သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အိႏၵိယ မီဇိုရမ္ျပည္နယ္ထဲ ခိုလႈံသြားသူ ၂၀,၀၀၀ ဝန္းက်င္ရွိ


ခ်င္းျပည္နယ္တိုက္ပြဲေတြေၾကာင့္ ထြက္ေျပးလာတဲ့ ဒုကၡသည္မ်ား

(Zawgyi/Unicode)

ခ်င္းျပည္နယ္ထဲ လက္တေလာျဖစ္ပြားေနတဲ့ တိုက္ပြဲေတြေၾကာင့္ အိႏၵိယႏိုင္ငံ မီဇိုရမ္ျပည္နယ္ထဲ ထြက္ေျပး တိမ္းေရွာင္သူေတြ ပိုမ်ားလာတဲ့အတြက္ အခုဆို စုစုေပါင္း ၂၀, ၀၀၀ ဝန္းက်င္ရွိသြားၿပီလို႔ မီဇိုရမ္အေျခစိုက္ ခ်င္းလူ႔အခြင့္အေရးအဖြဲ႕တခုက ေျပာပါတယ္။ မင္းတပ္၊ ဖလမ္း၊ တီးတိန္ စတဲ့ၿမိဳ႕ေတြကေန အိႏၵိယႏိုင္ငံဘက္ ထြက္ေျပးသူေတြ မ်ားေနတဲ့အေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို ကိုရဲမြန္ကေျပာျပေပးမွာပါ။

ခ်င္းျပည္နယ္ထဲမွာ စစ္တပ္နဲ႔ ေဒသခံ ျပည္သူ႔ကာကြယ္ေရး တပ္ဖဲြ႔ေတြၾကား လတ္တေလာျဖစ္ေနတဲ့ ပစ္ခတ္ တိုက္ခိုက္မႈေတြေၾကာင့္ ခ်င္းျပည္နယ္နဲ႔ ကပ္ေနတဲ့ အိႏၵိယႏုိင္ငံ မီဇိုရမ္ျပည္နယ္ဖက္ ထြက္ေျပး တိမ္းေရွာင္သြားသူ အေရအတြက္ဟာ ေသာင္းဂဏန္း႐ွိသြားၿပီလို႔ မီဇိုရမ္အေျခစိုက္ ခ်င္းအရပ္ဘက္အဖြဲ႕ေတြက ေျပာပါတယ္။ ျမန္မာႏိုင္ငံမွာ စစ္တပ္အာဏာသိမ္းခဲ့ၿပီးေနာက္ပိုင္း မီဇိုရမ္ျပည္နယ္ဘက္ ထြက္ေျပးၾကသူ ေထာင္ဂဏန္းေလာက္ပဲ ရွိေပမဲ့ ဧၿပီလက စခဲ့တဲ့ ခ်င္းျပည္နယ္တြင္း တိုက္ပြဲေတြေၾကာင့္ ေသာင္းနဲ႔ခ်ီ ထြက္ေျပးေနတာျဖစ္ေၾကာင္း ခ်င္းအရပ္ဘက္အဖြဲ႕အစည္းမ်ား တာဝန္ခံ ဆလိုင္းခင္ေမာင္က ေျပာပါတယ္။

“အစမွာ သိပ္ၿပီးမျဖစ္ခင္မွာ ၂၀၀၀ ဝန္းက်င္ေလာက္ပဲရွိတယ္။ အဲဒီေတာ့ ဒီတိုက္ပြဲ မျဖစ္ခင္မွာ MP ေတြ လႊတ္ေတာ္အမတ္ေတြ ၁၄ ေယာက္ေလာက္ ပါတယ္။ ဆိုေတာ့ ဒီတိုက္ပြဲျဖစ္ၿပီးမွ ႐ြာအလိုက္ အစုလိုက္အၿပဳံလိုက္ထြက္ေျပး ၾကေတာ့ အဲလို လူမ်ားလာတာ ျဖစ္တယ္။ မီဇိုရမ္အစိုးရရဲ႕ data အရေတာ့ ၁၅၄၀၀ ျဖစ္တယ္။ သူတို႔စာရင္းမွာ မထည့္ထားတဲ့ သူေတြအမ်ားႀကီး ရွိႏိုင္တယ္။”

ထြက္ေျပးတိမ္းေရွာင္ သူေတြထဲမွာ လူငယ္ အမ်ားအျပားပါေၾကာင္း မီဇိုရမ္အေျခစိုက္ ခ်င္းလူ႔အခြင့္အေရးအဖြဲ႕ CHRO ရဲ႕ ဒုတိယ ၫႊန္ၾကားေရးမႉး ဆလိုင္းဇာအုပ္လိန္းကလည္း ဗြီအိုေအကို ေျပာပါတယ္။

“သူတို႔အစိုးရဘက္ list ရွိတဲ့ဟာက ၁၅,၀၀၀ ေပါ့ေနာ္။ ၂၀,၀၀၀ ေတာ့အနည္းဆုံးရွိတယ္အခု မီဇိုရမ္ျပည္နယ္ဘက္ ေရာက္ေနသူေတြ။ ဖိႏွိပ္မႈက ပိုႀကီးေလေလ လူေတြက ပိုေၾကာက္လန႔္ေလေလ၊ ထြက္ေျပး တိမ္းေရွာင္ေလေလ ျဖစ္ေနေတာ့။ အခုေနာက္ပိုင္း ေရာက္လာတဲ့သူေတြ မိသားစုအလိုက္ ရွိသလို လူငယ္ေတြ အေတာ္မ်ားတယ္။”

ခ်င္းျပည္နယ္နဲ႔ ကပ္ေနတဲ့ မီဇိုရမ္ျပည္နယ္ဘက္ကို အေစာပိုင္း တိမ္းေရွာင္သူေတြထဲမွာ ခ်င္းျပည္နယ္ထဲက ဖလမ္းၿမိဳ႕၊ တီးတိန္ၿမိဳ႕နဲ႔ စစ္ကိုင္းတိုင္း ကေလးၿမိဳ႕က ရဲတပ္ဖြဲ႕ဝင္ အမ်ားအျပားပါတယ္လို႔ ေဒသေျခစိုက္ သတင္းဌာနတခ်ိဳ႕က ေဖာ္ျပပါတယ္။ ရဲဝန္ထမ္းစုစုေပါင္း ၅၀၀ ေလာက္ရွိလိမ့္မယ္လို႔ ခ်င္းလူ႔အခြင့္အေရးအဖြဲ႕ CHRO ကေျပာပါတယ္။

အိႏၵိယ၊ မဏိပူျပည္နယ္ဘက္လည္း တိမ္းေရွာင္ၾကသူေတြလည္း ႐ွိႏုိင္ေပမဲ့ အဲဒီဘက္က အခ်က္အလက္ေတြကေတာ့ ရႏိုင္ဖို႔ခဲယဥ္းေၾကာင္း ခ်င္းအဖြဲ႕အစည္း တခ်ိဳ႕က ေျပာပါတယ္။ ဒါေပမဲ့ အမ်ားစုကေတာ့ ျမန္မာနဲ႔ အရွည္ကီလိုမီတာ၅၀၀ ေက်ာ္ နယ္နမိတ္ထိစပ္ေနတဲ့ မီဇိုရမ္ျပည္နယ္ထဲပဲ ခိုလႈံၾကတာပါ။

ျမန္မာဘက္က ထြက္ေျပးလာသူေတြကို လက္ခံဖို႔၊ မခံဖို႔နဲ႔ ပတ္သက္ၿပီး အိႏၵိယ ဗဟိုအစိုးရနဲ႔ မီဇိုရမ္ျပည္နယ္အစိုးရၾကား သေဘာထား မတူညီၾကပါဘူး။ ဒါေပမဲ့ မီဇိုရမ္ျပည္နယ္ အစိုးရကေတာ့ ျမန္မာဘက္က ခိုလႈံသူေတြကို ဆက္ၿပီးလက္ခံထားပါတယ္။

“ဗဟိုအစိုးရကေန refugees ( ဒုကၡသည္) ေတြကို လက္မခံထားေအာင္ သူတို႔က ၫႊန္ၾကားထားတယ္။ မီဇိုရမ္ပဲျဖစ္ျဖစ္ မဏိပူပဲျဖစ္ျဖစ္ သူတို႔အစိုးရကေတာ့ သူတို႔အဲဒါမလုပ္ဘူးဆိုၿပီး ျငင္းပယ္ထားတယ္၊ ဝင္လာတဲ့ သူေတြကိုေတာ့ မတားဘူးေပါ့ လက္ခံေပးဖို႔ေပါ့ေနာ္။ ၿပီးေတာ့ အေထာက္ပံ့ေတြလည္း ေပးဖို႔။ အဲဒါ အိႏၵိယ ဗဟိုအစိုးရအေနနဲ႔က အခုအခ်ိန္အထိေတာ့ ၫႊန္ၾကားခ်က္ကေတာ့ သူတို႔႐ုတ္သိမ္းတာ မရွိေသးဘူး။”

ခ်င္းလူ႔အခြင့္ေရးအဖြဲ႕ CHRO က ဆလိုင္းဇာအုပ္လ်ဲန္း ေျပာသြားတာ ျဖစ္ပါတယ္။ စစ္အာဏာသိမ္းထားတဲ့ ျမန္မာႏိုင္ငံမွာ အၾကမ္းဖက္ ႏွိမ္နင္းမႈေတြေၾကာင့္ေဘးလြတ္ရာ ထြက္ေျပးလာတဲ့ ျမန္မာျပည္သူေတြဟာ မီဇိုရမ္ျပည္နယ္မွာ ခိုလႈံခြင့္ရသင့္ေၾကာင္း ျပည္နယ္ဝန္ႀကီးခ်ဳပ္ Zoramthamga က ဗဟိုအစိုးရကို စာေပးပို႔ၿပီး ေတာင္းဆိုခဲ့တာပါ။ အိႏၵိယ မီဇိုရမ္ျပည္နယ္ထဲ ေရာက္လာတဲ့ ျမန္မာႏိုင္ငံသားေတြကို အဲဒီမွာရွိတဲ့ လူမႈေရး အသင္းအဖြဲ႕ေတြက အဓိကကူညီေနၿပီး စားဝတ္ေနေရးနဲ႔ ကိုဗစ္ေရာဂါ ကာကြယ္ေရးအတြက္လည္း လုပ္ေဆာင္ေပးေနၾကပါတယ္။

ခ်င္းျပည္နယ္ မင္းတပ္မွာ ျဖစ္ခဲ့တဲ့ တိုက္ပြဲေတြေၾကာင့္ မင္းတပ္ၿမိဳ႕ခံ ၉၀% ေလာက္ ေဘးလြတ္ရာ ထြက္ေျပးေနၾကရပါတယ္။ တခ်ဳိ႕က ေတာ ေတာင္ေတြေပၚမွာ ပုန္းေ႐ွာင္ေနၾကသလို၊ တခ်ဳိ႕ အနားကၿမိဳ႕ေတြ၊ ခရစ္ယာန္ဘုရားေက်ာင္းေတြက ျပင္ဆင္ထားတ့ဲ ယာယီ ဒုကၡသည္စခန္းေတြမွာ ခိုလႈံေနၾကပါတယ္။ မင္းတပ္ၿမိဳ႕နယ္ထဲက ယာယီစခန္းေတြမွာ လာေရာက္ခိုလႈံသူ ၇ ေထာင္ေက်ာ္၊ ဆမီးၿမိဳ႕နယ္က ယာယီစခန္းကို ေရာက္လာသူ ၃ ေထာင္ေက်ာ္ ႐ွိတယ္လို႔ စခန္းတခု တာဝန္ခံက ေျပာပါတယ္။

“ မင္းတပ္ၿမိဳ႕ထဲမွာေတာ့ အနည္းဆုံးပဲ က်န္မယ္လို႔ ထင္ပါတယ္။ သက္ႀကီး႐ြယ္အိုေတြ က်န္မယ္၊ စုစုေပါင္း လူဦးေရရဲ႕ ၁၀ ရာခိုင္ႏႈန္းေလာက္ပဲ က်န္မယ္လို႔ ထင္ပါတယ္။ အိႏၵိယကို သြားမယ့္ဟာေတြက်ေတာ့ ေျမာက္ပိုင္းဘက္က ျပည္သူေတြက ပိုမ်ားမယ္ေပါ့ေလ။”

မင္းတပ္ၿမိဳ႕က ေနရပ္စြန္ထြက္ေပးခဲ့တဲ့ ျပည္တြင္း ဒုကၡသည္တခ်ဳိ႕ကေတာ့ နီးစပ္ရာ ေဆြမ်ိဳးသားခ်င္း အိမ္ေတြမွာ ခိုလႈံေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္


................

အိန္ဒိယ မီဇိုရမ်ပြည်နယ်ထဲ ခိုလှုံသွားသူ ၂၀,၀၀၀ ဝန်းကျင်ရှိ

(Unicode)

ချင်းပြည်နယ်ထဲ လက်တလောဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲ ထွက်ပြေး တိမ်းရှောင်သူတွေ ပိုများလာတဲ့အတွက် အခုဆို စုစုပေါင်း ၂၀, ၀၀၀ ဝန်းကျင်ရှိသွားပြီလို့ မီဇိုရမ်အခြေစိုက် ချင်းလူ့အခွင့်အရေးအဖွဲ့တခုက ပြောပါတယ်။ မင်းတပ်၊ ဖလမ်း၊ တီးတိန် စတဲ့မြို့တွေကနေ အိန္ဒိယနိုင်ငံဘက် ထွက်ပြေးသူတွေ များနေတဲ့အကြောင်း ရန်ကုန်ကလာတဲ့သတင်းကို ကိုရဲမွန်ကပြောပြပေးမှာပါ။

ချင်းပြည်နယ်ထဲမှာ စစ်တပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကြား လတ်တလောဖြစ်နေတဲ့ ပစ်ခတ် တိုက်ခိုက်မှုတွေကြောင့် ချင်းပြည်နယ်နဲ့ ကပ်နေတဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဖက် ထွက်ပြေး တိမ်းရှောင်သွားသူ အရေအတွက်ဟာ သောင်းဂဏန်းရှိသွားပြီလို့ မီဇိုရမ်အခြေစိုက် ချင်းအရပ်ဘက်အဖွဲ့တွေက ပြောပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း မီဇိုရမ်ပြည်နယ်ဘက် ထွက်ပြေးကြသူ ထောင်ဂဏန်းလောက်ပဲ ရှိပေမဲ့ ဧပြီလက စခဲ့တဲ့ ချင်းပြည်နယ်တွင်း တိုက်ပွဲတွေကြောင့် သောင်းနဲ့ချီ ထွက်ပြေးနေတာဖြစ်ကြောင်း ချင်းအရပ်ဘက်အဖွဲ့အစည်းများ တာဝန်ခံ ဆလိုင်းခင်မောင်က ပြောပါတယ်။

“အစမှာ သိပ်ပြီးမဖြစ်ခင်မှာ ၂၀၀၀ ဝန်းကျင်လောက်ပဲရှိတယ်။ အဲဒီတော့ ဒီတိုက်ပွဲ မဖြစ်ခင်မှာ MP တွေ လွှတ်တော်အမတ်တွေ ၁၄ ယောက်လောက် ပါတယ်။ ဆိုတော့ ဒီတိုက်ပွဲဖြစ်ပြီးမှ ရွာအလိုက် အစုလိုက်အပြုံလိုက်ထွက်ပြေး ကြတော့ အဲလို လူများလာတာ ဖြစ်တယ်။ မီဇိုရမ်အစိုးရရဲ့ data အရတော့ ၁၅၄၀၀ ဖြစ်တယ်။ သူတို့စာရင်းမှာ မထည့်ထားတဲ့ သူတွေအများကြီး ရှိနိုင်တယ်။”

ထွက်ပြေးတိမ်းရှောင် သူတွေထဲမှာ လူငယ် အများအပြားပါကြောင်း မီဇိုရမ်အခြေစိုက် ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO ရဲ့ ဒုတိယ ညွှန်ကြားရေးမှူး ဆလိုင်းဇာအုပ်လိန်းကလည်း ဗွီအိုအေကို ပြောပါတယ်။

“သူတို့အစိုးရဘက် list ရှိတဲ့ဟာက ၁၅,၀၀၀ ပေါ့နော်။ ၂၀,၀၀၀ တော့အနည်းဆုံးရှိတယ်အခု မီဇိုရမ်ပြည်နယ်ဘက် ရောက်နေသူတွေ။ ဖိနှိပ်မှုက ပိုကြီးလေလေ လူတွေက ပိုကြောက်လန့်လေလေ၊ ထွက်ပြေး တိမ်းရှောင်လေလေ ဖြစ်နေတော့။ အခုနောက်ပိုင်း ရောက်လာတဲ့သူတွေ မိသားစုအလိုက် ရှိသလို လူငယ်တွေ အတော်များတယ်။”

ချင်းပြည်နယ်နဲ့ ကပ်နေတဲ့ မီဇိုရမ်ပြည်နယ်ဘက်ကို အစောပိုင်း တိမ်းရှောင်သူတွေထဲမှာ ချင်းပြည်နယ်ထဲက ဖလမ်းမြို့၊ တီးတိန်မြို့နဲ့ စစ်ကိုင်းတိုင်း ကလေးမြို့က ရဲတပ်ဖွဲ့ဝင် အများအပြားပါတယ်လို့ ဒေသခြေစိုက် သတင်းဌာနတချို့က ဖော်ပြပါတယ်။ ရဲဝန်ထမ်းစုစုပေါင်း ၅၀၀ လောက်ရှိလိမ့်မယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO ကပြောပါတယ်။

အိန္ဒိယ၊ မဏိပူပြည်နယ်ဘက်လည်း တိမ်းရှောင်ကြသူတွေလည်း ရှိနိုင်ပေမဲ့ အဲဒီဘက်က အချက်အလက်တွေကတော့ ရနိုင်ဖို့ခဲယဉ်းကြောင်း ချင်းအဖွဲ့အစည်း တချို့က ပြောပါတယ်။ ဒါပေမဲ့ အများစုကတော့ မြန်မာနဲ့ အရှည်ကီလိုမီတာ၅၀၀ ကျော် နယ်နမိတ်ထိစပ်နေတဲ့ မီဇိုရမ်ပြည်နယ်ထဲပဲ ခိုလှုံကြတာပါ။

မြန်မာဘက်က ထွက်ပြေးလာသူတွေကို လက်ခံဖို့၊ မခံဖို့နဲ့ ပတ်သက်ပြီး အိန္ဒိယ ဗဟိုအစိုးရနဲ့ မီဇိုရမ်ပြည်နယ်အစိုးရကြား သဘောထား မတူညီကြပါဘူး။ ဒါပေမဲ့ မီဇိုရမ်ပြည်နယ် အစိုးရကတော့ မြန်မာဘက်က ခိုလှုံသူတွေကို ဆက်ပြီးလက်ခံထားပါတယ်။

“ဗဟိုအစိုးရကနေ refugees ( ဒုက္ခသည်) တွေကို လက်မခံထားအောင် သူတို့က ညွှန်ကြားထားတယ်။ မီဇိုရမ်ပဲဖြစ်ဖြစ် မဏိပူပဲဖြစ်ဖြစ် သူတို့အစိုးရကတော့ သူတို့အဲဒါမလုပ်ဘူးဆိုပြီး ငြင်းပယ်ထားတယ်၊ ဝင်လာတဲ့ သူတွေကိုတော့ မတားဘူးပေါ့ လက်ခံပေးဖို့ပေါ့နော်။ ပြီးတော့ အထောက်ပံ့တွေလည်း ပေးဖို့။ အဲဒါ အိန္ဒိယ ဗဟိုအစိုးရအနေနဲ့က အခုအချိန်အထိတော့ ညွှန်ကြားချက်ကတော့ သူတို့ရုတ်သိမ်းတာ မရှိသေးဘူး။”

ချင်းလူ့အခွင့်ရေးအဖွဲ့ CHRO က ဆလိုင်းဇာအုပ်လျဲန်း ပြောသွားတာ ဖြစ်ပါတယ်။ စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ အကြမ်းဖက် နှိမ်နင်းမှုတွေကြောင့်ဘေးလွတ်ရာ ထွက်ပြေးလာတဲ့ မြန်မာပြည်သူတွေဟာ မီဇိုရမ်ပြည်နယ်မှာ ခိုလှုံခွင့်ရသင့်ကြောင်း ပြည်နယ်ဝန်ကြီးချုပ် Zoramthamga က ဗဟိုအစိုးရကို စာပေးပို့ပြီး တောင်းဆိုခဲ့တာပါ။ အိန္ဒိယ မီဇိုရမ်ပြည်နယ်ထဲ ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကို အဲဒီမှာရှိတဲ့ လူမှုရေး အသင်းအဖွဲ့တွေက အဓိကကူညီနေပြီး စားဝတ်နေရေးနဲ့ ကိုဗစ်ရောဂါ ကာကွယ်ရေးအတွက်လည်း လုပ်ဆောင်ပေးနေကြပါတယ်။

ချင်းပြည်နယ် မင်းတပ်မှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် မင်းတပ်မြို့ခံ ၉၀% လောက် ဘေးလွတ်ရာ ထွက်ပြေးနေကြရပါတယ်။ တချို့က တော တောင်တွေပေါ်မှာ ပုန်းရှောင်နေကြသလို၊ တချို့ အနားကမြို့တွေ၊ ခရစ်ယာန်ဘုရားကျောင်းတွေက ပြင်ဆင်ထားတဲ့ ယာယီ ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြပါတယ်။ မင်းတပ်မြို့နယ်ထဲက ယာယီစခန်းတွေမှာ လာရောက်ခိုလှုံသူ ၇ ထောင်ကျော်၊ ဆမီးမြို့နယ်က ယာယီစခန်းကို ရောက်လာသူ ၃ ထောင်ကျော် ရှိတယ်လို့ စခန်းတခု တာဝန်ခံက ပြောပါတယ်။

“ မင်းတပ်မြို့ထဲမှာတော့ အနည်းဆုံးပဲ ကျန်မယ်လို့ ထင်ပါတယ်။ သက်ကြီးရွယ်အိုတွေ ကျန်မယ်၊ စုစုပေါင်း လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းလောက်ပဲ ကျန်မယ်လို့ ထင်ပါတယ်။ အိန္ဒိယကို သွားမယ့်ဟာတွေကျတော့ မြောက်ပိုင်းဘက်က ပြည်သူတွေက ပိုများမယ်ပေါ့လေ။”

မင်းတပ်မြို့က နေရပ်စွန်ထွက်ပေးခဲ့တဲ့ ပြည်တွင်း ဒုက္ခသည်တချို့ကတော့ နီးစပ်ရာ ဆွေမျိုးသားချင်း အိမ်တွေမှာ ခိုလှုံနေကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG