ ယုံၾကည္အပ္ႏွံမႈကို ေဖာက္ဖ်က္တဲ့ အမႈ ၃ မႈ၊ လာဘ္ေပးလာဘ္ယူမႈ ၁ ခုနဲ႔ ၀န္ၾကီးခ်ဳပ္ Netanyahu ကို အခုလို စြဲခ်က္တင္လိုက္တာ ျဖစ္ပါတယ္။ ႏုိင္ငံေရး(အရ) မ်က္ႏွာသာရဖို႔အတြက္ ေပးအပ္တဲ့ အေမရိကန္ ေဒၚလာ ၂ သိန္း ၆ ေသာင္း တန္ဖိုးရွိတဲ့ လက္၀တ္ရတနာ၊ ေဆးျပင္းလိပ္နဲ႕ တစ္ျခား တံစိုး လက္ေဆာင္ေတြကို ၀န္ၾကီးခ်ဳပ္ Netanyahu နဲ႔ ဇနီးျဖစ္သူတို႔က လက္ခံရယူခဲ့တယ္ဆိုတဲ့ စြပ္စြဲခ်က္ေတြအေပၚ အေျခခံျပီး အခုလို စြဲခ်က္တင္ခံရတာလည္း ျဖစ္ပါတယ္။

ဒါ့အျပင္၊ အစၥေရး မီဒီယာ ကုမၸဏီ ႏွစ္ခုဆီကေန သူ႔အေၾကာင္း ေကာင္းမြန္တဲ့ သတင္းေတြ ေဖာ္ျပခံရေရး အတြက္လည္း ဥပေဒျပဳ အမတ္ေတြအေပၚနဲ႔ စည္းမ်ဥ္းစည္းကမ္းထိန္းသိမ္းေရး အဖြဲ႔တစ္ခုအေပၚ ၀င္ေရာက္စြက္ဖက္ခဲ့တယ္လို႔ လည္း စြပ္စြဲခံေနရပါတယ္။

ဗုဒၶဟူးေန႔ကေတာ့ ၀န္ၾကီးခ်ဳပ္ Netanyahu က ႏုိင္ငံ့အမႈထမ္းတစ္ေယာက္အေၾကာင္း ေကာင္းသတင္း ေရးဖို႔ လာဘ္ထိုးတာေၾကာင့္ အျပစ္ ဒဏ္ခ်မွတ္တဲ့ တရားရုံး ဒီေန႔ေခတ္ ကမၻာ့ႏုိင္ငံ ေတြထဲ မရွိဘူးလို႔ အစၥေရး ဥပေဒ ပညာရွင္ေတြေရးခဲ့တဲ့ အေတြးအျမင့္ ေဆာင္းပါးအေပၚ တြစ္တာမွာ တုံ႔ျပန္ ေရးသားခဲ့ပါတယ္။ Netanyahu ဟာ ဒီ အမႈေတြမွာ သူ အမွား က်ဴးလြန္ျခင္း မရွိေၾကာင္း ထပ္ခါ တစ္လဲလဲ ျငင္းဆိုထားခဲ့ျပီး အျပစ္ မရွိ အျပစ္ရွာခံေနရတာသာ ျဖစ္ေၾကာင္း ေျပာခဲ့ပါတယ္။

ဒီလို ရာဇ၀တ္မႈေၾကာင္းအရ စြပ္စြဲခ်က္ေတြဟာ သူ႔ကို ရာထူးကေန ထုတ္ပယ္တဲ့အထိ ထိေရာက္မွာ မဟုတ္ေပမဲ့ မၾကာခင္ က်င္းပမယ့္ ေရြးေကာက္ပြဲ အတြက္ေတာ့ သူ႔ကို အၾကီးအက်ယ္ ထိခိုက္ေစႏုိ္င္မွာ ျဖစ္ပါတယ္။ ျပီးခဲ့တဲ့ ေရြးေကာက္ပြဲ အျပီးမွာ လက္ရွိ ၀န္ၾကီးခ်ဳပ္ Netanyahu ေရာ အတိုက္အခံ ေခါင္းေဆာင္ Benny Gantz တို႔ကပါ ဘယ္သူမွ ညြန္႔ေပါင္း အစိုးရ ဖြဲ႕စည္းႏိုင္ျခင္း မရွိပါဘူး။

တိုက္႐ိုက္ လင့္ခ္


........................

အစ္စရေး ဝန်ကြီးချုပ် Netanyahu ကို အဂတိမှုနဲ့ စွဲချက်တင်

(Unicode)

အစ္စရေးနိုင်ငံကို ၁၃ နှစ်ကြာ ဦးဆောင်ခဲ့သူ ဝန်ကြီးချုပ် Benjamin Netanyahu ဟာ လာဘ်ပေးလာဘ်ယူမှု၊ လိမ်လည်မှုနဲ့ ယုံကြည်မှုကို ဖောက်ဖျက်တဲ့ အမှုတွေနဲ့ စွဲချက်တင်ခံရပြီ ဖြစ်ပါတယ်။ အစ္စရေး ရှေ့နေချုပ်က လိမ်လည်မှုနဲ့ ယုံကြည်အပ်နှံမှုကို ဖောက်ဖျက်တဲ့ အမှု ၃ မှု၊ လာဘ်ပေးလာဘ်ယူမှု ၁ ခုနဲ့ ဝန်ကြီးချုပ် Netanyahu ကို အခုလို စွဲချက်တင်လိုက်တာ ဖြစ်ပါတယ်။ နိုင်ငံရေး(အရ) မျက်နှာသာရဖို့အတွက် ပေးအပ်တဲ့ အမေရိကန် ဒေါ်လာ ၂ သိန်း ၆ သောင်း တန်ဖိုးရှိတဲ့ လက်ဝတ်ရတနာ၊ ဆေးပြင်းလိပ်နဲ့ တစ်ခြား တံစိုး လက်ဆောင်တွေကို ဝန်ကြီးချုပ် Netanyahu နဲ့ ဇနီးဖြစ်သူတို့က လက်ခံရယူခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေအပေါ် အခြေခံပြီး အခုလို စွဲချက်တင်ခံရတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင်၊ အစ္စရေး မီဒီယာ ကုမ္ပဏီ နှစ်ခုဆီကနေ သူ့အကြောင်း ကောင်းမွန်တဲ့ သတင်းတွေ ဖော်ပြခံရရေး အတွက်လည်း ဥပဒေပြု အမတ်တွေအပေါ်နဲ့ စည်းမျဉ်းစည်းကမ်းထိန်းသိမ်းရေး အဖွဲ့တစ်ခုအပေါ် ဝင်ရောက်စွက်ဖက်ခဲ့တယ်လို့ လည်း စွပ်စွဲခံနေရပါတယ်။

ဗုဒ္ဓဟူးနေ့ကတော့ ဝန်ကြီးချုပ် Netanyahu က နိုင်ငံ့အမှုထမ်းတစ်ယောက်အကြောင်း ကောင်းသတင်း ရေးဖို့ လာဘ်ထိုးတာကြောင့် အပြစ် ဒဏ်ချမှတ်တဲ့ တရားရုံး ဒီနေ့ခေတ် ကမ္ဘာ့နိုင်ငံ တွေထဲ မရှိဘူးလို့ အစ္စရေး ဥပဒေ ပညာရှင်တွေရေးခဲ့တဲ့ အတွေးအမြင့် ဆောင်းပါးအပေါ် တွစ်တာမှာ တုံ့ပြန် ရေးသားခဲ့ပါတယ်။Netanyahu ဟာ ဒီ အမှုတွေမှာ သူ အမှား ကျူးလွန်ခြင်း မရှိကြောင်း ထပ်ခါ တစ်လဲလဲ ငြင်းဆိုထားခဲ့ပြီး အပြစ် မရှိ အပြစ်ရှာခံနေရတာသာ ဖြစ်ကြောင်း ပြောခဲ့ပါတယ်။

ဒီလို ရာဇဝတ်မှုကြောင်းအရ စွပ်စွဲချက်တွေဟာ သူ့ကို ရာထူးကနေ ထုတ်ပယ်တဲ့အထိ ထိရောက်မှာ မဟုတ်ပေမဲ့ မကြာခင် ကျင်းပမယ့် ရွေးကောက်ပွဲ အတွက်တော့ သူ့ကို အကြီးအကျယ် ထိခိုက်စေနိုင်မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲ အပြီးမှာ လက်ရှိ ဝန်ကြီးချုပ် Netanyahu ရော အတိုက်အခံ ခေါင်းဆောင် Benny Gantz တို့ကပါ ဘယ်သူမှ ညွန့်ပေါင်း အစိုးရ ဖွဲ့စည်းနိုင်ခြင်း မရှိပါဘူး။

XS
SM
MD
LG