သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဏာသိမ်းပြီးနောက် သေဆုံးရသူ ၈၂၄ ဦးရှိပြီ (ကုလ ပြောခွင့်ရ Dujarric)


ဧပြီလ ၁ ရက်နေ့က ထားဝယ်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေလက်ချက်ကြောင့် သေဆုံးသွားသူတဦး ဈာပန (Dawei Watch via AP)
ဧပြီလ ၁ ရက်နေ့က ထားဝယ်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေလက်ချက်ကြောင့် သေဆုံးသွားသူတဦး ဈာပန (Dawei Watch via AP)

(Zawgyi/Unicode)

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၄ လနီးပါးအတွင်း ဥပဒေမဲ့ သတ်ဖြတ်မှုတွေ အပါအဝင် အရပ်သား သေဆုံးမှု ၈၀၀ ကျော် ရှိကြောင်း ကုလသမဂ္ဂက ပြောလိုက်ပါတယ်။

“စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ရက်ပေါင်း ၁၁၅ ရက်အတွင်း အမျိုးသမီးနဲ့ ကလေးတွေ အများအပြား အပါအဝင် အရပ်သား ၈၂၄ ယောက် သေဆုံးခဲ့ရပြီး၊ ထောင်နဲ့ချီ ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။” လို့ မြန်မာနိုင်ငံမှာရှိတဲ့ ကုလသမဂ္ဂ ဝန်ထမ်းတွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stéphane Dujarric က ဗုဒ္ဓဟူးနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။

ဥပဒေမဲ့ သတ်ဖြတ်မှု၊ ဖမ်းဆီးမှု၊ ညှဉ်းပမ်းနှိပ်စက်မှုနဲ့ လက်စဖျောက်ခံရတာတွေ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်နဲ့ စနစ်တကျ ကျုးလွန်နေတာကြောင့်၊ အရပ်သားတွေကို အကာအကွယ်ပေးဖို့လည်း မြန်မာစစ်တပ်ကို ကုလသမဂ္ဂက ထပ်မံတောင်းဆို လိုက်ပါတယ်။ တချိန်တည်းမှာပဲ နိုင်ငံရေးသမားတွေ၊ စာရေးဆရာတွေ၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေ၊ ကျောင်းဆရာတွေ၊ ကျန်းမာရေး ဝန်ထမ်းတွေ။ အရပ်သားဝန်ထမ်းတွေ၊ သတင်းထောက်တွေ၊ ရဟန်းသံဃာတွေ၊ ထင်ပေါ်ကျော်ကြားသူတွေနဲ့ သာမာန် အရပ်သားတွေ အပါအဝင် လူပေါင်း ၄,၃၀၁ ယောက်ဟာလည်း ဖမ်းဆီးထိန်းသိမ်းခံထားရတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းလိုက်တဲ့အပေါ် ဆန့်ကျင်အုံကြွမှုတွေကို လုံခြုံရေးတပ်ဖွဲ့တွေ နှိမ်နင်းမှုကြောင့် သေဆုံးသူ အရေအတွက်ဟာ သတင်းမီဒီယာတွေမှာ ဖော်ပြသလောက် မများဘူးလို့ မကြာသေးခင်တုန်းက ဟောင်ကောင်အခြေစိုက် Phoenix ရုပ်သံဌာနနဲ့ အွန်လိုင်း ဆက်သွယ်မေးမြန်းခန်းမှာ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုထားတာပါ။

ဒါပေမဲ့လည်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP အပါအဝင် လူ့အခွင့်အရေး စောင့်ကြည့်လှုပ်ရှားမှု အဖွဲ့တွေနဲ့ ကုလသမဂ္ဂ တို့ကတော့ သေဆုံးသူ အရေအတွက်ဟာ လက်တွေ့မှာ ပိုများနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

အာဏာသိမ်းပြီးနောက် သေဆုံးရသူ ၈၂၄ ဦးရှိပြီ (ကုလ ပြောခွင့်ရ Dujarric)
please wait

No media source currently available

0:00 0:01:38 0:00
တိုက်ရိုက် လင့်ခ်


..............


(Unicode)






XS
SM
MD
LG