{{Zawgyi/Unicode}}
ရန္ကုန္ၿမိဳ႕အပါအဝင္ ေနရာေတာ္ေတာ္မ်ားမ်ားမွာ ဒီကေန႔ ေပါက္ကြဲမႈေတြေၾကာင့္ ေသဆုံးသူနဲ႔ ဒဏ္ရာရသူေတြရွိခဲ့ပါတယ္။ ရန္ကုန္၊ သဃၤန္းကြၽန္းၿမိဳ႕နယ္ထဲက မဂၤလာေဆာင္တခုမွာ ေပါက္ကြဲမႈျဖစ္ခဲ့လို႔ သတို႔သမီးေသဆုံးခဲ့ပါတယ္၊ ရန္ကုန္ေ႐ႊျပည္သာၿမိဳ႕နယ္၊ ပုသိမ္ၿမိဳ႕ မႏၲေလးၿမိဳ႕က လွ်ပ္စစ္မီတာေဆာင္တဲ့ EPC ႐ုံးေတြမွာလည္း၊ ဒီကေန႔ေပါက္ကြဲမႈ ျဖစ္ခဲ့ပါတယ္။ ရန္ကုန္ကလာတဲ့ ေပါက္ကြဲမႈသတင္းအျပည့္အစုံကို အလိမၼာ ကေျပာျပေပးမွာပါ။
ရန္ကုန္ၿမိဳ႕၊ သဃၤန္းကြၽန္းၿမိဳ႕နယ္၊ သုဝဏၰ(က)ရပ္ကြက္မွာ မဂၤလာေဆာင္အခမ္းအနားက်င္းပေနတဲ့ ေနအိမ္တအိမ္မွာ ဒီကေန႔ ေပါက္ကြဲမႈျဖစ္ခဲ့တာေၾကာင့္ သတို႔သမီးျဖစ္သူ ပြဲခ်င္းၿပီး ေသဆုံးခဲ့တယ္ပါတယ္။ အဲဒီေပါက္ကြဲမႈအတြင္း ထိခိုက္ဒဏ္ရာရသူေတြလည္း ရွိခဲ့ေပမဲ့ ေပါက္ကြဲမႈျဖစ္ၿပီးခ်င္း ရဲနဲ႔စစ္တပ္ေရာက္လာလို႔ အေျခအေနအတိအက်ကိုေတာ့ မသိရေသးဘူးလို႔ အဲဒီအနီးဝန္းက်င္မွာ ေနထိုင္သူေတြက ေျပာပါတယ္။ လက္ေဆာင္ပံုး ဖြင့္စဥ္ ေပါက္ကဲြခဲ့တာျဖစ္ပါတယ္။
လူမႈကြန္ယက္ စာမ်က္ႏွာေတြေပၚမွာ ဒီေပါက္ကြဲမႈျဖစ္စဥ္အေၾကာင္း တက္လာခ်ိန္ သတို႔သားျဖစ္သူဟာ စစ္ေကာင္စီကိုလိုလား ေထာက္ခံသူျဖစ္တယ္လို႔ တခ်ဳိ႕က စြပ္စြဲေျပာေပမဲ့ ဒါကိုေတာ့ ဗီအိုေအက သီးျခားအတည္မျပဳႏိုင္ေသးဘူးလို႔ Gen-Z လူငယ္တဦးက VOA ကိုေျပာပါတယ္။
“မဂၤလာေဆာင္မွာ ပါဆယ္ပုံးဖြင့္တဲ့အခ်ိန္မွာ ေပါက္သြားတာ။ သတို႔သားက ဆႏၵျပတဲ့အထဲလည္း ေတာက္ေလွ်ာက္ပါထားတယ္ ၾကားတယ္။ ဒလံလို႔စြပ္စြဲတာက တျခားသူက မလိုလို႔ေျပာတာလို႔လည္း ေျပာတယ္။ ညီမတို႔လည္း အဲဒါကို လိုက္ဆက္ေနတုန္းပဲ၊ အတည္မျပဳႏိုင္ေသးဘူး။”
ဒီဗံုးကြဲမႈနဲ႔ပါတ္သက္လို႔ သကၤန္းကၽြန္းရဲစခန္းနဲ႔ ရဲမွဴးကို ဆက္သြယ္ခဲ့ေပမဲ့ ေျဖဆုိျခင္းမ႐ွိပါဘူး။ ရန္ကုန္ၿမိဳ႕ေနရာေတာ္ေတာ္မ်ားမ်ားမွာ အခုေနာက္ပိုင္း ေပါက္ကြဲမႈေတြ ျဖစ္ေနတာမွာ ဒီေန႔ သကၤန္းကၽြန္းမွာ ေပါက္ကြဲမႈကေတာ့ ေသဆံုး၊ ဒဏ္ရာရတဲ့အထိ ျဖစ္ခဲ့တာပါ။
အလားတူ ရန္ကုန္ၿမိဳ႕ ေ႐ႊျပည္သာၿမိဳ႕နယ္၊ ကားႀကီးဂိတ္မွတ္တိုင္နားက EPC ႐ုံးမွာလည္း ဒီေန႔မီတာေဆာင္သူေတြ တန္းစီေနခ်ိန္ ေပါက္ကြဲမႈျဖစ္ခဲ့ပါတယ္။ ဒီေပါက္ကဲြမႈမွာေတာ့ ဒဏ္ရာရသူ မရွိခဲ့ဘူးလို႔ အဲဒီအနီးဝန္းက်င္မွာ ေနထိုင္သူကေျပာပါတယ္။
“မီတာေဆာင္ေနတုန္းမွာ ေပါက္တာလို႔ ၾကားတယ္ဗ်။ လူကေတာ့ အထိအခိုက္မရွိဘူးလို႔ ၾကားတယ္။ အဲဒီေပါက္တဲ့ေနရာက ဟိုတေခါက္ စစ္သားေတြနဲ႔ ဆႏၵျပသူေတြ ႏွစ္ဖက္ပစ္ခတ္ရင္း ေသသြားၾကတဲ့အေရွ႕မွာ - အဲဒီမွာ လွ်ပ္စစ္႐ုံးရွိတယ္။ မေန႔ညေလာက္အထိကေတာ့ အဲမွာ ရဲေတြ၊ စစ္သားေတြကေတာ့ လွည့္တယ္ဗ်။ စစ္ကားေတြကေတာ့ ေတာ္႐ုံတန္႐ုံ မေတြ႕ေတာ့ဘူး။ ရဲေတြကေတာ့ မေန႔ကေတာ့ ေတာ္ေတာ္ရႈပ္ေနၾကတယ္။ ဘာေတြရႈပ္ေနမွန္းေတာ့ မသိဘူး၊ ညဘက္ေတြလည္း သူတို႔ေတြသြားေနၾကတာပဲ။ ေက်ာင္းအပ္တဲ့ကိစၥေတြ ဘာေတြနဲ႔ အဲဒီေန႔ေတြက ကင္းလွည့္တာရွိတယ္။ ရပ္ကြက္ထဲလည္း လုံၿခဳံေရးဆိုၿပီး ဥကၠ႒လူေတြ ကင္းလွည့္တာေတာ့ရွိတယ္။ ဥကၠ႒လူေတြကလည္း ဆိုင္ကယ္ေတြနဲ႔ ဓားေတြ၊ ဒုတ္ေတြနဲ႔ ပတ္ေနၾကတာေတာ့ ေတြ႕တာပဲ။”
ဧရာဝတီတိုင္း၊ ပုသိမ္ၿမိဳ႕ ဘူတာ႐ုံလမ္းေပၚမွာရွိတဲ့ EPC လွ်ပ္စစ္႐ုံးမွာလည္း ဒီကေန႔ မီတာေဆာင္သူေတြရွိေနခ်ိန္ ေန႔လည္ ၁၂နာရီေက်ာ္ ဝန္းက်င္မွာ ေပါက္ကြဲမႈတခုျဖစ္ခဲ့ပါတယ္။ မီတာေဆာင္သူေတြ မ်ားေပမဲ့ ေပါက္ကြဲမႈျဖစ္တဲ့ေနရာဟာ ေငြလက္ခံတဲ့ အခန္းထဲမွာျဖစ္လို႔ မီတာေဆာင္သူေတြနဲ႔ဆို မွန္နဲ႔ သံဇကာျခားၿပီး ျဖစ္ခဲ့တာပါ။ မီတာ႐ုံးေရွ႕မွာ ရဲေတြရွိေနခ်ိန္ ႐ုံးထဲေပါက္ကြဲမႈျဖစ္ခဲ့တာလို႔ မ်က္ျမင္ေတြ႕သူတဦးက ေျပာပါတယ္။
“ထိခိုက္မႈကေတာ့ CDM သမားေတြ မရွိတဲ့ေနာက္ပိုင္းဝင္တဲ့ မီတာစာေရး ႐ုံးဝန္ထမ္း အသက္ ၂၀ အ႐ြယ္ အမ်ိဳးသားေပါ့။ ျဖစ္တာက မီတာေကာက္တဲ့ ေငြခန္းထဲမွာျဖစ္တာ၊ လူေတြတန္းစီေနတဲ့နားမွာ ေပါက္တာမဟုတ္ဘူး။ အခုဟာက အဲဒီေကာင္ေလးကို ျပန္ၿပီးစြပ္စြဲတယ္လို႔လည္း ၾကားတယ္။ ဒီေကာင္ေလးလက္ထဲမွာ ေပါက္တယ္လို႔ေတာ့ေျပာတယ္။ သူ႔ကိုေတာ့ တပ္မေတာ္ေဆး႐ုံမွာ ပို႔ထားတယ္။ သူ႔အိမ္ကိုလည္း အခုရွာေနတယ္။ ေလာေလာဆယ္ အဲဒီတေယာက္ပဲ ထိတာေပါ့။ ကြန္ျပဴတာေတြ ပ်က္စီးသြားတယ္၊ မွန္ေတြကြဲသြားတယ္၊ အဲေလာက္ပဲ ဗုံးကေတာ့။ မီတာ႐ုံးအဝင္ဝမွာက ရဲ ၃ - ၄ေယာက္ လုံၿခဳံေရးခ်ေပးထားတာ။ အဲဒီအခ်ိန္မွာ ေပါက္တာဆိုေတာ့ သူတို႔က အတြင္းလူလို႔သတ္မွတ္ၿပီး အခုထိတဲ့ေကာင္ေလးရဲ႕ အိမ္ကို ကား ၄ စီးနဲ႔လာၿပီး လက္နက္ကိုင္ထားတဲ့ အရပ္ဝတ္ေတြ ဝင္ရွာေနတယ္။”
မႏၲေလးၿမိဳ႕ ခ်မ္းေအးသာစံၿမိဳ႕နယ္၊ ဝါခင္းကုန္းဘုရားအနီးက EPC ႐ုံးမွာလည္း ဒီေန႔ေပါက္ကြဲမႈျဖစ္ခဲ့ၿပီး ႐ုံးဝန္ထမ္း အမ်ိဳးသမီးတဦး ထိခိုက္ဒဏ္ရာရခဲ့တယ္ဆိုေပမဲ့ ႀကီးႀကီးမားမားမျဖစ္ခဲ့ဘူးလို႔ ေဒသခံတဦးက ေျပာပါတယ္။
“မီတာ႐ုံးၿခံစည္း႐ိုး အတြင္းထဲ က်တာေပါ့။ ဘာမွဆိုးဆိုး႐ြား႐ြား မျဖစ္ဘူး။ ထိသြားတဲ့ အမ်ိဳးသမီးကို ခဲေလးေတြစင္တဲ့ ပုံစံမ်ိဳးေလးပဲ။ ဒဏ္ရာအႀကီးႀကီး မဟုတ္ဘူး။ မီတာလာေဆာင္တဲ့သူေတြက တခ်ိဳ႕သိေတာင္မသိဘူး။ အုံးအုံးကြၽတ္ကြၽတ္လည္း ျဖစ္မသြားဘူး။ တန္းစီတဲ့သူေတြက တန္းမပ်က္ပဲ လုပ္ေနၾကတာ။”
စစ္အာဏာသိမ္း အုပ္ခ်ဳပ္ေနတာကို ကန္႔ကြက္တဲ့အေနနဲ႔ မီတာခ အပါအဝင္ နစက စစ္ေကာင္စီကို ေပးရမယ့္ အခြန္ေငြေတြ မေပးေဆာင္ၾကဘဲ ျပည္သူေတာ္ေတာ္မ်ားမ်ား ဆႏၵျပခဲ့ၾကပါတယ္။
ဒါေပမဲ့ တခ်ဳိ႕ၿမိဳ႕နယ္ေတြမွာ ေမလ ၂၅ ရက္ ဒီေန႔ ေနာက္ဆံုးထားၿပီး မေပးေဆာင္ရင္ လွ်ပ္စစ္ဓာတ္အားျဖတ္ေတာက္ အေရးယူခံရမယ္လို႔ လွ်ပ္စစ္နဲ႔ စြမ္းအင္ဝန္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။ ဒါေၾကာင့္ တခ်ဳိ႕က မီတာခေတြ ေပးေဆာင္ေနၾကခ်ိန္ မီတာ႐ံုးေတြမွာ ေပါက္ကဲြမႈေတြ ျဖစ္ခဲ့တာပါ။ ဒီေပါက္ကဲြမႈေတြနဲ႔ပါတ္သက္လို႔ ဘယ္သူ႔လက္ခ်က္လဲဆိုတာေတာ့ မသိရေသးပါဘူး။
စစ္ေကာင္စီဘက္ကေတာ့ ျမန္မာႏိုင္ငံမွာ ျဖစ္ခဲ့တဲ့ ေပါက္ကြဲမႈတခ်ိဳ႕ဟာ စစ္တပ္အာဏာသိမ္းတာကို ဆန္႔က်င္သူေတြက အၾကမ္းဖက္ တိုက္ခိုက္ေနတာျဖစ္တယ္လို႔ ေျပာၾကားထားပါတယ္။
..............................................
{{Unicode}}
ရန်ကုန်မြို့အပါအဝင် နေရာတော်တော်များများမှာ ဒီကနေ့ ပေါက်ကွဲမှုတွေကြောင့် သေဆုံးသူနဲ့ ဒဏ်ရာရသူတွေရှိခဲ့ပါတယ်။ ရန်ကုန်၊ သင်္ဃန်းကျွန်းမြို့နယ်ထဲက မင်္ဂလာဆောင်တခုမှာ ပေါက်ကွဲမှုဖြစ်ခဲ့လို့ သတို့သမီးသေဆုံးခဲ့ပါတယ်၊ ရန်ကုန်ရွှေပြည်သာမြို့နယ်၊ ပုသိမ်မြို့ မန္တလေးမြို့က လျှပ်စစ်မီတာဆောင်တဲ့ EPC ရုံးတွေမှာလည်း၊ ဒီကနေ့ပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။ ရန်ကုန်ကလာတဲ့ ပေါက်ကွဲမှုသတင်းအပြည့်အစုံကို အလိမ္မာ ကပြောပြပေးမှာပါ။
ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ(က)ရပ်ကွက်မှာ မင်္ဂလာဆောင်အခမ်းအနားကျင်းပနေတဲ့ နေအိမ်တအိမ်မှာ ဒီကနေ့ ပေါက်ကွဲမှုဖြစ်ခဲ့တာကြောင့် သတို့သမီးဖြစ်သူ ပွဲချင်းပြီး သေဆုံးခဲ့တယ်ပါတယ်။ အဲဒီပေါက်ကွဲမှုအတွင်း ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့ပေမဲ့ ပေါက်ကွဲမှုဖြစ်ပြီးချင်း ရဲနဲ့စစ်တပ်ရောက်လာလို့ အခြေအနေအတိအကျကိုတော့ မသိရသေးဘူးလို့ အဲဒီအနီးဝန်းကျင်မှာ နေထိုင်သူတွေက ပြောပါတယ်။ လက်ဆောင်ပုံး ဖွင့်စဉ် ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။
လူမှုကွန်ယက် စာမျက်နှာတွေပေါ်မှာ ဒီပေါက်ကွဲမှုဖြစ်စဉ်အကြောင်း တက်လာချိန် သတို့သားဖြစ်သူဟာ စစ်ကောင်စီကိုလိုလား ထောက်ခံသူဖြစ်တယ်လို့ တချို့က စွပ်စွဲပြောပေမဲ့ ဒါကိုတော့ ဗီအိုအေက သီးခြားအတည်မပြုနိုင်သေးဘူးလို့ Gen-Z လူငယ်တဦးက VOA ကိုပြောပါတယ်။
“မင်္ဂလာဆောင်မှာ ပါဆယ်ပုံးဖွင့်တဲ့အချိန်မှာ ပေါက်သွားတာ။ သတို့သားက ဆန္ဒပြတဲ့အထဲလည်း တောက်လျှောက်ပါထားတယ် ကြားတယ်။ ဒလံလို့စွပ်စွဲတာက တခြားသူက မလိုလို့ပြောတာလို့လည်း ပြောတယ်။ ညီမတို့လည်း အဲဒါကို လိုက်ဆက်နေတုန်းပဲ၊ အတည်မပြုနိုင်သေးဘူး။”
ဒီဗုံးကွဲမှုနဲ့ပါတ်သက်လို့ သင်္ကန်းကျွန်းရဲစခန်းနဲ့ ရဲမှူးကို ဆက်သွယ်ခဲ့ပေမဲ့ ဖြေဆိုခြင်းမရှိပါဘူး။ ရန်ကုန်မြို့နေရာတော်တော်များများမှာ အခုနောက်ပိုင်း ပေါက်ကွဲမှုတွေ ဖြစ်နေတာမှာ ဒီနေ့ သင်္ကန်းကျွန်းမှာ ပေါက်ကွဲမှုကတော့ သေဆုံး၊ ဒဏ်ရာရတဲ့အထိ ဖြစ်ခဲ့တာပါ။
အလားတူ ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်၊ ကားကြီးဂိတ်မှတ်တိုင်နားက EPC ရုံးမှာလည်း ဒီနေ့မီတာဆောင်သူတွေ တန်းစီနေချိန် ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။ ဒီပေါက်ကွဲမှုမှာတော့ ဒဏ်ရာရသူ မရှိခဲ့ဘူးလို့ အဲဒီအနီးဝန်းကျင်မှာ နေထိုင်သူကပြောပါတယ်။
“မီတာဆောင်နေတုန်းမှာ ပေါက်တာလို့ ကြားတယ်ဗျ။ လူကတော့ အထိအခိုက်မရှိဘူးလို့ ကြားတယ်။ အဲဒီပေါက်တဲ့နေရာက ဟိုတခေါက် စစ်သားတွေနဲ့ ဆန္ဒပြသူတွေ နှစ်ဖက်ပစ်ခတ်ရင်း သေသွားကြတဲ့အရှေ့မှာ - အဲဒီမှာ လျှပ်စစ်ရုံးရှိတယ်။ မနေ့ညလောက်အထိကတော့ အဲမှာ ရဲတွေ၊ စစ်သားတွေကတော့ လှည့်တယ်ဗျ။ စစ်ကားတွေကတော့ တော်ရုံတန်ရုံ မတွေ့တော့ဘူး။ ရဲတွေကတော့ မနေ့ကတော့ တော်တော်ရှုပ်နေကြတယ်။ ဘာတွေရှုပ်နေမှန်းတော့ မသိဘူး၊ ညဘက်တွေလည်း သူတို့တွေသွားနေကြတာပဲ။ ကျောင်းအပ်တဲ့ကိစ္စတွေ ဘာတွေနဲ့ အဲဒီနေ့တွေက ကင်းလှည့်တာရှိတယ်။ ရပ်ကွက်ထဲလည်း လုံခြုံရေးဆိုပြီး ဥက္ကဋ္ဌလူတွေ ကင်းလှည့်တာတော့ရှိတယ်။ ဥက္ကဋ္ဌလူတွေကလည်း ဆိုင်ကယ်တွေနဲ့ ဓားတွေ၊ ဒုတ်တွေနဲ့ ပတ်နေကြတာတော့ တွေ့တာပဲ။”
ဧရာဝတီတိုင်း၊ ပုသိမ်မြို့ ဘူတာရုံလမ်းပေါ်မှာရှိတဲ့ EPC လျှပ်စစ်ရုံးမှာလည်း ဒီကနေ့ မီတာဆောင်သူတွေရှိနေချိန် နေ့လည် ၁၂နာရီကျော် ဝန်းကျင်မှာ ပေါက်ကွဲမှုတခုဖြစ်ခဲ့ပါတယ်။ မီတာဆောင်သူတွေ များပေမဲ့ ပေါက်ကွဲမှုဖြစ်တဲ့နေရာဟာ ငွေလက်ခံတဲ့ အခန်းထဲမှာဖြစ်လို့ မီတာဆောင်သူတွေနဲ့ဆို မှန်နဲ့ သံဇကာခြားပြီး ဖြစ်ခဲ့တာပါ။ မီတာရုံးရှေ့မှာ ရဲတွေရှိနေချိန် ရုံးထဲပေါက်ကွဲမှုဖြစ်ခဲ့တာလို့ မျက်မြင်တွေ့သူတဦးက ပြောပါတယ်။
“ထိခိုက်မှုကတော့ CDM သမားတွေ မရှိတဲ့နောက်ပိုင်းဝင်တဲ့ မီတာစာရေး ရုံးဝန်ထမ်း အသက် ၂၀ အရွယ် အမျိုးသားပေါ့။ ဖြစ်တာက မီတာကောက်တဲ့ ငွေခန်းထဲမှာဖြစ်တာ၊ လူတွေတန်းစီနေတဲ့နားမှာ ပေါက်တာမဟုတ်ဘူး။ အခုဟာက အဲဒီကောင်လေးကို ပြန်ပြီးစွပ်စွဲတယ်လို့လည်း ကြားတယ်။ ဒီကောင်လေးလက်ထဲမှာ ပေါက်တယ်လို့တော့ပြောတယ်။ သူ့ကိုတော့ တပ်မတော်ဆေးရုံမှာ ပို့ထားတယ်။ သူ့အိမ်ကိုလည်း အခုရှာနေတယ်။ လောလောဆယ် အဲဒီတယောက်ပဲ ထိတာပေါ့။ ကွန်ပြူတာတွေ ပျက်စီးသွားတယ်၊ မှန်တွေကွဲသွားတယ်၊ အဲလောက်ပဲ ဗုံးကတော့။ မီတာရုံးအဝင်ဝမှာက ရဲ ၃ - ၄ယောက် လုံခြုံရေးချပေးထားတာ။ အဲဒီအချိန်မှာ ပေါက်တာဆိုတော့ သူတို့က အတွင်းလူလို့သတ်မှတ်ပြီး အခုထိတဲ့ကောင်လေးရဲ့ အိမ်ကို ကား ၄ စီးနဲ့လာပြီး လက်နက်ကိုင်ထားတဲ့ အရပ်ဝတ်တွေ ဝင်ရှာနေတယ်။”
မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်၊ ဝါခင်းကုန်းဘုရားအနီးက EPC ရုံးမှာလည်း ဒီနေ့ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ရုံးဝန်ထမ်း အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာရခဲ့တယ်ဆိုပေမဲ့ ကြီးကြီးမားမားမဖြစ်ခဲ့ဘူးလို့ ဒေသခံတဦးက ပြောပါတယ်။
“မီတာရုံးခြံစည်းရိုး အတွင်းထဲ ကျတာပေါ့။ ဘာမှဆိုးဆိုးရွားရွား မဖြစ်ဘူး။ ထိသွားတဲ့ အမျိုးသမီးကို ခဲလေးတွေစင်တဲ့ ပုံစံမျိုးလေးပဲ။ ဒဏ်ရာအကြီးကြီး မဟုတ်ဘူး။ မီတာလာဆောင်တဲ့သူတွေက တချို့သိတောင်မသိဘူး။ အုံးအုံးကျွတ်ကျွတ်လည်း ဖြစ်မသွားဘူး။ တန်းစီတဲ့သူတွေက တန်းမပျက်ပဲ လုပ်နေကြတာ။”
စစ်အာဏာသိမ်း အုပ်ချုပ်နေတာကို ကန့်ကွက်တဲ့အနေနဲ့ မီတာခ အပါအဝင် နစက စစ်ကောင်စီကို ပေးရမယ့် အခွန်ငွေတွေ မပေးဆောင်ကြဘဲ ပြည်သူတော်တော်များများ ဆန္ဒပြခဲ့ကြပါတယ်။
ဒါပေမဲ့ တချို့မြို့နယ်တွေမှာ မေလ ၂၅ ရက် ဒီနေ့ နောက်ဆုံးထားပြီး မပေးဆောင်ရင် လျှပ်စစ်ဓာတ်အားဖြတ်တောက် အရေးယူခံရမယ်လို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ဒါကြောင့် တချို့က မီတာခတွေ ပေးဆောင်နေကြချိန် မီတာရုံးတွေမှာ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တာပါ။ ဒီပေါက်ကွဲမှုတွေနဲ့ပါတ်သက်လို့ ဘယ်သူ့လက်ချက်လဲဆိုတာတော့ မသိရသေးပါဘူး။
စစ်ကောင်စီဘက်ကတော့ မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုတချို့ဟာ စစ်တပ်အာဏာသိမ်းတာကို ဆန့်ကျင်သူတွေက အကြမ်းဖက် တိုက်ခိုက်နေတာဖြစ်တယ်လို့ ပြောကြားထားပါတယ်။