{{Zawgyi/Unicode}}
ျမန္မာႏုိင္ငံမွာ လက္ရွိျဖစ္ေနတဲ့ အၾကပ္အတည္းေတြကို ေျဖရွင္းႏုိင္ဖို႔ နည္းလမ္းရွာေနတဲ့ ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္ရဲ႕ ျမန္မာႏုိင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ Christine Schraner Burgener နဲ႔ ထုိင္းဝန္ႀကီးခ်ဳပ္တို႔ ဘန္ေကာက္ၿမိဳ႔မွာ ဒီကေန႔ ေတြ႔ဆုံခဲ့ပါတယ္။
စစ္ေခါင္းေဆာင္ေဟာင္းတဦးျဖစ္တဲ့ ၀န္ႀကီးခ်ဳပ္ ပရာယုသ္ ခ်န္အိုခ်ာဟာ စစ္အာဏာသိ္မ္းၿပီး အာဏာရယူခဲ့သူျဖစ္သလို ျမန္မာစစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္နဲ႔ ရင္းႏွိီးတဲ့ဆက္ဆံေရးရွိသူအျဖစ္ ျမင္ၾကပါတယ္။
ျမန္မာႏို္င္ငံအေရးကို ၿငိမ္းခ်မ္းစြာအေျဖရွာႏိုင္ဖို႔ ျမန္မာစစ္တပ္နဲ႔ ထုိင္းႏိုင္ငံက ပူးေပါင္းၿပီး နည္းလမ္းေတြ ရွာေပးႏုိင္လိမ့္မယ္လို႔ သူ႔အေနနဲ႔ေမ ွ်ာ္လင့္ေၾကာင္း မစၥ Burgener က ထုိင္း၀န္ႀကီး ပရာယုသ္ ခ်န္အိုခ်ာကိုေျပာဆိုခဲ့တယ္ဆိုၿပီး ထုိင္းအစိုးရရဲ ႔ေၾကျငာခ်က္မွာေျပာထားပါတယ္။
ထိုင္းအစိုးရဘက္ကလည္း ျမန္မာအတြက္ အက်ိဳးရွိမယ့္ကိစၥေတြကုိနားေထာင္ဖို႔၊ သတင္းအခ်က္အလက္ေတြ ေဝမ ွ်ဖို႔ အသင့္ရွိပါတယ္လို႔ ဝန္ႀကီးခ်ဳပ္ခ်န္အိုခ်ာက ျပန္လည္ေျပာဆိုခဲ့တယ္လို႔လည္း ေၾကျငာခ်က္မွာေဖာ္ျပပါတယ္။ လူသားခ်င္းစာနာမႈဆုိင္ရာ အကူအညီေပးေရးကိစၥေတြကိုလည္း သူတို႔ႏွစ္ဦးေဆြးေႏြးခဲ့ပါတယ္။
ျမန္မာႏုိင္ငံဆုိင္ရာ ကုလအထူးကုိ္ယ္စားလွယ္ Burgener ဟာ ဧၿပီလကတည္းက ထုိင္းႏုိင္ငံမွာ အေျခစိုက္လုပ္ကုိင္ေနတာျဖစ္ပါတယ္။ မစၥ Burgener ဟာ အင္ဒိုနီးရွားႏုိ္င္ငံမွာ ဧၿပီလေနွာင္ပို္င္းက က်င္းပခဲ့တဲ့ အေရွ ႔ေတာင္အာရွႏုိင္ငံမ်ားအဖြဲ႔ ASEAN ရဲ ႔ျမန္မာ့အေရးေဆြးေႏြးပြဲျပင္ပမွာ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္အပါအ၀င္ အျခားအာဆီယံေခါင္းေဆာင္ေတြနဲ႔ သီးျခားစီေတြ႔ဆုံခဲ့ပါတယ္။
အာဆီယံအစည္းအေ၀းမွာ ရခဲ့တဲ့ ျမန္မာ့အေရး ဘုံသေဘာတူညီမႈအခ်က္ ၅ ခ်က္ကို အခ်ိန္မီ အျပည့္အ၀ အေကာင္အထည္ေဖာ္ေရး အာဆီယံအဖြဲ႔ကို အနီးကပ္ အားေပးဖို႔ အာရွမွာ သီတင္းပတ္ အေတာ္ၾကာ ဆက္ၿပီးေနထုိင္သြားဦးမယ္လို႔လည္း မစၥ Burgener ကေျပာပါတယ္။
....................................................
{{Unicode}}
မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ အကြပ်အတည်းတွေကို ဖြေရှင်းနိုင်ဖို့ နည်းလမ်းရှာနေတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener နဲ့ ထိုင်းဝန်ကြီးချုပ်တို့ ဘန်ကောက်မြို့မှာ ဒီကနေ့ တွေ့ဆုံခဲ့ပါတယ်။
စစ်ခေါင်းဆောင်ဟောင်းတဦးဖြစ်တဲ့ ဝန်ကြီးချုပ် ပရာယုသ် ချန်အိုချာဟာ စစ်အာဏာသိမ်းပြီး အာဏာရယူခဲ့သူဖြစ်သလို မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိသူအဖြစ် မြင်ကြပါတယ်။
မြန်မာနိုင်ငံအရေးကို ငြိမ်းချမ်းစွာအဖြေရှာနိုင်ဖို့ မြန်မာစစ်တပ်နဲ့ ထိုင်းနိုင်ငံက ပူးပေါင်းပြီး နည်းလမ်းတွေ ရှာပေးနိုင်လိမ့်မယ်လို့ သူ့အနေနဲ့မေ ျှာ်လင့်ကြောင်း မစ္စ Burgener က ထိုင်းဝန်ကြီး ပရာယုသ် ချန်အိုချာကိုပြောဆိုခဲ့တယ်ဆိုပြီး ထိုင်းအစိုးရရဲ့ကြေငြာချက်မှာပြောထားပါတယ်။
ထိုင်းအစိုးရဘက်ကလည်း မြန်မာအတွက် အကျိုးရှိမယ့်ကိစ္စတွေကိုနားထောင်ဖို့၊ သတင်းအချက်အလက်တွေ ဝေမ ျှဖို့ အသင့်ရှိပါတယ်လို့ ဝန်ကြီးချုပ်ချန်အိုချာက ပြန်လည်ပြောဆိုခဲ့တယ်လို့လည်း ကြေငြာချက်မှာဖော်ပြပါတယ်။ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးကိစ္စတွေကိုလည်း သူတို့နှစ်ဦးဆွေးနွေးခဲ့ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် Burgener ဟာ ဧပြီလကတည်းက ထိုင်းနိုင်ငံမှာ အခြေစိုက်လုပ်ကိုင်နေတာဖြစ်ပါတယ်။ မစ္စ Burgener ဟာ အင်ဒိုနီးရှားနိုင်ငံမှာ ဧပြီလနှောင်ပိုင်းက ကျင်းပခဲ့တဲ့ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ ASEAN ရဲ့မြန်မာ့အရေးဆွေးနွေးပွဲပြင်ပမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် အခြားအာဆီယံခေါင်းဆောင်တွေနဲ့ သီးခြားစီတွေ့ဆုံခဲ့ပါတယ်။
အာဆီယံအစည်းအဝေးမှာ ရခဲ့တဲ့ မြန်မာ့အရေး ဘုံသဘောတူညီမှုအချက် ၅ ချက်ကို အချိန်မီ အပြည့်အ၀ အကောင်အထည်ဖော်ရေး အာဆီယံအဖွဲ့ကို အနီးကပ် အားပေးဖို့ အာရှမှာ သီတင်းပတ် အတော်ကြာ ဆက်ပြီးနေထိုင်သွားဦးမယ်လို့လည်း မစ္စ Burgener ကပြောပါတယ်။