(Zawgyi/Unicode)
ေမာင္ေတာနဲ႔ မင္းျပားၿမိဳ႕နယ္ေတြမွာ မေန႔က ပစ္ခတ္မႈေတြ ျဖစ္ပြားခဲ့ၿပီး ေဒသခံ ၄ ဦးေသဆံုးၿပီး ဒဏ္ရာရရွိသူေတြလည္း ရွိပါတယ္။ ရခိုင္ေျမာက္ပိုင္းမွာ တိုက္ပြဲေတြလည္း ျပင္းထန္ေနေသးတာေၾကာင့္ ေနရပ္စြန္႔ခြာ ထြက္ေျပးေနရသူေတြလည္း တိုးလာေနပါတယ္။ ရခိုင္ေျမာက္ပိုင္းက တိုက္ပဲြေတြျဖစ္ေနတဲ့ ေနာက္ဆံုးအေျခအေနကို ကိုသက္ႏိုင္သတင္းေပးပို႔ထားပါတယ္။
ရခိုင္ေျမာက္ပိုင္းက ေမာင္ေတာၿမိဳ႕နယ္ ခေမာင္ဆိပ္ေက်းရြာအနီးမွာ မေန႔က မနက္ပိုင္းက ေတာဝက္သြားရွာတဲ့ ခေမာင္းဆိပ္ေဒသခံေတြ မိုင္းဆြဲ တိုက္ခိုက္ခံရတာေၾကာင့္ ႏွစ္ ဦး ေသဆံုးၿပီး သံုးဦး ဒဏ္ျပင္းထန္ခဲ့တယ္လို႔ ေမာင္ေတာခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးစိုးေအာင္က ေျပာပါတယ္။
"ဟုတ္တယ္ဗ်ာ။ ေမာင္ေတာၿမိဳ႕ အထက္ဘက္ ေျမာက္ပိုင္း ခေမာင္းဆိပ္မွာ ႏွစ္ေယာက္ေသ သြားတယ္၊ သံုး ေယာက္ ဒဏ္ရာရတယ္။ တိုက္ပြဲျဖစ္တာ မဟုတ္ပါဘူး။ ေတာဝက္သြားရွာတဲ့ တိုင္းရင္းသားေတြ စုၿပီးသြားၾကတာ ဗိုင္းကြဲတယ္၊ ေသနတ္နဲ႔လည္း အပစ္ခံရတယ္လို႔ ၾကားတယ္။ ဘယ္သူ ပစ္တယ္ဆိုတာကေတာ့ ေျပာလို႔ေတာ့ မရဘူး တပ္ကေတာ့ လိုက္ရွင္းတာပဲ။ အခုဒီဘက္မွာ ARSA သတင္းေတြ ေပၚေနေတာ့ သူတို႔ေတြ ျဖစ္ဖို႔မ်ားတယ္။ ခေမာင္း ဆိပ္ေက်းရြာဘက္မွာ တိုက္ပြဲျဖစ္တာလည္း မရွိဘူး။"
မေန႔က မိုင္းခြဲတိုက္ခိုက္ခဲ့သူေတြဟာ ARSA အဖြဲ႔ျဖစ္တယ္လို႔ ျပန္ၾကားေရးဝန္ႀကီးဌာနကေတာထုတ္ျပန္ထား တာရွိပါတယ္။
ဒါအျပင့္ မင္းျပားၿမိဳ႕နယ္ ေမလြန္းေက်းရြာမွာလည္း မေန႔က ညေနပိုင္းေလာက္မွာ လက္နက္ႀကီးက်ည္ က်ေရာက္ေပါက္ကြဲခဲ့တာေၾကာင့္ ေမလြန္းေဒသခံ တဦး ေသဆံုးၿပီး ႏွစ္ဦးဒဏ္ရာ ရရွိခဲ့တယ္လို႔ ကိုအမ္းသားႀကီးက ေျပာပါတယ္။
"အဲဒီေမလြန္းရြာနားမွာ ေလယာဥ္က ဗံုး ေျခာက္လံုး ခ်တယ္လို႔ ေျပာတယ္။ ရြာရဲ႕ အေနာက္ဘက္ကမ္းက သံုးလံုး အေရွ႕ဘက္ကမ္းက သံုးလံုး ခ်တယ္။ အဲဒီမွာ ေမလြန္းရြာက အသက္ ၂၆ ႏွစ္ လူငယ္ တဦးေသသြားတယ္။ ထမင္း စားေနရင္း ေသသြားတာ ဒဏ္ရာရတဲ့ ႏွစ္ေယာက္ကေတာ့ သူ႔ရဲ႕ အေဖနဲ႔ အေမ သူတို႔ႏွစ္ေယာက္ရဲ႕ ဒဏ္ရာကလည္း သိပ္ႀကီးႀကီးမားမား မဟုတ္ဘူး။ ေနာက္ၿပီးေတာ့ မင္ျပားၿမိဳ႕နယ္ထဲက ခ်င္းေက်းရြာမွာ ခ်င္းတိုင္း ရင္းသား တဦးလည္း ေလယာဥ္နဲ႔ ဗံုႀကဲတာေၾကာင့္ ေသသြားတယ္။ အခုသူ႔ကို မင္းျပားေဆးရံုကို ယူလာဖို႔ လုပ္ေနၾကတယ္။"
မင္းျပားပစ္ခတ္မႈနဲ႔ ပတ္သတ္ၿပီး တပ္မေတာ္တာဝန္ရွိသူေတြကို VOA က ဆက္သြယ္ခဲ့ေပမယ့္လည္း ဖုန္းလက္ခံေျဖဆိုခဲ့ျခင္း မရွိပါဘူး။
ရခိုင္ေျမာက္ပိုင္းမွာ တပ္မေတာဘက္က လူအင္အား လက္နက္အင္အားေတြ တိုးျမင့္ေနတာေတြေၾကာင့္ တိုက္ပြဲေတြ ပိုၿပီးေတာ့ ျပင္းထန္လာႏိုင္တယ္လို႔ AA အဖြဲ႔ဘက္က ေျပာဆိုထားပါတယ္။
[Unicode Version]
ရခိုင်ပြည်နယ်တိုက်ပွဲအတွင်း အရပ်သား ၄ ဦးသေ
မောင်တောနဲ့ မင်းပြားမြို့နယ်တွေမှာ မနေ့က ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး ဒေသခံ ၄ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူတွေလည်း ရှိပါတယ်။ ရခိုင်မြောက်ပိုင်းမှာ တိုက်ပွဲတွေလည်း ပြင်းထန်နေသေးတာကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူတွေလည်း တိုးလာနေပါတယ်။ ရခိုင်မြောက်ပိုင်းက တိုက်ပွဲတွေဖြစ်နေတဲ့ နောက်ဆုံးအခြေအနေကို ကိုသက်နိုင်သတင်းပေးပို့ထားပါတယ်။
ရခိုင်မြောက်ပိုင်းက မောင်တောမြို့နယ် ခမောင်ဆိပ်ကျေးရွာအနီးမှာ မနေ့က မနက်ပိုင်းက တောဝက်သွားရှာတဲ့ ခမောင်းဆိပ်ဒေသခံတွေ မိုင်းဆွဲ တိုက်ခိုက်ခံရတာကြောင့် နှစ် ဦးသေဆုံးပြီး သုံးဦး ဒဏ်ပြင်းထန်ခဲ့တယ်လို့ မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောပါတယ်။
"ဟုတ်တယ်ဗျာ။ မောင်တောမြို့ အထက်ဘက် မြောက်ပိုင်း ခမောင်းဆိပ်မှာ နှစ်ယောက်သေ သွားတယ်၊ သုံး ယောက် ဒဏ်ရာရတယ်။ တိုက်ပွဲဖြစ်တာ မဟုတ်ပါဘူး။ တောဝက်သွားရှာတဲ့ တိုင်းရင်းသားတွေ စုပြီးသွားကြတာ ဗိုင်းကွဲတယ်၊ သေနတ်နဲ့လည်း အပစ်ခံရတယ်လို့ ကြားတယ်။ ဘယ်သူ ပစ်တယ်ဆိုတာကတော့ ပြောလို့တော့ မရဘူး တပ်ကတော့ လိုက်ရှင်းတာပဲ။ အခုဒီဘက်မှာ ARSA သတင်းတွေ ပေါ်နေတော့ သူတို့တွေ ဖြစ်ဖို့များတယ်။ ခမောင်း ဆိပ်ကျေးရွာဘက်မှာ တိုက်ပွဲဖြစ်တာလည်း မရှိဘူး။"
မနေ့က မိုင်းခွဲတိုက်ခိုက်ခဲ့သူတွေဟာ ARSA အဖွဲ့ဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနကတောထုတ်ပြန်ထား တာရှိပါတယ်။
ဒါအပြင့် မင်းပြားမြို့နယ် မေလွန်းကျေးရွာမှာလည်း မနေ့က ညနေပိုင်းလောက်မှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် မေလွန်းဒေသခံ တဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာ ရရှိခဲ့တယ်လို့ ကိုအမ်းသားကြီးက ပြောပါတယ်။
"အဲဒီမေလွန်းရွာနားမှာ လေယာဉ်က ဗုံး ခြောက်လုံး ချတယ်လို့ ပြောတယ်။ ရွာရဲ့ အနောက်ဘက်ကမ်းက သုံးလုံး အရှေ့ဘက်ကမ်းက သုံးလုံး ချတယ်။ အဲဒီမှာ မေလွန်းရွာက အသက် ၂၆ နှစ် လူငယ် တဦးသေသွားတယ်။ ထမင်း စားနေရင်း သေသွားတာ ဒဏ်ရာရတဲ့ နှစ်ယောက်ကတော့ သူ့ရဲ့ အဖေနဲ့ အမေ သူတို့နှစ်ယောက်ရဲ့ ဒဏ်ရာကလည်း သိပ်ကြီးကြီးမားမား မဟုတ်ဘူး။ နောက်ပြီးတော့ မင်ပြားမြို့နယ်ထဲက ချင်းကျေးရွာမှာ ချင်းတိုင်း ရင်းသား တဦးလည်း လေယာဉ်နဲ့ ဗုံကြဲတာကြောင့် သေသွားတယ်။ အခုသူ့ကို မင်းပြားဆေးရုံကို ယူလာဖို့ လုပ်နေကြတယ်။"
မင်းပြားပစ်ခတ်မှုနဲ့ ပတ်သတ်ပြီး တပ်မတော်တာဝန်ရှိသူတွေကို VOA က ဆက်သွယ်ခဲ့ပေမယ့်လည်း ဖုန်းလက်ခံဖြေဆိုခဲ့ခြင်း မရှိပါဘူး။
ရခိုင်မြောက်ပိုင်းမှာ တပ်မတောဘက်က လူအင်အား လက်နက်အင်အားတွေ တိုးမြင့်နေတာတွေကြောင့် တိုက်ပွဲတွေ ပိုပြီးတော့ ပြင်းထန်လာနိုင်တယ်လို့ AA အဖွဲ့ဘက်က ပြောဆိုထားပါတယ်။