(Zawgyi/Unicode)
ရိုဟင္ဂ်ာ မူဆလင္ေတြ အတြက္ အကူအညီသစ္ ထပ္မံ ေပးအပ္မယ့္ အေၾကာင္း အေမရိကန္ ျပည္ေထာင္စုက ေျပာပါတယ္။ ၂၀၁၇ ခုႏွစ္ ျမန္မာႏုိင္ငံတြင္း အၾကမ္းဖက္မႈေတြေၾကာင့္ ရိုဟင္ဂ်ာ မူဆလင္ သိန္းခ်ီၿပီး ဘဂၤလားေဒရွ္႕ဘက္ ထြက္ေျပး တိမ္းေရွာင္ေနရသလို ျပည္တြင္းမွာဘဲ အိုးအိမ္စြန္႔ခြာ ထြက္ေျပးေနၾကရသူေတြလည္း ရွိပါတယ္။
ဘဂၤလားေဒရွ္႕ေရာက္ ရိုဟင္ဂ်ာ ဒုကၡသည္ေတြနဲ႔ လက္ခံထားတဲ႔ လူမႈအသိုင္းအ၀ိုင္း၊ ေနာက္ ႏုိင္ငံတြင္း အိုးအိမ္စြန္႔ ထြက္ေျပးရတဲ႔ ရိုဟင္ဂ်ာေတြနဲ႔ တျခား ထိခုိက္သက္ေရာက္တဲ႔ အသိုင္းအ၀ိုင္းကို မရွိမျဖစ္ လိုအပ္ခ်က္ေတြကို ဆက္လက္ေထာက္ပံ႔ႏုိင္ေရးမွာ အသံုးျပဳဖို႔ ေနာက္ထပ္ ေဒၚလာ ၁၅၅ သန္း အေမရိကန္က ထပ္မံေပးအပ္တာ ျဖစ္ေၾကာင္း အေမရိကန္ႏုိင္ငံျခားေရး ၀န္ႀကီး Antony Blinken က ေၾကညာခ်က္မွာ ေျပာဆိုထားပါတယ္။
ျမန္မာႏုိင္ငံတြင္းက ထိတ္လန္႔တုန္လႈပ္ဖြယ္ အၾကမ္းဖက္မႈေတြကေန ထြက္ေျပးခဲ႔ရတဲ႔ အမ်ိဳးသမီးနဲ႔ ကေလးငယ္ေတြ အပါအ၀င္ ဘဂၤလားေဒရွ္႕ေရာက္ ဒုကၡသည္ ၉ သိန္းနီးပါး အတြက္ အေရးေပၚ လုိအပ္ခ်က္ေတြ ျပည့္မီေစေရး အေမရိကန္ အေထာက္အပံ႔က တတပ္တအား ပံ႔ပိုးေပးႏုိင္မွာ ျဖစ္ေၾကာင္းလည္း အေမရိကန္ ႏုိင္ငံျခားေရး ၀န္ႀကီးက ထပ္ေလာင္း ေျပာပါတယ္။
ျမန္မာႏုိင္ငံမွာ ၂၀၁၇ ခုႏွစ္က အၾကမ္းဖက္မႈေတြ ေနာက္ပိုင္း ထိခိုက္ရသူေတြ အတြက္ အေမရိကန္ရဲ႕ ေထာက္ပံ႔မႈဟာ အခုဆိုရင္ ေဒၚလာ သန္း ၁၃၀၀ ေက်ာ္ရွိၿပီလို႔လည္း ေျပာဆိုထားပါတယ္။
အထူးသျဖင့္ ဘဂၤလားေဒရွ္႕ အပါအ၀င္ ဒုကၡသည္ေတြကို လက္ခံရတဲ႔ ႏုိင္ငံေတြရဲ႕ ကုန္က်စာရိတ္နဲ႔ တာ၀န္ခံရမႈကိုလည္း အေမရိကန္ ျပည္ေထာင္စုက အသိအမွတ္ျပဳေၾကာင္း၊ ရိုဟင္ဂ်ာ အသိုင္းအ၀ိုင္းကို အကာအကြယ္ေပးၾကတဲ႔ ေဒသတြင္း ႏုိ္င္ငံအားလံုးကိုလည္း အေမရိကန္က ဆက္လက္ ပံ႔ပိုးမယ့္အေၾကာင္း ႏုိင္ငံျခားေရး ၀န္ႀကီးက ေျပာပါတယ္။ ျမန္မာဘက္ကေတာ့ ရိုဟင္ဂ်ာ ဆိုတဲ႔ အသံုးအႏႈန္းကို လက္ခံမထားပါဘူး။
.......
ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အမေရိကန် အကူအညီ တိုးပေးမည်
(Unicode)
ရိုဟင်ဂျာ မူဆလင်တွေ အတွက် အကူအညီသစ် ထပ်မံ ပေးအပ်မယ့် အကြောင်း အမေရိကန် ပြည်ထောင်စုက ပြောပါတယ်။ ၂၀၁၇ ခုနှစ် မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေကြောင့် ရိုဟင်ဂျာ မူဆလင် သိန်းချီပြီး ဘင်္ဂလားဒေရှ့်ဘက် ထွက်ပြေး တိမ်းရှောင်နေရသလို ပြည်တွင်းမှာဘဲ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရသူတွေလည်း ရှိပါတယ်။
ဘင်္ဂလားဒေရှ့်ရောက် ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ လက်ခံထားတဲ့ လူမှုအသိုင်းအဝိုင်း၊ နောက် နိုင်ငံတွင်း အိုးအိမ်စွန့် ထွက်ပြေးရတဲ့ ရိုဟင်ဂျာတွေနဲ့ တခြား ထိခိုက်သက်ရောက်တဲ့ အသိုင်းအဝိုင်းကို မရှိမဖြစ် လိုအပ်ချက်တွေကို ဆက်လက်ထောက်ပံ့နိုင်ရေးမှာ အသုံးပြုဖို့ နောက်ထပ် ဒေါ်လာ ၁၅၅ သန်း အမေရိကန်က ထပ်မံပေးအပ်တာ ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး Antony Blinken က ကြေညာချက်မှာ ပြောဆိုထားပါတယ်။
မြန်မာနိုင်ငံတွင်းက ထိတ်လန့်တုန်လှုပ်ဖွယ် အကြမ်းဖက်မှုတွေကနေ ထွက်ပြေးခဲ့ရတဲ့ အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် ဘင်္ဂလားဒေရှ့်ရောက် ဒုက္ခသည် ၉ သိန်းနီးပါး အတွက် အရေးပေါ် လိုအပ်ချက်တွေ ပြည့်မီစေရေး အမေရိကန် အထောက်အပံ့က တတပ်တအား ပံ့ပိုးပေးနိုင်မှာ ဖြစ်ကြောင်းလည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက ထပ်လောင်း ပြောပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၁၇ ခုနှစ်က အကြမ်းဖက်မှုတွေ နောက်ပိုင်း ထိခိုက်ရသူတွေ အတွက် အမေရိကန်ရဲ့ ထောက်ပံ့မှုဟာ အခုဆိုရင် ဒေါ်လာ သန်း ၁၃၀၀ ကျော်ရှိပြီလို့လည်း ပြောဆိုထားပါတယ်။
အထူးသဖြင့် ဘင်္ဂလားဒေရှ့် အပါအဝင် ဒုက္ခသည်တွေကို လက်ခံရတဲ့ နိုင်ငံတွေရဲ့ ကုန်ကျစာရိတ်နဲ့ တာဝန်ခံရမှုကိုလည်း အမေရိကန် ပြည်ထောင်စုက အသိအမှတ်ပြုကြောင်း၊ ရိုဟင်ဂျာ အသိုင်းအဝိုင်းကို အကာအကွယ်ပေးကြတဲ့ ဒေသတွင်း နိုင်ငံအားလုံးကိုလည်း အမေရိကန်က ဆက်လက် ပံ့ပိုးမယ့်အကြောင်း နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။ မြန်မာဘက်ကတော့ ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကို လက်ခံမထားပါဘူး။