သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကနီ - ယင္းမာပင္ ရြာသားေတြ ေတာထဲကိုတိမ္းေရွာင္


(Zawgyi/Unicode)
စစ္ကိုင္းတိုင္း ကနီၿမိဳ႕ အပါအ၀င္ ၿမိဳ႕နယ္တြင္းက ေက်းရြာ တဒါဇင္ေလာက္က ေဒသခံေတြ စစ္တပ္ကို စိုးရိမ္ ေၾကာက္ရြံ႔မႈေၾကာင့္ သစ္ေတာေတြတြင္း ထြက္ေျပး တိမ္းေရွာင္ေနရတာ သတင္း ၂ ပတ္ နီးပါး ရွိလာပါၿပီ။ ယင္းမာပင္နဲ႔ ကနီၾကား ေဒသ ၃ ခုမွာ စစ္အာဏာသိမ္းမႈ ဆန္႔က်င္ ဆႏၵျပပြဲေတြကို ပစ္ခတ္ ႏွိမ္နင္းတဲ႔ စစ္တပ္နဲ႔ ေဒသခံေတြၾကား ေသြးထြက္သံယို ထိပ္တိုက္ေတြ႔ခဲ႔ၿပီးေနာက္ ကနီၿမိဳ႕နယ္တြင္း ေက်းရြာေတြကို စစ္တပ္က လိုက္လံ ရွာေဖြေနတာပါ။ ကနီ ေဒသခံ တဦးကို မသိဂၤ ီထုိက္ ဆက္သြယ္ၿပီး ေနာက္ဆံုးရ အေျခအေနေတြ ေမးျမန္းထားပါတယ္။

မသိဂၤ ီထုိက္။ ။ ကနီျမိဳ ့ရဲ့ ေလာေလာဆယ္အေျခအေနနဲ ့ပက္သက္ျပီး ေျပာျပပါဦး။
ေဒသခံ။ ။ ေလာေလာဆယ္အေျခအေနကေတာ့ ရြာေတြေတာ္ေတာ္မ်ားမ်ား ထြက္ေျပးေနတယ္ခင္ဗ်။
မသိဂၤ ီထုိက္။ ။ ဘယ္ရြာေတြ ထြက္ေျပးေနရပါသလဲရွင့္။
ရြာခံ။ ။ ကနီရဲ့ ေတာင္ဘက္အျခမ္း ေျပာရမွာေပါ့ေနာ္။ ကနီရဲ့ ေတာင္ဘက္ကစျပီးေတာ့ က်ေနာ္တို ့ေခ်ာင္ပန္းနဲ ့ၾကားေပါ့။ ကနီ ျပီးရင္ ရွမ္းေခ်ာင္းရွိမယ္။ ကနီ၊ ရွမ္းေျမာင္း၊ တဇယ္ေခ်ာင္၊ ပန္းဆိုင္း၊ ငါးဖ်က္၊ မုေဌာ အေရွ႕ရြာ- အေနာက္ရြာ၊ သမင္းၿခံ၊ မင္းမ၊ သင့္၀င္၊ ေခ်ာင္းမ အဲဒီရြာေတြ အကုန္လံုးနီးနီးေျပးေနရတယ္။

မသိဂၤ ီထုိက္။ ။ ဘယ္လိုျဖစ္လို ့ေျပးရပါသလဲရွင့္။
ေဒသခံ။ ။ အိမ္ေတြထဲ၊ ရြာေတြထဲမွာ လိုက္ျပီး ေမႊေနလို ့ပါ။

မသိဂၤ ီထုိက္။ ။ ေမႊေနတယ္ဆိုတာက ဘယ္သူေတြပါလဲရွင့္။
ေဒသခံ။ ။ စစ္ေကာင္စီကေပါ့။

မသိဂၤ ီထုိက္။ ။ စစ္ေကာင္စီဆိုတာက စစ္သားေတြလား၊ ရဲေတြလားရွင့္ ။ ဘယ္သူေတြပါလဲ ။
ေဒသခံ။ ။ စစ္သားေတြ ။

မသိဂၤ ီထုိက္။ ။ ဘယ္လို ျဖစ္လို ့သူတို ့က ရြာေတြထဲကို ဆင္းတာပါလဲရွင့္။ ဒီ ကနီျမိဳ ့ေပၚမွာ မဟုတ္ပဲနွင့္။
ေဒသခံ။ ။ အမတို ့သိခဲ့တဲ့အတိုင္းပဲေလ။ သေျပေအး ကိစၥေတြလို ဒီဘက္မွာ ျဖစ္ထားတဲ့ တိုက္ပြဲေတြရွိေတာ့။ က်ေနာ့္ အထင္ေတာ့ လက္နက္ကိစၥလို ့ထင္တာပဲ။ လက္နက္ေတြဘာေတြ လိုက္စစ္တယ္ထင္တာပဲ။

မသိဂၤ ီထုိက္။ ။ ဒီရြာေတြမွာ ဘယ္ဟာနဲ ့ဆက္စပ္ျပီးေတာ့ သူတို ့က ရွာတာပါလည္းရွင့္ ။
ေဒသခံ။ ။ ေတာ္ေတာ္မ်ားမ်ားကေတာ့ က်ေနာ္တို ့ဒီဘက္ သေျပေအးကိစၥရယ္၊ ေနာက္ျပီးေတာ့ လည္ရွည္ မွာတခါျဖစ္တယ္။ တရြာေတာင္ လဘို ့ဘက္မွာတခါျဖစ္တယ္။ အဲဒီ သံုးပြဲနဲ ့ဆက္စပ္တယ္လို ့ေတာ့ က်ေနာ္ထင္တာပဲ။ အဲဒီမွာ ျပည္သူဘက္က ခုခံတာေတြရွိေတာ့ အဲဒီလက္နက္ေတြဘာေတြ ၀င္ရွာရင္းနဲ ့အဲလိုလုပ္တယ္လို ့ထင္တာပဲ။

မသိဂၤ ီထုိက္။ ။ ဟုတ္ကဲ့။ အခုလက္ရွိ ကနီျမိဳ ့ေပၚမွာ ေနရတဲ့အေျခအေနကေရာ ဘယ္လိုရွိပါသလဲ။
ေဒသခံ။ ။ ျမိဳ ့ေပၚေတြကလည္း ေတာ္ေတာ္မ်ားမ်ားကေတာ့ ထြက္ေျပးေနရတယ္။ ျမိဳ ့ေပၚမွာလည္း စစ္တပ္က ရွိတယ္ေလ။ အမ်ားၾကီးေတာ့ မဟုတ္ဘူးေပါ့။ တပ္ျဖန္ ့ထားတဲ့ သေဘာေပါ့။ တနယ္လံုးနီးနီးျဖန္ ့ထားတာေပါ့။ စစ္သားေတြကိုေလ။

မသိဂၤ ီထုိက္။ ။ ထြက္ေျပးေနၾကတယ္ဆိုေတာ့ ကနီကေန ဘယ္ကိုထြက္ေျပးေနၾကပါလဲရွင့္။
ေဒသခံ။ ။ က်ေနာ္တို ့ဘက္က သစ္ေတာေတြရွိေတာ့၊ အဲဒီေတာျပဳတ္ကေလးေတြရွိေတာ့ အဲဒီေတာျပဳတ္ကေလးေတြထဲ ထြက္ေျပးၾကတာမ်ားတယ္။

မသိဂၤ ီထုိက္။ ။ တျခားျမိဳ ့ကို ေျပာင္းတာမဟုတ္ပဲနဲ ့ ေတာေတြထဲကို သြားေရွာင္ေနၾကတာလား။
ေဒသခံ။ ။ ဟုတ္တယ္ခင္ဗ် ။ ဟုတ္တယ္။

မသိဂၤ ီထုိက္။ ။ ဘယ္ေလာက္ၾကာျပီလဲရွင့္။ အဲဒီအေျခအေနက။
ေဒသခံ။ ။ အေစာပိုင္းတုန္းကေတာ့ ရံဖန္ရံခါေပါ့။ အခုေတာ့ ရက္ဆက္ဆိုသလို ေရွာင္ေနရတာမ်ားတယ္။

မသိဂၤ ီထုိက္။ ။ အဲဒီေတာ့ ကနီကို လံုျခံဳေရး စစ္တပ္ေတြ၀င္တာ ဘယ္ေလာက္ၾကာပါျပီလဲရွင့္။
ေဒသခံ။ ။ သၾကၤန္မတိုင္ခင္ထဲက အမေရ။ သၾကၤန္မစခင္ ရက္ပိုင္းေလာက္ကတည္းက။

မသိဂၤ ီထုိက္။ ။ အဖမ္အဆီးေရာရွိပါသလား။
ေဒသခံတဦး။ ။ အဖမ္းအဆီးက အေစာပိုင္းက မသကၤာတဲ့ လူေတြကို သူတို ့ဖမ္းတယ္။ ဖမ္းျပီး စစ္ေဆးျပီး သူတို ့ျပန္လႊတ္တာေတြက မ်ားပါတယ္။

မသိဂၤ ီထုိက္။ ။ ဟုတ္ကဲ့။ အက်အဆံုးေရာ ရွိပါသလားရွင့္။
ေဒသခံ။ ။ အက်အဆံုးေတြက က်ေနာ္တို ့ေျမျပင္အေျခအေနအရ အကုန္လံုးၾကီး တိတိက်က်ေတာ့ မေျပာနိုင္ဘူးခင္ဗ်။ ဒါေပမယ့္ အက်အဆံုးေတြကေတာ့ ရွိေနတယ္။

မသိဂၤ ီထုိက္။ ။ အခုထြက္ေျပးေနၾကတဲ့လူေတြကေရာ သစ္ေတာထဲမွာ လံုျခံဳပါရဲ့လာရွင့္။ ဘယ္လို ေနေနၾကရတယ္လို ့သိထားပါသလဲ။

ေဒသခံ။ ။ သစ္ေတာထဲမွာကေတာ့ ေတာဘက္ေဒသေတြဆိုေတာ့ သူတို ့နယ္ေျမမက်ြမ္းက်င္ေတာ့ နည္းနည္းေတာ့ အရမ္းၾကီးေတာ့ သူတို ့မ၀င္ရဲ့ဘူးေပါ့။ ဒါေပမယ့္ လံုျခံဳတယ္လို ့ေတာ့ မခံစားရပါဘူး။

မသိဂၤ ီထုိက္။ ။ ေရွာင္ရတဲ့သူေတြ ဘယ္လို ေနေနၾကရပါသလဲရွင့္။ ေဒသခံ။ ။ ေရွာင္ရတဲ့သူေတြက စားေရးေသာက္ေရး နည္းနည္းေတာ့ အခက္အခဲရွိတာေပါ့ေနာ္။ အေရးေပၚေရွာင္ရတဲ့ အခါက်ေတာ့။

မသိဂၤ ီထုိက္။ ။ အဲဒီ ေရွာင္ေနရဲ့သူေတြနဲ ့ေရာ ၊ ျမိဳ ့ေပၚ အဆက္အသြယ္၊ သူတို ့ရဲ့ အေျခအေန၊ အဲ
ဒါေတြေရာ သိၾကပါရဲ့လားရွင့္။ သီးျခားျဖစ္သြားပါလား။ ဘယ္လို ေရွာင္ေနၾကပါလဲ။

ေဒသခံ။ ။ ေရွာင္တဲ့အခါေတာ့ တရြာနဲ ့တရြာကေတာ့ အခ်ိတ္အဆက္ေလးေတြေတာ့ ရွိၾကတယ္ခင္ဗ်။ တခါတေလေတာ့ သတင္းမွားေတြ ဘာေတြေတာ့ တက္တာေတြရွိပါတယ္။ အဆက္အသြယ္ေလးေတြေတာ့ ရွိၾကပါတယ္။ အခုေလာေလာဆယ္ေတာင္ က်ေနာ္တို ့ရြာရဲ့ အေနာက္ေျမာက္ဘက္မွာ တဲစုရြာေလးရွိတယ္ခင္ဗ်။ အဲဒီမွာ စစ္သားေတြ ၀င္စီးတယ္လို ့ၾကားတယ္ ခင္ဗ်။ က်ေနာ္လွမ္းျပီး ခုနက သတင္းၾကည့္တယ္။ အခုလည္း ဖုန္းေတြ ခဏခဏ ၀င္ေနတယ္။

မသိဂၤ ီထုိက္။ ။ သူတို ့က ခဏ ခဏ ၀င္စီးေတာ့ ရြာထဲက ဘယ္ေလာက္ စိုးရိမ္စရာရွိလို ့ထြက္ေျပးၾကပါသလဲ။ ရိုက္နွက္လို ့လား။ ဘာ့ေၾကာင့္ပါသလဲ။

ေဒသခံ။ ။ ေတာ္ေတာ္မ်ားမ်ားကေတာ့ လက္ရွိအေနအထားအရ တျခားနယ္ေတြမွာ ျဖစ္တာကို ၾကားတာကို ေၾကာက္ၾကတာေပါ့ဗ်ာ။ ရိုက္တာ၊နွက္တာ၊ ဖမ္းတာ၊ဆီးတာေတာ့ အဲေလာက္ၾကီး မလုပ္ေသးဘူးဗ်။ ထိပ္တိုက္ကို မေတြ ့ေသးတဲ့ ပံုစံဆိုေတာ့။ ထိပ္တိုက္ေတြ ့ရင္ ဘယ္လိုလုပ္မလဲဆိုတာေတာ့ မေျပာတတ္ဘူး။ ထိပ္တိုက္အေတြ ့မခံပဲနဲ ့ ေတာ္ေတာ္မ်ားမ်ားက ေရွာင္ေနၾကတယ္။

မသိဂၤ ီထုိက္။ ။ ရြာလံုးက်ြတ္ဆိုေတာ့ ရြာထဲမွာ လူေတြ မရွိေတာ့တဲ့သေဘာလားရွင့္။ ေဒသခံ။ ။ ဟုတ္တယ္ဗ်။ ဟုတ္တယ္။

မသိဂၤ ီထုိက္။ ။ စစ္သားေတြ၊ ရဲေတြက အဲဒီရြာေတြထဲကို သူတို ့၀င္ရွာျပီးေတာ့ ျပန္သြားတာလား။ ဒါမွ မဟုတ္ အဲဒီရြာေတြထဲမွာ ဆက္ရွိေနတာပါလား။ ဘယ္လိုပါလဲရွင့္။ ေဒသခံ။ ။ သူတို ့တပ္စြဲထားတဲ့ ရြာေတြကို ေတာ့ ျပန္ျပန္လွည့္သြားတယ္။ ဟိုလို ရြာတိုင္းမွာေတာ့ အၾကာၾကီးေနတာေတာ့ မဟုတ္ဘူး။

မသိဂၤ ီထုိက္။ ။ ဟုတ္ကဲ့။ အဲဒီေတာ့ ျပည္သူေတြရဲ့ အသက္အိုးအိမ္ စည္းစိမ္ေပါ့ေလ။ လူေတြက အသက္အႏၱရာယ္အေရး၊ ရိုက္ခံရမယ့္အေရးေၾကာင့္ ထြက္ေျပးေနၾကရတဲ့ အခါ သူတို ့ က်န္ခဲ့တဲ့ အိမ္ေတြ ပစၥည္ေတြအတြက္ေရာ စိတ္ခ်ရပါရဲ့လားရွင့္။

ေဒသခံ။ ။ ပစၥည္း ပစၥယကေတာ့ သိပ္ျပီး စိတ္မခ်ရပါဘူး။ မေန ့ကဆို သူတို ့က်ေနာ္တို ့ရြာကို ၀င္လာတယ္။ ၀င္လာျပီးေတာ့ လမ္ေဘးကအိမ္ေတြကို ၀င္ျပီး ၾကက္ေတြဖမ္းခ်က္စားတာတို ့၊ အရက္ဘီယာေတြ ေတြ ့ရင္ ၀င္ယူေသာက္တာတို ့အဲသလိုမ်ိဴးလုပ္သြားတယ္။

လက္ရွိ ထြက္ေျပး တိမ္းေရွာင္ေနရတဲ႔ ေဒသေတြကေတာ့ ကနီၿမိဳ႕ေပၚ၊ ေနာက္ ၿမိဳ႕အနီး ရွမ္းေျမာင္း၊ တဇယ္ေခ်ာင္၊ ပန္းဆိုင္း၊ ငါးဖ်က္၊ မုေဌာ အေရွ႕ရြာ- အေနာက္ရြာ၊ သမင္းၿခံ၊ မင္းမ၊ သင့္၀င္၊ ေခ်ာင္းမ၊ လင္ပုန္းရည္၊ မိုးေကာင္း ရြာတို႔ ျဖစ္ၿပီး ကနီၿမိဳ႕နဲ႔ ယင္းမာပင္ၿမိဳ႕နယ္ၾကားက ရြာေတြ ျဖစ္ပါတယ္။ ထြက္ေျပး တိ္မ္းေရွာင္ေနရသူ အေရအတြက္ အတိအက် မသိရေပမယ့္လည္း လူေပါင္း ေထာင္ခ်ီ ေနထိုင္တဲ႔ ရြာႀကီးေတြ ပါ၀င္ပါတယ္။

........................................................................

တိုက္႐ိုက္ လင့္ခ္


ကနီ - ယင်းမာပင် ရွာသားတွေ တောထဲကိုတိမ်းရှောင်

(Unicode)
စစ်ကိုင်းတိုင်း ကနီမြို့ အပါအဝင် မြို့နယ်တွင်းက ကျေးရွာ တဒါဇင်လောက်က ဒေသခံတွေ စစ်တပ်ကို စိုးရိမ် ကြောက်ရွံ့မှုကြောင့် သစ်တောတွေတွင်း ထွက်ပြေး တိမ်းရှောင်နေရတာ သတင်း ၂ ပတ် နီးပါး ရှိလာပါပြီ။ ယင်းမာပင်နဲ့ ကနီကြား ဒေသ ၃ ခုမှာ စစ်အာဏာသိမ်းမှု ဆန့်ကျင် ဆန္ဒပြပွဲတွေကို ပစ်ခတ် နှိမ်နင်းတဲ့ စစ်တပ်နဲ့ ဒေသခံတွေကြား သွေးထွက်သံယို ထိပ်တိုက်တွေ့ခဲ့ပြီးနောက် ကနီမြို့နယ်တွင်း ကျေးရွာတွေကို စစ်တပ်က လိုက်လံ ရှာဖွေနေတာပါ။ ကနီ ဒေသခံ တဦးကို မသိင်္ဂ ီထိုက် ဆက်သွယ်ပြီး နောက်ဆုံးရ အခြေအနေတွေ မေးမြန်းထားပါတယ်။

မသိင်္ဂ ီထိုက်။ ။ ကနီမြို့ရဲ့ လောလောဆယ်အခြေအနေနဲ့ပက်သက်ပြီး ပြောပြပါဦး။
ဒေသခံ။ ။ လောလောဆယ်အခြေအနေကတော့ ရွာတွေတော်တော်များများ ထွက်ပြေးနေတယ်ခင်ဗျ။
မသိင်္ဂ ီထိုက်။ ။ ဘယ်ရွာတွေ ထွက်ပြေးနေရပါသလဲရှင့်။
ရွာခံ။ ။ ကနီရဲ့ တောင်ဘက်အခြမ်း ပြောရမှာပေါ့နော်။ ကနီရဲ့ တောင်ဘက်ကစပြီးတော့ ကျနော်တို့ချောင်ပန်းနဲ့ကြားပေါ့။ ကနီ ပြီးရင် ရှမ်းချောင်းရှိမယ်။ ကနီ၊ ရှမ်းမြောင်း၊ တဇယ်ချောင်၊ ပန်းဆိုင်း၊ ငါးဖျက်၊ မုဌော အရှေ့ရွာ- အနောက်ရွာ၊ သမင်းခြံ၊ မင်းမ၊ သင့်ဝင်၊ ချောင်းမ အဲဒီရွာတွေ အကုန်လုံးနီးနီးပြေးနေရတယ်။
မသိင်္ဂ ီထိုက်။ ။ ဘယ်လိုဖြစ်လို့ပြေးရပါသလဲရှင့်။
ဒေသခံ။ ။ အိမ်တွေထဲ၊ ရွာတွေထဲမှာ လိုက်ပြီး မွှေနေလို့ပါ။
မသိင်္ဂ ီထိုက်။ ။ မွှေနေတယ်ဆိုတာက ဘယ်သူတွေပါလဲရှင့်။
ဒေသခံ။ ။ စစ်ကောင်စီကပေါ့။
မသိင်္ဂ ီထိုက်။ ။ စစ်ကောင်စီဆိုတာက စစ်သားတွေလား၊ ရဲတွေလားရှင့် ။ ဘယ်သူတွေပါလဲ ။
ဒေသခံ။ ။ စစ်သားတွေ ။
မသိင်္ဂ ီထိုက်။ ။ ဘယ်လို ဖြစ်လို့သူတို့က ရွာတွေထဲကို ဆင်းတာပါလဲရှင့်။ ဒီ ကနီမြို့ပေါ်မှာ မဟုတ်ပဲနှင့်။
ဒေသခံ။ ။ အမတို့သိခဲ့တဲ့အတိုင်းပဲလေ။ သပြေအေး ကိစ္စတွေလို ဒီဘက်မှာ ဖြစ်ထားတဲ့ တိုက်ပွဲတွေရှိတော့။ ကျနော့် အထင်တော့ လက်နက်ကိစ္စလို့ထင်တာပဲ။ လက်နက်တွေဘာတွေ လိုက်စစ်တယ်ထင်တာပဲ။
မသိင်္ဂ ီထိုက်။ ။ ဒီရွာတွေမှာ ဘယ်ဟာနဲ့ဆက်စပ်ပြီးတော့ သူတို့က ရှာတာပါလည်းရှင့် ။
ဒေသခံ။ ။ တော်တော်များများကတော့ ကျနော်တို့ဒီဘက် သပြေအေးကိစ္စရယ်၊ နောက်ပြီးတော့ လည်ရှည် မှာတခါဖြစ်တယ်။ တရွာတောင် လဘို့ဘက်မှာတခါဖြစ်တယ်။ အဲဒီ သုံးပွဲနဲ့ဆက်စပ်တယ်လို့တော့ ကျနော်ထင်တာပဲ။ အဲဒီမှာ ပြည်သူဘက်က ခုခံတာတွေရှိတော့ အဲဒီလက်နက်တွေဘာတွေ ဝင်ရှာရင်းနဲ့အဲလိုလုပ်တယ်လို့ထင်တာပဲ။
မသိင်္ဂ ီထိုက်။ ။ ဟုတ်ကဲ့။ အခုလက်ရှိ ကနီမြို့ပေါ်မှာ နေရတဲ့အခြေအနေကရော ဘယ်လိုရှိပါသလဲ။
ဒေသခံ။ ။ မြို့ပေါ်တွေကလည်း တော်တော်များများကတော့ ထွက်ပြေးနေရတယ်။ မြို့ပေါ်မှာလည်း စစ်တပ်က ရှိတယ်လေ။ အများကြီးတော့ မဟုတ်ဘူးပေါ့။ တပ်ဖြန့်ထားတဲ့ သဘောပေါ့။ တနယ်လုံးနီးနီးဖြန့်ထားတာပေါ့။ စစ်သားတွေကိုလေ။
မသိင်္ဂ ီထိုက်။ ။ ထွက်ပြေးနေကြတယ်ဆိုတော့ ကနီကနေ ဘယ်ကိုထွက်ပြေးနေကြပါလဲရှင့်။
ဒေသခံ။ ။ ကျနော်တို့ဘက်က သစ်တောတွေရှိတော့၊ အဲဒီတောပြုတ်ကလေးတွေရှိတော့ အဲဒီတောပြုတ်ကလေးတွေထဲ ထွက်ပြေးကြတာများတယ်။
မသိင်္ဂ ီထိုက်။ ။ တခြားမြို့ကို ပြောင်းတာမဟုတ်ပဲနဲ့ တောတွေထဲကို သွားရှောင်နေကြတာလား။
ဒေသခံ။ ။ ဟုတ်တယ်ခင်ဗျ ။ ဟုတ်တယ်။
မသိင်္ဂ ီထိုက်။ ။ ဘယ်လောက်ကြာပြီလဲရှင့်။ အဲဒီအခြေအနေက။
ဒေသခံ။ ။ အစောပိုင်းတုန်းကတော့ ရံဖန်ရံခါပေါ့။ အခုတော့ ရက်ဆက်ဆိုသလို ရှောင်နေရတာများတယ်။
မသိင်္ဂ ီထိုက်။ ။ အဲဒီတော့ ကနီကို လုံခြုံရေး စစ်တပ်တွေဝင်တာ ဘယ်လောက်ကြာပါပြီလဲရှင့်။
ဒေသခံ။ ။ သင်္ကြန်မတိုင်ခင်ထဲက အမရေ။ သင်္ကြန်မစခင် ရက်ပိုင်းလောက်ကတည်းက။
မသိင်္ဂ ီထိုက်။ ။ အဖမ်အဆီးရောရှိပါသလား။
ဒေသခံတဦး။ ။ အဖမ်းအဆီးက အစောပိုင်းက မသင်္ကာတဲ့ လူတွေကို သူတို့ဖမ်းတယ်။ ဖမ်းပြီး စစ်ဆေးပြီး သူတို့ပြန်လွှတ်တာတွေက များပါတယ်။
မသိင်္ဂ ီထိုက်။ ။ ဟုတ်ကဲ့။ အကျအဆုံးရော ရှိပါသလားရှင့်။
ဒေသခံ။ ။ အကျအဆုံးတွေက ကျနော်တို့မြေပြင်အခြေအနေအရ အကုန်လုံးကြီး တိတိကျကျတော့ မပြောနိုင်ဘူးခင်ဗျ။ ဒါပေမယ့် အကျအဆုံးတွေကတော့ ရှိနေတယ်။
မသိင်္ဂ ီထိုက်။ ။ အခုထွက်ပြေးနေကြတဲ့လူတွေကရော သစ်တောထဲမှာ လုံခြုံပါရဲ့လာရှင့်။ ဘယ်လို နေနေကြရတယ်လို့သိထားပါသလဲ။
ဒေသခံ။ ။ သစ်တောထဲမှာကတော့ တောဘက်ဒေသတွေဆိုတော့ သူတို့နယ်မြေမကျွမ်းကျင်တော့ နည်းနည်းတော့ အရမ်းကြီးတော့ သူတို့မဝင်ရဲ့ဘူးပေါ့။ ဒါပေမယ့် လုံခြုံတယ်လို့တော့ မခံစားရပါဘူး။

မသိင်္ဂ ီထိုက်။ ။ ရှောင်ရတဲ့သူတွေ ဘယ်လို နေနေကြရပါသလဲရှင့်။
ဒေသခံ။ ။ ရှောင်ရတဲ့သူတွေက စားရေးသောက်ရေး နည်းနည်းတော့ အခက်အခဲရှိတာပေါ့နော်။ အရေးပေါ်ရှောင်ရတဲ့ အခါကျတော့။
မသိင်္ဂ ီထိုက်။ ။ အဲဒီ ရှောင်နေရဲ့သူတွေနဲ့ရော ၊ မြို့ပေါ် အဆက်အသွယ်၊ သူတို့ရဲ့ အခြေအနေ၊ အဲ
ဒါတွေရော သိကြပါရဲ့လားရှင့်။ သီးခြားဖြစ်သွားပါလား။ ဘယ်လို ရှောင်နေကြပါလဲ။
ဒေသခံ။ ။ ရှောင်တဲ့အခါတော့ တရွာနဲ့တရွာကတော့ အချိတ်အဆက်လေးတွေတော့ ရှိကြတယ်ခင်ဗျ။ တခါတလေတော့ သတင်းမှားတွေ ဘာတွေတော့ တက်တာတွေရှိပါတယ်။ အဆက်အသွယ်လေးတွေတော့ ရှိကြပါတယ်။ အခုလောလောဆယ်တောင် ကျနော်တို့ရွာရဲ့ အနောက်မြောက်ဘက်မှာ တဲစုရွာလေးရှိတယ်ခင်ဗျ။ အဲဒီမှာ စစ်သားတွေ ဝင်စီးတယ်လို့ကြားတယ် ခင်ဗျ။ ကျနော်လှမ်းပြီး ခုနက သတင်းကြည့်တယ်။ အခုလည်း ဖုန်းတွေ ခဏခဏ ဝင်နေတယ်။

မသိင်္ဂ ီထိုက်။ ။ သူတို့က ခဏ ခဏ ဝင်စီးတော့ ရွာထဲက ဘယ်လောက် စိုးရိမ်စရာရှိလို့ထွက်ပြေးကြပါသလဲ။ ရိုက်နှက်လို့လား။ ဘာ့ကြောင့်ပါသလဲ။
ဒေသခံ။ ။ တော်တော်များများကတော့ လက်ရှိအနေအထားအရ တခြားနယ်တွေမှာ ဖြစ်တာကို ကြားတာကို ကြောက်ကြတာပေါ့ဗျာ။ ရိုက်တာ၊နှက်တာ၊ ဖမ်းတာ၊ဆီးတာတော့ အဲလောက်ကြီး မလုပ်သေးဘူးဗျ။ ထိပ်တိုက်ကို မတွေ့သေးတဲ့ ပုံစံဆိုတော့။ ထိပ်တိုက်တွေ့ရင် ဘယ်လိုလုပ်မလဲဆိုတာတော့ မပြောတတ်ဘူး။ ထိပ်တိုက်အတွေ့မခံပဲနဲ့ တော်တော်များများက ရှောင်နေကြတယ်။
မသိင်္ဂ ီထိုက်။ ။ ရွာလုံးကျွတ်ဆိုတော့ ရွာထဲမှာ လူတွေ မရှိတော့တဲ့သဘောလားရှင့်။
ဒေသခံ။ ။ ဟုတ်တယ်ဗျ။ ဟုတ်တယ်။
မသိင်္ဂ ီထိုက်။ ။ စစ်သားတွေ၊ ရဲတွေက အဲဒီရွာတွေထဲကို သူတို့ဝင်ရှာပြီးတော့ ပြန်သွားတာလား။ ဒါမှ မဟုတ် အဲဒီရွာတွေထဲမှာ ဆက်ရှိနေတာပါလား။ ဘယ်လိုပါလဲရှင့်။
ဒေသခံ။ ။ သူတို့တပ်စွဲထားတဲ့ ရွာတွေကို တော့ ပြန်ပြန်လှည့်သွားတယ်။ ဟိုလို ရွာတိုင်းမှာတော့ အကြာကြီးနေတာတော့ မဟုတ်ဘူး။

မသိင်္ဂ ီထိုက်။ ။ ဟုတ်ကဲ့။ အဲဒီတော့ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ပေါ့လေ။ လူတွေက အသက်အန္တရာယ်အရေး၊ ရိုက်ခံရမယ့်အရေးကြောင့် ထွက်ပြေးနေကြရတဲ့ အခါ သူတို့ ကျန်ခဲ့တဲ့ အိမ်တွေ ပစ္စည်တွေအတွက်ရော စိတ်ချရပါရဲ့လားရှင့်။
ဒေသခံ။ ။ ပစ္စည်း ပစ္စယကတော့ သိပ်ပြီး စိတ်မချရပါဘူး။ မနေ့ကဆို သူတို့ကျနော်တို့ရွာကို ဝင်လာတယ်။ ဝင်လာပြီးတော့ လမ်ဘေးကအိမ်တွေကို ဝင်ပြီး ကြက်တွေဖမ်းချက်စားတာတို့၊ အရက်ဘီယာတွေ တွေ့ရင် ဝင်ယူသောက်တာတို့အဲသလိုမျိူးလုပ်သွားတယ်။

လက်ရှိ ထွက်ပြေး တိမ်းရှောင်နေရတဲ့ ဒေသတွေကတော့ ကနီမြို့ပေါ်၊ နောက် မြို့အနီး ရှမ်းမြောင်း၊ တဇယ်ချောင်၊ ပန်းဆိုင်း၊ ငါးဖျက်၊ မုဌော အရှေ့ရွာ- အနောက်ရွာ၊ သမင်းခြံ၊ မင်းမ၊ သင့်ဝင်၊ ချောင်းမ၊ လင်ပုန်းရည်၊ မိုးကောင်း ရွာတို့ ဖြစ်ပြီး ကနီမြို့နဲ့ ယင်းမာပင်မြို့နယ်ကြားက ရွာတွေ ဖြစ်ပါတယ်။ ထွက်ပြေး တိမ်းရှောင်နေရသူ အရေအတွက် အတိအကျ မသိရပေမယ့်လည်း လူပေါင်း ထောင်ချီ နေထိုင်တဲ့ ရွာကြီးတွေ ပါဝင်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG