သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေမရိကန္နဲ႔ ေျမာက္ကုိရီးယား ေခါင္းေဆာင္ ၂ ဦးၾကား ေပးစာေတြ ထပ္မံထြက္ေပၚ


အေမရိကန္ သမၼတ Donald Trump နဲ႔ ေျမာက္ကိုရီးယား ေခါင္းေဆာင္ Kim Jong Un တို႔ ၂၀၁၉ ခုႏွစ္ ဇြန္လတုန္းက ေတာင္/ေျမာက္ ကိုရီးယားနယ္နိမိတ္မ်ဥ္းနားမွာ ေတြ႔ဆံုခဲ့တဲ့ ျမင္ကြင္း။ (ဇြန္ ၃၀၊ ၂၀၁၉)

[Zawgyi/Unicode]

ေျမာက္ကိုရီးယား ေခါင္းေဆာင္ Kim Jong Un
ေျမာက္ကိုရီးယား ေခါင္းေဆာင္ Kim Jong Un

အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္အေၾကာင္း ေရးထားတဲ့ အတၳဳပတၱိစာအုပ္သစ္မွာ သမၼတ ထရမ့္နဲ႔ ေျမာက္ကိုရီးယား ေခါင္းေဆာင္ Kim Jong Un တို႔အၾကား ေပးစာေပါင္း ၂၅ စာင္ ရွိတဲ့အေၾကာင္းကို ေဖာ္ျပထားၿပီး အဲဒီ စာေတြက သူတို႔ႏွစ္ဦးအၾကားမွာ ရွိတဲ့ အမွန္တကယ္ ဆက္ဆံေရးကို ေဖာ္ထုတ္ ေျပာျပႏိုင္တယ္လို႔ ဆိုပါတယ္။

အေမရိကန္ ႏိုင္ငံေရး သတင္းေထာက္ Bob Woodward ေရးသားတဲ့ အဲဒီ ထရမ့္ အတၳဳပတၱိစာအုပ္သစ္ရဲ႕ ေခါင္းစဥ္ကို “Rage” “ ေဒါသမာန္ဟုန္” လို႔ နာမည္ ေပးထား တယ္လို႔ ဗုဒၶဟူးေန႔က အြန္လိုင္း အေရာင္းအဝယ္ အေမဇုန္ ဝက္ဘ္ဆိုဒ္ မွာေဖာ္ျပထားပါတယ္။

သမၼတ ထရမ့္နဲ႔ ေျမာက္ကိုရီယား ေခါင္းေဆာင္ Kim တို႔အၾကား အျပန္အလွန္ ေပးပို႔ထားတဲ့ ေပးစာ ၂၅ ေစာင္နဲ႔ ပတ္သက္လို႔ ဒီစာအုပ္ထဲမွာ ဘယ္ေလာက္အထိ ေဖာ္ျပထားသလဲဆိုတာေတာ့ မသိရေသးပါဘူး။

အေမရိကန္နဲ႔ ေျမာက္ကိုရီးယားတို႔ တရားဝင္ ထုတ္ေဖာ္ ေျပာၾကားတဲ့ ေခါင္းေဆာင္ႏွစ္ဦး အျပန္အလွန္ ေပးပို႔တဲ့ စာေတြရဲ႕ အေရအတြက္က အနည္းဆုံး ၁၀ ေစာင္ရွိခဲ့ေပမဲ့ ထြက္ရွိလာမယ္ စာအုပ္သစ္အရ သူတို႔အၾကား ပုဂၢိဳလ္ေရးအရ ေပးပို႔ခဲ့ၾကတဲ့ စာအေရအတြက္ ၂၅ ေစာင္ ရွိတယ္ဆိုတာ အခုမွ သိၾကရတာ ျဖစ္ပါတယ္။

သမၼတ ထရမ့္ရဲ အတၳဳပတၱိ စာအုပ္သစ္ကို စက္တင္ဘာ ၁၅ ရက္ေန႔မွာ တရားဝင္ စတင္ ျဖန္႔ခ်ိမွာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အမေရိကန်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ၂ ဦးကြား ပေးစာတွေ ထပ်မံထွက်ပေါ်

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်အကြောင်း ရေးထားတဲ့ အတ္ထုပတ္တိစာအုပ်သစ်မှာ သမ္မတ ထရမ့်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un တို့အကြား ပေးစာပေါင်း ၂၅ စာင် ရှိတဲ့အကြောင်းကို ဖော်ပြထားပြီး အဲဒီ စာတွေက သူတို့နှစ်ဦးအကြားမှာ ရှိတဲ့ အမှန်တကယ် ဆက်ဆံရေးကို ဖော်ထုတ် ပြောပြနိုင်တယ်လို့ ဆိုပါတယ်။

အေမရိကန္ ႏိုင္ငံေရး သတင္းေထာက္ Bob Woodward
အေမရိကန္ ႏိုင္ငံေရး သတင္းေထာက္ Bob Woodward

အမေရိကန် နိုင်ငံရေး သတင်းထောက် Bob Woodward ရေးသားတဲ့ အဲဒီ ထရမ့် အတ္ထုပတ္တိစာအုပ်သစ်ရဲ့ ခေါင်းစဉ်ကို “Rage” “ ဒေါသမာန်ဟုန်” လို့ နာမည် ပေးထား တယ်လို့ ဗုဒ္ဓဟူးနေ့က အွန်လိုင်း အရောင်းအဝယ် အမေဇုန် ဝက်ဘ်ဆိုဒ် မှာဖော်ပြထားပါတယ်။

သမ္မတ ထရမ့်နဲ့ မြောက်ကိုရီယား ခေါင်းဆောင် Kim တို့အကြား အပြန်အလှန် ပေးပို့ထားတဲ့ ပေးစာ ၂၅ စောင်နဲ့ ပတ်သက်လို့ ဒီစာအုပ်ထဲမှာ ဘယ်လောက်အထိ ဖော်ပြထားသလဲဆိုတာတော့ မသိရသေးပါဘူး။

အမေရိကန်နဲ့ မြောက်ကိုရီးယားတို့ တရားဝင် ထုတ်ဖော် ပြောကြားတဲ့ ခေါင်းဆောင်နှစ်ဦး အပြန်အလှန် ပေးပို့တဲ့ စာတွေရဲ့ အရေအတွက်က အနည်းဆုံး ၁၀ စောင်ရှိခဲ့ပေမဲ့ ထွက်ရှိလာမယ် စာအုပ်သစ်အရ သူတို့အကြား ပုဂ္ဂိုလ်ရေးအရ ပေးပို့ခဲ့ကြတဲ့ စာအရေအတွက် ၂၅ စောင် ရှိတယ်ဆိုတာ အခုမှ သိကြရတာ ဖြစ်ပါတယ်။

သမ္မတ ထရမ့်ရဲ အတ္ထုပတ္တိ စာအုပ်သစ်ကို စက်တင်ဘာ ၁၅ ရက်နေ့မှာ တရားဝင် စတင် ဖြန့်ချိမှာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG