သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမင္းျခံ တလုပ္ၿမိဳ႕နဲ႔ တမူးမွာ ေဒသခံနဲ႔ စစ္တပ္အျပန္အလွန္ပစ္ခတ္ ေသဆံုးထိခိုက္မႈရွိ


စစ္အာဏာသိမ္းၿပီးေနာက္ ေဖေဖာ္ဝါရီလ ၈ ရက္ေန႔က ျမင္းၿခံၿမိဳ႕မွာ ကန္႔ကြက္ဆႏၵျပခဲ့ၾကသည့္ျမင္ကြင္း။ (ေဖေဖာ္ဝါရီ ၈၊ ၂၀၂၁)

[Zawgyi/Unicode]

မႏၱေလးတိုင္း၊ ျမင္းၿခံခရိုင္ တလုပ္ၿမိဳ႕မွာ ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ေတြနဲ႔ စစ္တပ္တို႔ အျပန္အလွန္ ပစ္ခတ္တာေတြျဖစ္ပြားလို႔ စစ္တပ္ဘက္က အက်အဆံုးေတြ ရွိသလို ေဒသခံေတြဘက္ကလည္း ဒဏ္ရာရတာေတြရွိၿပီး ေက်းရြာသားေတြ ေသာင္းနဲ႔ခ်ီထြက္ေျပးေနရပါတယ္။ စစ္ကုိင္းတုိင္း၊ တမူးၿမိဳ႕အနီးမွာလည္း တမူး PDF အဖြဲ႕ေတြနဲ႔ စစ္တပ္တို႔ ပစ္ခတ္တာေတြ ျဖစ္ပြားၿပီး စစ္တပ္ဘက္က ၁၅ ဦးခန္႔ က်ဆံုးတယ္လို႔ ဆိုပါတယ္။ ဒီအေျခအေန အျပည့္အစံု ရန္ကုန္ကလာတဲ့ သတင္းကို ကိုေဇာ္၀င္းလိႈင္က ေျပာျပပါမယ္။

မႏၱေလးတိုင္း၊ ျမင္းၿခံခရိုင္ တလုပ္ၿမိဳ႕ ေက်းရြာအုပ္စု တလုပ္ရြာနဲ႔ အနီးနားရြာေတြမွာ ဒီကေန႔ မနက္ပိုင္းမွာ စစ္တပ္နဲ႔ ေဒသခံကာကြယ္ေရးအဖြဲ႕ေတြ ၂ ဘက္ အျပန္အလွန္ ပစ္ခတ္တာေတြ ျဖစ္ပြားခဲ့တာပါ။ စစ္တပ္ဘက္က က်ဆံုးတာေတြ ရွိၿပီး ေဒသခံေတြဘက္မွလည္း ဒဏ္ရာရ၊ ဖမ္းဆီးခံရတာေတြ ရွိသလုိ ေက်းရြာသားေတြ ေသာင္းနဲ႔ခ်ီ ေဘးလြတ္ရာကို ထြက္ေျပးေနရတယ္လို႔ ေဒသခံတဦးက ဗြီအိုေအကို ေျပာပါတယ္။

“၂ ဘက္လံုးက က်ဆံုးထိခိုက္မႈေတြဆိုရင္ က်ေနာ္တို႔ဘက္က ဒဏ္ရာရကေတာ့ ၁၂ ေယာက္ေပါ့ဗ်ာ။ က်ေနာ္ သိထားတာက ၁၂ ေယာက္၊ စစ္ေကာင္စီဘက္က က်တာေတာ့ ေလာေလာဆယ္ ၄ ေယာက္ေလာက္ အက်အဆံုးျဖစ္ၿပီးေတာ့ သူတို႔လည္း က်ေနာ္ထင္ပါတယ္ ၅ ေယာက္နဲ႔ ၆ ေယာက္ တခုခု ဒဏ္ရာရတယ္။ မေန႔ညက တပ္စြဲၿပီးသား တပ္စြဲၿပီးသားကုိ မနက္ ၆ နာရီခြဲေလာက္မွာ ကား ၅ စီးနဲ႔ အင္အား ထပ္ေရာက္လာတယ္။ ေရာက္လာၿပီးေတာ့ ေတာက္ေလွ်ာက္တန္းၿပီး ပစ္တာပဲ ၆ နာရီခြဲေလာက္မွာ ရြာကိုပတ္၊ အင္အားေတြ ပတ္ျဖန္႔ၿပီးေတာ့ ပစ္က်၊ ခတ္က်... ပစ္ရင္း၊ ခတ္ရင္းနဲ႔ တအားေတြ အင္အားနဲ႔ အလံုးနဲ႔အရင္းနဲ႔ ပစ္တဲ့အခါက်ေတာ့ က်ေနာ္တို႔လည္း ျပည္သူေတြက ဘယ္လိုမွ ေတာင့္မခံႏိုင္ေတာ့ က်ေနာ္တို႔ ရြာသားေတြ အကုန္ေနာက္ဆုတ္ေပးလိုက္ရတာေပါ့။ ေလာေလာဆယ္ ဖမ္းမိတဲ့သူေတြေကာ ဒဏ္ရာရတဲ့ သူေတြေရာ၊ ေျပးေနရတဲ့သူေတြေရာ ရြာႀကီးလည္း အခြံ႕ႀကီးနီးပါးထားခဲ့ရတာေပါ့။ ထြက္ေျပးတဲ့ ရြာသူ၊ ရြာသားက ဘယ္ေလာက္ေလာက္ရွိလဲဆိုေတာ့ ေသာင္းဂဏန္းေလာက္ရွိတယ္။ ေသာင္းဂဏန္းေလာက္ရွိတယ္။ က်ေနာ္တို႔ ၄ ရြာ အကုန္ေျပးေနရတာ။ ၄ ရြာက တလုပ္ၿမိဳ႕ ၄ ရြာေပါ့... တလုပ္ၿမိဳ႕ရယ္၊ ၿမိဳ႕ႀကီးကုန္းရယ္၊ ရဲတိုင္ရယ္၊ ေျမာက္ရြာေလးရယ္ေပါ့ အဲ့ဒီလို ၄ ရြာရွိတယ္။ ရြာရဲ႕အေျခအေနက သူတို႔၀င္ၿပီးေတာ့ ရြာကို ထင္သလို လုပ္ေနတာေပါ့ဗ်ာ။ ရိုက္ခြဲတာေတြတို႔ ဆန္အိတ္ေတြ၊ လမ္းေပၚ ပံုၿပီးေတာ့ ကားေတြနဲ႔တင္ေနတယ္လို႔။ အဲ့ဒီလိုမ်ိဳးေတာ့ ရြာမွာ က်န္ေနတဲ့သူ ေခ်ာင္းၾကည့္တဲ့သူတခ်ိဳ႕က ေျပာတယ္။ က်ေနာ္တို႔က အဲ့ဒီသတင္းအရပဲ ေလာေလာဆယ္ သိရတာ။”

မေန႔ ေမ ၁၁ ရက္ ညေနပိုင္းကတည္းက တလုတ္ရြာခံေတြနဲ႔ စစ္တပ္တို႔ အျပန္အလွန္ ပစ္ခတ္တာေတြျဖစ္ၿပီး စစ္တပ္ဘက္က ၂ ဦး က်ဆံုးတယ္လို႔ ႏိုင္ငံပိုင္ရုပ္ျမင္သံၾကားမွာ ေၾကျငာသြားၿပီးေနာက္ စစ္အင္အား ထပ္ျဖည့္တင္းၿပီး ဒီကေန႔ မနက္အေစာပိုင္းမွာ ပစ္ခတ္တာေတြ ထပ္မံျဖစ္ပြားတာပါ။

အခုလို မႏၱေလးတိုင္းမွာ ပစ္ခတ္တာေတြအျပင္ စစ္ကုိင္းတုိင္း၊ တမူးၿမိဳ႕အနီးမွာလည္း တမူး PDF အဖြဲ႕ေတြနဲ႔ စစ္တပ္တို႔ မေန႔ ေမ ၁၁ ရက္ ညပိုင္းကတည္းက ဒီကေန႔ ၁၂ ရက္ မနက္ပိုင္းအထိ ပစ္ခတ္တာေတြျဖစ္ၿပီး စစ္တပ္ဘက္က ၁၅ ဦးခန္႔ ေသဆံုးသလို တမူး PDF ဘက္က ၁ ဦးေသဆံုးၿပီး ၁ ဦး ဒဏ္ရာရတယ္လို႔ တမူး PDF က ေျပာပါတယ္။

“ဟိုဘက္က ၁၅ ေယာက္ေလာက္က်တယ္။ ၂ ေနရာျဖစ္တာကို ပထမဆံုးက ပန္းသာေပါ့။ ညမွာ ပန္းသာမွာ ျဖစ္တယ္။ အဲ့ဒီမွာ စစ္ေကာင္စီဘက္က ၅ ေကာင္က်တာေပါ့။ တို႔ဘက္ကေတာ့ ၁ ေယာက္က်တယ္။ ေနာက္ပိုင္းက်ေတာ့ ကြန္းေတာင္းမွာ ျဖစ္တယ္။ သူတို႔ဘက္က ၁၀ ေယာက္ေလာက္က်တယ္။ တို႔ဘက္ ၁ ေယာက္ ဒဏ္ရာရတယ္။”

ဒါ့အျပင္ မေန႔ညပိုင္းကလည္း ကနီၿမိဳ႕အနီးက သမင္ၿခံေက်းရြာမွာ စစ္တပ္က ပစ္ခတ္တာေၾကာင့္ ေက်းရြာသား ၁ ဦးေသဆံုးခဲ့ၿပီး ေမ ၁၀ ရက္ေန႔လယ္ပိုင္းကလည္း သရက္သီးခူးၿပီး ျပန္လာတဲ့ သမင္ၿခံရြာသူ တဦးကို စစ္တပ္က ပစ္ခတ္တာေၾကာင့္ ေသဆံုးခဲ့ပါေသးတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြင်းခြံ တလုပ်မြို့နဲ့ တမူးမှာ ဒေသခံနဲ့ စစ်တပ်အပြန်အလှန်ပစ်ခတ် သေဆုံးထိခိုက်မှုရှိ

မန္တလေးတိုင်း၊ မြင်းခြံခရိုင် တလုပ်မြို့မှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်တပ်တို့ အပြန်အလှန် ပစ်ခတ်တာတွေဖြစ်ပွားလို့ စစ်တပ်ဘက်က အကျအဆုံးတွေ ရှိသလို ဒေသခံတွေဘက်ကလည်း ဒဏ်ရာရတာတွေရှိပြီး ကျေးရွာသားတွေ သောင်းနဲ့ချီထွက်ပြေးနေရပါတယ်။ စစ်ကိုင်းတိုင်း၊ တမူးမြို့အနီးမှာလည်း တမူး PDF အဖွဲ့တွေနဲ့ စစ်တပ်တို့ ပစ်ခတ်တာတွေ ဖြစ်ပွားပြီး စစ်တပ်ဘက်က ၁၅ ဦးခန့် ကျဆုံးတယ်လို့ ဆိုပါတယ်။ ဒီအခြေအနေ အပြည့်အစုံ ရန်ကုန်ကလာတဲ့ သတင်းကို ကိုဇော်ဝင်းလှိုင်က ပြောပြပါမယ်။

မန္တလေးတိုင်း၊ မြင်းခြံခရိုင် တလုပ်မြို့ ကျေးရွာအုပ်စု တလုပ်ရွာနဲ့ အနီးနားရွာတွေမှာ ဒီကနေ့ မနက်ပိုင်းမှာ စစ်တပ်နဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေ ၂ ဘက် အပြန်အလှန် ပစ်ခတ်တာတွေ ဖြစ်ပွားခဲ့တာပါ။ စစ်တပ်ဘက်က ကျဆုံးတာတွေ ရှိပြီး ဒေသခံတွေဘက်မှလည်း ဒဏ်ရာရ၊ ဖမ်းဆီးခံရတာတွေ ရှိသလို ကျေးရွာသားတွေ သောင်းနဲ့ချီ ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ဒေသခံတဦးက ဗွီအိုအေကို ပြောပါတယ်။

“၂ ဘက်လုံးက ကျဆုံးထိခိုက်မှုတွေဆိုရင် ကျနော်တို့ဘက်က ဒဏ်ရာရကတော့ ၁၂ ယောက်ပေါ့ဗျာ။ ကျနော် သိထားတာက ၁၂ ယောက်၊ စစ်ကောင်စီဘက်က ကျတာတော့ လောလောဆယ် ၄ ယောက်လောက် အကျအဆုံးဖြစ်ပြီးတော့ သူတို့လည်း ကျနော်ထင်ပါတယ် ၅ ယောက်နဲ့ ၆ ယောက် တခုခု ဒဏ်ရာရတယ်။ မနေ့ညက တပ်စွဲပြီးသား တပ်စွဲပြီးသားကို မနက် ၆ နာရီခွဲလောက်မှာ ကား ၅ စီးနဲ့ အင်အား ထပ်ရောက်လာတယ်။ ရောက်လာပြီးတော့ တောက်လျှောက်တန်းပြီး ပစ်တာပဲ ၆ နာရီခွဲလောက်မှာ ရွာကိုပတ်၊ အင်အားတွေ ပတ်ဖြန့်ပြီးတော့ ပစ်ကျ၊ ခတ်ကျ... ပစ်ရင်း၊ ခတ်ရင်းနဲ့ တအားတွေ အင်အားနဲ့ အလုံးနဲ့အရင်းနဲ့ ပစ်တဲ့အခါကျတော့ ကျနော်တို့လည်း ပြည်သူတွေက ဘယ်လိုမှ တောင့်မခံနိုင်တော့ ကျနော်တို့ ရွာသားတွေ အကုန်နောက်ဆုတ်ပေးလိုက်ရတာပေါ့။ လောလောဆယ် ဖမ်းမိတဲ့သူတွေကော ဒဏ်ရာရတဲ့ သူတွေရော၊ ပြေးနေရတဲ့သူတွေရော ရွာကြီးလည်း အခွံ့ကြီးနီးပါးထားခဲ့ရတာပေါ့။ ထွက်ပြေးတဲ့ ရွာသူ၊ ရွာသားက ဘယ်လောက်လောက်ရှိလဲဆိုတော့ သောင်းဂဏန်းလောက်ရှိတယ်။ သောင်းဂဏန်းလောက်ရှိတယ်။ ကျနော်တို့ ၄ ရွာ အကုန်ပြေးနေရတာ။ ၄ ရွာက တလုပ်မြို့ ၄ ရွာပေါ့... တလုပ်မြို့ရယ်၊ မြို့ကြီးကုန်းရယ်၊ ရဲတိုင်ရယ်၊ မြောက်ရွာလေးရယ်ပေါ့ အဲ့ဒီလို ၄ ရွာရှိတယ်။ ရွာရဲ့အခြေအနေက သူတို့ဝင်ပြီးတော့ ရွာကို ထင်သလို လုပ်နေတာပေါ့ဗျာ။ ရိုက်ခွဲတာတွေတို့ ဆန်အိတ်တွေ၊ လမ်းပေါ် ပုံပြီးတော့ ကားတွေနဲ့တင်နေတယ်လို့။ အဲ့ဒီလိုမျိုးတော့ ရွာမှာ ကျန်နေတဲ့သူ ချောင်းကြည့်တဲ့သူတချို့က ပြောတယ်။ ကျနော်တို့က အဲ့ဒီသတင်းအရပဲ လောလောဆယ် သိရတာ။”

မနေ့ မေ ၁၁ ရက် ညနေပိုင်းကတည်းက တလုတ်ရွာခံတွေနဲ့ စစ်တပ်တို့ အပြန်အလှန် ပစ်ခတ်တာတွေဖြစ်ပြီး စစ်တပ်ဘက်က ၂ ဦး ကျဆုံးတယ်လို့ နိုင်ငံပိုင်ရုပ်မြင်သံကြားမှာ ကြေငြာသွားပြီးနောက် စစ်အင်အား ထပ်ဖြည့်တင်းပြီး ဒီကနေ့ မနက်အစောပိုင်းမှာ ပစ်ခတ်တာတွေ ထပ်မံဖြစ်ပွားတာပါ။

အခုလို မန္တလေးတိုင်းမှာ ပစ်ခတ်တာတွေအပြင် စစ်ကိုင်းတိုင်း၊ တမူးမြို့အနီးမှာလည်း တမူး PDF အဖွဲ့တွေနဲ့ စစ်တပ်တို့ မနေ့ မေ ၁၁ ရက် ညပိုင်းကတည်းက ဒီကနေ့ ၁၂ ရက် မနက်ပိုင်းအထိ ပစ်ခတ်တာတွေဖြစ်ပြီး စစ်တပ်ဘက်က ၁၅ ဦးခန့် သေဆုံးသလို တမူး PDF ဘက်က ၁ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရတယ်လို့ တမူး PDF က ပြောပါတယ်။

“ဟိုဘက်က ၁၅ ယောက်လောက်ကျတယ်။ ၂ နေရာဖြစ်တာကို ပထမဆုံးက ပန်းသာပေါ့။ ညမှာ ပန်းသာမှာ ဖြစ်တယ်။ အဲ့ဒီမှာ စစ်ကောင်စီဘက်က ၅ ကောင်ကျတာပေါ့။ တို့ဘက်ကတော့ ၁ ယောက်ကျတယ်။ နောက်ပိုင်းကျတော့ ကွန်းတောင်းမှာ ဖြစ်တယ်။ သူတို့ဘက်က ၁၀ ယောက်လောက်ကျတယ်။ တို့ဘက် ၁ ယောက် ဒဏ်ရာရတယ်။”

ဒါ့အပြင် မနေ့ညပိုင်းကလည်း ကနီမြို့အနီးက သမင်ခြံကျေးရွာမှာ စစ်တပ်က ပစ်ခတ်တာကြောင့် ကျေးရွာသား ၁ ဦးသေဆုံးခဲ့ပြီး မေ ၁၀ ရက်နေ့လယ်ပိုင်းကလည်း သရက်သီးခူးပြီး ပြန်လာတဲ့ သမင်ခြံရွာသူ တဦးကို စစ်တပ်က ပစ်ခတ်တာကြောင့် သေဆုံးခဲ့ပါသေးတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG