[Zawgyi/Unicode]
႐ိုဟင္ဂ်ာ ပဋိပကၡအတြက္ ေရရွည္ ခိုင္ၿမဲမယ့္ ေျဖရွင္းခ်က္ ရရွိေရး ဘဂၤလားေဒ့ရွ္က ဦးေဆာင္ၿပီး ရိုဟင္ဂ်ာ ဒုကၡသည္အေရး အလွဴရွင္ ညီလာခံမွာ တိုက္တြန္းခဲ႔ပါတယ္။ ဆြစ္ဇာလန္ႏုိင္ငံ ဂ်ီနီဗာကေန Lisa Schlein ရဲ႕ သတင္းေဆာင္းပါးကို မသိဂၤ ီထိုက္ ေျပာျပပါမယ္။
ရန္ပံုေငြ အတြက္ ကတိက၀တ္ အသစ္ေတြ ရေနေပမဲ့လို႔လည္း အလွဴရွင္ေတြဘက္က ဆက္ၿပီး မေပးႏုိင္ေတာ့မယ့္အေရးကို ကုလသမဂၢ အဖြဲ႔အစည္းေတြက စိုးရိမ္ေနၾကပါတယ္။ ေကာဇ္႔ဘဇားက ရိုဟင္ဂ်ာ ဒုကၡသည္ေတြနဲ႔ သူတို႔ကို လက္ခံထားတဲ႔ လူမႈအသိုင္းအ၀ိုင္းေတြ အတြင္းက လူေပါင္း ၁ ဒသမ ၄ သန္းကို ကူညီေပးေရး လိုအပ္တဲ႔ ရန္ပံုေငြ ေဒၚလာ ၉၄၃ သန္း မျပည့္မီမွာကို စိုးရိမ္ေနၾကတာပါ။
ကုလသမဂၢက ၿပီးခဲ႔တဲ႔ႏွစ္ ပူးေပါင္း အစီအစဥ္ အတြက္ ေဒၚလာ သန္း ၁,၀၀၀ ပန္ၾကားခဲ႔တာမွာ ရန္ပံုေငြ ၆၀ ရာခုိင္ႏႈန္းပဲ ရခဲ႔တာပါ။ ဘဂၤလားေဒ့ရွ္မွာ ခုိလံႈေနၾကတဲ႔ ရိုဟင္ဂ်ာ ဒုကၡသည္ေတြ အတြက္ ေလးႏွစ္ေျမာက္ အလွဴရွင္ ညီလာခံျဖစ္တယ္လုိ႔ ဘဂၤလားေဒ့ရွ္ ဒုတိယ ႏုိင္ငံျခားေရး ၀န္ႀကီး Shahriar Alam က ေျပာပါတယ္။
လူေတြ ျပည့္က်ပ္ေနတဲ႔ စခန္းေတြမွာ ဒုကၡသည္ေတြ ဘယ္ေလာက္ ၾကာၾကာ ဒုကၡခံရဦးမလဲ၊ လူသားခ်င္း စာနာေထာက္ထားမႈဆုိင္ရာ အကူအညီ ၀န္ထုပ္၀န္ပိုးႀကီးကို ႏုိင္ငံတကာ အသိုင္းအ၀ိုင္းဘက္က ေရရွည္ ပံ႔ပိုးႏုိင္ပါ့မလားဆိုတာကို စဥ္းစားမိတယ္လို႔ ဒု၀န္ႀကီးက ေျပာပါတယ္။ ႏွစ္တိုင္း အလႈရွင္ ညီလာခံ လုပ္မေနရေအာင္ ရိုဟင္ဂ်ာ ဒုကၡသည္ ျပႆနာကို ေရရွည္ခံမယ့္ ေျဖရွင္းခ်က္ရွာေရးက အေရးႀကီးတယ္လို႔ ဒုတိယ ၀န္ႀကီး Alam က ေျပာပါတယ္။
"ပူးေပါင္း တုံ႔ျပန္ေရး အစီအစဥ္ ဒါမွမဟုတ္လည္း တျခား ေငြေၾကး ေထာက္ပံ႔တဲ႔ ယႏၱယားေတြဟာ ဒီရည္မွန္းခ်က္ကို ျပည့္ေျမာက္ေအာင္ ေဆာင္ရြက္သင့္ပါတယ္။ ပူးေပါင္း တုံ႔ျပန္ေရး အစီအစဥ္မွာ အထူးအေလးထား ေဆာင္ရြက္မယ့္ ကိစၥေတြဟာလည္း ရိုဟင္ဂ်ာေတြ ဌာေနျပန္ေရး ျပင္ဆင္ေပးဖို႔ဆိုတဲ႔ ရည္မွန္းခ်က္နဲ႔ ကိုက္ညီရမွာ ျဖစ္သလို ပညာေရး၊ စြမ္းရည္ ျမွင့္တင္ေရးလိုမ်ိဳး စီမံကိန္းေတြဟာဆိုရင္လည္း ရိုဟင္ဂ်ာေတြ ျမန္မာျပည္က သူတို႔ လူမႈ အသိုင္းအ၀ိုင္းထဲမွာ သဟဇာတ ျဖစ္ေစေရးကို အေထာက္အကူျပဳေစေရး ရည္မွန္း အေကာင္အထည္ ေဖာ္သင့္ပါတယ္။"
ျမန္မာႏုိင္ငံရဲ႕ လက္ရွိ အေျခအေနက ရိုဟင္ဂ်ာေတြ ဌာေနျပန္ေရးအတြက္ အခ်ိန္ေကာင္း အခါေကာင္း မဟုတ္ဘူးဆိုတာကို ဘဂၤလားေဒ့ရွ္ ဒုတိယ ႏုိင္ငံျခားေရး ၀န္ႀကီးက လက္ခံ အသိအမွတ္ျပဳပါတယ္။ ျမန္မာဘက္ကေတာ့ ရိုဟင္ဂ်ာဆိုတဲ႔ အသံုးအႏႈန္းကို လက္မခံေပမယ့္လည္း ျပန္လက္ခံမယ္လို႔ ေျပာထားတာပါ။ ျမန္မာႏုိင္ငံမွာ ေဖေဖာ္၀ါရီလ ၁ ရက္ေန႔ စစ္အာဏာသိမ္းမႈေၾကာင့္ ဒုကၡသည္ ဌာေနျပန္ေရး အဟန္႔အတား ျဖစ္ေစတယ္ဆိုတာကို ဒုကၡသည္မ်ားဆိုင္ရာ ကုလသမဂၢ မဟာမင္းႀကီး Filippo Grandi က သေဘာတူပါတယ္။ ရခုိင္ျပည္နယ္ထဲမွာ ရွိတဲ႔ UNHCR နဲ႔ တျခား အဖြဲ႔အစည္းေတြဟာ ရိုဟင္ဂ်ာေတြ ဌာေနျပန္ေရး အတြက္ လိုအပ္တဲ႔ အေျခအေနေတြကို ဖန္တီးႏုိင္ေရး အတြက္ ျဖစ္တယ္လို႔ မဟာမင္းႀကီး Filippo Grandi က ေျပာပါတယ္။
"ဒီအဖြဲ႔အစည္းေတြက ေဆာင္ရြက္ေနေပမဲ့လည္း အခုအခ်ိန္ထိေတာ့ အေကာင္အထည္ မေပၚေသးပါဘူး။ လြတ္လပ္စြာ သြားလာခြင့္၊ ၀န္ေဆာင္မႈေတြ ရရွိခြင့္ ေနာက္ ဘဂၤလားေဒ့ရွ္ဘက္ကို လူေတြ အစုလိုက္ အၿပံဳလိုက္ ထြက္ေျပးခဲ႔ရတဲ႔ အေၾကာင္းရင္း ျဖစ္တဲ႔ ခြဲျခား ဆက္ဆံမႈေတြကို အဆံုးသတ္ေရး ျမန္မာဘက္က ပိုၿပီး အားထည့္ ေဆာင္ရြက္ဖို႔ လိုအပ္ေနပါတယ္။"
ရိုဟင္ဂ်ာ ဒုကၡသည္ေတြကို ေမ႔ေဖ်ာက္မထားဖို႔နဲ႔ ႏုိင္ငံတကာ အသိုင္းအ၀ိုင္းက ဆက္လက္ ပံ႔ပိုးရမယ္လို႔ ဒုကၡသည္မ်ားဆိုင္ရာ ကုလသမဂၢမဟာမင္းႀကီးက Grandi က ေျပာပါတယ္။ ရိုဟင္ဂ်ာေတြ ျမန္မာႏုိင္ငံတြင္းကေန ဆက္လက္ ထြက္ေျပးေနၾကေၾကာင္းလည္း သူက ေျပာပါတယ္။ အိႏၵိယ၊ ထိုင္း တို႔လို အိမ္နီးခ်င္း ႏုိင္ငံေတြဘက္က နယ္စပ္ေတြကို ဖြင့္လွစ္ေပးထားေရးနဲ႔ ဌာေနရင္းမွာ အသက္အႏၱရာယ္ ရွိႏုိင္တဲ႔ ဌာေနရင္းကို ျပန္မပို႔ေရးကိုလည္း ဒုကၡသည္မ်ားဆိုင္ရာ ကုလသမဂၢ မဟာမင္းႀကီးက ထပ္ေလာင္း ပန္ၾကားခဲ႔ပါတယ္။
[Unicode Version]
ရိုဟင်ဂျာပဋိပက္ခ ရေရှည်ခိုင်မာတဲ့အဖြေရှာဖို့ ဘင်္ဂလားဒေ့ရှ် တိုက်တွန်း
ရိုဟင်ဂျာ ပဋိပက္ခအတွက် ရေရှည် ခိုင်မြဲမယ့် ဖြေရှင်းချက် ရရှိရေး ဘင်္ဂလားဒေ့ရှ်က ဦးဆောင်ပြီး ရိုဟင်ဂျာ ဒုက္ခသည်အရေး အလှူရှင် ညီလာခံမှာ တိုက်တွန်းခဲ့ပါတယ်။ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာကနေ Lisa Schlein ရဲ့ သတင်းဆောင်းပါးကို မသိင်္ဂ ီထိုက် ပြောပြပါမယ်။
ရန်ပုံငွေ အတွက် ကတိကဝတ် အသစ်တွေ ရနေပေမဲ့လို့လည်း အလှူရှင်တွေဘက်က ဆက်ပြီး မပေးနိုင်တော့မယ့်အရေးကို ကုလသမဂ္ဂ အဖွဲ့အစည်းတွေက စိုးရိမ်နေကြပါတယ်။ ကောဇ့်ဘဇားက ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ သူတို့ကို လက်ခံထားတဲ့ လူမှုအသိုင်းအဝိုင်းတွေ အတွင်းက လူပေါင်း ၁ ဒသမ ၄ သန်းကို ကူညီပေးရေး လိုအပ်တဲ့ ရန်ပုံငွေ ဒေါ်လာ ၉၄၃ သန်း မပြည့်မီမှာကို စိုးရိမ်နေကြတာပါ။
ကုလသမဂ္ဂက ပြီးခဲ့တဲ့နှစ် ပူးပေါင်း အစီအစဉ် အတွက် ဒေါ်လာ သန်း ၁,၀၀၀ ပန်ကြားခဲ့တာမှာ ရန်ပုံငွေ ၆၀ ရာခိုင်နှုန်းပဲ ရခဲ့တာပါ။ ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ အတွက် လေးနှစ်မြောက် အလှူရှင် ညီလာခံဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး Shahriar Alam က ပြောပါတယ်။
လူတွေ ပြည့်ကျပ်နေတဲ့ စခန်းတွေမှာ ဒုက္ခသည်တွေ ဘယ်လောက် ကြာကြာ ဒုက္ခခံရဦးမလဲ၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီ ဝန်ထုပ်ဝန်ပိုးကြီးကို နိုင်ငံတကာ အသိုင်းအဝိုင်းဘက်က ရေရှည် ပံ့ပိုးနိုင်ပါ့မလားဆိုတာကို စဉ်းစားမိတယ်လို့ ဒုဝန်ကြီးက ပြောပါတယ်။ နှစ်တိုင်း အလှုရှင် ညီလာခံ လုပ်မနေရအောင် ရိုဟင်ဂျာ ဒုက္ခသည် ပြဿနာကို ရေရှည်ခံမယ့် ဖြေရှင်းချက်ရှာရေးက အရေးကြီးတယ်လို့ ဒုတိယ ဝန်ကြီး Alam က ပြောပါတယ်။
"ပူးပေါင်း တုံ့ပြန်ရေး အစီအစဉ် ဒါမှမဟုတ်လည်း တခြား ငွေကြေး ထောက်ပံ့တဲ့ ယန္တယားတွေဟာ ဒီရည်မှန်းချက်ကို ပြည့်မြောက်အောင် ဆောင်ရွက်သင့်ပါတယ်။ ပူးပေါင်း တုံ့ပြန်ရေး အစီအစဉ်မှာ အထူးအလေးထား ဆောင်ရွက်မယ့် ကိစ္စတွေဟာလည်း ရိုဟင်ဂျာတွေ ဌာနေပြန်ရေး ပြင်ဆင်ပေးဖို့ဆိုတဲ့ ရည်မှန်းချက်နဲ့ ကိုက်ညီရမှာ ဖြစ်သလို ပညာရေး၊ စွမ်းရည် မြှင့်တင်ရေးလိုမျိုး စီမံကိန်းတွေဟာဆိုရင်လည်း ရိုဟင်ဂျာတွေ မြန်မာပြည်က သူတို့ လူမှု အသိုင်းအဝိုင်းထဲမှာ သဟဇာတ ဖြစ်စေရေးကို အထောက်အကူပြုစေရေး ရည်မှန်း အကောင်အထည် ဖော်သင့်ပါတယ်။"
မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေက ရိုဟင်ဂျာတွေ ဌာနေပြန်ရေးအတွက် အချိန်ကောင်း အခါကောင်း မဟုတ်ဘူးဆိုတာကို ဘင်္ဂလားဒေ့ရှ် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးက လက်ခံ အသိအမှတ်ပြုပါတယ်။ မြန်မာဘက်ကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံပေမယ့်လည်း ပြန်လက်ခံမယ်လို့ ပြောထားတာပါ။ မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုကြောင့် ဒုက္ခသည် ဌာနေပြန်ရေး အဟန့်အတား ဖြစ်စေတယ်ဆိုတာကို ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Filippo Grandi က သဘောတူပါတယ်။ ရခိုင်ပြည်နယ်ထဲမှာ ရှိတဲ့ UNHCR နဲ့ တခြား အဖွဲ့အစည်းတွေဟာ ရိုဟင်ဂျာတွေ ဌာနေပြန်ရေး အတွက် လိုအပ်တဲ့ အခြေအနေတွေကို ဖန်တီးနိုင်ရေး အတွက် ဖြစ်တယ်လို့ မဟာမင်းကြီး Filippo Grandi က ပြောပါတယ်။
"ဒီအဖွဲ့အစည်းတွေက ဆောင်ရွက်နေပေမဲ့လည်း အခုအချိန်ထိတော့ အကောင်အထည် မပေါ်သေးပါဘူး။ လွတ်လပ်စွာ သွားလာခွင့်၊ ဝန်ဆောင်မှုတွေ ရရှိခွင့် နောက် ဘင်္ဂလားဒေ့ရှ်ဘက်ကို လူတွေ အစုလိုက် အပြုံလိုက် ထွက်ပြေးခဲ့ရတဲ့ အကြောင်းရင်း ဖြစ်တဲ့ ခွဲခြား ဆက်ဆံမှုတွေကို အဆုံးသတ်ရေး မြန်မာဘက်က ပိုပြီး အားထည့် ဆောင်ရွက်ဖို့ လိုအပ်နေပါတယ်။"
ရိုဟင်ဂျာ ဒုက္ခသည်တွေကို မေ့ဖျောက်မထားဖို့နဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက ဆက်လက် ပံ့ပိုးရမယ်လို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးက Grandi က ပြောပါတယ်။ ရိုဟင်ဂျာတွေ မြန်မာနိုင်ငံတွင်းကနေ ဆက်လက် ထွက်ပြေးနေကြကြောင်းလည်း သူက ပြောပါတယ်။ အိန္ဒိယ၊ ထိုင်း တို့လို အိမ်နီးချင်း နိုင်ငံတွေဘက်က နယ်စပ်တွေကို ဖွင့်လှစ်ပေးထားရေးနဲ့ ဌာနေရင်းမှာ အသက်အန္တရာယ် ရှိနိုင်တဲ့ ဌာနေရင်းကို ပြန်မပို့ရေးကိုလည်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးက ထပ်လောင်း ပန်ကြားခဲ့ပါတယ်။