သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာစစ္တပ္လက္နက္ႀကီးေၾကာင့္ မိုးေမာက္ၿမိဳ႕နယ္တြင္းကေလးငယ္တဦးေသဆံုး


KIA Kachin Soldiers

{{Zawgyi/Unicode}}

စစ္တပ္နဲ႔ ကခ်င္လက္နက္ကိုင္ KIA တပ္ေတြ တိုက္ပဲြေတြ႐ွိေနတဲ့ ကခ်င္ျပည္နယ္ မုိးေမာက္ၿမိဳ႔နယ္ ကုန္းေလာေက်းရြာဘက္မွာ ဒီေန႔ ေမလ ၂၄ ရက္ မနက္အေစာပိုင္းက စတင္ၿပီး စစ္တပ္ဖက္က လက္နက္ႀကီးနဲ႔ ပစ္ခတ္တိုက္ခိုက္တာေတြ ျပန္လုပ္လာခဲ့ပါတယ္။ ေန႔ခင္းပိုင္းမွာတိုက္ခိုက္မႈေတြ ၿငိမ္သက္သြားေပမဲ့ လက္နက္ႀကီးက်ည္စ ထိမွန္တာေၾကာင့္ မုိးေမာက္ၿမိဳ႔က အသက္ ၁၂ ႏွစ္အရြယ္ကေလးတစ္ဦး ေသဆံုးခဲ့ပါတယ္။ ရန္ကုန္ကလာတဲ့ သတင္းအျပည့္အစံုကို ကိုၿငိမ္းခ်မ္း က ေျပာျပေပးပါမယ္။

ကခ်င္ျပည္နယ္ မိုးေမာက္ၿမိဳ႔နယ္ ကုန္းေလာရြာဖက္ကို စစ္ေကာင္စီတပ္ေတြဘက္က ဒီေန႔ မနက္ပိုင္းက လက္နက္ၾကီးနဲ႔ ခပ္စိပ္စိပ္ ပစ္ခတ္မႈေတြ ျပန္လုပ္လာပါတယ္။ စစ္တပ္နဲ႔ ကခ်င္လက္နက္ကိုင္ KIA တပ္ေတြၾကား တိုက္ပဲြေတြ႐ွိတဲ့ ဒီေနရာမွာ လက္နက္ငယ္သံေတြကိုလည္း ၾကားရတယ္လို႔ ေဒသခံတစ္ဦးက VOA ကို အခုလို ေျပာပါတယ္။

“ အခုဒီကုန္းေလာရြာေနာက္ဘက္မွာ စမာေခ်ာင္းေလ၊ စမာေခ်ာင္း ဟိုဘက္ကမ္းမွာ KIA ၂၅ တပ္ရင္းေပါ့။ အဲမွာ ခ်ေနၾကၿပီ။ အၾကီးအက်ယ္ခ်ေနတာ။ ဒီေန႔ မနက္ အေစာၾကီးက အေျမွာက္ၾကီးေတြနဲ႔ အရင္ပစ္ေပးၿပီးမွ ၁၀နာရီေလာက္ေနေတာ ့ေသနတ္အေသးေတြ ၾကားရၿပီ။ ေအး ဗန္းေမာ္၊ မုိးေမာက္ကေန အေျမွာက္ၾကီးေတြနဲ႔ ပစ္ေပးေနတာ။ ေလယာဥ္ေတာ့ မလာေသးဘူး။ ဟိုမွာ နားလိုက္ပစ္လိုက္၊ နားလိုက္ပစ္လိုက္နဲ႔ အၾကီးအက်ယ္ ခ်ေနၿပီ။”

ေလာေလာဆယ္အထိေတာ့ ထိခိုက္ပ်က္စီးမႈအေျခအေနကို မသိရေသးပါဘူး။ တနဂၤေႏြေန႔ကေတာ့ တုိက္ပဲြေတြ အတန္ငယ္ၿငိမ္သက္ခဲ့တာေၾကာင့္ ေျမပဲႏုတ္ဖို႔ ျပန္ေရာက္ေနတဲ့ေဒသခံရြာသားေတြကို မိမိပိုင္ပစၥည္းေတြယူေဆာင္ၿပီး ထြက္ခြာၾကဖို႔ တပ္မေတာ္ဘက္က သတိေပးခဲ့တယ္လို႔လည္း ေျပာပါတယ္။

ဒီေန႔ ျပန္လည္ပစ္ခတ္မႈေတြေၾကာင့္ ၆တန္းေက်ာင္းသား ကေလးငယ္တစ္ေယာက္ လက္နက္ႀကီး က်ည္ထိမွန္ ေသဆံုးခဲ့တယ္လုိ႔ ကူညီကယ္ဆယ္ေရး ေဆာင္ရြက္ေနတဲ့ မိုးေမာက္ၿမိဳ႔ခံတစ္ဦးကေျပာပါတယ္။

“ဒီေန႔ မနက္လည္း လက္နက္ၾကီးေတြ ထုေနတာပဲ။ ၿပီးခဲ့တဲ့ ၂နာရီေလာက္ကပဲ မုိးေမာက္က ဒီ ၄၃၇ ကေန ပစ္လုိက္တဲ့ အေျမွာက္လက္နက္ၾကီးတစ္လံုးက ဒီမိုးေမာက္ ေဘာလံုးကြင္းနားေလးက ၾကက္ၿခံနားေလးမွာ က်သြားေတာ့ အဲဒီမွာ ၾကက္ၿခံလုပ္ေနတဲ့ ေကာင္ေလးက အသက္ ၁၂ နွစ္အရြယ္ ဆံုးသြားတယ္လို႔ ေျပာတယ္။ ၆တန္းေက်ာင္းသားတဲ့။”

မိုးေမာက္ၿမိဳ႔နယ္ထဲမွာ႐ွိတဲ့ ၿမိဳ႔သစ္၊ ကုန္းေလာ၊ စီဟတ္ေက်းရြာေတြဘက္မွာ ၂၀ ရက္နဲ႔ ၂၁ ရက္ေန႔ေတြတုန္းက စစ္တပ္နဲ႔ KIA အၾကား တိုက္ပဲြျဖစ္ပြားစဥ္ လက္နက္ၾကီးပစ္ခတ္တာေၾကာင့္ ရြာသား ၂ေယာက္ ဒဏ္ရာရခဲ့သလို ေနအိမ္ ၁၀ လံုးထက္ မနည္းလည္း ထိခိုက္ပ်က္ဆီးခဲ့တာပါ။

၂၂ ရက္ စေနနဲ႔ ၂၃ ရက္ တနဂၤေႏြေန႔ေတြတုန္းကေတာ့ စစ္တပ္ဖက္က အင္အားျဖည့္တင္းမႈေတြလုပ္ခဲ့ပါတယ္။ KIA ကလည္း စစ္ယာဥ္တန္းေတြကို ေဒါ့ဖုန္းယန္ၿမိဳ႔အနီးမွ ၾကားျဖတ္တိုက္ခိုက္တာေတြ ရိွခဲ့ေပမဲ့ တုိက္ပဲြၾကီးၾကီးမားမား မရိွခဲ့ပါဘူး။ ဒီေန႔မွာေတာ့ စစ္တပ္ဖက္က ကုန္းေလာေက်း႐ြာဖက္ကို လက္နက္ႀကီးေတြသံုး ပစ္ခတ္တိုက္ခိုက္ေနတာျဖစ္ပါတယ္။

မိုးေမာက္ၿမိဳ႔နယ္အတြင္းမွာ စစ္ေကာင္စီရဲ႕ အေလာ့ဘြမ္တပ္စခန္းကို KIA ကမတ္လ၂၅ရက္ေန႔က သိမ္းယူလုိက္ၿပီးတဲ့ေနာက္ တိုက္ပဲြေတြ ျဖစ္လာခဲ့တာဟာ အခုဆို ၂ လနီးပါးရိွေနၿပီ ျဖစ္ပါတယ္။

ဧၿပီလအတြင္းမွာ ေလေၾကာင္းက တိုက္ခိုက္တဲ့အထိ တိုက္ပဲြေတြ ျပင္းထန္ခဲ့တဲ့ေနာက္ ၿမိဳ႔သစ္၊ ကုန္းေလာ၊ စီဟတ္ စတဲ့ေက်းရြာေတြက ေဒသခံေတြက မိုင္းေနာင္ရြာ၊ မုိးေမာက္ၿမိဳ႔နဲ႔ ဗန္းေမာ္ၿမိဳ႔ေတြကို တိမ္းေရွာင္ေနရၿပီး အခုဆို ကခ်င္နဲ႔ ရွမ္းစစ္ေျပးဒုကၡသည္စုစုေပါင္း ၇ ေထာင္ေလာက္ရိွမယ္လို႔ ခန္႔မွန္းထားပါတယ္။

....................................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

စစ်တပ်နဲ့ ကချင်လက်နက်ကိုင် KIA တပ်တွေ တိုက်ပွဲတွေရှိနေတဲ့ ကချင်ပြည်နယ် မိုးမောက်မြို့နယ် ကုန်းလောကျေးရွာဘက်မှာ ဒီနေ့ မေလ ၂၄ ရက် မနက်အစောပိုင်းက စတင်ပြီး စစ်တပ်ဖက်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ ပြန်လုပ်လာခဲ့ပါတယ်။ နေ့ခင်းပိုင်းမှာတိုက်ခိုက်မှုတွေ ငြိမ်သက်သွားပေမဲ့ လက်နက်ကြီးကျည်စ ထိမှန်တာကြောင့် မိုးမောက်မြို့က အသက် ၁၂ နှစ်အရွယ်ကလေးတစ်ဦး သေဆုံးခဲ့ပါတယ်။ ရန်ကုန်ကလာတဲ့ သတင်းအပြည့်အစုံကို ကိုငြိမ်းချမ်း က ပြောပြပေးပါမယ်။

ကချင်ပြည်နယ် မိုးမောက်မြို့နယ် ကုန်းလောရွာဖက်ကို စစ်ကောင်စီတပ်တွေဘက်က ဒီနေ့ မနက်ပိုင်းက လက်နက်ကြီးနဲ့ ခပ်စိပ်စိပ် ပစ်ခတ်မှုတွေ ပြန်လုပ်လာပါတယ်။ စစ်တပ်နဲ့ ကချင်လက်နက်ကိုင် KIA တပ်တွေကြား တိုက်ပွဲတွေရှိတဲ့ ဒီနေရာမှာ လက်နက်ငယ်သံတွေကိုလည်း ကြားရတယ်လို့ ဒေသခံတစ်ဦးက VOA ကို အခုလို ပြောပါတယ်။

“ အခုဒီကုန်းလောရွာနောက်ဘက်မှာ စမာချောင်းလေ၊ စမာချောင်း ဟိုဘက်ကမ်းမှာ KIA ၂၅ တပ်ရင်းပေါ့။ အဲမှာ ချနေကြပြီ။ အကြီးအကျယ်ချနေတာ။ ဒီနေ့ မနက် အစောကြီးက အမြှောက်ကြီးတွေနဲ့ အရင်ပစ်ပေးပြီးမှ ၁၀နာရီလောက်နေတော့သေနတ်အသေးတွေ ကြားရပြီ။ အေး ဗန်းမော်၊ မိုးမောက်ကနေ အမြှောက်ကြီးတွေနဲ့ ပစ်ပေးနေတာ။ လေယာဉ်တော့ မလာသေးဘူး။ ဟိုမှာ နားလိုက်ပစ်လိုက်၊ နားလိုက်ပစ်လိုက်နဲ့ အကြီးအကျယ် ချနေပြီ။”

လောလောဆယ်အထိတော့ ထိခိုက်ပျက်စီးမှုအခြေအနေကို မသိရသေးပါဘူး။ တနင်္ဂနွေနေ့ကတော့ တိုက်ပွဲတွေ အတန်ငယ်ငြိမ်သက်ခဲ့တာကြောင့် မြေပဲနုတ်ဖို့ ပြန်ရောက်နေတဲ့ဒေသခံရွာသားတွေကို မိမိပိုင်ပစ္စည်းတွေယူဆောင်ပြီး ထွက်ခွာကြဖို့ တပ်မတော်ဘက်က သတိပေးခဲ့တယ်လို့လည်း ပြောပါတယ်။

ဒီနေ့ ပြန်လည်ပစ်ခတ်မှုတွေကြောင့် ၆တန်းကျောင်းသား ကလေးငယ်တစ်ယောက် လက်နက်ကြီး ကျည်ထိမှန် သေဆုံးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေတဲ့ မိုးမောက်မြို့ခံတစ်ဦးကပြောပါတယ်။

“ဒီနေ့ မနက်လည်း လက်နက်ကြီးတွေ ထုနေတာပဲ။ ပြီးခဲ့တဲ့ ၂နာရီလောက်ကပဲ မိုးမောက်က ဒီ ၄၃၇ ကနေ ပစ်လိုက်တဲ့ အမြှောက်လက်နက်ကြီးတစ်လုံးက ဒီမိုးမောက် ဘောလုံးကွင်းနားလေးက ကြက်ခြံနားလေးမှာ ကျသွားတော့ အဲဒီမှာ ကြက်ခြံလုပ်နေတဲ့ ကောင်လေးက အသက် ၁၂ နှစ်အရွယ် ဆုံးသွားတယ်လို့ ပြောတယ်။ ၆တန်းကျောင်းသားတဲ့။”

မိုးမောက်မြို့နယ်ထဲမှာရှိတဲ့ မြို့သစ်၊ ကုန်းလော၊ စီဟတ်ကျေးရွာတွေဘက်မှာ ၂၀ ရက်နဲ့ ၂၁ ရက်နေ့တွေတုန်းက စစ်တပ်နဲ့ KIA အကြား တိုက်ပွဲဖြစ်ပွားစဉ် လက်နက်ကြီးပစ်ခတ်တာကြောင့် ရွာသား ၂ယောက် ဒဏ်ရာရခဲ့သလို နေအိမ် ၁၀ လုံးထက် မနည်းလည်း ထိခိုက်ပျက်ဆီးခဲ့တာပါ။

၂၂ ရက် စနေနဲ့ ၂၃ ရက် တနင်္ဂနွေနေ့တွေတုန်းကတော့ စစ်တပ်ဖက်က အင်အားဖြည့်တင်းမှုတွေလုပ်ခဲ့ပါတယ်။ KIA ကလည်း စစ်ယာဉ်တန်းတွေကို ဒေါ့ဖုန်းယန်မြို့အနီးမှ ကြားဖြတ်တိုက်ခိုက်တာတွေ ရှိခဲ့ပေမဲ့ တိုက်ပွဲကြီးကြီးမားမား မရှိခဲ့ပါဘူး။ ဒီနေ့မှာတော့ စစ်တပ်ဖက်က ကုန်းလောကျေးရွာဖက်ကို လက်နက်ကြီးတွေသုံး ပစ်ခတ်တိုက်ခိုက်နေတာဖြစ်ပါတယ်။

မိုးမောက်မြို့နယ်အတွင်းမှာ စစ်ကောင်စီရဲ့ အလော့ဘွမ်တပ်စခန်းကို KIA ကမတ်လ၂၅ရက်နေ့က သိမ်းယူလိုက်ပြီးတဲ့နောက် တိုက်ပွဲတွေ ဖြစ်လာခဲ့တာဟာ အခုဆို ၂ လနီးပါးရှိနေပြီ ဖြစ်ပါတယ်။

ဧပြီလအတွင်းမှာ လေကြောင်းက တိုက်ခိုက်တဲ့အထိ တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့နောက် မြို့သစ်၊ ကုန်းလော၊ စီဟတ် စတဲ့ကျေးရွာတွေက ဒေသခံတွေက မိုင်းနောင်ရွာ၊ မိုးမောက်မြို့နဲ့ ဗန်းမော်မြို့တွေကို တိမ်းရှောင်နေရပြီး အခုဆို ကချင်နဲ့ ရှမ်းစစ်ပြေးဒုက္ခသည်စုစုပေါင်း ၇ ထောင်လောက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

XS
SM
MD
LG