သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကနီမွာ စစ္ေကာင္စီ နဲ႔ ေဒသခံတပ္ေတြ တိုက္ပဲြျပန္ျဖစ္


ကနီျမိဳ ့နယ္ စစ္ကိုင္းတိုင္း

(Zawgyi/Unicode)
စစ္ကိုင္းတိုင္း ကနီၿမိဳ႕တဝိုက္မွာ စစ္ေကာင္စီတပ္ေတြနဲ႔ ေဒသခံ ျပည္သူ႔ကာကြယ္ေရးတပ္ေတြ အျပန္အလွန္ ပစ္ခတ္မႈေတြ အခုရက္ပိုင္း ျပန္လည္ျဖစ္ပြားေနပါတယ္။ ေမလဆန္းက ေနာက္ဆံုး အျပန္အလွန္ ပစ္ခတ္မႈေတြျဖစ္ခဲ့ၿပီး အေျခအေန ၿငိမ္သက္ခဲ့ၿပီးေနာက္ အခုတႀကိမ္ ျပန္ျဖစ္တာပါ။

ပစ္ခတ္တာေၾကာင့္ ေဒသခံေတြလည္း ေဘးလြတ္ရာကို ထြက္ေျပးေနရပါတယ္။ ဒီအေၾကာင္း အျပည့္အစံု ရန္ကုန္က လာတဲ့သတင္းကို ကိုေအာင္ျမတ္သူ က ေျပာျပပါမယ္။

စစ္ကိုင္းတုိင္းထဲက ကနီၿမိဳ႕နဲ႔ ကင္းလမ္း မိုင္တိုင္ ၂၀ မွာ ေမ ၂၂ ရက္ နဲ႔ ၂၃ ရက္ေတြမွာ စစ္ေကာင္စီနဲ႔ ေဒသခံ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ေတြ ပစ္ခတ္မႈေတြ ျပန္လည္ ျဖစ္ပြားခဲ့ပါတယ္။ ပစ္ခတ္မႈေတြျဖစ္ခဲ့ၿပီးေနာက္ စစ္တပ္ဖက္က တိုက္ပဲြျဖစ္တဲ့ ေနရာေတြမွာ တပ္စြဲၿပီး လံုၿခံဳေရး ယူထားတယ္လို႔ ေဒသခံကာကြယ္ေရး အဖြဲ႕ေတြက ေျပာပါတယ္။ ေမလ ၂၄ ရက္ တနလၤာေန႔မွာေတာ့ ကနီၿမိဳ႕အပိုင္ ခ်င္းတြင္းျမစ္အေရွ႕ဘက္ျခမ္းက ဇီးျဖဴကုန္းရြာအနီးမွာ ေဒသခံကာကြယ္ေရးအဖြဲ႕ေတြနဲ႔ စစ္ေကာင္စီတို႔ ပစ္ခတ္တာေတြ ဆက္ျဖစ္ေနပါတယ္။ ဒီအေျခအေနနဲ႔ပတ္သက္လို႔ ေဒသခံကာကြယ္ေရး အဖြဲ႕၀င္တဦးက အခုလိုေျပာပါတယ္။

“ဒီေန႔တိုက္ပြဲအေျခအေနကေတာ့ လတ္တေလာက သူတင္ကိုယ္တင္တင္းမာေနတဲ့ အေျခအေနပဲ ရွိေသးတယ္။ လတ္တေလာမွာေတာ့ ကနီ ခ်င္းတြင္းျမစ္ အေရွ႕ဘက္ျခမ္းက ထိပ္တိုက္ေတြ႕မႈေတြ ရွိေနတယ္။ ပစ္ခတ္မႈေတြ ရွိေနတယ္။ အဲ့ေကာင္ကက်ေတာ့ ကနီအေရွ႕ဘက္က ကနဲ ဇီးျဖဴကုန္းဆိုတဲ့ ရြာအနီးမွာ အဲ့ဘက္ကေတာ့ လက္တေလာမၾကားေသးဘူး။ ဟိုးေန႔က ျဖစ္ခဲ့တဲ့ ကနီကင္းလမ္းတိုက္ပြဲမွာေတာ့ က်ဆံုးမႈေတြမ်ားတယ္။

စစ္တပ္ဖက္က ၅၀ ေလာက္ေသဆံုးၿပီး မေကာက္ရေသးတဲ့ အေလာင္း ၃၀ ေက်ာ္က်န္တယ္လို႔လည္း သူက ေျပာေပမဲ့ ဒါကို အတည္မျပဳႏိုင္ပါဘူး။ တိုက္ပဲြေတြျဖစ္ခဲ့ၿပီးေနာက္ စစ္တပ္ဖက္က တပ္အင္အား ထပ္ျဖည့္ေနသလို ခ်င္းတြင္းျမစ္ထဲမွာလည္း ေရေၾကာင္းကေန ကင္းလွည့္ေနပါတယ္။ ကနီၿမိဳ႕တဝိုက္မွာ ဧၿပီလထဲက စၿပီး စစ္တပ္နဲ႔ ေဒသခံျပည္သူ႔စစ္အဖဲြ႔ေတြ တုိက္ပဲြျဖစ္ေနတာပါ။ ေမလ ၆ ရက္ေန႔ကေတာ့ ကနီအနီးက ကင္းရြာအနီး ျမစ္ထဲမွာ စစ္တပ္အေစာင့္နဲ႔ ယမ္းတင္ေဆာင္လာတဲ့ သေဘၤာကို ေဒသခံကာကြယ္ေရးအဖြဲ႔ေတြက ၾကားျဖတ္တိုက္ခိုက္မႈ ေနာက္ဆံုးျဖစ္ခဲ့တာပါ။"

အခုတခါ ကနီဖက္မွာ တိုက္ပဲြေတြ ျပန္ျဖစ္လာတာေၾကာင့္ ကင္းရြာအနီးမွာလည္း စစ္တပ္က တပ္ေတြထားပါတယ္။ ခုလို အေျခအေနေၾကာင့္ အနီးနားက ေက်းရြာေတြဟာ တိုက္ပြဲေတြ ျပင္းထန္လာမွာစိုးတဲ့အတြက္ ေဘးလြတ္ရာကို တိမ္းေရွာင္ေနၾကပါတယ္။ ထြက္ေျပးေနၾကတဲ့ အေျခအေနကို ကင္းရြာရဲ႕ ေဘးခ်င္းကပ္ ယင္းရြာသား တဦးက အခုလိုေျပာပါတယ္။

“ကြ်န္ေတာ္တို႔က ကေန႔မွ ျပန္ေျပးရတယ္ခင္ဗ်။ ကင္းမွာ စစ္တပ္ေရာက္လာလို႔ ကြ်န္ေတာ္တို႔ အေစာပိုင္း တပတ္တုန္းကေတာ့ အဲ့တုန္းက တခါေျပးခဲ့ရေသးတယ္။ အဲ့ဒါၿပီးေတာ့ ျပန္သြား အခုမွတခါျပန္ေျပးခဲ့ရတယ္ ကေန႔မွ ။ ကြ်န္ေတာ္တို႔ရြာကေတာ့ အိမ္ေျခ ၃၀၀ ေက်ာ္ ေလာက္ရွိတာ တရြာလံုးနီးပါး ေျပးရတယ္။ နည္းနည္းပါးပါး အိမ္ေစာင့္ေလး နည္းနည္းပါးပါးေလာက္က်န္တာ တရြာလံုး ေတာထဲ အကုန္ထြက္ ေျပးေနၾကတာ။”

ေမ ၂၂ ရက္နဲ႔ ၂၃ ရက္မွာ ကနီ ကင္းလမ္းမွာ ျဖစ္တဲ့ တိုက္ပြဲေၾကာင့္ စစ္တပ္က ကင္းရြာမွာ တပ္စြဲထားၿပီး တိုက္ပြဲေတြ ျဖစ္လာႏိုင္တာမို ့ေဒသခံေတြ နီးစပ္ရာေတာေတာင္ေတြထဲ ထြက္ေျပးေနရတာပါ။ ၿပီးခဲ့တဲ့ ေမ ၆ ရက္ကလည္း စစ္ေကာင္စီက ယမ္းတင္ေဆာင္တဲ့ စက္ေလွကို ေဒသခံေတြ က တိုက္ခိုက္ခဲ့ၿပီး တုိက္ပြဲေတြ ျဖစ္ပြားတဲ့အတြက္ေၾကာင့္လည္း ထြက္ေျပးခဲ့ရပါတယ္။ မၾကာမီ မိုးတြင္းကာလကို ေရာက္ရွိလာေတာ့မွာျဖစ္တဲ့အတြက္ စစ္ေဘးေရွာင္ေဒသခံေတြအေနနဲ႔ ေနေရး ထိုင္ေရး ပိုၿပီး ဒုကၡျဖစ္မွာကို စိုးရိမ္ေနၾကပါတယ္။

........................................................................

တိုက္႐ိုက္ လင့္ခ္


ကနီမှာ စစ်ကောင်စီ နဲ့ ဒေသခံတပ်တွေ တိုက်ပွဲပြန်ဖြစ်

(Unicode)
စစ်ကိုင်းတိုင်း ကနီမြို့တဝိုက်မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ အပြန်အလှန် ပစ်ခတ်မှုတွေ အခုရက်ပိုင်း ပြန်လည်ဖြစ်ပွားနေပါတယ်။ မေလဆန်းက နောက်ဆုံး အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်ခဲ့ပြီး အခြေအနေ ငြိမ်သက်ခဲ့ပြီးနောက် အခုတကြိမ် ပြန်ဖြစ်တာပါ။

ပစ်ခတ်တာကြောင့် ဒေသခံတွေလည်း ဘေးလွတ်ရာကို ထွက်ပြေးနေရပါတယ်။ ဒီအကြောင်း အပြည့်အစုံ ရန်ကုန်က လာတဲ့သတင်းကို ကိုအောင်မြတ်သူ က ပြောပြပါမယ်။

စစ်ကိုင်းတိုင်းထဲက ကနီမြို့နဲ့ ကင်းလမ်း မိုင်တိုင် ၂၀ မှာ မေ ၂၂ ရက် နဲ့ ၂၃ ရက်တွေမှာ စစ်ကောင်စီနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ပစ်ခတ်မှုတွေ ပြန်လည် ဖြစ်ပွားခဲ့ပါတယ်။ ပစ်ခတ်မှုတွေဖြစ်ခဲ့ပြီးနောက် စစ်တပ်ဖက်က တိုက်ပွဲဖြစ်တဲ့ နေရာတွေမှာ တပ်စွဲပြီး လုံခြုံရေး ယူထားတယ်လို့ ဒေသခံကာကွယ်ရေး အဖွဲ့တွေက ပြောပါတယ်။ မေလ ၂၄ ရက် တနင်္လာနေ့မှာတော့ ကနီမြို့အပိုင် ချင်းတွင်းမြစ်အရှေ့ဘက်ခြမ်းက ဇီးဖြူကုန်းရွာအနီးမှာ ဒေသခံကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတို့ ပစ်ခတ်တာတွေ ဆက်ဖြစ်နေပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်လို့ ဒေသခံကာကွယ်ရေး အဖွဲ့ဝင်တဦးက အခုလိုပြောပါတယ်။

“ဒီနေ့တိုက်ပွဲအခြေအနေကတော့ လတ်တလောက သူတင်ကိုယ်တင်တင်းမာနေတဲ့ အခြေအနေပဲ ရှိသေးတယ်။ လတ်တလောမှာတော့ ကနီ ချင်းတွင်းမြစ် အရှေ့ဘက်ခြမ်းက ထိပ်တိုက်တွေ့မှုတွေ ရှိနေတယ်။ ပစ်ခတ်မှုတွေ ရှိနေတယ်။ အဲ့ကောင်ကကျတော့ ကနီအရှေ့ဘက်က ကနဲ ဇီးဖြူကုန်းဆိုတဲ့ ရွာအနီးမှာ အဲ့ဘက်ကတော့ လက်တလောမကြားသေးဘူး။ ဟိုးနေ့က ဖြစ်ခဲ့တဲ့ ကနီကင်းလမ်းတိုက်ပွဲမှာတော့ ကျဆုံးမှုတွေများတယ်။

စစ်တပ်ဖက်က ၅၀ လောက်သေဆုံးပြီး မကောက်ရသေးတဲ့ အလောင်း ၃၀ ကျော်ကျန်တယ်လို့လည်း သူက ပြောပေမဲ့ ဒါကို အတည်မပြုနိုင်ပါဘူး။ တိုက်ပွဲတွေဖြစ်ခဲ့ပြီးနောက် စစ်တပ်ဖက်က တပ်အင်အား ထပ်ဖြည့်နေသလို ချင်းတွင်းမြစ်ထဲမှာလည်း ရေကြောင်းကနေ ကင်းလှည့်နေပါတယ်။ ကနီမြို့တဝိုက်မှာ ဧပြီလထဲက စပြီး စစ်တပ်နဲ့ ဒေသခံပြည်သူ့စစ်အဖွဲ့တွေ တိုက်ပွဲဖြစ်နေတာပါ။ မေလ ၆ ရက်နေ့ကတော့ ကနီအနီးက ကင်းရွာအနီး မြစ်ထဲမှာ စစ်တပ်အစောင့်နဲ့ ယမ်းတင်ဆောင်လာတဲ့ သင်္ဘောကို ဒေသခံကာကွယ်ရေးအဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်မှု နောက်ဆုံးဖြစ်ခဲ့တာပါ။"

အခုတခါ ကနီဖက်မှာ တိုက်ပွဲတွေ ပြန်ဖြစ်လာတာကြောင့် ကင်းရွာအနီးမှာလည်း စစ်တပ်က တပ်တွေထားပါတယ်။ ခုလို အခြေအနေကြောင့် အနီးနားက ကျေးရွာတွေဟာ တိုက်ပွဲတွေ ပြင်းထန်လာမှာစိုးတဲ့အတွက် ဘေးလွတ်ရာကို တိမ်းရှောင်နေကြပါတယ်။ ထွက်ပြေးနေကြတဲ့ အခြေအနေကို ကင်းရွာရဲ့ ဘေးချင်းကပ် ယင်းရွာသား တဦးက အခုလိုပြောပါတယ်။

“ကျွန်တော်တို့က ကနေ့မှ ပြန်ပြေးရတယ်ခင်ဗျ။ ကင်းမှာ စစ်တပ်ရောက်လာလို့ ကျွန်တော်တို့ အစောပိုင်း တပတ်တုန်းကတော့ အဲ့တုန်းက တခါပြေးခဲ့ရသေးတယ်။ အဲ့ဒါပြီးတော့ ပြန်သွား အခုမှတခါပြန်ပြေးခဲ့ရတယ် ကနေ့မှ ။ ကျွန်တော်တို့ရွာကတော့ အိမ်ခြေ ၃၀၀ ကျော် လောက်ရှိတာ တရွာလုံးနီးပါး ပြေးရတယ်။ နည်းနည်းပါးပါး အိမ်စောင့်လေး နည်းနည်းပါးပါးလောက်ကျန်တာ တရွာလုံး တောထဲ အကုန်ထွက် ပြေးနေကြတာ။”

မေ ၂၂ ရက်နဲ့ ၂၃ ရက်မှာ ကနီ ကင်းလမ်းမှာ ဖြစ်တဲ့ တိုက်ပွဲကြောင့် စစ်တပ်က ကင်းရွာမှာ တပ်စွဲထားပြီး တိုက်ပွဲတွေ ဖြစ်လာနိုင်တာမို့ဒေသခံတွေ နီးစပ်ရာတောတောင်တွေထဲ ထွက်ပြေးနေရတာပါ။ ပြီးခဲ့တဲ့ မေ ၆ ရက်ကလည်း စစ်ကောင်စီက ယမ်းတင်ဆောင်တဲ့ စက်လှေကို ဒေသခံတွေ က တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲတွေ ဖြစ်ပွားတဲ့အတွက်ကြောင့်လည်း ထွက်ပြေးခဲ့ရပါတယ်။ မကြာမီ မိုးတွင်းကာလကို ရောက်ရှိလာတော့မှာဖြစ်တဲ့အတွက် စစ်ဘေးရှောင်ဒေသခံတွေအနေနဲ့ နေရေး ထိုင်ရေး ပိုပြီး ဒုက္ခဖြစ်မှာကို စိုးရိမ်နေကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG