Zawgyi/Unicode
အာရပ္ေစာ္ဘြားမ်ား ျပည္ေထာင္စု UAE နဲ႔ အစၥေရး တို႔ၾကား သံတမန္ ဆက္ဆံေရး ထူေထာင္ဖုိ႔ သေဘာတူခဲ့ ၾကတယ္လို႔ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ၾကာသပေတးေန႔မွာ ေၾကညာပါတယ္။
အခုလုိေၾကညာမႈကေန UAE ဟာ အာရပ္ပင္လယ္ေကြ႔ႏိုင္ငံေတြထဲမွာ အစၥေရးနဲ႔ သံတမန္ဆက္ဆံေရးလုပ္တဲ့ ပထမဆံုး ႏုိင္ငံျဖစ္လာသလို အာရပ္ႏိုင္ငံေတြထဲမွာေတာ့ တတိယေျမာက္ ႏိုင္ငံျဖစ္ပါတယ္။ အာရပ္ႏိုင္ငံေတြထဲမွာ အီဂ်စ္နဲ႔ ေဂ်ာ္ဒန္ ၂ ႏိုင္ငံသာ အစၥေရးနဲ႔ သံတမန္ဆက္ဆံမႈ ရွိေနတာ ျဖစ္ပါတယ္။
သမၼတ ထရမ့္က ၃ ႏိုင္ငံၾကား ပူးတြဲေၾကညာခ်က္ကို သူ႔တြစ္တာမွာ ေရးရင္း ဒါဟာ သမိုင္းဝင္ ျဖစ္ရပ္ တခု ျဖစ္ေၾကာင္း ေျပာပါတယ္။
လာမယ့္ သီတင္းပတ္ အနည္းငယ္အတြင္းမွာပဲ ကိုယ္စားလွယ္အဖြဲ႔ေတြ ေတြ႔ဆံုေဆြးေႏြးဖို႔ ရွိသလို တိုက္ရိုက္ ေလေၾကာင္း ပ်ံသန္းမႈေတြ၊ လံုၿခံဳေရးကိစၥရပ္ေတြ၊ ဆက္သြယ္ေရး၊ စြမ္းအင္၊ ခရီးသြားနဲ႔ က်န္းမာေရးေစာင့္ေရွာက္မႈ ဆိုင္ရာ ကိစၥရပ္ေတြ အတြက္ သေဘာတူစာခ်ဳပ္ေတြ လက္မွတ္ေရးထိုးမွာ ျဖစ္ေၾကာင္း ပူးတြဲေၾကညာခ်က္မွာ ေဖၚျပထားပါတယ္။
ဒါ့အျပင္ UAE နဲ႔ အစၥေရးတို႔ဟာ ကိုရိုနာဗိုင္းရပ္ေရာဂါ ကာကြယ္ေဆးထုတ္လုပ္ဖို႔နဲ႔ ကုသေရး ဆိုင္ရာေတြနဲ႔ ပတ္သက္ၿပီး ပူးေပါင္းေဆာင္ရြက္မႈေတြ အျမန္တိုးခ်ဲ႕ အရွိန္ျမွင့္တင္ ၾကဖို႔လည္း စီစဥ္ေနပါတယ္။
အခုလို ၂ ႏိုင္ငံ သံတမန္ထားရွိဖို႔ လုပ္လာတာဟာ အခက္အခဲေတြ ၿပိဳကြဲသြားတာ ျဖစ္ၿပီး အာရပ္ႏိုင္ငံေတြနဲ႔ မူစလင္ႏိုင္ငံေတြကေန UAE လို လိုက္လုပ္မယ့္ ႏိုင္ငံေတြ ေပၚထြက္လာမယ္လို႔ ေမ ွ်ာ္လင့္ထားေၾကာင္းလည္း သမၼတ ထရမ့္က ေျပာပါတယ္။
Unicode
အာရပ်စော်ဘွားများ ပြည်ထောင်စု UAE နဲ့ အစ္စရေး တို့ကြား သံတမန် ဆက်ဆံရေး ထူထောင်ဖို့ သဘောတူခဲ့ ကြတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြာသပတေးနေ့မှာ ကြေညာပါတယ်။
အခုလိုကြေညာမှုကနေ UAE ဟာ အာရပ်ပင်လယ်ကွေ့နိုင်ငံတွေထဲမှာ အစ္စရေးနဲ့ သံတမန်ဆက်ဆံရေးလုပ်တဲ့ ပထမဆုံး နိုင်ငံဖြစ်လာသလို အာရပ်နိုင်ငံတွေထဲမှာတော့ တတိယမြောက် နိုင်ငံဖြစ်ပါတယ်။ အာရပ်နိုင်ငံတွေထဲမှာ အီဂျစ်နဲ့ ဂျော်ဒန် ၂ နိုင်ငံသာ အစ္စရေးနဲ့ သံတမန်ဆက်ဆံမှု ရှိနေတာ ဖြစ်ပါတယ်။
သမ္မတ ထရမ့်က ၃ နိုင်ငံကြား ပူးတွဲကြေညာချက်ကို သူ့တွစ်တာမှာ ရေးရင်း ဒါဟာ သမိုင်းဝင် ဖြစ်ရပ် တခု ဖြစ်ကြောင်း ပြောပါတယ်။
လာမယ့် သီတင်းပတ် အနည်းငယ်အတွင်းမှာပဲ ကိုယ်စားလှယ်အဖွဲ့တွေ တွေ့ဆုံဆွေးနွေးဖို့ ရှိသလို တိုက်ရိုက် လေကြောင်း ပျံသန်းမှုတွေ၊ လုံခြုံရေးကိစ္စရပ်တွေ၊ ဆက်သွယ်ရေး၊ စွမ်းအင်၊ ခရီးသွားနဲ့ ကျန်းမာရေးစောင့်ရှောက်မှု ဆိုင်ရာ ကိစ္စရပ်တွေ အတွက် သဘောတူစာချုပ်တွေ လက်မှတ်ရေးထိုးမှာ ဖြစ်ကြောင်း ပူးတွဲကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
ဒါ့အပြင် UAE နဲ့ အစ္စရေးတို့ဟာ ကိုရိုနာဗိုင်းရပ်ရောဂါ ကာကွယ်ဆေးထုတ်လုပ်ဖို့နဲ့ ကုသရေး ဆိုင်ရာတွေနဲ့ ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်မှုတွေ အမြန်တိုးချဲ့ အရှိန်မြှင့်တင် ကြဖို့လည်း စီစဉ်နေပါတယ်။
အခုလို ၂ နိုင်ငံ သံတမန်ထားရှိဖို့ လုပ်လာတာဟာ အခက်အခဲတွေ ပြိုကွဲသွားတာ ဖြစ်ပြီး အာရပ်နိုင်ငံတွေနဲ့ မူစလင်နိုင်ငံတွေကနေ UAE လို လိုက်လုပ်မယ့် နိုင်ငံတွေ ပေါ်ထွက်လာမယ်လို့ မေ ျှာ်လင့်ထားကြောင်းလည်း သမ္မတ ထရမ့်က ပြောပါတယ်။