သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကနီစစ်ဘေးရှောင်တွေအတွက် ဆေးဝါးရိက္ခာ ပို့ရခက်


ကနီ စစ်ဘေးရှောင်ပြည်သူများ တောတွင်း တနေရာမှာ ခေတ္တ နားခိုစဉ်။
ကနီ စစ်ဘေးရှောင်ပြည်သူများ တောတွင်း တနေရာမှာ ခေတ္တ နားခိုစဉ်။

[ Zawgyi/ Unicode ]

ကနီမြို့တဝိုက်နဲ့ မင်းတပ်မြို့တွေကနေ ထွက်ပြေးနေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေဟာ မကြာခင် မိုးတွင်း ကျရောက်လာတော့မှာမို့ အရေးပေါ် စားနပ်ရိက္ခာ၊ ဆေးဝါး လိုအပ်နေပြီး ၊ ဒုက္ခသည်တွေအတွက် အကူအညီတွေ ပေးပို့ရာမှာ ပုံမှန်လမ်းကြောင်းအတိုင်း မပို့နိုင်တော့ပဲ အခက်အခဲတွေ ကြုံလာရတယ်လို့ ကူညီကယ်ဆယ်ရေး အဖွဲ့တချို့က ပြောပါတယ်။ လမ်းခရီးက စစ်ဆေးရေးဂိတ်တွေမှာ အရင်ထက် တင်းကြပ်တဲ့ စစ်ဆေးမှု ရှိလာပြီးနောက် ပိုခက်တဲ့လမ်းကြောင်းကို အသုံးပြုလာရတယ်လို့ အကူအညီပေးရေးအဖွဲ့က ပြောတာပါ။ ဒီအကြောင်း ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

စစ်ကိုင်းတိုင်း ကနီမြို့တဝိုက်မှာ ဒီရက်ပိုင်းထဲ စစ်ကောင်စီတပ်တွေကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေက ပြန်လှန်ခုခံ ပစ်ခတ်တာတွေရှိပြီး၊ စစ်တပ်ကလည်း နယ်မြေငြိမ်ဝပ်ပိပြားရေး လုပ်လာတာကြောင့် ထောင်ချီတဲ့ ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရတာပါ။

အဲဒီဒေသဟာ တောင်ယာလုပ်ကိုင်သူ အများစုနေထိုင်ပြီး ၊ အသက်ဘေးလွတ်အောင် ထွက်ပြေးရချိန်မှာ လယ်ယာသုံး နွားတွေကို ဒီအတိုင်း ထားပစ်ခဲ့ရတဲ့ အခြေအနေမှာရှိတယ်လို့ ကနီဒေသခံ နွားပိုင်ရှင် ကိုသန်းစိုးက ရှင်းပြပါတယ်။

" စစ်အုပ်စုက ဒီဖက်နယ်တွေမှာ ရွာတွေကို ဝင်လာလို့ရှိရင် တွေ့သမျှလူကို ဖမ်းတယ်ဗျာ ၊ စစ်တာဆေးတာ ရှိတယ်၊ အကြမ်းဖက်တယ်ဗျာ နှိပ်စက်တယ်ဗျာ ၊ ဆိုတဲ့အခါရောက်တော့ စစ်ဘေးရှောင်တွေက ချင်းတွင်းမြစ်ရဲ့ မြောက်ဖက်အခြမ်းကို ရှောင်တိမ်း ကြရတယ်ပေါ့ဗျာ။ ၅၀၀၀ ဝန်းကျင်လောက်တော့ ရှိမယ်။ အရေးအကြောင်း ပေါ်လို့သာ ကိုယ်လွတ် ရုန်းလာကြရတာလေ၊ တောင်သူတွေဆိုတော့ အနည်းဆုံး ကျွဲနွား တိရာစ္ဆာန်တွေ ရှိကြတာပေါ့။ ဒီတိုင်းထွက်လာရပြီး ကျွဲနွားတွေ ထားပစ်ခဲ့ရတဲ့ခါရောက်တော့ နွားစာ ကျွေးဖို့မွေးဖို့ကိစ္စတွေ ရှိနေတယ်။ ဒါပေမဲ့ လောလောဆယ်တော့ ပြန်လို့ မရသေးဘူးပေါ့နော်။ "

တိမ်းရှောင်သူတွေဟာ တချို့လည်း တောအုပ်တွေထဲမှာ ဖြစ်သလို ပုန်းခိုနေရသလို ၊ တချို့ကလည်း မိမိတို့ သိကျွမ်းတဲ့နေအိမ်တွေ ဘုန်းကြီးကျောင်းတွေမှာ ခေတ္တခိုလှုံနေရပါတယ်။ ဒီလို စစ်ဘေးရှောင်ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာ၊ ရွက်ဖျင်တဲနဲ့ ဆေးဝါးပစ္စည်းတွေ အဓိက လိုအပ်နေတယ်လို့ 'ပြည်သူမှ ပြည်သူသို့' ဆိုတဲ့ အစီအစဉ်နဲ့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူ မုံရွာမြို့က ၈၈ (ငြိမ်း/ပွင့်)အဖွဲ့ဝင် ကိုဝင်းဇော်ခိုင်က ပြောပါတယ်။

မင်းတပ်သို့ ပေးပို့သည့် ကူညီရေးပစ္စည်း
မင်းတပ်သို့ ပေးပို့သည့် ကူညီရေးပစ္စည်း

" အခြေခံ စားသောက်ကုန်တွေဖြစ်တဲ့ ဆန်၊ ဆီ၊ ငါးသေတ္တာဗူး၊ နောက် ငါးပိငါးခြောက် ၊ ကြာရှည် အထားခံနိုင်မယ့် ယန်ယန်ခေါက်ဆွဲခြောက်လို ဟာမျိုးတွေ ပို့ပေးရတယ်။ နောက် ဒီစစ်ဘေးရှောင်ထဲမှာ အသက်ကြီးတဲ့သူတွေရော ကလေးသူငယ်တွေပါ ပါတယ်ပေါ့။ အဲဒီကလေး သူငယ်တွေအတွက် အဝတ်အထည်တွေ နောက် သူတို့ အဟာရဖြစ်စေမယ့် အဆင်သင့် စားသောက်နိုင်မယ့် အစားအသောက်တွေပေါ့ ဒါမျိုးတွေကို ကျနော်တို့ ပို့ပေးနေရတာတွေ ရှိပါတယ်။ နောက်ပြီး ဒဏ်ရာရတဲ့သူတွေအတွက် ဆေးဝါးပေါ့နော် ၊ နောက်ပြီး နေပူတာအရမ်းပြင်းတော့ ချွေးထွက်များပြီးတော့ မူးတာတွေ ဝမ်းပျက်ဝမ်းလျော ဖြစ်တဲ့လူနာတွေ ရှိလာတယ်။ ဖျားတဲ့ ကလေးတွေရှိလာတော့ ကျနော်တို့ ဒီဆေးပစ္စည်းတွေကို ပို့ပေးနေရပါတယ်။"

မေး ။ ။ အဲဒီတော့ 'ပြည်သူမှ ပြည်သူသို့' ဆိုတဲ့ အစီအစဉ်ကို ဘယ်လို စတင်ဖြစ်သွားတာလဲခင်ဗျ။

ဖြေ ။ ။ ကျနော်တို့က တိုက်ပွဲတခု ဖြစ်လိုက်ပြီ ဆိုလို့ရှိရင် ဘယ်နေရာမှာ ဘယ်သူတွေနဲ့ ဘယ်လိုချိတ်ဆက် ပြီးတော့မှ ကူညီကြရင် .. ဒါ ရမယ်ဆိုတာကို ပြည်သူတွေဖက်ကလည်း ကောင်းကောင်း သိနေပုံရပါတယ်။ တကယ်တမ်း ဘေးဒုက္ခတွေ ကြုံလာကြတဲ့အချိန်မှာ ပြည်သူတွေလက်ထဲကို ရောက်ရှိနိုင်ဖို့အတွက် ကျနော်တို့ဆီကို လာချိတ်ဆက် ပြီးတော့မှ ပြည်သူမှပြည်သူသို့ ဆိုတဲ့ အစီအစဉ်တခုကို ကျနော် ဖန်တီးလိုက်တယ်။ အဲဒီမှာ မြန်မာနိုင်ငံ တဝှမ်းကရော ကမ္ဘာအရပ်ရပ်မှာ ရောက်နေကြတဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေကနေ လှမ်းပြီးတော့ ကူညီထောက်ပံ့မှုတွေနဲ့ စစ်ဘေးရှောင်ဒေသမှာရှိတဲ့ ပြည်သူတွေဆီကို တဖက်တလမ်းကနေပြီး ကူညီစောင့်ရှောက် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

မေး ။ ။ ဒီလို အသက်အန္တရာယ်အတွက် တိမ်းရှောင် ပြေးနေရသူတွေကို ကူညီကယ်ဆယ်ရေး ပစ္စည်းတွေ ပိုတဲ့နေရာမှာ ပုံမှန်အတိုင်း ပို့နိုင်ရဲ့လား။ ဘယ်လိုအခက်အခဲတွေ ကျော်လွှားရသေးလဲ ခင်ဗျ။

ဖြေ ။ ။ .လမ်းခရီးမှာ ရေသန့်ဗူးကဒ်တွေ မြင်တယ်ဆိုရင်တောင် အရမ်းစစ်တယ်။ ဆန်အိတ်တွေကအစ စစ်ဆေးမှုတွေများတယ်။ အဲဒီတော့ ကျနော်တို့ ပို့ဆောင်ရတဲ့အခါမှာ သူတို့ စစ်တပ်ကနေပြီး တပ်စွဲထားတဲ့ နေရာတွေ၊ အဲဒီဟာတွေကို ရှောင်ကွင်းပြီးတော့ သွားနိုင်တဲ့ နည်းလမ်း ဗျူဟာမျိုးစုံနဲ့ ကျနော်တို့ ရှောင်ကွင်းပြီးမှ ပြည်သူလူထုဆီ ရောက်အောင် အကောင်းဆုံးနည်းနဲ့ ခုချိန်ထိ ကျနော်တို့ ပို့နေတာဖြစ်ပါတယ်။

မေး ။ ။ မင်းတပ်မြို့က ထွက်ပြေးနေရသူတွေကျတော့ တောင်ကြောတွေထဲ ပုန်းနေရတာဆိုတော့ ပစ္စည်းပို့ရတာ လွယ်ကူရဲ့လားခင်ဗျ။

ဖြေ ။ ။ ပထမဦးဆုံးကတော့ မင်းတပ်မှာ အခြေစိုက်ပြီးတော့ စစ်ဘေးနဲ့ပတ်သက်လို့ ကူညီကယ်ဆယ်ရေးကို လုပ်ဆောင်နေတဲ့ သူတွေနဲ့ဆက်သွယ်ပြီး သူတို့ရဲ့ အခြေခံလိုအပ်ချက်က ဘာလဲဆိုတာကို အရင်သိအောင် ချိတ်ဆက်ပြီး လုပ်ရပါတယ်။ မင်းတပ်ကို ပစ္စည်းပို့တာကျတော့ အဆင့်ဆင့် ပို့ဆောင်ရတာ ရှိပါတယ်။ အဓိက လိုအပ်ချက်ဖြစ်တဲ့ ဆန်ဆီကို တောင်ပေါ် တင်ပေးနိုင်အောင် ကြိုးစားကြရပါတယ်။ နောက်ပြီး တောတွေ တောင်တွေထဲမှာ ခြင်တွေဘာတွေ မကိုက်ဖို့အတွက် - ခြင်ထောင်တွေ၊ မိုးကာတွေ ၊ နောက် အခြေခံ စားသောက်ကုန်တွေကို အပေါ်ကို ရောက်ရှိနိုင်ဖို့အတွက် ကျနော်တို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ထဲ ချင်းပြည်နယ် မင်းတပ်မြို့မှာ စစ်ကောင်စီတပ်တွေနဲ့ မင်းတပ်ဒေသခံ CDF လက်နက်ကိုင်အဖွဲ့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် မင်းတပ်မြို့ခံ ၃ ပုံ ၂ ပုံလောက် အိုးအိမ်စွန့် ခွာ ထွက်ပြေးနေရပြီး ၊ တချို့လည်း တောတောင်တွေထဲမှာ ပုံးအောင်းနေရသလို တချို့လည်း နီးစပ်ရာ ကျေးရွာက ယာယီခိုလှုံရေးစခန်းတွေမှာ နားခိုနေရပါတယ်ခင်ဗျာ။

တိုက်ရိုက် လင့်ခ်


[ Unicode ]

ကနီစဈဘေးရှောငျတှအေတှကျ ဆေးဝါးရိက်ခာ ပို့ရခကျ







စစ်ဘေးရှောင်ပြည်သူများအတွက် လှူဒါန်းသည့်ပစ္စည်း
စစ်ဘေးရှောင်ပြည်သူများအတွက် လှူဒါန်းသည့်ပစ္စည်း









XS
SM
MD
LG