သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဆႏၵျပပြဲတခ်ိဳ႕နဲ႔အတူ ေပါက္ကြဲမႈနဲ႔ ေသဆံုးမႈေတြ ဆက္ရွိေန 


ရန္ကုန္ၿမိဳ႕ စစ္အာဏာရွင္ ကန္႔ကြက္ ဆႏၵျပပြဲ ၊ ေမ ၂၁၊၂၀၂၁

{{Zawgyi/Unicode}}

စစ္အာဏာ႐ွင္စနစ္ ဆန္႔က်င္ဆႏၵျပမႈေတြကုိ ရန္ကုန္ၿမိဳ႕ အပါအဝင္ နယ္ၿမိဳ႕ေတာ္ေတာ္မ်ားမ်ားမွာ ဒီေန႔လည္း ဆက္လုပ္ခဲ့ၾကပါတယ္။ လံုၿခံဳေရးအေျခအေနေၾကာင့္ အခ်ိန္တိုအတြင္း အက်ဥ္း႐ံုးဆႏၵျပၾကတဲ့ ပံုစံမ်ဳိးေတြ ျဖစ္လာပါတယ္။ နမ့္္ခမ္းၿမိဳ႕မွာေတာ့ သီခ်င္းေတြသီဆိုၿပီး ဂီတသပိတ္ ဆင္ႏဲႊခဲ့ၾကပါတယ္။ တခ်ိန္ထဲမွာပဲ ႏိုင္ငံအႏွံ ေပါက္ကြဲမႈေတြ၊ ထိခိုက္ ေသဆုံးမႈေတြလည္း ရွိပါတယ္။ ဒီေန႔အေျခအေနေတြနဲ႔ပတ္သက္လို႔ ရန္ကုန္ကလာတဲ့ သတင္းကို မဆုမြန္ က ေျပာျပပါမယ္။

ရန္ကုန္ၿမိဳ႕မွာ လုံၿခဳံေရးအေျခအေနေၾကာင့္ လူအမ်ားအျပားပါဝင္တဲ့ ဆႏၵျပစစ္ေၾကာင္းေတြ ဒီေန႔ မထြက္ႏုိင္ခဲ့ၾကပါဘူး။ ဒါေပမဲ့ ၿမိဳ႕နယ္တခ်ဳိ႕မွာေတာ့ လူငယ္ေတြ စုေဝးဆႏၵျပပြဲ တခ်ဳိ႕႐ွိခဲ့ပါတယ္။ သဃၤန္းကြၽန္းစံျပေစ်းထဲမွာ ဒီကေန႔မနက္ပိုင္းက ၿမိဳ႕နယ္အလိုက္ လူငယ္ေတြဦးေဆာင္တဲ့ စစ္အာဏာရွင္ဆန္႔က်င္ေရး ဆႏၵျပပြဲ႐ွိခဲ့ပါတယ္။ ၿမိဳ႕နယ္အစုံက ဆႏၵျပစစ္ေၾကာင္းတခ်ိဳ႕ပူးေပါင္းခဲ့တဲ့သပိတ္မွာ လူငယ္တစ္ရာဝန္းက်င္ စုေဝးခဲ့ၾကၿပီးေတာ့ မိနစ္ပိုင္းအတြင္းလူစုခြဲခဲ့ၾကတယ္လို႔ ဆႏၵျပပြဲေတြမွာပါဝင္သူတစ္ဦးက ေျပာပါတယ္။

“ဒီေန႔ ဆႏၵျပပြဲေတြ ရွိၾကပါတယ္ဗ်။ လႈိင္သာယာမွာရယ္၊ ၿပီးေတာ့ စံျပေစ်း သက္န္းကြၽန္းမွာ ျပၾကပါတယ္ဗ်။ စမ္းေခ်ာင္း GZ နဲ႔ က်န္တဲ့ ၿမိဳ႕နယ္ေပါင္းစုံေပါ့။ ရန္ကုန္မွာ အၾကမ္းဖက္ အင္အားစုက ကင္းလွည့္တာ မ်ားတယ္ဗ်။ မ်ားေတာ့ ဟုတ္တိပတ္တိ ျပန္ထြက္ဖို႔က ေလာေလာဆယ္ဒီအေျခအေန အရပ္ရပ္ေၾကာင့္ ထြက္မရျဖစ္တာေပါ့ေႏွာ္။ အဲ့တာေၾကာင့္ ျပန္ထြက္လို႔ရမယ့္ ပုံစံေတြ ကြၽန္ေတာ္တို႔ တိုင္ပင္ေနတာေတြရွိပါတယ္ဗ်။”

စစ္အုပ္ခ်ဳပ္ေရးထုတ္ျပန္ထားတဲ့ လႈိင္သာယာမွာလည္း လူငယ္ေတြဦးေဆာင္တဲ့ လ ွ်ပ္တျပက္ဆႏၵျပမႈ လုပ္ခဲ့ၾကပါတယ္။ ေျမာက္ဒဂုံၿမိဳ႕နယ္နဲ႔၊ ကမာ႐ြတ္ၿမိဳ႕နယ္တုိ႔မွာလည္း လူမဲ့သပိတ္၊ အိမ္တြင္းသပိတ္ေတြကို ဒီေန႔လုပ္ခဲ့ၾကပါတယ္။

စစ္အာဏာရွင္ဆန႔္က်င္သူမ်ားကို စစ္ေကာင္စီက ေန႔ေန႔ညည လိုက္လံဖမ္းဆီး ပစ္ခတ္မႈေတြေၾကာင့္ လူေတြၾကားမွာ စိုးရိမ္ေၾကာက္႐ြံ႕မႈေတြ ျဖစ္ေပၚေနၾကပါတယ္။ ဒီလိုအေျခအေနမွာ စစ္အာဏာရွင္ ဆန႔္က်င္လႈပ္ရွားမႈေတြ လူထုၾကားမွာ တစ္ဖန္ျပန္လည္တက္ႂကြေစဖို႔ ခြန္အားျဖစ္ေစတဲ့ သီခ်င္းေတြနဲ႔ နမ့္္ခမ္းၿမိဳ႕မွာ ဒီကေန႔ ဂီတသပိတ္ျပဳလုပ္ခဲ့ၾကတယ္လို႔ သပိတ္ဦးေဆာင္ ေကာ္မတီ တစ္ဦးက ေျပာပါတယ္။

“ဒီေန႔ကေတာ့ ဂီတသပိတ္ကို က်ေနာ္တို႔ လူငယ္ေတြနဲ႔ ခြန္အားျဖစ္တဲ့သီခ်င္းေတြနဲ႔ အမ်ားျပည္သူေတြ အားလုံး ရင္ထဲပိုေရာက္ဖို႔ ဆိုတဲ့ သေဘာကို ဦးတည္ၿပီးေတာ့ လုပ္ျဖစ္တာပါခင္ဗ်။ က်ေနာ္တို႔ရဲ႕ ပုံစံတစ္မ်ိဳးေပါ့၊ လႈပ္ရွားမႈတစ္မ်ိဳးနဲ႔ က်ေနာ္တို႔ ျပည္သူေတြရဲ႕ ရင္ထဲေရာက္ေအာင္ ျပန္ၿပီးေတာ့ ျပတဲ့သေဘာေပါ့ေနာ္။ အခါတိုင္း ရက္ေတြက က်ေနာ္တို႔ ဆိုင္ကယ္သပိတ္နဲ႔ လုပ္တယ္။ ေနာက္ဒီ အထကေက်ာင္းႀကီးေတြမွာ လိုက္ၿပီး က်ေနာ္တို႔ ေႂကြးေၾကာ္သံေတြနဲ႔ လုပ္ၾကတယ္။ ေနာက္ၿမိဳ႕ေပၚမွာပဲ တစ္ခါ ႐ုံးပိုင္းေတြေပါ့ ႐ုံးပိုင္းေတြမွာ လိုက္ၿပီးေတာ့ က်ေနာ္တို႔ ေႂကြးေၾကာ္ၿပီးေတာ့ လူငယ္ေတြနဲ႔ ဖြဲ႕ၿပီးေတာ့ ဆိုင္ကယ္နဲ႔ လိုက္ေအာ္တယ္။ ေနာက္ လမ္းေလွ်ာက္ၿပီးေတာ့ လွည့္လည္ေပါ့၊ လွည့္လည္ၿပီးေတာ့ က်ေနာ္တို႔ဆႏၵျပတယ္ေပါ့။”

ရွမ္းျပည္နယ္ ေျမာက္ပိုင္း နမ့္ခမ္းၿမိဳ႕မွာ ပုံမွန္ဆိုရင္ ဆိုင္ကယ္သပိတ္၊ လမ္းေလွ်ာက္သပိတ္စတဲ့ ပုံစံမ်ိဳးနဲ႔ လမ္းသြားလမ္းလာမ်ားတဲ့ေနရာေတြ စာသင္ေက်ာင္းေတြနဲ႔ အစိုးရ႐ုံးေတြဘက္မွာလွည့္လည္ၿပီး ဒီမိုကေရစီအေရးကို ေတာင္းဆို ဆႏၵျပၾကေလ့ရွိပါတယ္။ မေကြးတိုင္း ၿမိဳင္ၿမိဳ႕နယ္ ေတာင္ပိုင္းဇုန္ေဒသမွာေတာ့ ပညာေရးဝန္ထမ္းေတြ၊ ေက်ာင္းသူ၊ ေက်ာင္းသားေတြ အသက္အ႐ြယ္စုံပါဝင္တဲ့ ၿမိဳင္လူထုက ဒီေန႔လည္း စစ္အာဏာ႐ွင္စနစ္ဆန္႔က်င္ေရး ခ်ီတက္ဆႏၵျပခဲ့ၾကပါတယ္။ စစ္ေကာင္စီရဲ႕ အၾကမ္းဖက္ ဖိႏွိပ္မႈကို ေၾကာက္႐ြံ႕ေပမယ့္ စစ္အာဏာရွင္စနစ္တည္ၿမဲမေနဖို႔ ဆက္လက္တြန္းလွန္ ေနရတာလို႔ ၿမိဳင္က သပိတ္ဦးေဆာင္သူ တစ္ဦးက ေျပာပါတယ္။

“၃ အုပ္စု ၄ အုပ္စု ေရာက္တာေပါ့ဗ်ာ၊ က်ေနာ္တို႔က ၿမိဳင္နယ္ေတာင္ပိုင္းဇုန္ကေနၿပီးေတာ့ လႈပ္ရွားၾကတာကိုး အင္အား ၃၀၀ ေလာက္ေတာ့ ရွိတယ္ဗ်၊ ထိုင္သပိတ္ ဒီကေန႔ေတာ့ မပါလိုက္ဘူး၊မနက္ပိုင္းခ်ီတက္ၿပီး လွည့္လည္ၾကတာဗ်။ ေၾကာက္ေတာ့ ေၾကာက္ရတာေပါ့ ဒါေပမယ့္ က်ေနာ္တို႔ ဆႏၵက ဒီမိုကေရစီရဖို႔ေရးရယ္ စစ္အာဏာရွင္စနစ္တည္ၿမဲမေနဖို႔ရာအတြက္က အဓိကေလ က်ေနာ္တို႔ရဲ႕တာဝန္ ျပည္သူလူထုရဲ႕ တာဝန္ ဝတၱရားပဲေပါ့"

မႏၲေလးၿမိဳ႕မွာေတာ့ သေျပညိဳသပိတ္၊စက္မႈစုေပါင္းသပိတ္ စတဲ့သပိတ္စစ္ေၾကာင္းေတြ အရင္ေန႔ေတြကထက္ လူပိုမ်ားလာတာေတြ႕ရ ပါတယ္။ ဖားကန္႔၊ ထားဝယ္၊ ေလာင္းလုံ၊ ကေလး၊ ၿမိဳင္ၿမိဳ႕ေတြမွာ ေန႔စဥ္မျပတ္ စုေဝးဆႏၵျပၾက ပါတယ္။

မုံ႐ြာ၊ ေက်ာက္မဲ၊ ေပါင္၊ ဂန္႔ေဂါ၊ မိုးေကာင္းၿမိဳ႕ေတြမွာလည္း ဆိုင္ကယ္သပိတ္၊ လူမဲ့သပိတ္၊ အ႐ုဏ္ဦးသပိတ္နဲ႔ ညသပိတ္ေတြဆင္ႏႊဲၾကၿပီး စစ္အာဏာရွင္ဆန္႔က်င္ေၾကာင္းပုံစံမ်ိဳးစုံနဲ႔ ဆႏၵျပၾကပါတယ္။

ခုလို ဆႏၵျပပဲြေတြ ႏိုင္ငံအႏွံ႔ၿမိဳ႕စံုမွာ ႐ွိေနသလို ဗံုးေပါက္ကဲြမႈေတြလည္းျဖစ္ေနပါတယ္။ ရန္ကုန္ၿမိဳ႕ ထဲက စမ္းေခ်ာင္းၿမိဳ႕နယ္ထဲမွာေတာ့ ဗဟိုလမ္းမွာ႐ွိတဲ့ အာ႐ွေတာ္ဝင္ေဆး႐ံုနားနဲ႔ ဗားကရာလမ္းေပၚက အုပ္ခ်ဳပ္ေရးမွဴး႐ံုးနားမွာ ဗံုး ၄ ႀကိမ္ ေပါက္ကဲြခဲ့ပါတယ္။

အုပ္ခ်ဳပ္ေရးမွဴး႐ံုးနား ေပါက္ကဲြမႈတခုျဖစ္ခ်ိန္ အဲဒီေနရာမွာ႐ွိေနတဲ့ စစ္သားတေယာက္ ေသဆံုးခဲ့ပါတယ္။ ဒါ့အျပင္ လႈိင္ၿမိဳ႕နယ္အတြင္းမွာလည္း ေပါက္ကြဲသံတစ္ခ်ိဳ႕ၾကားရတယ္လို႔ ေဒသခံေတြကေျပာပါတယ္။ တာေမြၿမိဳ႕နယ္ ေမတၱာၫြန႔္က ေစ်းေလးမွန္တိုင္မွာလည္း ညေနပုိင္းက ဗံုးတလံုးကဲြခဲ့ပါတယ္။

ေတာင္ႀကီးၿမိဳ႕ ေစ်းအနီးမီးပြိင့္ ၁ ခုမွာလည္း ဒီကေန႔မနက္ပိုင္းက ေပါက္ကြဲမႈျဖစ္ခဲ့ၿပီး လူတစ္ဦးဒဏ္ရာရရွိခဲ့ပါတယ္။ ေပါက္ကြဲမႈအတြင္းထိခိုက္ခဲ့သူဟာ အရပ္ဝတ္ ဝတ္ထားတဲ့ ရဲတပ္သားတစ္ဦးျဖစ္ၿပီး ေပါက္ကြဲမႈမွာရရွိ တဲ့ဒဏ္ရာေၾကာင့္ေသဆုံးသြားတယ္လို႔ ေဒသခံေတြကေျပာေပမယ့္ သီးျခားအတည္မျပဳႏိုင္ေသးပါဘူး။

.....................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

စစ်အာဏာရှင်စနစ် ဆန့်ကျင်ဆန္ဒပြမှုတွေကို ရန်ကုန်မြို့ အပါအဝင် နယ်မြို့တော်တော်များများမှာ ဒီနေ့လည်း ဆက်လုပ်ခဲ့ကြပါတယ်။ လုံခြုံရေးအခြေအနေကြောင့် အချိန်တိုအတွင်း အကျဉ်းရုံးဆန္ဒပြကြတဲ့ ပုံစံမျိုးတွေ ဖြစ်လာပါတယ်။ နမ့်ခမ်းမြို့မှာတော့ သီချင်းတွေသီဆိုပြီး ဂီတသပိတ် ဆင်နွဲှခဲ့ကြပါတယ်။ တချိန်ထဲမှာပဲ နိုင်ငံအနှံ ပေါက်ကွဲမှုတွေ၊ ထိခိုက် သေဆုံးမှုတွေလည်း ရှိပါတယ်။ ဒီနေ့အခြေအနေတွေနဲ့ပတ်သက်လို့ ရန်ကုန်ကလာတဲ့ သတင်းကို မဆုမွန် က ပြောပြပါမယ်။

ရန်ကုန်မြို့မှာ လုံခြုံရေးအခြေအနေကြောင့် လူအများအပြားပါဝင်တဲ့ ဆန္ဒပြစစ်ကြောင်းတွေ ဒီနေ့ မထွက်နိုင်ခဲ့ကြပါဘူး။ ဒါပေမဲ့ မြို့နယ်တချို့မှာတော့ လူငယ်တွေ စုဝေးဆန္ဒပြပွဲ တချို့ရှိခဲ့ပါတယ်။ သင်္ဃန်းကျွန်းစံပြဈေးထဲမှာ ဒီကနေ့မနက်ပိုင်းက မြို့နယ်အလိုက် လူငယ်တွေဦးဆောင်တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲရှိခဲ့ပါတယ်။ မြို့နယ်အစုံက ဆန္ဒပြစစ်ကြောင်းတချို့ပူးပေါင်းခဲ့တဲ့သပိတ်မှာ လူငယ်တစ်ရာဝန်းကျင် စုဝေးခဲ့ကြပြီးတော့ မိနစ်ပိုင်းအတွင်းလူစုခွဲခဲ့ကြတယ်လို့ ဆန္ဒပြပွဲတွေမှာပါဝင်သူတစ်ဦးက ပြောပါတယ်။

“ဒီနေ့ ဆန္ဒပြပွဲတွေ ရှိကြပါတယ်ဗျ။ လှိုင်သာယာမှာရယ်၊ ပြီးတော့ စံပြဈေး သက်န်းကျွန်းမှာ ပြကြပါတယ်ဗျ။ စမ်းချောင်း GZ နဲ့ ကျန်တဲ့ မြို့နယ်ပေါင်းစုံပေါ့။ ရန်ကုန်မှာ အကြမ်းဖက် အင်အားစုက ကင်းလှည့်တာ များတယ်ဗျ။ များတော့ ဟုတ်တိပတ်တိ ပြန်ထွက်ဖို့က လောလောဆယ်ဒီအခြေအနေ အရပ်ရပ်ကြောင့် ထွက်မရဖြစ်တာပေါ့နှော်။ အဲ့တာကြောင့် ပြန်ထွက်လို့ရမယ့် ပုံစံတွေ ကျွန်တော်တို့ တိုင်ပင်နေတာတွေရှိပါတယ်ဗျ။”

စစ်အုပ်ချုပ်ရေးထုတ်ပြန်ထားတဲ့ လှိုင်သာယာမှာလည်း လူငယ်တွေဦးဆောင်တဲ့ လ ျှပ်တပြက်ဆန္ဒပြမှု လုပ်ခဲ့ကြပါတယ်။ မြောက်ဒဂုံမြို့နယ်နဲ့၊ ကမာရွတ်မြို့နယ်တို့မှာလည်း လူမဲ့သပိတ်၊ အိမ်တွင်းသပိတ်တွေကို ဒီနေ့လုပ်ခဲ့ကြပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်သူများကို စစ်ကောင်စီက နေ့နေ့ညည လိုက်လံဖမ်းဆီး ပစ်ခတ်မှုတွေကြောင့် လူတွေကြားမှာ စိုးရိမ်ကြောက်ရွံ့မှုတွေ ဖြစ်ပေါ်နေကြပါတယ်။ ဒီလိုအခြေအနေမှာ စစ်အာဏာရှင် ဆန့်ကျင်လှုပ်ရှားမှုတွေ လူထုကြားမှာ တစ်ဖန်ပြန်လည်တက်ကြွစေဖို့ ခွန်အားဖြစ်စေတဲ့ သီချင်းတွေနဲ့ နမ့်ခမ်းမြို့မှာ ဒီကနေ့ ဂီတသပိတ်ပြုလုပ်ခဲ့ကြတယ်လို့ သပိတ်ဦးဆောင် ကော်မတီ တစ်ဦးက ပြောပါတယ်။

“ဒီနေ့ကတော့ ဂီတသပိတ်ကို ကျနော်တို့ လူငယ်တွေနဲ့ ခွန်အားဖြစ်တဲ့သီချင်းတွေနဲ့ အများပြည်သူတွေ အားလုံး ရင်ထဲပိုရောက်ဖို့ ဆိုတဲ့ သဘောကို ဦးတည်ပြီးတော့ လုပ်ဖြစ်တာပါခင်ဗျ။ ကျနော်တို့ရဲ့ ပုံစံတစ်မျိုးပေါ့၊ လှုပ်ရှားမှုတစ်မျိုးနဲ့ ကျနော်တို့ ပြည်သူတွေရဲ့ ရင်ထဲရောက်အောင် ပြန်ပြီးတော့ ပြတဲ့သဘောပေါ့နော်။ အခါတိုင်း ရက်တွေက ကျနော်တို့ ဆိုင်ကယ်သပိတ်နဲ့ လုပ်တယ်။ နောက်ဒီ အထကကျောင်းကြီးတွေမှာ လိုက်ပြီး ကျနော်တို့ ကြွေးကြော်သံတွေနဲ့ လုပ်ကြတယ်။ နောက်မြို့ပေါ်မှာပဲ တစ်ခါ ရုံးပိုင်းတွေပေါ့ ရုံးပိုင်းတွေမှာ လိုက်ပြီးတော့ ကျနော်တို့ ကြွေးကြော်ပြီးတော့ လူငယ်တွေနဲ့ ဖွဲ့ပြီးတော့ ဆိုင်ကယ်နဲ့ လိုက်အော်တယ်။ နောက် လမ်းလျှောက်ပြီးတော့ လှည့်လည်ပေါ့၊ လှည့်လည်ပြီးတော့ ကျနော်တို့ဆန္ဒပြတယ်ပေါ့။”

ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့မှာ ပုံမှန်ဆိုရင် ဆိုင်ကယ်သပိတ်၊ လမ်းလျှောက်သပိတ်စတဲ့ ပုံစံမျိုးနဲ့ လမ်းသွားလမ်းလာများတဲ့နေရာတွေ စာသင်ကျောင်းတွေနဲ့ အစိုးရရုံးတွေဘက်မှာလှည့်လည်ပြီး ဒီမိုကရေစီအရေးကို တောင်းဆို ဆန္ဒပြကြလေ့ရှိပါတယ်။ မကွေးတိုင်း မြိုင်မြို့နယ် တောင်ပိုင်းဇုန်ဒေသမှာတော့ ပညာရေးဝန်ထမ်းတွေ၊ ကျောင်းသူ၊ ကျောင်းသားတွေ အသက်အရွယ်စုံပါဝင်တဲ့ မြိုင်လူထုက ဒီနေ့လည်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ စစ်ကောင်စီရဲ့ အကြမ်းဖက် ဖိနှိပ်မှုကို ကြောက်ရွံ့ပေမယ့် စစ်အာဏာရှင်စနစ်တည်မြဲမနေဖို့ ဆက်လက်တွန်းလှန် နေရတာလို့ မြိုင်က သပိတ်ဦးဆောင်သူ တစ်ဦးက ပြောပါတယ်။

“၃ အုပ်စု ၄ အုပ်စု ရောက်တာပေါ့ဗျာ၊ ကျနော်တို့က မြိုင်နယ်တောင်ပိုင်းဇုန်ကနေပြီးတော့ လှုပ်ရှားကြတာကိုး အင်အား ၃၀၀ လောက်တော့ ရှိတယ်ဗျ၊ ထိုင်သပိတ် ဒီကနေ့တော့ မပါလိုက်ဘူး၊မနက်ပိုင်းချီတက်ပြီး လှည့်လည်ကြတာဗျ။ ကြောက်တော့ ကြောက်ရတာပေါ့ ဒါပေမယ့် ကျနော်တို့ ဆန္ဒက ဒီမိုကရေစီရဖို့ရေးရယ် စစ်အာဏာရှင်စနစ်တည်မြဲမနေဖို့ရာအတွက်က အဓိကလေ ကျနော်တို့ရဲ့တာဝန် ပြည်သူလူထုရဲ့ တာဝန် ဝတ္တရားပဲပေါ့"

မန္တလေးမြို့မှာတော့ သပြေညိုသပိတ်၊စက်မှုစုပေါင်းသပိတ် စတဲ့သပိတ်စစ်ကြောင်းတွေ အရင်နေ့တွေကထက် လူပိုများလာတာတွေ့ရ ပါတယ်။ ဖားကန့်၊ ထားဝယ်၊ လောင်းလုံ၊ ကလေး၊ မြိုင်မြို့တွေမှာ နေ့စဉ်မပြတ် စုဝေးဆန္ဒပြကြ ပါတယ်။

မုံရွာ၊ ကျောက်မဲ၊ ပေါင်၊ ဂန့်ဂေါ၊ မိုးကောင်းမြို့တွေမှာလည်း ဆိုင်ကယ်သပိတ်၊ လူမဲ့သပိတ်၊ အရုဏ်ဦးသပိတ်နဲ့ ညသပိတ်တွေဆင်နွှဲကြပြီး စစ်အာဏာရှင်ဆန့်ကျင်ကြောင်းပုံစံမျိုးစုံနဲ့ ဆန္ဒပြကြပါတယ်။

ခုလို ဆန္ဒပြပွဲတွေ နိုင်ငံအနှံ့မြို့စုံမှာ ရှိနေသလို ဗုံးပေါက်ကွဲမှုတွေလည်းဖြစ်နေပါတယ်။ ရန်ကုန်မြို့ ထဲက စမ်းချောင်းမြို့နယ်ထဲမှာတော့ ဗဟိုလမ်းမှာရှိတဲ့ အာရှတော်ဝင်ဆေးရုံနားနဲ့ ဗားကရာလမ်းပေါ်က အုပ်ချုပ်ရေးမှူးရုံးနားမှာ ဗုံး ၄ ကြိမ် ပေါက်ကွဲခဲ့ပါတယ်။

အုပ်ချုပ်ရေးမှူးရုံးနား ပေါက်ကွဲမှုတခုဖြစ်ချိန် အဲဒီနေရာမှာရှိနေတဲ့ စစ်သားတယောက် သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် လှိုင်မြို့နယ်အတွင်းမှာလည်း ပေါက်ကွဲသံတစ်ချို့ကြားရတယ်လို့ ဒေသခံတွေကပြောပါတယ်။ တာမွေမြို့နယ် မေတ္တာညွန့်က ဈေးလေးမှန်တိုင်မှာလည်း ညနေပိုင်းက ဗုံးတလုံးကွဲခဲ့ပါတယ်။

တောင်ကြီးမြို့ ဈေးအနီးမီးပွိင့် ၁ ခုမှာလည်း ဒီကနေ့မနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပြီး လူတစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။ ပေါက်ကွဲမှုအတွင်းထိခိုက်ခဲ့သူဟာ အရပ်ဝတ် ဝတ်ထားတဲ့ ရဲတပ်သားတစ်ဦးဖြစ်ပြီး ပေါက်ကွဲမှုမှာရရှိ တဲ့ဒဏ်ရာကြောင့်သေဆုံးသွားတယ်လို့ ဒေသခံတွေကပြောပေမယ့် သီးခြားအတည်မပြုနိုင်သေးပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG