သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အစၥေရးလ္ ေလေၾကာင္းတုိက္ခုိက္မႈ သတင္းဌာနေတြရွိရာ ဂါဇာအေဆာက္အဦး ထိမွန္


အစၥေရးလ္ ေလေၾကာင္းတုိက္ခုိက္မႈေၾကာင့္ ထိခုိက္ပ်က္စီးခဲ့ရတဲ့ ဂါဇာရွိ သတင္းေအဂ်င္စီ႐ုံးမ်ားရွိရာ အေဆာက္အဦး။ (ေမ ၁၅၊ ၂၀၂၁)

(Zawgyi / Unicode)

အစၥေရးလ္ရဲ႕ စေနေန႔က ေလေၾကာင္းတိုက္ခုိက္မႈအတြင္း AP သတင္းေအဂ်င္စီ႐ုံးနဲ႔ Al-Jazeera သတင္းဌာန႐ုံးေတြရွိရာ Gaza City က အထပ္ျမင့္ အေဆာက္အဦးတလံုး ပ်က္စီးခဲ့ပါတယ္။

အစၥေရးလ္နဲ႔ ပါလက္စတိုင္းၾကား ၂၀၁၄ ခုႏွစ္ေနာက္ပိုင္း အဆိုးရြားဆံုး အၾကမ္းဖက္ တိုက္ခုိက္မႈေတြ ျဖစ္ေနတာပါ။ အစၥေရးလ္ဘက္က ဂါဇာကို ေလေၾကာင္းက တိုက္ခုိက္ေနသလို Hamas စစ္ေသြးႂကြေတြကလည္း အစၥေရးလ္ကို ဒံုးက်ည္ေတြနဲ႔ တုံ႔ျပန္ တိုက္ခုိက္ေနတာပါ။ အစၥေရးလ္နဲ႔ Hamas ၾကား ၅ ညဆက္တိုက္ အၾကမ္းဖက္မႈ ျဖစ္ပါတယ္။

လူေနအိမ္ခန္းေတြ၊ ေနာက္ မီဒီယာေတြ အပါအဝင္ ႐ုံးခန္းေတြရွိရာ ၁၂ ထပ္ အေဆာက္အဦးကို အစၥေရးလ္စစ္တပ္က မတိုက္ခုိက္မီ တနာရီအလိုမွာ အေဆာက္အဦးပိုင္ရွင္က တယ္လီဖုန္းနဲ႔ အေၾကာင္းၾကားခ်က္ ရရွိခဲ့ပါတယ္။ အဲဒီေနာက္မွာ အစၥေရးလ္ဘက္က ဒံုးက်ည္ေတြနဲ႔ ပစ္ခ်လိုက္တာ ျဖစ္ပါတယ္။

“AP သတင္းေအဂ်င္စီ ဝန္ထမ္းေတြနဲ႔ အေဆာက္အဦးမွာ ေနထိုင္ၾကသူေတြ ခ်က္ခ်င္းပဲ အေဆာက္အဦးကေန ထြက္ခြာခဲ့ၾကပါတယ္။ ဒါေပမယ့္လည္း Al-Jazeera သတင္းဌာနကေတာ့ ေလေၾကာင္းတိုက္ခုိက္မႈေၾကာင့္ အေဆာက္အဦး ၿပိဳက်ေနမႈအတြင္း ဆက္လက္ သတင္းထုတ္လႊင့္ခဲ့ပါတယ္။ Al-Jazeera က ႏႈတ္ဆိတ္ေနမွာ မဟုတ္ဘူး။ အခုပဲ အာမခံႏုိင္ပါတယ္။” လုိ႔ ႐ုပ္သံတင္ဆက္သူ အမ်ိဳးသမီးက ေၾကညာခဲ့ပါတယ္။

အေဆာက္အဦးကို အစၥေရးလ္ဘက္က တိုက္ခုိက္ခဲ့မႈအေပၚ တုန္လႈပ္ ေခ်ာက္ခ်ားရေၾကာင္း AP သတင္းေအဂ်င္စီ အႀကီးအကဲနဲ႔ အမႈေဆာင္အရာရွိခ်ဳပ္ Gary Pruitt က ေၾကညာခ်က္မွာ ေျပာဆိုပါတယ္။ တိုက္ခုိက္မယ့္အေၾကာင္း အစၥေရးလ္ဘက္က သတိေပးခ်က္ လက္ခံရရွိခဲ့ေၾကာင္းလည္း သူက ေျပာပါတယ္။

AP သတင္းေအဂ်င္စီ ဝန္ထမ္း တဒါဇင္နီးပါး အသက္ေဘးက သီသီကေလး ကပ္ၿပီး လြတ္ေျမာက္ခဲ့ရတဲ့ တိုက္ခုိက္ခံရမႈနဲ႔ ပတ္သက္ၿပီး အစၥေရးလ္ဘက္ကေရာ အေမရိကန္ ႏုိင္ငံျခားေရးဌာနဘက္ကပါ အခ်က္အလက္ေတြရရွိေရး AP သတင္းေအဂ်င္စီက ႀကိဳးစားမယ့္အေၾကာင္းလည္း သူက ဆက္ေျပာပါတယ္။

စေနေန႔ တိုက္ခုိက္ခံရမႈေၾကာင့္ ဂါဇာမွာ ျဖစ္ေနတာေတြကို ကမၻာက မ်ားမ်ားစားစား သိရွိႏုိင္ေတာ့မွာ မဟုတ္ဘူးလို႔လည္း AP သတင္းေအဂ်င္စီ အႀကီးအကဲက သတိေပးပါတယ္။

Hamas ေတြဟာ မီဒီယာဌာနေတြကို လူသားဒိုင္းအျဖစ္ အသံုးခ်ေနတယ္ဆိုၿပီး အစၥလာမၼစ္ စစ္ေသြးႂကြအဖြဲ႔တြင္း ေထာက္လွမ္းရရွိခ်က္အရ အေဆာက္အဦးကို ဖ်က္ဆီးရတာျဖစ္ေၾကာင္း အစၥေရးလ္စစ္တပ္က အေထာက္အထား တစံုတရာ မျပဘဲ ေျပာဆိုထားပါတယ္။

လြတ္လပ္တဲ့ သတင္းမီဒီယာနဲ႔ သတင္းေထာက္ေတြရဲ႕ ေဘးကင္းလုံၿခဳံေရးအတြက္ အစၥေရးလ္နဲ႔ တိုက္႐ုိက္ဆက္သြယ္ထားၿပီးျဖစ္ေၾကာင္း အေမရိကန္သမၼတ အိမ္ျဖဴေတာ္ ျပန္ၾကားေရးတာဝန္ခံ Jen Psaki က တြစ္တာ လူမႈကြန္ရက္မွာ ေရးသားထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------

(Unicode)

အစ္စရေးလ် လေကြောင်းတိုက်ခိုက်မှု သတင်းဌာနတွေရှိရာ ဂါဇာအဆောက်အဦး ထိမှန်

အစ္စရေးလ်ရဲ့ စနေနေ့က လေကြောင်းတိုက်ခိုက်မှုအတွင်း AP သတင်းအေဂျင်စီရုံးနဲ့ Al-Jazeera သတင်းဌာနရုံးတွေရှိရာ Gaza City က အထပ်မြင့် အဆောက်အဦးတလုံး ပျက်စီးခဲ့ပါတယ်။

အစ္စရေးလ်နဲ့ ပါလက်စတိုင်းကြား ၂၀၁၄ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံး အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်နေတာပါ။ အစ္စရေးလ်ဘက်က ဂါဇာကို လေကြောင်းက တိုက်ခိုက်နေသလို Hamas စစ်သွေးကြွတွေကလည်း အစ္စရေးလ်ကို ဒုံးကျည်တွေနဲ့ တုံ့ပြန် တိုက်ခိုက်နေတာပါ။ အစ္စရေးလ်နဲ့ Hamas ကြား ၅ ညဆက်တိုက် အကြမ်းဖက်မှု ဖြစ်ပါတယ်။

လူနေအိမ်ခန်းတွေ၊ နောက် မီဒီယာတွေ အပါအဝင် ရုံးခန်းတွေရှိရာ ၁၂ ထပ် အဆောက်အဦးကို အစ္စရေးလ်စစ်တပ်က မတိုက်ခိုက်မီ တနာရီအလိုမှာ အဆောက်အဦးပိုင်ရှင်က တယ်လီဖုန်းနဲ့ အကြောင်းကြားချက် ရရှိခဲ့ပါတယ်။ အဲဒီနောက်မှာ အစ္စရေးလ်ဘက်က ဒုံးကျည်တွေနဲ့ ပစ်ချလိုက်တာ ဖြစ်ပါတယ်။

“AP သတင်းအေဂျင်စီ ဝန်ထမ်းတွေနဲ့ အဆောက်အဦးမှာ နေထိုင်ကြသူတွေ ချက်ချင်းပဲ အဆောက်အဦးကနေ ထွက်ခွာခဲ့ကြပါတယ်။ ဒါပေမယ့်လည်း Al-Jazeera သတင်းဌာနကတော့ လေကြောင်းတိုက်ခိုက်မှုကြောင့် အဆောက်အဦး ပြိုကျနေမှုအတွင်း ဆက်လက် သတင်းထုတ်လွှင့်ခဲ့ပါတယ်။ Al-Jazeera က နှုတ်ဆိတ်နေမှာ မဟုတ်ဘူး။ အခုပဲ အာမခံနိုင်ပါတယ်။” လို့ ရုပ်သံတင်ဆက်သူ အမျိုးသမီးက ကြေညာခဲ့ပါတယ်။

အဆောက်အဦးကို အစ္စရေးလ်ဘက်က တိုက်ခိုက်ခဲ့မှုအပေါ် တုန်လှုပ် ချောက်ချားရကြောင်း AP သတင်းအေဂျင်စီ အကြီးအကဲနဲ့ အမှုဆောင်အရာရှိချုပ် Gary Pruitt က ကြေညာချက်မှာ ပြောဆိုပါတယ်။ တိုက်ခိုက်မယ့်အကြောင်း အစ္စရေးလ်ဘက်က သတိပေးချက် လက်ခံရရှိခဲ့ကြောင်းလည်း သူက ပြောပါတယ်။

AP သတင်းအေဂျင်စီ ဝန်ထမ်း တဒါဇင်နီးပါး အသက်ဘေးက သီသီကလေး ကပ်ပြီး လွတ်မြောက်ခဲ့ရတဲ့ တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး အစ္စရေးလ်ဘက်ကရော အမေရိကန် နိုင်ငံခြားရေးဌာနဘက်ကပါ အချက်အလက်တွေရရှိရေး AP သတင်းအေဂျင်စီက ကြိုးစားမယ့်အကြောင်းလည်း သူက ဆက်ပြောပါတယ်။

စနေနေ့ တိုက်ခိုက်ခံရမှုကြောင့် ဂါဇာမှာ ဖြစ်နေတာတွေကို ကမ္ဘာက များများစားစား သိရှိနိုင်တော့မှာ မဟုတ်ဘူးလို့လည်း AP သတင်းအေဂျင်စီ အကြီးအကဲက သတိပေးပါတယ်။

Hamas တွေဟာ မီဒီယာဌာနတွေကို လူသားဒိုင်းအဖြစ် အသုံးချနေတယ်ဆိုပြီး အစ္စလာမ္မစ် စစ်သွေးကြွအဖွဲ့တွင်း ထောက်လှမ်းရရှိချက်အရ အဆောက်အဦးကို ဖျက်ဆီးရတာဖြစ်ကြောင်း အစ္စရေးလ်စစ်တပ်က အထောက်အထား တစုံတရာ မပြဘဲ ပြောဆိုထားပါတယ်။

လွတ်လပ်တဲ့ သတင်းမီဒီယာနဲ့ သတင်းထောက်တွေရဲ့ ဘေးကင်းလုံခြုံရေးအတွက် အစ္စရေးလ်နဲ့ တိုက်ရိုက်ဆက်သွယ်ထားပြီးဖြစ်ကြောင်း အမေရိကန်သမ္မတ အိမ်ဖြူတော် ပြန်ကြားရေးတာဝန်ခံ Jen Psaki က တွစ်တာ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG