သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေတာထဲမွာ ၂ ပတ္ၾကာ ပုန္းေအာင္းေနရတဲ႔ ယင္းမာပင္ ကနီ ရြာသားေတြ အေရးေပၚအကူအညီလိုအပ္


ပစ္ခတ္ ဖမ္းဆီးမႈမွ ေရွာင္တိမ္းေနေသာ ယင္းမာပင္ ရြာသား တခ်ဳိ႕အား ေတာတြင္းမွာ ေတြ႔ရစဥ္ ။

(Zawgyi/Unicode)

အာဏာသိမ္း စစ္ေကာင္စီတပ္ေတြက လိုက္လံရွာေဖြ ဖမ္းဆီး ႏွိမ္နင္းေနတာေၾကာင့္ ၊ ယင္းမာပင္ၿမဳိ႕နယ္နဲ႔ ကနီၿမဳိ႕နယ္တဝိုက္ ေက်းရြာသားေတြဟာ နီးစပ္ရာ ရြာေတြနဲ႔ ေတာအုပ္ေတြထဲ ထြက္ေျပးတိမ္းေရွာင္ေနရတာ သီတင္း ၂ ပတ္ေက်ာ္ ၾကာလာၿပီျဖစ္ေပမယ့္ ခုထိ အိမ္ မျပန္ႏိုင္ေသးပဲ ျဖစ္ေနပါတယ္။ ေထာင္ခ်ီတဲ့ ထြက္ေျပးတိမ္းေရွာင္သူေတြဟာ ေတာေတာင္ေတြထဲ အေရးေပၚ အစားအေသာက္နဲ႔ ေဆးဝါး အကူအညီေတြ လိုအပ္ေနတဲ့အေၾကာင္း ကယ္ဆယ္ေရး အဖြဲ႔ေတြနဲ႔ ေဒသခံတခ်ဳိ႕က ေျပာပါတယ္။ ဒီအေၾကာင္း ကိုဉာဏ္ဝင္းေအာင္က ဆက္သြယ္ ေမးျမန္း တင္ျပထားပါတယ္။

စစ္ကုိင္းတိုင္း ယင္းမာပင္နဲ႔ ကနီၿမဳိ႕နယ္တဝိုက္က စစ္အာဏာသိမ္း ဆန္႔က်င္တဲ့ ေက်းရြာသပိတ္စစ္ေၾကာင္းေတြကို စစ္ေကာင္စီ တပ္ေတြ၊ လာေရာက္ ရွင္းလင္းပစ္ခတ္ရာက ေဒသခံေတြကလည္း ရရာလက္နက္ အနည္းငယ္နဲ႔ ခုခံ ပစ္ခတ္ၿပီးေနာက္မွာ စစ္တပ္က ပုိၿပီး အၾကမ္းဖက္ ႏွိမ္နင္းလာတဲ့အတြက္ ေဒသခံေတြ ရြာလုံးကၽြတ္နီးပါး ေဘးလြတ္ရာကုိ ေရွာင္တိမ္းေနခဲ့တာပါ။

ၿပီးခဲ့တဲ့ သီတင္းပတ္အတြင္း ယင္းမာပင္ခရိုင္ ကပိုင္အုပ္စု သီးကုန္းရြာနဲ႔ သစ္ရာပင္ရြာၾကား အျပန္အလွန္ပစ္ခတ္မႈေၾကာင့္ ခုလို ေရွာင္တိမ္းရတဲ့ အေျခအေနမ်ဳိး ျဖစ္လာရၿပီး အမ်ားစုဟာ ခုခ်ိန္ထိ အိမ္မျပန္ႏိုင္ ျဖစ္ေနရတယ္လို႔ အမည္မေဖၚလိုတဲ့ ေဒသခံ အမ်ဳိးသမီးတဦးက VOA ကို ေျပာပါတယ္။

" ျဖစ္သြားတာက သီးကုန္ရြာနဲ႔ သစ္ရာပင္ရြာ ၾကားမွာ သရက္ၿခံေတာမွာ တိုုက္ပဲြ ျဖစ္တာရွင့္။ ဒါေပမဲ့ ခိုလႈံေနရတာကေတာ့ ကပိုင္ရြာတို႔ သီးကုန္းရြာတို႔ ကဗ်ဴရြာတို႔နားက ပတ္ဝန္းက်င္မွာပဲ ခိုလႈံေနရတာပါ။ အိမ္ျပန္ႏိုင္တဲ့ အေနအထား မရွိေသးဘူးရွင့္။ အခုဆုိရင္ စစ္ေကာင္စီ တပ္ေတြက အလုံးအရင္းနဲ႔ ဝင္ေရာက္ ရွာေဖြၿပီးေတာ့ ပစၥည္းေတြယူတယ္၊ လူေတြ႔ရင္ ရိုက္ႏွက္ ဖမ္းဆီး ႏွိပ္စက္ညႇဥ္းဆဲတာေတြ လုပ္တာေပ့ါ။ လုပ္ေတာ့ ျပည္သူေတြက သူတို႔ရဲ႕ အသက္အုိးအိမ္ကို စုိးရိမ္ေတာ့ ျပန္ဝင္မလာေသးဘူး။ အဲလို ျဖစ္ေနတယ္။ "

ဒီကေန႔အခ်ိန္ထိလည္း ကနီၿမဳိ႕နယ္ဖက္မွာေရာ ၊ ယင္းမပင္ၿမဳိ႕နယ္ေတြမွာပါ စစ္ေကာင္စီတပ္ေတြက ရြာေတြထဲ ဝင္ေရာက္ရွာေဖြ ဖမ္းဆီးမႈေတြ လုပ္ေနဆဲျဖစ္တာေၾကာင့္ ထြက္ေျပးတိမ္းေရွာင္ေနရတာ သီတင္း ၂ ပတ္ ဝန္းက်င္ ရွိလာၿပီျဖစ္တယ္လို႔ ကနီ ေဒသခံတဦးက ေျပာပါတယ္။

" ဒီေန႔ဆုိရင္ ကနီၿမဳိ႕နယ္ထဲမွာ ငါးဖ်က္၊ ပန္းဆုိင္း အဲဒီရြာေတြကုိ ဝင္ေမႊတယ္။ ေနာက္ ယင္းမာပင္ဖက္က ေသနတ္ပင္ရြာကိုလည္း သြားၿပီးမွ ဝင္ေမႊတာလို႔ ေျပာတယ္။ ေျပာရရင္ တေယာက္ေယာက္က သတင္းေပးတာမ်ဳိး လုပ္လို႔ ျဖစ္လိမ့္မယ္။ အဲဒီအတြက္ကို သူတို႔က အင္အားသုံး ဝင္လာၿပီး ေမႊတာမ်ဳိး လုပ္လာၾကတယ္။ အဲဒီမွာ ေက်းရြာထဲက အကုန္လုံး ထြက္ေျပးၾကရတာ။ "

အခုဆိုရင္ ဒီရက္ပိုင္းထဲ အဲဒီေဒသမွာ မိုးရြာသြန္းတာေတြ ရွိလာတာေၾကာင့္ ေတာအုပ္ေတြထဲ တိမ္းေရွာင္ေနရသူေတြ စားေသာက္ေရးနဲ႔ ရြက္ဖ်င္ အေရးေပၚအကူအညီေတြ လိုအပ္လာေၾကာင္း ကနီေဒသခံက ေျပာပါတယ္။

" လက္ရွိ ဒီညေနမွာဆိုရင္ မုိးကလည္း ရြာလာတယ္။ မုိးကလည္းရြာလာေတာ့ ခုက စစ္ေဘး ေရွာင္ၾကတယ္ဆိုတာ ဒါ ပထမဆုံးအႀကိမ္လည္း ျဖစ္ေနေတာ့ အေတြ႔အႀကဳံကလည္း မရွိေတာ့ ၊ ရြာကလူေတြက ဘာေတြကို ဘယ္လိုယူသြားရမလဲဆိုတာ မသိၾကဘူး။ ေရွာင္ၿပီး ပုန္းၾကတဲ့အခါမွာ အဖိုးအဖြားေတြ ကေလးသူငယ္ေတြ ပါေတာ့ ေတာ္ေတာ္ေလး စုိးရိမ္ရတဲ့ အေနအထားမ်ဳိးမွာ ရွိပါတယ္ .. လက္ရွိ ရာသီဥတု အေနအထားအရေတာ့။ အဓိကေတာ့ ဆန္ရယ္ ၊ ဆီရယ္ ၊ ေခါက္ဆဲြထုတ္ေတြရယ္ ပထမဆုံးအေနနဲ႔ က်ေနာ္တို႔ ေပးပုိ႔ၿပီးေတာ့မွ ကူညီျဖစ္ပါတယ္။ လူဦးေရက မ်ားတဲ့အခါက်ေတာ့ စခန္းတခုကို ၅ ရက္စာေလာက္ပဲ က်ေနာ္တို႔ ေပးႏိုင္တဲ့ အေနအထားမ်ဳိးမွာပဲ ရွိပါတယ္။ မ်ားေသာအားျဖင့္ေတာ့ ေက်းရြာေတြ တခုနဲ႔တခု ကာကြယ္ေစာင့္ေရွာက္မႈ မေပးႏိုင္တဲ့ အေနအထားမ်ဳိး ျဖစ္ေနေတာ့ ေတာေတာင္ေတြ အကာအကြယ္ကိုယူၿပီးမွ ေတာေတာင္ထဲမွာပဲ သစ္ရိပ္ဝါးရိပ္ေအာက္မွာပဲ ေနေနၾကရပါတယ္။ "

စစ္ေကာင္စီတပ္ရဲ႕အႏၱရယ္ကို ေရွာင္တိမ္းရင္း ေတာတြင္းနဲ႔ ရြာနီးခ်ဳပ္စပ္ ရရာေနရာေတြမွာ ျဖစ္သလို ခိုလႈံေနရမယ္ဆုိရင္ အဲဒီေဒသခံေတြအတြက္ ေဆးဝါး အေရးေပၚလိုအပ္ခ်က္ ရွိလာႏိုင္တယ္လို႔ ယင္းမာပင္ ေဒသခံ အမ်ဳိးသမီးက ေျပာပါတယ္။

" သူတို႔အတြက္ အေရးေပၚလိုအပ္ခ်က္ကေတာ့ ခုေလာေလာဆယ္ သူတို႔မွာ စားစရာမရွိေတာ့ ဆန္ဆီ လွဴခ်င္တဲ့သူ လွဴဖို႔ကို က်မတို႔ လုပ္ေပးေနရတာပါ။ ၿပီးေတာ့ ခုေလာေလာဆယ္ ရက္ပိုင္းအတြင္းမွာ သူတို႔ စားနပ္ရိကၡာျပတ္ၿပီး ဒုကၡေရာက္ေတာ့မယ္ ၊ မိုးရြာလာတဲ့ အခါက်ေတာ့ သူတို႔ ေနရတာကလည္း စစ္တပ္က ဒီဖက္ေရာက္လာမွာလားဆိုၿပီး သို႔ေလာ သို႔ေလာ စုိးရိမ္စိတ္နဲ႔ ေနေနရတာျဖစ္တဲ့အတြက္ တဲအခိုင္အမာ ထုိးေနလို႔လည္း မရဘူး။ အဲဒီအခါက်ေတာ့ မုိးရာသီေရာက္လာရင္ သူတို႔က်န္းမာေရးက ထိခိုက္လာေတာ့မယ္။ အဲဒီေတာ့ အေရးေပၚအေနနဲ႔ စားေရး ေသာက္ေရးေရာ ေဆးဝါးပါ လိုအပ္ေနပါတယ္ရွင့္။ "

ထြက္ေျပးတိမ္းေရွာင္ေနသူ ေတြဟာ ကနီၿမိဳနယ္နဲ႔ ယင္းမာပင္ၿမဳိ႕နယ္ၾကားက ပန္းဆိုင္း၊ ငါးဖ်က္၊ ရွမ္းေျမာင္း၊ တဇယ္ေခ်ာင္၊ မုေဌာ အေရွ႕ရြာ- အေနာက္ရြာ၊ သမင္းၿခံ၊ မင္းမ၊ သင့္၀င္၊ ေခ်ာင္းမ၊ လင္ပုန္းရည္၊ မိုးေကာင္း ရြာေတြက ေဒသခံေတြပဲ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

တောထဲမှာ ၂ ပတ်ကြာ ပုန်းအောင်းနေရတဲ့ ယင်းမာပင် ကနီ ရွာသားတွေ အရေးပေါ်အကူအညီလိုအပ်

(Unicode)

အာဏာသိမ်း စစ်ကောင်စီတပ်တွေက လိုက်လံရှာဖွေ ဖမ်းဆီး နှိမ်နင်းနေတာကြောင့် ၊ ယင်းမာပင်မြို့နယ်နဲ့ ကနီမြို့နယ်တဝိုက် ကျေးရွာသားတွေဟာ နီးစပ်ရာ ရွာတွေနဲ့ တောအုပ်တွေထဲ ထွက်ပြေးတိမ်းရှောင်နေရတာ သီတင်း ၂ ပတ်ကျော် ကြာလာပြီဖြစ်ပေမယ့် ခုထိ အိမ် မပြန်နိုင်သေးပဲ ဖြစ်နေပါတယ်။ ထောင်ချီတဲ့ ထွက်ပြေးတိမ်းရှောင်သူတွေဟာ တောတောင်တွေထဲ အရေးပေါ် အစားအသောက်နဲ့ ဆေးဝါး အကူအညီတွေ လိုအပ်နေတဲ့အကြောင်း ကယ်ဆယ်ရေး အဖွဲ့တွေနဲ့ ဒေသခံတချို့က ပြောပါတယ်။ ဒီအကြောင်း ကိုဉာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်း တင်ပြထားပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်နဲ့ ကနီမြို့နယ်တဝိုက်က စစ်အာဏာသိမ်း ဆန့်ကျင်တဲ့ ကျေးရွာသပိတ်စစ်ကြောင်းတွေကို စစ်ကောင်စီ တပ်တွေ၊ လာရောက် ရှင်းလင်းပစ်ခတ်ရာက ဒေသခံတွေကလည်း ရရာလက်နက် အနည်းငယ်နဲ့ ခုခံ ပစ်ခတ်ပြီးနောက်မှာ စစ်တပ်က ပိုပြီး အကြမ်းဖက် နှိမ်နင်းလာတဲ့အတွက် ဒေသခံတွေ ရွာလုံးကျွတ်နီးပါး ဘေးလွတ်ရာကို ရှောင်တိမ်းနေခဲ့တာပါ။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ယင်းမာပင်ခရိုင် ကပိုင်အုပ်စု သီးကုန်းရွာနဲ့ သစ်ရာပင်ရွာကြား အပြန်အလှန်ပစ်ခတ်မှုကြောင့် ခုလို ရှောင်တိမ်းရတဲ့ အခြေအနေမျိုး ဖြစ်လာရပြီး အများစုဟာ ခုချိန်ထိ အိမ်မပြန်နိုင် ဖြစ်နေရတယ်လို့ အမည်မဖေါ်လိုတဲ့ ဒေသခံ အမျိုးသမီးတဦးက VOA ကို ပြောပါတယ်။

" ဖြစ်သွားတာက သီးကုန်ရွာနဲ့ သစ်ရာပင်ရွာ ကြားမှာ သရက်ခြံတောမှာ တိုက်ပွဲ ဖြစ်တာရှင့်။ ဒါပေမဲ့ ခိုလှုံနေရတာကတော့ ကပိုင်ရွာတို့ သီးကုန်းရွာတို့ ကဗျူရွာတို့နားက ပတ်ဝန်းကျင်မှာပဲ ခိုလှုံနေရတာပါ။ အိမ်ပြန်နိုင်တဲ့ အနေအထား မရှိသေးဘူးရှင့်။ အခုဆိုရင် စစ်ကောင်စီ တပ်တွေက အလုံးအရင်းနဲ့ ဝင်ရောက် ရှာဖွေပြီးတော့ ပစ္စည်းတွေယူတယ်၊ လူတွေ့ရင် ရိုက်နှက် ဖမ်းဆီး နှိပ်စက်ညှဉ်းဆဲတာတွေ လုပ်တာပေ့ါ။ လုပ်တော့ ပြည်သူတွေက သူတို့ရဲ့ အသက်အိုးအိမ်ကို စိုးရိမ်တော့ ပြန်ဝင်မလာသေးဘူး။ အဲလို ဖြစ်နေတယ်။ "

ဒီကနေ့အချိန်ထိလည်း ကနီမြို့နယ်ဖက်မှာရော ၊ ယင်းမပင်မြို့နယ်တွေမှာပါ စစ်ကောင်စီတပ်တွေက ရွာတွေထဲ ဝင်ရောက်ရှာဖွေ ဖမ်းဆီးမှုတွေ လုပ်နေဆဲဖြစ်တာကြောင့် ထွက်ပြေးတိမ်းရှောင်နေရတာ သီတင်း ၂ ပတ် ဝန်းကျင် ရှိလာပြီဖြစ်တယ်လို့ ကနီ ဒေသခံတဦးက ပြောပါတယ်။

" ဒီနေ့ဆိုရင် ကနီမြို့နယ်ထဲမှာ ငါးဖျက်၊ ပန်းဆိုင်း အဲဒီရွာတွေကို ဝင်မွှေတယ်။ နောက် ယင်းမာပင်ဖက်က သေနတ်ပင်ရွာကိုလည်း သွားပြီးမှ ဝင်မွှေတာလို့ ပြောတယ်။ ပြောရရင် တယောက်ယောက်က သတင်းပေးတာမျိုး လုပ်လို့ ဖြစ်လိမ့်မယ်။ အဲဒီအတွက်ကို သူတို့က အင်အားသုံး ဝင်လာပြီး မွှေတာမျိုး လုပ်လာကြတယ်။ အဲဒီမှာ ကျေးရွာထဲက အကုန်လုံး ထွက်ပြေးကြရတာ။ "

အခုဆိုရင် ဒီရက်ပိုင်းထဲ အဲဒီဒေသမှာ မိုးရွာသွန်းတာတွေ ရှိလာတာကြောင့် တောအုပ်တွေထဲ တိမ်းရှောင်နေရသူတွေ စားသောက်ရေးနဲ့ ရွက်ဖျင် အရေးပေါ်အကူအညီတွေ လိုအပ်လာကြောင်း ကနီဒေသခံက ပြောပါတယ်။

" လက်ရှိ ဒီညနေမှာဆိုရင် မိုးကလည်း ရွာလာတယ်။ မိုးကလည်းရွာလာတော့ ခုက စစ်ဘေး ရှောင်ကြတယ်ဆိုတာ ဒါ ပထမဆုံးအကြိမ်လည်း ဖြစ်နေတော့ အတွေ့အကြုံကလည်း မရှိတော့ ၊ ရွာကလူတွေက ဘာတွေကို ဘယ်လိုယူသွားရမလဲဆိုတာ မသိကြဘူး။ ရှောင်ပြီး ပုန်းကြတဲ့အခါမှာ အဖိုးအဖွားတွေ ကလေးသူငယ်တွေ ပါတော့ တော်တော်လေး စိုးရိမ်ရတဲ့ အနေအထားမျိုးမှာ ရှိပါတယ် .. လက်ရှိ ရာသီဥတု အနေအထားအရတော့။ အဓိကတော့ ဆန်ရယ် ၊ ဆီရယ် ၊ ခေါက်ဆွဲထုတ်တွေရယ် ပထမဆုံးအနေနဲ့ ကျနော်တို့ ပေးပို့ပြီးတော့မှ ကူညီဖြစ်ပါတယ်။ လူဦးရေက များတဲ့အခါကျတော့ စခန်းတခုကို ၅ ရက်စာလောက်ပဲ ကျနော်တို့ ပေးနိုင်တဲ့ အနေအထားမျိုးမှာပဲ ရှိပါတယ်။ များသောအားဖြင့်တော့ ကျေးရွာတွေ တခုနဲ့တခု ကာကွယ်စောင့်ရှောက်မှု မပေးနိုင်တဲ့ အနေအထားမျိုး ဖြစ်နေတော့ တောတောင်တွေ အကာအကွယ်ကိုယူပြီးမှ တောတောင်ထဲမှာပဲ သစ်ရိပ်ဝါးရိပ်အောက်မှာပဲ နေနေကြရပါတယ်။ "

စစ်ကောင်စီတပ်ရဲ့အန္တရယ်ကို ရှောင်တိမ်းရင်း တောတွင်းနဲ့ ရွာနီးချုပ်စပ် ရရာနေရာတွေမှာ ဖြစ်သလို ခိုလှုံနေရမယ်ဆိုရင် အဲဒီဒေသခံတွေအတွက် ဆေးဝါး အရေးပေါ်လိုအပ်ချက် ရှိလာနိုင်တယ်လို့ ယင်းမာပင် ဒေသခံ အမျိုးသမီးက ပြောပါတယ်။

" သူတို့အတွက် အရေးပေါ်လိုအပ်ချက်ကတော့ ခုလောလောဆယ် သူတို့မှာ စားစရာမရှိတော့ ဆန်ဆီ လှူချင်တဲ့သူ လှူဖို့ကို ကျမတို့ လုပ်ပေးနေရတာပါ။ ပြီးတော့ ခုလောလောဆယ် ရက်ပိုင်းအတွင်းမှာ သူတို့ စားနပ်ရိက္ခာပြတ်ပြီး ဒုက္ခရောက်တော့မယ် ၊ မိုးရွာလာတဲ့ အခါကျတော့ သူတို့ နေရတာကလည်း စစ်တပ်က ဒီဖက်ရောက်လာမှာလားဆိုပြီး သို့လော သို့လော စိုးရိမ်စိတ်နဲ့ နေနေရတာဖြစ်တဲ့အတွက် တဲအခိုင်အမာ ထိုးနေလို့လည်း မရဘူး။ အဲဒီအခါကျတော့ မိုးရာသီရောက်လာရင် သူတို့ကျန်းမာရေးက ထိခိုက်လာတော့မယ်။ အဲဒီတော့ အရေးပေါ်အနေနဲ့ စားရေး သောက်ရေးရော ဆေးဝါးပါ လိုအပ်နေပါတယ်ရှင့်။ "

ထွက်ပြေးတိမ်းရှောင်နေသူ တွေဟာ ကနီမြိုနယ်နဲ့ ယင်းမာပင်မြို့နယ်ကြားက ပန်းဆိုင်း၊ ငါးဖျက်၊ ရှမ်းမြောင်း၊ တဇယ်ချောင်၊ မုဌော အရှေ့ရွာ- အနောက်ရွာ၊ သမင်းခြံ၊ မင်းမ၊ သင့်ဝင်၊ ချောင်းမ၊ လင်ပုန်းရည်၊ မိုးကောင်း ရွာတွေက ဒေသခံတွေပဲ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG