သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေပါက္ကဲြ ပစ္ခတ္မႈေတြၾကား ျမဝတီနယ္စပ္ကုန္သြယ္မႈ အရွိန္မပ်က္


ထိုင္း-ျမန္မာ နယ္စပ္ျဖတ္ ကုန္တင္ကား

(Zawgyi/Unicode)
ကရင္ျပည္နယ္ ျမဝတီၿမိဳ႕မွာ တနဂၤေႏြညကဗံုးေပါက္ကြဲမႈ ၂ ႀကိမ္ျဖစ္ခဲ့ပါတယ္။ ခုရက္ပုိင္းအတြင္း ျမဝတီၿမိဳ႕မွာ စုစုေပါင္း ဗံုးေပါက္ကဲြတာ ၃ ႀကိမ္႐ွိၿပီလို႔ ေဒသခံေတြက ေျပာပါတယ္။ ထိုင္းႏိုင္ငံနဲ႔ နယ္စပ္ၿမိဳ႕ျဖစ္တဲ့ ျမဝတီၿမိဳ႕မွာေပါက္ကြဲမႈေတြျဖစ္ေနတဲ့အတြက္ နယ္စပ္ကုန္သြယ္ေရး ထိခိုက္မႈ ႐ွိ မ႐ွိ
ထုိင္းအေျခစိုက္ ဗြီအိုေအသတင္းေထာက္ မေအးေအးမာကသတင္းေပးပို ့ထားပါတယ္။

ကရင္ျပည္နယ္ ျမ၀တီၿမိဳ ့အမွတ္ (၅) ရပ္ကြက္မွာ႐ွိတဲ့ လူကုန္ကူးမႈ တားဆီးႏွိမ္နင္းေရးရံုးနားနဲ႔ ျမ၀တီခ႐ိုင္တရား႐ုံးၾကားမွာ တႀကိမ္၊ ျမဝတီၿမိဳ႔ လူကယ္ျပန္ဌာန႐ံုး ေ႐ွ႔မွာ တႀကိမ္၊ ေမလ (၂၃) ရက္ ည (၈) နာရီေလာကက္ေပါက္ကြဲမႈ ၂ ႀကိ္္မ္ ျဖစ္ပြားခဲ့ပါတယ္။ ေမလ ၂၂ ရက္ေန႔တုန္းကလည္းျပည္ခိုင္ျဖိဳးလြတ္ေတာ္ကိုယ္စားလွယ္ေဟာင္းအိမ္ေရွ့မွာ ေပါက္ကဲြမူ့တႀကိမ္ျဖစ္ခဲ့တယ္လို႔ ျမ၀တီၿမဳိ႔ခံတဦးက အခုလိုေျပာျပပါတယ္။

“တရားရံုးနားမွာတခါေပါက္တယ္။ ၂ လံုးေပါက္တယ္။ အမွတ္ ၅ က်ြန္းေတာနားေပါ့။ လာႀကည့္တာေတာ့ ဗံုးေပါက္ျပီးေတာ့ရဲေတြေတာ့လာႀကည့္တယ္။ ဦးခ်စ္လိွဳင္ကေတာ့ ႀကံခိုင္ေရးအမတ္ေဟာင္းေပါ့။ သူ႔အိမ္ေရွ့မွာျဖစ္တာ။ အဲဒါက ဒီမတိုင္ခင္တရက္မနက္ကျဖစ္တာ။ အခုျဖစ္တာမေန႕ညက ျဖစ္တာ ဗံံုးေပါက္တာ။ မေန႕ညက၂ေန့ရာက မေန႕ညကျဖစ္တာ။ လြတ္ေတာ္ကိုယ္စားလွယ္က တေန႕မနက္ ၅နာရီေလာက္ကျဖစ္တာ။”

ထိုင္းႏိုင္ငံနဲ႔ နယ္စပ္ၿမိဳ႕ျဖစ္တဲ့ ျမဝတီၿမိဳ႕မွာ ေပါက္ကြဲမႈေတြ ျဖစ္ေနတာ သီတင္း တပါတ္ထဲမွာ ၃ ႀကိမ္ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ရက္ပိုင္းကလည္း ညဖက္ ကားေမာင္းသင္တဲ့ အမ်ဳိးသမီးကို လံုၿခံဳေရးတပ္ဖဲြ႔ဝင္ေတြက ပစ္ခတ္လို႔ ေသဆံုးခဲ့တယ္လို႔ ျမဝတီၿမိဳ႕ခံက ေျပာျပပါတယ္။

“ပစ္ခတ္ထိလို႕ေသတာ ည ၁၀နာရီလြန္တဲ့အခ်ိန္ ကားေမာင္းလာတာ။ ရဲစခန္းေရွ ့က တားျပီးေျခာက္ပစ္တယ္။ ရဲစခန္းနဲ့အမွတ္၄ရပ္ကြက္ ရံုးနားက သိပ္မကြာဘူး။ အမွတ္ (၄) ရံုး က ထပ္ပစ္တာ အမ်ိဳးသမီးတေယာက္ေသတယ္ ဒီတပတ္အတြင္းမွာပဲျဖစ္တာ။ တပ္ႀကပ္ႀကီးတေယာက္ရဲ ့ဇနီးေသတာ။”

ေသနတ္ထိမွန္ေသဆံုးသူဟာျမဝတီၿမိဳ႕အမွတ္ ၂၇၅ တပ္ရင္းကတပ္ၾကပ္ႀကီးေဇာ္ရဲေအာင္ရဲ ့ဇနီးမဇင္မာျဖဴျဖစ္တယ္လို႔ ေျပာပါတယ္။ေမလ၂၀ ရက္ေန႔က ကားေမာင္းသင္ရင္းနဲ႕ အမွတ္(၄)ရပ္ကြက္က လံုျခံဳေရးယူထားတဲ့လက္နက္ကိုင္ေတြက တားဆီးစစ္ေဆးတာကို မခံပဲကားေမာင္းေျပးတဲ့အတြက္ ပစ္ခတ္ရင္းေသဆံုးရတာျဖစ္ေၾကာင္း ျမ၀တီၿမိ႕ဳနယ္တြင္းသတင္းေတြမွာ ေဖာ္ျပပါတယ္။ ျမဝတီၿမိဳ႕မွာမေန႕ညက ေပါက္ကဲြမူေတြ၊ပစ္ခတ္မူေတြန႔ဲပတ္သက္လို့ျမ၀တီၿမိဳ႕မရဲစခန္းကိုဆက္သြယ္ခဲ့ေပမယ့္ ဖုန္းကိုင္ေျဖဆုိမယ့္သူမရွိပါဘူး။ အခုလို ျမ၀တီျမိဳ့မွ ာေပါက္ကဲြမူေတြ၊ပစ္ခတ္မႈေတြ ျဖစ္ေနေပမယ့္ ကုန္စည္စီးဆင္းမူနဲ႕နယ္စပ္ကုန္သြယ္ေရးကေတာ့ ထိခိုက္မူမရွိဘူးလို့လည္း မဲေဆာက္ျမ၀တီကုန္စည္ပုိ့ေဆာင္ေနတဲ့ကုန္သည္တဦးကေျပာပါတယ္။

“ပံုမွန္ပဲ ပစၥည္းသြားတာလည္းပံုမွန္ပဲတံတားသြားတဲ့ပစၥည္းလဲ ပံုမွန္ပဲသြားေနတာပဲတံတားက တံတား (၁)ပဲပိတ္ထားတာ။ တံတား(၂)ကဖြင့္ထားတာ။ ေအာက္ကဂိတ္ေတြလည္းကားေတြကပံုမွန္ပဲသြားတယ္ ကုန္စည္လည္း ပံုမွန္ပဲသြားတယ္”

ထုိင္းျမန္မာနယ္စပ္ၿမိဳ့ျဖစ္တဲ့ျမ၀တီၿမိဳ႕ဟာ တျခားၿမိဳ႕ေတြထက္ ဗံုးေပါက္ကြဲမႈေတြ ျဖစ္ေလ့႐ွိေပမယ့္ အခုကေတာ့ တပါတ္ထဲမွာ ၃ ႀကိမ္ေပါက္ကြဲခဲ့တာျဖစ္ပါတယ္။

................................................................

တိုက္႐ိုက္ လင့္ခ္


ပေါက်ကွဲပစ်ခတ်မှုတွေကြား မြဝတီနယ်စပ်ကုန်သွယ်မှုအရှိန်မပျက်

(Unicode)
ကရင်ပြည်နယ် မြဝတီမြို့မှာ တနင်္ဂနွေညကဗုံးပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ခဲ့ပါတယ်။ ခုရက်ပိုင်းအတွင်း မြဝတီမြို့မှာ စုစုပေါင်း ဗုံးပေါက်ကွဲတာ ၃ ကြိမ်ရှိပြီလို့ ဒေသခံတွေက ပြောပါတယ်။ ထိုင်းနိုင်ငံနဲ့ နယ်စပ်မြို့ဖြစ်တဲ့ မြဝတီမြို့မှာပေါက်ကွဲမှုတွေဖြစ်နေတဲ့အတွက် နယ်စပ်ကုန်သွယ်ရေး ထိခိုက်မှု ရှိ မရှိ
ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ် မြဝတီမြို့အမှတ် (၅) ရပ်ကွက်မှာရှိတဲ့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရုံးနားနဲ့ မြဝတီခရိုင်တရားရုံးကြားမှာ တကြိမ်၊ မြဝတီမြို့ လူကယ်ပြန်ဌာနရုံး ရှေ့မှာ တကြိမ်၊ မေလ (၂၃) ရက် ည (၈) နာရီလောကက်ပေါက်ကွဲမှု ၂ ကြိ်မ် ဖြစ်ပွားခဲ့ပါတယ်။ မေလ ၂၂ ရက်နေ့တုန်းကလည်းပြည်ခိုင်ဖြိုးလွတ်တော်ကိုယ်စားလှယ်ဟောင်းအိမ်ရှေ့မှာ ပေါက်ကွဲမူ့တကြိမ်ဖြစ်ခဲ့တယ်လို့ မြဝတီမြို့ခံတဦးက အခုလိုပြောပြပါတယ်။

“တရားရုံးနားမှာတခါပေါက်တယ်။ ၂ လုံးပေါက်တယ်။ အမှတ် ၅ ကျွန်းတောနားပေါ့။ လာကြည့်တာတော့ ဗုံးပေါက်ပြီးတော့ရဲတွေတော့လာကြည့်တယ်။ ဦးချစ်လှိုင်ကတော့ ကြံခိုင်ရေးအမတ်ဟောင်းပေါ့။ သူ့အိမ်ရှေ့မှာဖြစ်တာ။ အဲဒါက ဒီမတိုင်ခင်တရက်မနက်ကဖြစ်တာ။ အခုဖြစ်တာမနေ့ညက ဖြစ်တာ ဗံုံးပေါက်တာ။ မနေ့ညက၂နေ့ရာက မနေ့ညကဖြစ်တာ။ လွတ်တော်ကိုယ်စားလှယ်က တနေ့မနက် ၅နာရီလောက်ကဖြစ်တာ။”

ထိုင်းနိုင်ငံနဲ့ နယ်စပ်မြို့ဖြစ်တဲ့ မြဝတီမြို့မှာ ပေါက်ကွဲမှုတွေ ဖြစ်နေတာ သီတင်း တပါတ်ထဲမှာ ၃ ကြိမ်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ညဖက် ကားမောင်းသင်တဲ့ အမျိုးသမီးကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပစ်ခတ်လို့ သေဆုံးခဲ့တယ်လို့ မြဝတီမြို့ခံက ပြောပြပါတယ်။

“ပစ်ခတ်ထိလို့သေတာ ည ၁၀နာရီလွန်တဲ့အချိန် ကားမောင်းလာတာ။ ရဲစခန်းရှေ့က တားပြီးခြောက်ပစ်တယ်။ ရဲစခန်းနဲ့အမှတ်၄ရပ်ကွက် ရုံးနားက သိပ်မကွာဘူး။ အမှတ် (၄) ရုံး က ထပ်ပစ်တာ အမျိုးသမီးတယောက်သေတယ် ဒီတပတ်အတွင်းမှာပဲဖြစ်တာ။ တပ်ကြပ်ကြီးတယောက်ရဲ့ဇနီးသေတာ။”

သေနတ်ထိမှန်သေဆုံးသူဟာမြဝတီမြို့အမှတ် ၂၇၅ တပ်ရင်းကတပ်ကြပ်ကြီးဇော်ရဲအောင်ရဲ့ဇနီးမဇင်မာဖြူဖြစ်တယ်လို့ ပြောပါတယ်။မေလ၂၀ ရက်နေ့က ကားမောင်းသင်ရင်းနဲ့ အမှတ်(၄)ရပ်ကွက်က လုံခြုံရေးယူထားတဲ့လက်နက်ကိုင်တွေက တားဆီးစစ်ဆေးတာကို မခံပဲကားမောင်းပြေးတဲ့အတွက် ပစ်ခတ်ရင်းသေဆုံးရတာဖြစ်ကြောင်း မြဝတီမြိ့ုနယ်တွင်းသတင်းတွေမှာ ဖော်ပြပါတယ်။ မြဝတီမြို့မှာမနေ့ညက ပေါက်ကွဲမူတွေ၊ပစ်ခတ်မူတွေနဲ့ပတ်သက်လို့မြဝတီမြို့မရဲစခန်းကိုဆက်သွယ်ခဲ့ပေမယ့် ဖုန်းကိုင်ဖြေဆိုမယ့်သူမရှိပါဘူး။ အခုလို မြဝတီမြို့မှ ာပေါက်ကွဲမူတွေ၊ပစ်ခတ်မှုတွေ ဖြစ်နေပေမယ့် ကုန်စည်စီးဆင်းမူနဲ့နယ်စပ်ကုန်သွယ်ရေးကတော့ ထိခိုက်မူမရှိဘူးလို့လည်း မဲဆောက်မြဝတီကုန်စည်ပို့ဆောင်နေတဲ့ကုန်သည်တဦးကပြောပါတယ်။

“ပုံမှန်ပဲ ပစ္စည်းသွားတာလည်းပုံမှန်ပဲတံတားသွားတဲ့ပစ္စည်းလဲ ပုံမှန်ပဲသွားနေတာပဲတံတားက တံတား (၁)ပဲပိတ်ထားတာ။ တံတား(၂)ကဖွင့်ထားတာ။ အောက်ကဂိတ်တွေလည်းကားတွေကပုံမှန်ပဲသွားတယ် ကုန်စည်လည်း ပုံမှန်ပဲသွားတယ်”

ထိုင်းမြန်မာနယ်စပ်မြို့ဖြစ်တဲ့မြဝတီမြို့ဟာ တခြားမြို့တွေထက် ဗုံးပေါက်ကွဲမှုတွေ ဖြစ်လေ့ရှိပေမယ့် အခုကတော့ တပါတ်ထဲမှာ ၃ ကြိမ်ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG