သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေမာင္ေတာ မိုင္းခြဲတိုက္ခိုက္မႈ ၃ ဦးေသဆံုး


ျမန္မာ နယ္ျခားေစာင့္ယာဥ္တန္း (မွတ္တမ္းဓာတ္ပံု - စက္တင္ဘာ ၂၄၊ ၂၀၁၆)

(Zawgyi/Unicode)

ရခိုင္ျပည္ေျမာက္ပိုင္း မင္းျပားၿမိဳ႕နယ္အတြင္း တပ္မေတာ္ေလက်င့္ေရးေက်ာင္း တိုက္ခိုက္ခံရတာေၾကာင့္ ထိခိုက္ေသဆံုးမႈေတြရိွသလို ေမာင္ေတာမွာ နယ္ျခားေစာင့္ရဲယာဥ္တန္း တိုက္ခိုက္ခံရတာေၾကာင့္ ရဲတပ္ရင္းမွဴး တဦးအပါအ၀င္ ရဲတပ္ဖဲြ႔၀င္သံုးဦး ေသဆံုးခဲ့ပါတယ္။ ဒီအေျခအေနေတြနဲ႔ ပတ္သက္လို႔ ကိုႏိုင္ကြမ္းအိန္က သတင္းေပးပို႔ထားပါတယ္။

ဆက္ၿပီးေတာ့ ရခိုင္ျပည္နယ္အတြင္း စစ္ေရးအေျခအေနနဲ႔ ရဲယာဥ္တန္း မိုင္းခြဲတိုက္ခိုက္ခံရတဲ့အေျခအေနအေၾကာင္း ေျပာျပေပးမွာပါ။

မေန႔က မနက္ပိုင္းမွာ ေမာင္ေတာၿမိဳ႕နယ္ေျမာက္ပိုင္းမွာ နယ္ျခားေစာင့္ရဲယာဥ္တန္း မိုင္းခြဲတိုက္ခိုက္ခံရၿပီး ရဲအရာရွိ အပါ၀င္ သံုး ဦး ေသဆုံးျပီး အမ်ားျပားထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ ေမာင္ေတာခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးစိုးေအာင္က ေျပာပါတယ္။

“အဲဒီမွာဟို သံုး ေယာက္ေတာ့ က်သြားတယ္။ ေသသြားတာေပါ့။ ဒဏ္ရာရတာလည္း ရွိတယ္။ ကားေပၚပါလာတဲ့သူေတြေတာ့ ဒဏ္ရာရတယ္။ သံုးဦးေတာ့ ေသသြားတာေပါ့ေနာ္။ သူတို႔လည္း တရား၀င္ မထုတ္ျပန္ေသးဘူး။ အဲဒီအနားက်ေတာ့ နည္းနည္းလူေနတာေရာေနတာ ရွိတယ္ေလ။”

ရဲကားတန္းကို ေမာင္ေတာၿမိဳ႕နယ္ လိပ္ရေက်းရြာအနီး ဇီးပင္ေခ်ာင္းခြဆုံ (လမ္းဆုံ) အနီးမွာ မိုင္းခြဲ တိုက္ခိုက္ခံရတာ ျဖစ္ၿပီး ဘယ္အဖြဲ႔တိုက္ခိုက္တာကိုေတာ့ မသိရွိဘူးလို႕သူကေျပာပါတယ္။

ေမာင္ေတာၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေမာင္အုန္းက နယ္ျခားေစာင့္ ရဲတပ္ဖြဲ႕ ရဲတပ္ရင္းမႉးတဦး အပါအ၀င္ သုံးဦး က်ဆုံးေၾကာင္းေျပာပါတယ္။

“ထိတာေတာ့ မွန္ပါတယ္။ ၈ နာရီေက်ာ္ေလာက္က ျဖစ္တယ္လို႔။ ထိခိုက္မႈ ရွိတယ္လို႕ၾကားတယ္။ တပ္ရင္းမွဴး တေယာက္ပါသြားတယ္လို႔ ၾကားတယ္။ ၿပီးေတာ့ရဲသား ႏွစ္ေယာက္လို႔ အဲဒီလိုၾကားတယ္။”

ဒီဗုံးေဖါက္ခြဲခံရမႈမွာ ရဲတပ္ဖြဲ႕၀င္ ေလးဦးခန္႔ ဒဏ္ရာရရွိခဲ့တယ္လို႔ ေဒသခံေတြက ဆိုပါတယ္။

ေမာင္ေတာၿမိဳ႕နယ္မွာ လုံျခံဳေရးယာဥ္တန္းေတြ မၾကာခဏ တိုက္ခိုက္ခံေနရတာျဖစ္ၿပီး ဘယ္အဖြဲ႔ကေန တိုက္ခိုက္တာကိုေတာ့ ထုတ္ျပန္တာ မေတြ႕ရပါဘူး။

မေန႔ကပဲ ရခိုင္ျပည္နယ္မင္းျပားၿမိဳ႕နယ္က တပ္မေတာ္ေလ့က်င့္ေရးေက်ာင္းကို ရခိုင္လက္နက္ကိုင္ AA အဖြဲ႕ကေန ၀င္ေရာက္တိုက္ခိုက္ခဲ့ရာမွာ ႏွစ္ဘက္ထိခိုက္မႈေတြ ရွိခဲ့ပါတယ္။

မင္းျပားၿမိဳ႕နယ္က နယ္ေျမခံတန္းျမင့္ ေလ့က်င့္ေရးေက်ာင္းကို ရခိုင္လက္နက္ကိုင္ AA အဖြဲ႕ကေန မေန႔က ၀င္ေရာက္ တိုက္ခိုက္ခဲ့တာမွာ ႏွစ္ဘက္ထိခိုက္က်ဆုံးမႈ ရွိခဲ့တယ္လို႕ AA ေျပာခြင့္ရခိုင္သုခက ေျပာပါတယ္။

“မေန႔ကဒီ မင္းျပားၿမိဳ႕နယ္ ကမ္းနီမွာရွိတဲ့ ျမန္မာတပ္ရင့္တန္းျမင့္ေလ့က်င့္ေရးေက်ာင္း ၀င္ေရာက္ၿပီးတိုက္ခိုက္ခဲ့တာ ရွိတယ္။ မေန႕ကတိုက္ပြဲအတြင္းမွာေတာ့ ကြ်န္ေတာ္တို႕ေသခ်ာတဲ့ပစ္မွတ္ကိုေတာ့ အကုန္လုံးေရာက္တာေပါ့ေနာ္။ အဲဒီမွာ ျမန္မာစစ္တပ္ဘက္ကေနၿပီးေတာ့ ၂၀ ထက္ မနည္းက်ဆုံးတာရွိတယ္။ လက္နက္ခဲယမ္းမီးေက်ာက္တခ်ိဳ႕လည္း က်ေနာ္တို႔ သိမ္းဆည္းရမိတာရွိတယ္။ တိုက္ပြဲအတြင္းမွာ က်ေနာ္တို႔ဘက္ကလည္း ထိခိုက္က်ဆုံးမႈေတာ့ရွိတယ္။”

တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႔ အတြင္းေရးမွဴး ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းကလည္း ဒီတိုက္ပြဲမွာ ႏွစ္ဘက္ထိခိုက္မႈရွိခဲ့ေၾကာင္း ဗီြအိုေအကို အတည္ျပဳေျပာပါတယ္။

"ကမ္းနီမွာရွိတဲ့ ေလ့က်င့္ေရးေက်ာင္းတစ္ခုကို AA ကေန သံုးေနရာေလာက္က လာေရာက္ တိုက္ခိုက္ခဲ့တာ ရွိပါတယ္။ က်ေနာ္တို႔ဘက္က ထိခိုက္က်ဆံုးမႈ အနည္းငယ္ရွိပါတယ္ AA ဘက္ကလည္း အေလာင္းေတြေတာ့ ရလိုက္တာရွိပါတယ္။"

AA အဖြဲ႔ကေန တန္းျမင့္ေလ့က်င့္ေရး ေက်ာင္းရဲ႕ ပတ္ဝန္းက်င္ ေက်း႐ြာမ်ားျဖစ္တဲ့ အိုးဘိုေတာင္၊ ေတာင္ဘုတ္ေက၊ ေမလြန္း၊ ေခ်ာင္းနက္၊ အေဟာင္းေတာင္၊ ၾကာအင္းေတာင္၊ ကမ္းနီ၊ ေနရာငါးေနရာကေန အင္အားစုနဲ႔ မေန႔က မနက္ပိုင္းမွာ တခ်ိန္တည္း တျပိဳင္တည္း တိုက္ခိုက္ခဲ့တာလို႔ တပ္မေတာ္ဘက္က သတင္းထုတ္ျပန္ထားပါတယ္။

ဒီတိုက္ပြဲအျပီး AA အဖြဲ႕က အေလာင္း ၁၅ ေလာင္း၊ တ႐ုတ္စက္လတ္ တလက္၊ အာပီဂ်ီ တလက္အပါအဝင္ လက္နက္မ်ိဳးစုံ ၁၅ လက္ သိမ္းဆည္းရမိခဲ့ၿပီး တပ္မေတာ္ဘက္ကအရာရွိ၊ စစ္သည္အခ်ိဳ႕ က်ဆုံး ထိခိုက္ ဒဏ္ရာ ရရွိ ခဲ့တယ္လို႕လည္း တပ္မေတာ္ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ေမာင္ေတာ မိုင္းခြဲတိုက္ခိုက္မႈ ၃ ဦးေသဆံုး
please wait

No media source currently available

0:00 0:02:43 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မောင်တော မိုင်းခွဲတိုက်ခိုက်မှု ၃ ဦးသေဆုံး

ရခိုင်ပြည်မြောက်ပိုင်း မင်းပြားမြို့နယ်အတွင်း တပ်မတော်လေကျင့်ရေးကျောင်း တိုက်ခိုက်ခံရတာကြောင့် ထိခိုက်သေဆုံးမှုတွေရှိသလို မောင်တောမှာ နယ်ခြားစောင့်ရဲယာဉ်တန်း တိုက်ခိုက်ခံရတာကြောင့် ရဲတပ်ရင်းမှူး တဦးအပါအဝင် ရဲတပ်ဖွဲ့ဝင်သုံးဦး သေဆုံးခဲ့ပါတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ ကိုနိုင်ကွမ်းအိန်က သတင်းပေးပို့ထားပါတယ်။

ဆက်ပြီးတော့ ရခိုင်ပြည်နယ်အတွင်း စစ်ရေးအခြေအနေနဲ့ ရဲယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရတဲ့အခြေအနေအကြောင်း ပြောပြပေးမှာပါ။

မနေ့က မနက်ပိုင်းမှာ မောင်တောမြို့နယ်မြောက်ပိုင်းမှာ နယ်ခြားစောင့်ရဲယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရပြီး ရဲအရာရှိ အပါဝင် သုံး ဦး သေဆုံးပြီး အများပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောပါတယ်။

“အဲဒီမှာဟို သုံး ယောက်တော့ ကျသွားတယ်။ သေသွားတာပေါ့။ ဒဏ်ရာရတာလည်း ရှိတယ်။ ကားပေါ်ပါလာတဲ့သူတွေတော့ ဒဏ်ရာရတယ်။ သုံးဦးတော့ သေသွားတာပေါ့နော်။ သူတို့လည်း တရားဝင် မထုတ်ပြန်သေးဘူး။ အဲဒီအနားကျတော့ နည်းနည်းလူနေတာရောနေတာ ရှိတယ်လေ။”

ရဲကားတန်းကို မောင်တောမြို့နယ် လိပ်ရကျေးရွာအနီး ဇီးပင်ချောင်းခွဆုံ (လမ်းဆုံ) အနီးမှာ မိုင်းခွဲ တိုက်ခိုက်ခံရတာ ဖြစ်ပြီး ဘယ်အဖွဲ့တိုက်ခိုက်တာကိုတော့ မသိရှိဘူးလို့သူကပြောပါတယ်။

မောင်တောမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်အုန်းက နယ်ခြားစောင့် ရဲတပ်ဖွဲ့ ရဲတပ်ရင်းမှူးတဦး အပါအဝင် သုံးဦး ကျဆုံးကြောင်းပြောပါတယ်။

“ထိတာတော့ မှန်ပါတယ်။ ၈ နာရီကျော်လောက်က ဖြစ်တယ်လို့။ ထိခိုက်မှု ရှိတယ်လို့ကြားတယ်။ တပ်ရင်းမှူး တယောက်ပါသွားတယ်လို့ ကြားတယ်။ ပြီးတော့ရဲသား နှစ်ယောက်လို့ အဲဒီလိုကြားတယ်။”

ဒီဗုံးဖေါက်ခွဲခံရမှုမှာ ရဲတပ်ဖွဲ့ဝင် လေးဦးခန့် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

မောင်တောမြို့နယ်မှာ လုံခြုံရေးယာဉ်တန်းတွေ မကြာခဏ တိုက်ခိုက်ခံနေရတာဖြစ်ပြီး ဘယ်အဖွဲ့ကနေ တိုက်ခိုက်တာကိုတော့ ထုတ်ပြန်တာ မတွေ့ရပါဘူး။

မနေ့ကပဲ ရခိုင်ပြည်နယ်မင်းပြားမြို့နယ်က တပ်မတော်လေ့ကျင့်ရေးကျောင်းကို ရခိုင်လက်နက်ကိုင် AA အဖွဲ့ကနေ ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ နှစ်ဘက်ထိခိုက်မှုတွေ ရှိခဲ့ပါတယ်။

မင်းပြားမြို့နယ်က နယ်မြေခံတန်းမြင့် လေ့ကျင့်ရေးကျောင်းကို ရခိုင်လက်နက်ကိုင်AA အဖွဲ့ကနေ မနေ့က ဝင်ရောက် တိုက်ခိုက်ခဲ့တာမှာ နှစ်ဘက်ထိခိုက်ကျဆုံးမှု ရှိခဲ့တယ်လို့ AA ပြောခွင့်ရခိုင်သုခက ပြောပါတယ်။

“မနေ့ကဒီ မင်းပြားမြို့နယ် ကမ်းနီမှာရှိတဲ့ မြန်မာတပ်ရင့်တန်းမြင့်လေ့ကျင့်ရေးကျောင်း ဝင်ရောက်ပြီးတိုက်ခိုက်ခဲ့တာ ရှိတယ်။ မနေ့ကတိုက်ပွဲအတွင်းမှာတော့ ကျွန်တော်တို့သေချာတဲ့ပစ်မှတ်ကိုတော့ အကုန်လုံးရောက်တာပေါ့နော်။ အဲဒီမှာ မြန်မာစစ်တပ်ဘက်ကနေပြီးတော့ ၂၀ ထက် မနည်းကျဆုံးတာရှိတယ်။ လက်နက်ခဲယမ်းမီးကျောက်တချို့လည်း ကျနော်တို့ သိမ်းဆည်းရမိတာရှိတယ်။ တိုက်ပွဲအတွင်းမှာ ကျနော်တို့ဘက်ကလည်း ထိခိုက်ကျဆုံးမှုတော့ရှိတယ်။”

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကလည်း ဒီတိုက်ပွဲမှာ နှစ်ဘက်ထိခိုက်မှုရှိခဲ့ကြောင်း ဗွီအိုအေကို အတည်ပြုပြောပါတယ်။

"ကမ်းနီမှာရှိတဲ့ လေ့ကျင့်ရေးကျောင်းတစ်ခုကို AA ကနေ သုံးနေရာလောက်က လာရောက် တိုက်ခိုက်ခဲ့တာ ရှိပါတယ်။ ကျနော်တို့ဘက်က ထိခိုက်ကျဆုံးမှု အနည်းငယ်ရှိပါတယ် AA ဘက်ကလည်း အလောင်းတွေတော့ ရလိုက်တာရှိပါတယ်။"

AA အဖွဲ့ကနေ တန်းမြင့်လေ့ကျင့်ရေး ကျောင်းရဲ့ ပတ်ဝန်းကျင် ကျေးရွာများဖြစ်တဲ့ အိုးဘိုတောင်၊ တောင်ဘုတ်ကေ၊ မေလွန်း၊ ချောင်းနက်၊ အဟောင်းတောင်၊ ကြာအင်းတောင်၊ ကမ်းနီ၊ နေရာငါးနေရာကနေ အင်အားစုနဲ့ မနေ့က မနက်ပိုင်းမှာ တချိန်တည်း တပြိုင်တည်း တိုက်ခိုက်ခဲ့တာလို့ တပ်မတော်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

ဒီတိုက်ပွဲအပြီး AA အဖွဲ့က အလောင်း ၁၅ လောင်း၊ တရုတ်စက်လတ် တလက်၊ အာပီဂျီ တလက်အပါအဝင် လက်နက်မျိုးစုံ ၁၅ လက် သိမ်းဆည်းရမိခဲ့ပြီး တပ်မတော်ဘက်ကအရာရှိ၊ စစ်သည်အချို့ ကျဆုံး ထိခိုက် ဒဏ်ရာ ရရှိ ခဲ့တယ်လို့လည်း တပ်မတော်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG