သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဘဂၤလားေဒ႔ရွ္ေရာက္ ႐ိုဟင္ဂ်ာဒုကၡသည္ေတြအတြက္ စားနပ္ရိကၡာ လိုအပ္ဆဲ


(Zawgyi/Unicode)

ဘဂၤလားေဒရွ္႕ႏုိင္ငံ ေကာဇ္႔ဘဇားမွာ ခုိလံႈေနရတဲ႔ သိန္းနဲ႔ခ်ီတဲ႔ ရိုဟင္ဂ်ာ ဒုကၡသည္ေတြ အတြက္ စားနပ္ရိကၡာ ဖူလံုေရးက ထိပ္တန္း ဦးစားေပး အျဖစ္ ဆက္လက္ ရွိေနေၾကာင္း ကုလသမဂၢက ေျပာပါတယ္။

“ဘဂၤလားေဒရွ္႕ဘက္ကို ရိုဟင္ဂ်ာ ဒုကၡသည္ေတြ ၂၀၁၇ ႏွစ္က ထြက္ေျပးခဲ႔ၿပီးေနာက္ ၅ ႏွစ္ ရွိလာခ်ိန္ထိ ေကာဇ္႔ဘဇားမွာ ရိကၡာ ဖူလံုေရး ကိစၥက ထိပ္တန္း ဦးစားေပး လုပ္ငန္း အျဖစ္ ဆက္လက္ ရွိေနဆဲ ျဖစ္ေၾကာင္း ကမၻာ့ စားနပ္ရိကၡာ အဖြဲ႔ WFP က ေျပာဆိုထားေၾကာင္း” ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ေျပာခြင့္ရ Stephane Dujarric က အဂၤါေန႔ သတင္းစာ ရွင္းလင္းပြဲမွာ ေျပာပါတယ္။

ရိုဟင္ဂ်ာ ဒုကၡသည္ေတြ၊ ေနာက္ သူတို႔ကို လက္ခံထားတဲ႔ လူမႈအသိုင္းအ၀ိုင္းေတြကို ကူညီေပးေရး ပူးေပါင္း တုံ႔ျပန္ေဆာင္ရြက္ေရး အစီအစဥ္အတြက္ ေဒၚလာ သန္း ၉၄၃ သန္း ပန္ၾကားထားတာမွာ ဒီရန္ပံုေငြရဲ႕ ၄ ပံု တပံုက စာေလာင္မြတ္သိပ္မႈနဲ႔ အဟာရ မျပည့္၀မႈ ကို ေျဖရွင္းေရးမွာ အသံုးျပဳဖို႔ ျဖစ္တယ္လို႔ WFP က ေျပာဆိုထားပါတယ္။

ဘဂၤလားေဒရွ္႕က ရိုဟင္ဂ်ာ ဒုကၡသည္ေတြနဲ႔ သူတို႔ကို လက္ခံထားတဲ႔ အသိုင္းအ၀ိုင္းေတြ ေကာင္းေကာင္းမြန္မြန္ သိကၡာ ရွိရွိ ေနထိုင္ႏုိင္ေရး ေဒၚလာ ၉၄၃ သန္း ရန္ပံုေငြ အစီအစဥ္ကို ဘဂၤလားေဒရွ္႕ အစိုးရ ဦးေဆာင္မႈနဲ႔ ဘဂၤလားေဒရွ္႕ အစိုးရရဲ႕ ဦးေဆာင္မႈနဲ႔ ေရႊ႕ေျပာင္းအေျခခ်မႈဆိုင္ရာ ႏုိင္ငံတကာ အဖြဲ႔ IOM နဲ႔ ဒုကၡသည္မ်ားဆိုင္ရာ ကုလသမဂၢ မဟာမင္းႀကီး တို႔က စတင္လိုက္တာ ျဖစ္ပါတယ္။

အခုအခ်ိန္ထိေတာ့ ရန္ပံုေငြ ေဒၚလာ သန္း ၃၄၀ ရရွိထားၿပီး ပန္ၾကားထားတဲ႔ ရန္ပံုေငြရဲ႕ ၃၆ ရာခုိင္ႏႈန္း ရရွိၿပီ ျဖစ္ေၾကာင္း ဒုကၡသည္မ်ားဆိုင္ရာ ကုလသမဂၢ မဟာမင္းႀကီး Filippo Grandi က အဂၤါေန႔မွာ ေျပာဆိုထားပါတယ္။ ရိုဟင္ဂ်ာ အသံုးအႏႈန္းကို လက္မခံတဲ႔ ျမန္မာဘက္က ဒုကၡသည္ေတြ စိစစ္ၿပီး ျပန္လက္ခံမယ္လို႔ ေျပာဆိုထားေပမယ့္ အခုအခ်ိန္ထိေတာ့ အေကာင္အထည္ မေပၚေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္

..............

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာ လိုအပ်ဆဲ

(Unicode)

ဘင်္ဂလားဒေရှ့်နိုင်ငံ ကောဇ့်ဘဇားမှာ ခိုလှုံနေရတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ အတွက် စားနပ်ရိက္ခာ ဖူလုံရေးက ထိပ်တန်း ဦးစားပေး အဖြစ် ဆက်လက် ရှိနေကြောင်း ကုလသမဂ္ဂက ပြောပါတယ်။

“ဘင်္ဂလားဒေရှ့်ဘက်ကို ရိုဟင်ဂျာ ဒုက္ခသည်တွေ ၂၀၁၇ နှစ်က ထွက်ပြေးခဲ့ပြီးနောက် ၅ နှစ် ရှိလာချိန်ထိ ကောဇ့်ဘဇားမှာ ရိက္ခာ ဖူလုံရေး ကိစ္စက ထိပ်တန်း ဦးစားပေး လုပ်ငန်း အဖြစ် ဆက်လက် ရှိနေဆဲ ဖြစ်ကြောင်း ကမ္ဘာ့ စားနပ်ရိက္ခာ အဖွဲ့ WFP က ပြောဆိုထားကြောင်း” ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stephane Dujarric က အင်္ဂါနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

ရိုဟင်ဂျာ ဒုက္ခသည်တွေ၊ နောက် သူတို့ကို လက်ခံထားတဲ့ လူမှုအသိုင်းအဝိုင်းတွေကို ကူညီပေးရေး ပူးပေါင်း တုံ့ပြန်ဆောင်ရွက်ရေး အစီအစဉ်အတွက် ဒေါ်လာ သန်း ၉၄၃ သန်း ပန်ကြားထားတာမှာ ဒီရန်ပုံငွေရဲ့ ၄ ပုံ တပုံက စာလောင်မွတ်သိပ်မှုနဲ့ အဟာရ မပြည့်ဝမှု ကို ဖြေရှင်းရေးမှာ အသုံးပြုဖို့ ဖြစ်တယ်လို့ WFP က ပြောဆိုထားပါတယ်။

ဘင်္ဂလားဒေရှ့်က ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ သူတို့ကို လက်ခံထားတဲ့ အသိုင်းအဝိုင်းတွေ ကောင်းကောင်းမွန်မွန် သိက္ခာ ရှိရှိ နေထိုင်နိုင်ရေး ဒေါ်လာ ၉၄၃ သန်း ရန်ပုံငွေ အစီအစဉ်ကို ဘင်္ဂလားဒေရှ့် အစိုးရ ဦးဆောင်မှုနဲ့ ဘင်္ဂလားဒေရှ့် အစိုးရရဲ့ ဦးဆောင်မှုနဲ့ ရွှေ့ပြောင်းအခြေချမှုဆိုင်ရာ နိုင်ငံတကာ အဖွဲ့ IOM နဲ့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး တို့က စတင်လိုက်တာ ဖြစ်ပါတယ်။

အခုအချိန်ထိတော့ ရန်ပုံငွေ ဒေါ်လာ သန်း ၃၄၀ ရရှိထားပြီး ပန်ကြားထားတဲ့ ရန်ပုံငွေရဲ့ ၃၆ ရာခိုင်နှုန်း ရရှိပြီ ဖြစ်ကြောင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Filippo Grandi က အင်္ဂါနေ့မှာ ပြောဆိုထားပါတယ်။ ရိုဟင်ဂျာ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာဘက်က ဒုက္ခသည်တွေ စိစစ်ပြီး ပြန်လက်ခံမယ်လို့ ပြောဆိုထားပေမယ့် အခုအချိန်ထိတော့ အကောင်အထည် မပေါ်သေးပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG