သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အၾကမ္းဖက္ႏွိမ္နင္းမႈေၾကာင္႔ ျပည္တြင္းစစ္ကို ဦးတည္ႏိုင္ (Christine Schraner Burgener)


အာဏာသိမ္းဆန္ ့က်င္ေရး သမားတဦး KNU နယ္ေျမတြင္ စစ္သင္တန္းတက္ေနစဥ္ (ဓာတ္ပံု-AFP)

(Zawgyi/Unicode)
ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းၿပီး အင္အားသံုး အၾကမ္းဖက္ဖိႏွိပ္မႈေတြရဲ႕ အက်ဳိးဆက္အေနနဲ႔ ျပည္တြင္းစစ္ျဖစ္ႏိုင္မယ့္ အေျခအေနကို ဦးတည္ေနေၾကာင္း ကုလအထူးကိုယ္စားလွယ္ Chrisrine Schraner Burgener က တနလၤာေန႔က သတိေပးေျပာၾကားလိုက္ပါတယ္။

ဒါအျပင္ ျမန္မာႏိုင္ငံကို လာဖို႔ အခ်ိန္မတန္ေသးဘူးလို႔ ျမန္မာစစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္က သူနဲ႔ လူခ်င္းေတြ႕ဆံုရာမွာ ေျပာဆိုခဲ့တယ္လို႔လည္း Burgener က နယူးေရာက္ ကုလသမဂၢဌာနခ်ဳပ္မွာ လုပ္တဲ့ သတင္းစာရွင္းလင္းပဲြမွာ ဗြီဒီယိုကြန္ဖရင့္ကေန ေျပာခဲ့ပါတယ္။ မအင္ၾကင္းႏိုင္က အေၾကာင္းစံုကို ေျပာျပမွာပါ။

-----------------------------------------------------------------

ထိုင္းႏိုင္ငံ ဘန္ေကာက္မွာ ေရာက္ရွိေနတဲ့ ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ Chrisrine Schraner Burgener ရဲ႕ ဗြီဒီယိုကြန္ဖရင့္နဲ႔ သတင္းစာရွင္းလင္းပဲြကို မေန႔က နယူးေယာ့ခ္ျမိဳ ့ ကုလသမဂၢဌာနခ်ဳပ္မွာ ျပဳလုပ္ခဲ့တာပါ။ သူ႔ရဲ႕ ႏွစ္လ နီးပါး ေဒသတြင္းေရာက္ရွိေနတဲ့ အေျခအေနနဲ႔ ပတ္သက္လို႔ သတင္းေထာက္ေတြကို ေျပာျပခဲ့ပါတယ္။ ျမန္မာႏိုင္ငံရဲ႕ အေျခအေနမွာဆိုရင္ ဆႏၵျပသူေတြဟာ အရင္က လမ္းေပၚထြက္ ဆႏၵထုတ္ေဖၚေနရာကေန အင္အားသံုးၿဖိဳခဲြမႈေတြေၾကာင့္ အခုဆိုရင္ ကိုယ့္ကိုကိုယ္ ခုခံကာကြယ္တဲ့အေနနဲ႔ စစ္တပ္ကို လက္နက္နဲ႔ ျပန္ၿပီးတုန္႔ျပန္တဲ့ အဆင့္ကို ေရာက္ရွိေနၿပီး ဒါဟာ ျပည္တြင္းစစ္ျဖစ္ႏိုင္တဲ့ အေျခအေနကို ဦးတည္ေနေၾကာင္း သတင္းေထာက္ေတြကို Chrisrine Schraner Burgener ကေျပာၾကားခဲ့ပါတယ္။

“က်မတို႔ မျဖစ္မေန နားလည္ရမွာက ျမန္မာျပည္သူေတြဟာ တကယ္ကို စိတ္ပင္ပန္းေနၾကၿပီး တိုက္ခိုက္ခံရမွာကိုလည္း ေၾကာက္ေနၾကတာပါ။ သူတို႔အေနနဲ႔ ကိုယ့္ကိုကိုယ္ ခုခံကာကြယ္ဖို႔ လိုအပ္ေနတယ္ဆိုတာ က်မကို ေျပာျပၾကတယ္။ တကယ္လို႔ အဲဒီလိုသာျဖစ္မယ္ဆိုရင္ ျပည္တြင္းစစ္ျဖစ္ႏိုင္ဖို႔ ဦးတည္ေနတယ္ဆိုတယ္ ေျပာရမွာပါ။ ဒါဟာ ျပည္တြင္းစစ္ျဖစ္ဖို႔ အေၾကာင္းရင္းပါ။ က်မအေနနဲ႔ေတာ့ ေတြ႕ဆံုေဆြးေႏြးေရးလမ္းေၾကာင္းကိုပဲ ေထာက္ခံခ်င္ပါတယ္။”

ဒီလို ေတြ႕ဆံုေဆြးေႏြးေရးလမ္းေၾကာင္းကို သြားဖို႔ ဆိုတာ လြယ္ကူမွာမဟုတ္ေပမယ့္ ျမန္မာႏိုင္ငံရဲ႕ ျပႆနာကို ေျဖရွင္းဖို႔ အားလံုးပါ၀င္တဲ့ ၫွဳိႏႈိင္းေဆြးေႏြးမႈဟာ မရွိမျဖစ္လိုအပ္တယ္လို႔ Burgener ကေျပာပါတယ္။ ဒါအျပင္ ထိုင္းနဲ႔ အျခား ျမန္မာႏိုင္ငံနယ္စပ္ေတြမွာရွိေနတဲ့ တိုင္းရင္းသားလက္နက္ကိုင္အဖဲြ႕ေတြဆီမွာ ၿမိဳ႕အသီးသီးမွာ ဆႏၵျပခဲ့ၾကတဲ့ လူငယ္ေတြဟာ စစ္သင္တန္းေတြတက္ေရာက္ေနတာေတြ႕ရတယ္လို႔လည္း သူက ေျပာပါတယ္။ ျပည္သူ႔ကာကြယ္ေရးတပ္ PDF ေတြကို ေဒသခံျပည္သူေတြကိုယ့္ဘာသာကိုယ္ဖဲြ႕စည္းလာၾကသလို၊ NUG အမ်ဳိးသားညီၫြတ္ေရးအစိုးရဘက္ကလည္း လက္နက္ကိုင္တပ္အေနနဲ႔ ဖဲြ႕စည္းထားတယ္လု႔ိလည္း သူကေျပာပါတယ္။ ျမန္မာႏိုင္ငံ အႏွံ႕ေပါက္ကဲြမႈေတြ ေန႔စဥ္ၾကားေနရသလို ျပည္သူေတြဟာ အိမ္တြင္းလုပ္လက္နက္ေတြနဲ႔ လံုျခံဳေရးတပ္ေတြကို ျပန္ၿပီး ခုခံတိုက္ခိုက္ေနတယ္လို႔လည္း Burgener ကဆိုပါတယ္။

ၿပီးခဲ့တဲ့လက အင္ဒိုနီးရွားႏိုင္ငံမွာ ျပဳလုပ္ခဲ့တဲ့ ျမန္မာ့အေရး အာဆီယံအထူးအစည္းအေ၀းကို တက္ေရာက္လာတဲ့ ျမန္မာ အာဏာသိမ္းေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္နဲ႔ တနာရီၾကာ ေတြ႕ဆံုခဲ့ေပမယ့္ ေဆြးေႏြးပဲြနဲ႔ ပတ္သက္လို႔ အမ်ားသိေအာင္ ေျပာမျပဖို႔ ျမန္မာစစ္ေခါင္းေဆာင္က ေမတၱာရပ္ခံထားတဲ့အတြက္ ဘာေတြေဆြးေႏြးခဲ့သလဲဆိုတာ သူ႔အေနနဲ႔ ေျပာျပလို႔ မရဘူးလို႔ Burgener ကေျပာပါတယ္။ ျမန္မာႏိုင္ငံကို သူကိုယ္တိုင္ သြားေရာက္ေရးကိစၥမွာေတာ့ အခ်ိန္မတန္ေသးဘူးလို႔ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္က တုန္႔ျပန္ေျပာဆိုခဲ့တယ္လို႔ ဆိုပါတယ္။

အာဆီယံအထူးအစည္းအေ၀းက ခ်မွတ္ထားတဲ့ ျမန္မာ့အေရး မူ ငါးခ်က္ဟာ အားလံုးသေဘာတူညီခ်က္ဆိုေပမယ့္ တကယ္တမ္းမွာ ျမန္မာစစ္ေခါင္းေဆာင္က သေဘာတူအေကာင္အထည္ေဖၚမယ့္ပံုမရွိဘူးလို႔ Chrisrine Schraner Burgener က ေျပာပါတယ္။

“အာဆီယံက ခ်မွတ္ထားတဲ့ မူ ငါးခ်က္နဲ႔ ပတ္သက္လို႔ ျမန္မာႏိုင္ငံမွာ အေကာင္အထည္ေဖၚႏိုင္မယ္လို႔ သူ႔အေနနဲ႔ မျမင္မိဘူးလို႔ ေျပာထားပါတယ္။ ဒါေၾကာင့္ ဒီအေပၚ ဘယ္လို တုန္႔ျပန္မလဲဆိုတာ အာဆီယံ အေပၚမွာပဲ မူတည္ေနပါတယ္။”

ကုလသမဂၢအေထြေထြညီလာခံလာမွာလည္း ျမန္မာ့အေရး ဆံုးျဖတ္ခ်က္အတြက္အဖြဲ႕၀င္ႏိုင္ငံေတြအေနနဲ႔ ေဆြးေႏြးပဲြမၾကာခင္မွာ ျပဳလုပ္ႏိုင္ဖို႔ ေမွ်ာ္လင့္ေၾကာင္းနဲ႔ လက္ရွိ အေနာက္ႏိုင္ငံေတြရဲ႕ စစ္ဗိုလ္ခ်ဳပ္ေတြအေပၚ ပစ္မွတ္ထား ပိတ္ဆို႔မႈေတြဟာ ထိေရာက္မႈေတြရွိႏိုင္တယ္လို႔ ျမင္ေၾကာင္း Burgener က သတင္းေထာက္ေတြရဲ႕ အေမးကို တုန္႔ျပန္ေျပာၾကားခဲ့ပါတယ္။

“က်မ ေလ့လာခဲ့သေလာက္ဆိုရင္ မတူကဲြျပားတဲ့ႏိုင္ငံေတြက ျမန္မာအေပၚ ပစ္မွတ္ထား ဒဏ္ခတ္အေရးယူမႈေတြဟာ အက်ဳိးသက္ေရာက္မႈေတြရွိႏိုင္ပါတယ္။ တပ္မေတာ္အေနနဲ႔ မွန္မွန္ကန္ကန္လုပ္ေဆာင္ဖို႔၊ ျပည္သူလက္ထဲ အာဏာျပန္ေပးဖို႔ စဥ္းစားလာလိမ္႔မယ္လို႔ ေမွ်ာ္လင့္မိပါတယ္။”

ရခိုင္ျပည္နယ္က အၾကပ္အတည္းကိစၥမွာေတာ့ ေရြးေကာက္ပဲြၿပီး၊ အာဏာသိမ္းၿပီးေနာက္ ရခိုင္လက္နက္ကိုင္တပ္ ေအေအနဲ႔ စစ္တပ္အၾကားအရင္လို တိုက္ပဲြေတြ မရွိေတာ့တာ ထူးဆန္းေၾကာင္း သူက ေျပာပါတယ္။ သူ႔အေနနဲ႔ ႐ိုဟင္ဂ်ာအဖဲြ႕အစည္းေတြ၊ ရခိုင္အဖဲြ႕အစည္းေတြနဲ႔ အၿမဲပဲ အဆက္အသြယ္ရွိၿပီး အေျခအေနေတြကို မျပတ္ေစာင့္ၾကည့္ေနတယ္လို႔ အခုလို ေျပာသြားပါတယ္။

“ ရခိုင္လက္နက္ကိုင္တပ္ ေအေအနဲ႔ တပ္မေတာ္ၾကားမွာ တိုက္ပဲြေတြ ထပ္ၿပီး ျဖစ္တာမ်ဳိး မရွိေတာ့ပါဘူး။ ဗုဒၶဘာသာေနာက္ခံရွိတဲ့ ေအေအ အဖဲြ႕ကို ရခိုင္ျပည္နယ္မွာ အလြန္ ႀကိဳဆိုေထာက္ခံၾကပါတယ္။ ေအေအအဖဲြ႕နဲ႕လည္း က်မ အဆက္အသြယ္ရွိသလို၊ သူတို႔ကလည္း ႐ိုဟင္ဂ်ာေတြကို လက္ခံႀကိဳဆိုထားပါတယ္။ ဒါေပမဲ့လည္း ဒီအေျခအေနေလာက္နဲ႔ မလံုေလာက္ပါဘူး။ ႐ိုဟင္ဂ်ာေတြကက က်မကို ေျပာျပတာက သူတို႔ကို ၫွင္းပမ္းႏွိပ္စက္ထားတဲ့ တပ္မေတာ္ဟာ အခုဆိုရင္ အာဏာအျပည္အ့၀ခ်ဳပ္ကိုင္ထားတဲ့အတြက္ ဘာေၾကာင့္သူတို႔ ျပန္သြားရမလဲ။ သူတို႔အေနနဲ႔ ပိုၿပီး အႏွိပ္စက္ခံရမွာကို ေၾကာက္ေနၾကတယ္လို႔ ေျပာျပၾကပါတယ္။”

ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္ကေတာ့ တ႐ုတ္သတင္းဌာနတခုနဲ႔ ေတြ႕ဆုံေမးျမန္းခန္းမွာ ႐ိုဟင္ဂ်ာဆိုတဲ့ အေခၚအေ၀ၚကို လက္မခံေၾကာင္း ေျပာၾကားထားပါတယ္။

Chrisrine Schraner Burgener က သူ႔အေနနဲ႔ ျမန္မာႏိုင္ငံတြင္း သြားေရာက္ၿပီး သက္ဆိုင္သူအားလံုးနဲ႔ ေတြ႕ဆံုေရးအတြက္ ေနာက္ဆုတ္မွာမဟုတ္ပဲ ဆက္လက္ႀကိဳးပမ္းသြားမွာျဖစ္တယ္လို႔ တနလၤာေန႔က ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပဲြမွာ ေျပာၾကားခဲ့ပါတယ္။

......................................................................

တိုက္႐ိုက္ လင့္ခ္


အကြမ်းဖက်နှိမ်နင်းမှုကြောင့် ပြည်တွင်းစစ်ကို ဦးတည်နိုင် (Chrisrine Schraner Burgener)

(Unicode)
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး အင်အားသုံး အကြမ်းဖက်ဖိနှိပ်မှုတွေရဲ့ အကျိုးဆက်အနေနဲ့ ပြည်တွင်းစစ်ဖြစ်နိုင်မယ့် အခြေအနေကို ဦးတည်နေကြောင်း ကုလအထူးကိုယ်စားလှယ် Chrisrine Schraner Burgener က တနင်္လာနေ့က သတိပေးပြောကြားလိုက်ပါတယ်။

ဒါအပြင် မြန်မာနိုင်ငံကို လာဖို့ အချိန်မတန်သေးဘူးလို့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူနဲ့ လူချင်းတွေ့ဆုံရာမှာ ပြောဆိုခဲ့တယ်လို့လည်း Burgener က နယူးရောက် ကုလသမဂ္ဂဌာနချုပ်မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဗွီဒီယိုကွန်ဖရင့်ကနေ ပြောခဲ့ပါတယ်။ မအင်ကြင်းနိုင်က အကြောင်းစုံကို ပြောပြမှာပါ။

-----------------------------------------------------------------

ထိုင်းနိုင်ငံ ဘန်ကောက်မှာ ရောက်ရှိနေတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Chrisrine Schraner Burgener ရဲ့ ဗွီဒီယိုကွန်ဖရင့်နဲ့ သတင်းစာရှင်းလင်းပွဲကို မနေ့က နယူးယော့ခ်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ပြုလုပ်ခဲ့တာပါ။ သူ့ရဲ့ နှစ်လ နီးပါး ဒေသတွင်းရောက်ရှိနေတဲ့ အခြေအနေနဲ့ ပတ်သက်လို့ သတင်းထောက်တွေကို ပြောပြခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ အခြေအနေမှာဆိုရင် ဆန္ဒပြသူတွေဟာ အရင်က လမ်းပေါ်ထွက် ဆန္ဒထုတ်ဖေါ်နေရာကနေ အင်အားသုံးဖြိုခွဲမှုတွေကြောင့် အခုဆိုရင် ကိုယ့်ကိုကိုယ် ခုခံကာကွယ်တဲ့အနေနဲ့ စစ်တပ်ကို လက်နက်နဲ့ ပြန်ပြီးတုန့်ပြန်တဲ့ အဆင့်ကို ရောက်ရှိနေပြီး ဒါဟာ ပြည်တွင်းစစ်ဖြစ်နိုင်တဲ့ အခြေအနေကို ဦးတည်နေကြောင်း သတင်းထောက်တွေကို Chrisrine Schraner Burgener ကပြောကြားခဲ့ပါတယ်။

“ကျမတို့ မဖြစ်မနေ နားလည်ရမှာက မြန်မာပြည်သူတွေဟာ တကယ်ကို စိတ်ပင်ပန်းနေကြပြီး တိုက်ခိုက်ခံရမှာကိုလည်း ကြောက်နေကြတာပါ။ သူတို့အနေနဲ့ ကိုယ့်ကိုကိုယ် ခုခံကာကွယ်ဖို့ လိုအပ်နေတယ်ဆိုတာ ကျမကို ပြောပြကြတယ်။ တကယ်လို့ အဲဒီလိုသာဖြစ်မယ်ဆိုရင် ပြည်တွင်းစစ်ဖြစ်နိုင်ဖို့ ဦးတည်နေတယ်ဆိုတယ် ပြောရမှာပါ။ ဒါဟာ ပြည်တွင်းစစ်ဖြစ်ဖို့ အကြောင်းရင်းပါ။ ကျမအနေနဲ့တော့ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကိုပဲ ထောက်ခံချင်ပါတယ်။”

ဒီလို တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကို သွားဖို့ ဆိုတာ လွယ်ကူမှာမဟုတ်ပေမယ့် မြန်မာနိုင်ငံရဲ့ ပြဿနာကို ဖြေရှင်းဖို့ အားလုံးပါဝင်တဲ့ ညှိုနှိုင်းဆွေးနွေးမှုဟာ မရှိမဖြစ်လိုအပ်တယ်လို့ Burgener ကပြောပါတယ်။ ဒါအပြင် ထိုင်းနဲ့ အခြား မြန်မာနိုင်ငံနယ်စပ်တွေမှာရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဆီမှာ မြို့အသီးသီးမှာ ဆန္ဒပြခဲ့ကြတဲ့ လူငယ်တွေဟာ စစ်သင်တန်းတွေတက်ရောက်နေတာတွေ့ရတယ်လို့လည်း သူက ပြောပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေကို ဒေသခံပြည်သူတွေကိုယ့်ဘာသာကိုယ်ဖွဲ့စည်းလာကြသလို၊ NUG အမျိုးသားညီညွတ်ရေးအစိုးရဘက်ကလည်း လက်နက်ကိုင်တပ်အနေနဲ့ ဖွဲ့စည်းထားတယ်လု့ိလည်း သူကပြောပါတယ်။ မြန်မာနိုင်ငံ အနှံ့ပေါက်ကွဲမှုတွေ နေ့စဉ်ကြားနေရသလို ပြည်သူတွေဟာ အိမ်တွင်းလုပ်လက်နက်တွေနဲ့ လုံခြုံရေးတပ်တွေကို ပြန်ပြီး ခုခံတိုက်ခိုက်နေတယ်လို့လည်း Burgener ကဆိုပါတယ်။

ပြီးခဲ့တဲ့လက အင်ဒိုနီးရှားနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ မြန်မာ့အရေး အာဆီယံအထူးအစည်းအဝေးကို တက်ရောက်လာတဲ့ မြန်မာ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တနာရီကြာ တွေ့ဆုံခဲ့ပေမယ့် ဆွေးနွေးပွဲနဲ့ ပတ်သက်လို့ အများသိအောင် ပြောမပြဖို့ မြန်မာစစ်ခေါင်းဆောင်က မေတ္တာရပ်ခံထားတဲ့အတွက် ဘာတွေဆွေးနွေးခဲ့သလဲဆိုတာ သူ့အနေနဲ့ ပြောပြလို့ မရဘူးလို့ Burgener ကပြောပါတယ်။ မြန်မာနိုင်ငံကို သူကိုယ်တိုင် သွားရောက်ရေးကိစ္စမှာတော့ အချိန်မတန်သေးဘူးလို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တုန့်ပြန်ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

အာဆီယံအထူးအစည်းအဝေးက ချမှတ်ထားတဲ့ မြန်မာ့အရေး မူ ငါးချက်ဟာ အားလုံးသဘောတူညီချက်ဆိုပေမယ့် တကယ်တမ်းမှာ မြန်မာစစ်ခေါင်းဆောင်က သဘောတူအကောင်အထည်ဖေါ်မယ့်ပုံမရှိဘူးလို့ Chrisrine Schraner Burgener က ပြောပါတယ်။

“အာဆီယံက ချမှတ်ထားတဲ့ မူ ငါးချက်နဲ့ ပတ်သက်လို့ မြန်မာနိုင်ငံမှာ အကောင်အထည်ဖေါ်နိုင်မယ်လို့ သူ့အနေနဲ့ မမြင်မိဘူးလို့ ပြောထားပါတယ်။ ဒါကြောင့် ဒီအပေါ် ဘယ်လို တုန့်ပြန်မလဲဆိုတာ အာဆီယံ အပေါ်မှာပဲ မူတည်နေပါတယ်။”

ကုလသမဂ္ဂအထွေထွေညီလာခံလာမှာလည်း မြန်မာ့အရေး ဆုံးဖြတ်ချက်အတွက်အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ဆွေးနွေးပွဲမကြာခင်မှာ ပြုလုပ်နိုင်ဖို့ မျှော်လင့်ကြောင်းနဲ့ လက်ရှိ အနောက်နိုင်ငံတွေရဲ့ စစ်ဗိုလ်ချုပ်တွေအပေါ် ပစ်မှတ်ထား ပိတ်ဆို့မှုတွေဟာ ထိရောက်မှုတွေရှိနိုင်တယ်လို့ မြင်ကြောင်း Burgener က သတင်းထောက်တွေရဲ့ အမေးကို တုန့်ပြန်ပြောကြားခဲ့ပါတယ်။

“ကျမ လေ့လာခဲ့သလောက်ဆိုရင် မတူကွဲပြားတဲ့နိုင်ငံတွေက မြန်မာအပေါ် ပစ်မှတ်ထား ဒဏ်ခတ်အရေးယူမှုတွေဟာ အကျိုးသက်ရောက်မှုတွေရှိနိုင်ပါတယ်။ တပ်မတော်အနေနဲ့ မှန်မှန်ကန်ကန်လုပ်ဆောင်ဖို့၊ ပြည်သူလက်ထဲ အာဏာပြန်ပေးဖို့ စဉ်းစားလာလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။”

ရခိုင်ပြည်နယ်က အကြပ်အတည်းကိစ္စမှာတော့ ရွေးကောက်ပွဲပြီး၊ အာဏာသိမ်းပြီးနောက် ရခိုင်လက်နက်ကိုင်တပ် အေအေနဲ့ စစ်တပ်အကြားအရင်လို တိုက်ပွဲတွေ မရှိတော့တာ ထူးဆန်းကြောင်း သူက ပြောပါတယ်။ သူ့အနေနဲ့ ရိုဟင်ဂျာအဖွဲ့အစည်းတွေ၊ ရခိုင်အဖွဲ့အစည်းတွေနဲ့ အမြဲပဲ အဆက်အသွယ်ရှိပြီး အခြေအနေတွေကို မပြတ်စောင့်ကြည့်နေတယ်လို့ အခုလို ပြောသွားပါတယ်။

“ ရခိုင်လက်နက်ကိုင်တပ် အေအေနဲ့ တပ်မတော်ကြားမှာ တိုက်ပွဲတွေ ထပ်ပြီး ဖြစ်တာမျိုး မရှိတော့ပါဘူး။ ဗုဒ္ဓဘာသာနောက်ခံရှိတဲ့ အေအေ အဖွဲ့ကို ရခိုင်ပြည်နယ်မှာ အလွန် ကြိုဆိုထောက်ခံကြပါတယ်။ အေအေအဖွဲ့နဲ့လည်း ကျမ အဆက်အသွယ်ရှိသလို၊ သူတို့ကလည်း ရိုဟင်ဂျာတွေကို လက်ခံကြိုဆိုထားပါတယ်။ ဒါပေမဲ့လည်း ဒီအခြေအနေလောက်နဲ့ မလုံလောက်ပါဘူး။ ရိုဟင်ဂျာတွေကက ကျမကို ပြောပြတာက သူတို့ကို ညှင်းပမ်းနှိပ်စက်ထားတဲ့ တပ်မတော်ဟာ အခုဆိုရင် အာဏာအပြည်အ့ဝချုပ်ကိုင်ထားတဲ့အတွက် ဘာကြောင့်သူတို့ ပြန်သွားရမလဲ။ သူတို့အနေနဲ့ ပိုပြီး အနှိပ်စက်ခံရမှာကို ကြောက်နေကြတယ်လို့ ပြောပြကြပါတယ်။”

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ တရုတ်သတင်းဌာနတခုနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ရိုဟင်ဂျာဆိုတဲ့ အခေါ်အဝေါ်ကို လက်မခံကြောင်း ပြောကြားထားပါတယ်။

Chrisrine Schraner Burgener က သူ့အနေနဲ့ မြန်မာနိုင်ငံတွင်း သွားရောက်ပြီး သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံရေးအတွက် နောက်ဆုတ်မှာမဟုတ်ပဲ ဆက်လက်ကြိုးပမ်းသွားမှာဖြစ်တယ်လို့ တနင်္လာနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG