သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရန္ကုန္လမ္းမေတာ္ အုပ္ခ်ဳပ္ေရးမွဴး တဦး ေသနတ္န႔ဲ ပစ္သတ္ခံရ


ရန္ကုန္ၿမိဳ႕ရွိ ေနရာတခုတြင္ လံုျခံဳေရးယူေနတဲ့ စစ္ေကာင္စီတပ္ဖဲြ႔ဝင္မ်ား။ (ေဖေဖာ္ဝါရီ ၁၅၊ ၂၀၂၁)

[Zawgyi/Unicode]

ရန္ကုန္ၿမိဳ႕ လမ္းမေတာ္ၿမိဳ႕နယ္မွာ ဒီေန႔ အေစာပိုင္းက ေပါက္ကြဲမႈေတြ ျဖစ္ခဲ့သလို အုပ္ခ်ဳပ္ေရးမွဴးတေယာက္ လမ္းေပၚမွာ ဦးေခါင္းကို ေသနတ္နဲ႔ ပစ္သတ္ခံရပါတယ္။ အဲဒီေနာက္ ၿမိဳ႕ထဲမွာ လံုၿခံဳေရးတင္းၾကပ္ေနပါတယ္။ လံုၿခံဳေရးေၾကာင့္ ရန္ကုန္မွာ လမ္းေပၚထြက္ ခ်ီတက္ဆႏၵျပစစ္ေၾကာင္းေတြ မ႐ွိေပမဲ့ တျခားၿမိဳ႕ေတြမွာေတာ့ ရတဲ့နည္းနဲ႔ စစ္အာဏာသိမ္းမႈ ဆန္႔က်င္မႈေတြ လုပ္ၾကပါတယ္။ ဒီေန႔ ျမန္မာႏိုင္ငံက အေျခအေနအေၾကာင္း ရန္ကုန္ကလာတဲ့ သတင္းကို မဆုမြန္က တင္ျပပါမယ္။

ရန္ကုန္ၿမိဳ႕လမ္းမေတာ္ၿမိဳ႕နယ္ထဲက အမွတ္သုံး ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴး႐ုံးနားမွာ မနက္ ၅ နာရီေလာက္က ေပါက္ကြဲမႈ တစ္ခုျဖစ္ခဲ့ၿပီး မနက္ ၇ နာရီေလာက္မွာလည္း ကိုင္းတန္းလမ္းနားမွာ ေပါက္ကြဲမႈတစ္ခု ထပ္ျဖစ္ခဲ့ပါတယ္။ ေပါက္ကြဲမႈေတြ ျဖစ္ခဲ့ၿပီးေနာက္မွာေတာ့ လမ္းမေတာ္ ၈ လမ္းေပၚမွာ လမ္းမေတာ္ ၃ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴး ဦးေခါင္းကို ေသနတ္နဲ႔ ပစ္ခံရၿပီး ေသဆံုးသြားပါတယ္။ ေပါက္ကြဲမႈေတြ ပစ္ခတ္မႈေတြဟာ ဘယ္သူ႔လက္ခ်က္လဲဆိုတာ မသိရေသးပါဘူး။ ဒီအေျခအေနျဖစ္ခဲ့ၿပီးေနာက္ လမ္းမေတာ္ၿမိဳ႕နယ္အပါအဝင္ ရန္ကုန္ၿမိဳ႕နယ္ထဲမွာ လံုၿခံဳေရးေတြ တုိးျမွင့္ထားတာေၾကာင့္ သပိတ္စစ္ေၾကာင္းေတြ ဒီေန႔ မထြက္ႏိုင္ၾကဘူးလို႔ ေန႔စဥ္သပိတ္ေၾကာင္းေတြမွာ ပါဝင္သူတစ္ဦးက ဗီြအိုေအကို ေျပာပါတယ္။

“ဒီေန႔ ဆႏၵျပတာေတြက သပိတ္တည္လို႔ မရဘူးဗ်။ ရန္ကုန္မွာက သပိတ္ေတြကို ေစ်းေတြမွာ အေျချပဳၿပီး လုပ္တာဆိုေတာ့ ေစ်းေတြမွာ ဒီမနက္က လုံၿခဳံေရး အင္အားအရမ္းခ်ထားတာဆိုေတာ့ သပိတ္ေတြက လုပ္လို႔မရျဖစ္ေနတာေပါ့။ သပိတ္အေသးေလးေတြေတာ့ရွိတယ္။ ထြက္ေနက် သပိတ္ႀကီးသမားေတြ မရွိတာေပါ့။ ဘာေတြလဲ ရန္ကုန္သားေတြတို႔ ရန္ကုန္ၿမိဳ႕ ရန္ကုန္သပိတ္တို႔.... အဲ့ဒီ သပိတ္ႀကီးသမားေတြက တည္ဖို႔လုပ္ေပမဲ့ တည္လို႔မရတာ။ ၿမိဳ႕နယ္အလိုက္ အစု၊ အစုေလးေတြကေတာ့ သူ႔ေနရာနဲ႔သူ ရွိၾကပါတယ္။”

မေန႔က မူလတန္းေက်ာင္း တေက်ာင္းမွာ မီးေလာင္ခဲ့တဲ့ ေတာင္ဒဂံုၿမိဳ႕နယ္ထဲမွာေတာ့ ဆရာမတေယာက္ကို ဖမ္းဆီးခဲ့ပါတယ္။

အမွတ္ ၁၄ မူလတန္းမွာ မနက္ ၂ နာရီေလာက္ မီးေလာင္ခဲ့ၿပီးေနာက္ မနက္ ၅ နာရီေလာက္မွာ CDM လုပ္ေနတဲ့ မူလတန္းျပဆရာမ ေဒၚလဲ့လဲ့ဝင္းကုိ စစ္တပ္က လာေရာက္ဖမ္းဆီးသြားတာျဖစ္ပါတယ္။

ရန္ကုန္ၿမိဳ႕လယ္ ဒဂံုၿမိဳ႕နယ္ထဲက ေယာမင္းႀကီးလမ္းမွာ႐ွိတဲ့ တိုက္ခန္းတစ္ခုမွာ ေန႔လယ္ပိုင္းက ေပါက္ကြဲမႈျဖစ္ခဲ့လို႔ အမ်ိဳးသား တစ္ဦး အျပင္းအထန္ဒဏ္ရာ ရရွိခဲ့ပါတယ္။ ေပါက္ကြဲမႈ ဘယ္လိုျဖစ္တယ္ဆိုတာ မသိရေပမဲ့ လူနာကို ကုတင္ ၅၀၀ ေဆး႐ုံကို ပို႔ေပးခဲ့တယ္လို႔ ကိုယ္တိုင္ပို႔ေဆာင္ခဲ့တဲ့ ေ႐ႊၾကာလူမႈကူညီေရးအသင္းက ေျပာပါတယ္။

“ထိခိုက္ဒဏ္ရာရတာ တစ္ေယာက္ထဲပဲ ေတြ႕တယ္။ တစ္ေယာက္ပဲ က်မ ပို႔ခဲ့တာလည္း တစ္ေယာက္ပဲ လူနာကေတာ့ အေျခအေနကေတာ့ ေသြးထြက္ေတာ့ ေတာ္ေတာ္ေတာ့လြန္ေနတယ္။ ေခါင္းနည္းနည္းရွိမယ္။ လက္၊ ညာဘက္လက္ဖ်ံနားမွာ ေတာ္ေတာ္ေလးကို အသားဖက္ေတြ လန္ၿပီးေတာ့မွ အ႐ိုးေတြေပၚေနတယ္ကို ေတြ႕ပါတယ္။ က်န္တဲ့ေနရာေတာ့ က်မတို႔ အေသအခ်ာ သူေသြးထြက္မ်ားေနေတာ့ အေသအခ်ာေလးေတာ့ က်မတို႔ေတာ့ မစမ္းစစ္မိပါဘူးရွင္။ ေပါက္ကြဲမႈက ဘာမွမသိရေသးဘူး။ က်မေရာက္တဲ့အခ်ိန္ေတာ့လူနာေတာ့ ေမွာက္လ်က္ပဲ လဲေနတယ္။ မီးဖိုအခန္းထဲမွာ ျဖစ္တဲ့အတြက္သက္ဆိုင္ရာေတြကလည္း စစ္ေဆးေနတဲ့အတြက္ ေပါက္ကြဲမႈကေတာ့ ဘယ္အရာ ဘာေပါက္ကြဲလဲဆိုတာေတာ့ က်မ မေျပာတတ္ဘူး။”

ပဲခူးတိုင္း ဒိုက္ဦးၿမိဳ႕နယ္ထဲမွာ ေမလ ၁၇ ရက္ေန႔ညက စစ္တပ္က ၿမိဳ႕ထဲမွာ ပစ္ခတ္မႈအတြင္း ေသနတ္ထိမွန္ခဲ့တဲ့ အမ်ဳိးသားတဦး ေသဆံုးခဲ့ပါတယ္။

မြန္ျပည္နယ္ ေမာ္လၿမိဳင္ၿမိဳ႕မွာေတာ့ တကၠသိုလ္ ေက်ာင္းသူ၊ ေက်ာင္းသား ၈ ဦးကို မေန႔ည ၁၁ နာရီေလာက္က စစ္ေကာင္စီတပ္ေတြက လာေရာက္ ဖမ္းဆီးသြားပါတယ္။ ေဇယ်ာၿမိဳင္ရပ္ကြက္မွာ သူတို႔ ၈ ဦးေနထိုင္တဲ့ အိမ္ကို ဝင္ေရာက္စစ္ေဆးၿပီး ဖမ္းဆီးသြားတာပါ။ Laptop ႏွစ္လုံး၊ ဆိုင္ကယ္ႏွစ္စီး အပါအဝင္ တျခားပစၥည္းေတြကိုလည္း သိမ္းဆည္းသြားတယ္လို႔ ေမာ္လၿမိဳင္တကၠသိုလ္ ေက်ာင္းသား မ်ားသမဂၢက ကိုသံဇဥ္ဦးက ဗီြအိုေအကို ေျပာပါတယ္။

“ပါသြားတာက အားလုံးေပါင္း လတ္တေလာ သိရတာ ၈ ေယာက္ေပါ့ေနာ္။ မခ်စ္သီတာေအးရယ္၊ သီရိမာလာထြန္းရယ္၊ ေနာက္ကိုေက်ာ္ဇင္ေအာင္၊ ကိုစိုင္းေက်ာ္စြာရယ္ ေနာက္ေတာ့ ကိုသီဟေအာင္ရယ္ ေနာက္ ကိုေက်ာ္ထင္ပိုင္နဲ႔ ကိုစိုးရဲရင့္ပိုင္ဆိုၿပီး ၈ ေယာက္က်ေနာ္တို႔ သိရတယ္ေပါ့ေနာ္။ သူတို႔အိမ္ကို ဝင္စစ္တယ္။ ဝင္စစ္ၿပီးေတာ့ အဲ့ဒီမွာရွိတဲ့ သူတို႔ သုံးေနၾက Laptop ႏွစ္လုံးပါသြားတယ္။ ေနာက္ printer တစ္လုံးပါတယ္။ ေနာက္အျခားစာ႐ြက္စာတမ္း Laptop တို႔ ဦးထုပ္၊ ဆိုင္ကယ္က ႏွစ္စီး ဒါေတြ ပါသြားတယ္လို႔ပဲ အၾကမ္းဖ်င္းသိရထားတယ္ဗ်။”

အဖမ္းဆီးခံရတဲ့သူေတြဟာ ေမာ္လၿမိဳင္တကၠသိုလ္နဲ႔ အစိုးရစက္မႈသိပၸံေက်ာင္းမွာ ေက်ာင္းတက္ေနသူေတြျဖစ္ၾကပါတယ္။ သူတို႔ ၈ ေယာက္ကုိ ဘယ္ကို ဖမ္းဆီးေခၚေဆာင္သြားသလဲဆိုတာ အတိအက်မသိရေသးေပမဲ့ ဥပေဒပညာရွင္ေတြရဲ႕ အကူအညီနဲ႔ သူတို႔လြတ္ေျမာက္ေအာင္ ႀကိဳးစားသြားမယ္လို႔လည္း ေမာ္လၿမိဳင္တကၠသိုလ္ ေက်ာင္းသားမ်ား သမဂၢဥကၠ႒က ေျပာထားပါတယ္။

ျမန္မာႏိုင္ငံေတာင္ပိုင္း ထားဝယ္ၿမိဳ႕မွာေတာ့ အင္အား ၅၀ ေက်ာ္စီရွိၾကတဲ့ သပိတ္စစ္ေၾကာင္းႏွစ္ေၾကာင္း ဒီေန႔ ထြက္ၿပီး စစ္အာဏာရွင္ ဆန္႔က်င္ေရးဆႏၵျပခဲ့ၾကတယ္လို႔ ဆႏၵျပ သပိတ္စစ္ေၾကာင္းမွာ ပါဝင္သူတစ္ဦးက ေျပာပါတယ္။

“ဒီေန႔က သပိတ္ေတြကေတာ့ ရွိတယ္။ ဒါေပမဲ့ အၾကမ္းဖက္ၿဖိဳခြဲတာမ်ိဳးေတာ့ မရွိဘူး။ ေအးေအးေဆးေဆးပဲ ၿပီးသြားတယ္ဗ်။ ဒီေန႔ သပိတ္စစ္ေၾကာင္းက ၂ ေၾကာင္းထြက္ျဖစ္တယ္ဗ်။ က်ေနာ္တို႔ အင္ဂ်င္နီယာနဲ႔ ပညာေရး သပိတ္စစ္ေၾကာင္းက တစ္ခု၊ ေနာက္တစ္ခုက တပ္ေပါင္းစု သပိတ္စစ္ေၾကာင္းနဲ႔ လူငယ္သပိတ္ေကာ္မတီ သပိတ္စစ္ေၾကာင္း ႏွစ္ခုေပါင္းၿပီးေတာ့ သပိတ္စစ္ေၾကာင္းတစ္ခုေပါ့ေနာ္။ စုစုေပါင္း ၂ ခုထြက္ျဖစ္ပါတယ္ဗ်။ အင္အားက တစ္ေၾကာင္းကို ၅၀ ေလာက္ေတာ့ ရွိတယ္ဗ်။”

မေန႔က ထားဝယ္ သပိတ္စစ္ေၾကာင္းကို ကားနဲ႔ ဝင္တိုက္ၿပီး ဖမ္းဆီးခံရသူ ၅ ဦးထဲမွာ ထိခိုက္ဒဏ္ရာရသူေတြ ရွိေပမဲ့ သူတို႔ရဲ႕ အေျခအေနကို မသိရေသးေပမဲ့ ခုလက္ရွိမွာ ထားဝယ္ အက်ဥ္းေထာင္သို႔ ပို႔ထားတယ္လို႔ သတင္းရတယ္လို႔ ေဒသခံေတြက ဆိုပါတယ္။

မႏၲေလးၿမိဳ႕မွာ လုံၿခဳံေရးတင္းၾကပ္ထားတဲ့ၾကားကပဲ တကသသပိတ္၊ စက္မႈစုေပါင္းသပိတ္ေတြအပါအဝင္ သပိတ္စစ္ေၾကာင္းေတြ ခ်ီတက္ဆႏၵျပၾကပါတယ္။ ဖားကန႔္မွာလည္း အမ်ိဳးသမီးနဲ႔ လူငယ္ေတြပါဝင္တဲ့ သပိတ္စစ္ေၾကာင္းေတြ ေန႔စဥ္လိုလို ဆႏၵထုတ္ေဖာ္ၾကပါတယ္။ ထားဝယ္၊ ေလာင္းလုံ၊ ဒီပဲယင္း၊ ဆားလင္းႀကီး၊ ယင္းမာပင္၊ ေက်ာက္မဲ ၿမိဳ႕ေတြမွာ ဆိုင္ကယ္သပိတ္၊ ေပ်ာက္ၾကားသပိတ္ေတြလုပ္ၾကသလို တန႔္ဆည္၊ ေမာ္လၿမိဳင္၊ ေရဦး၊ မုံ႐ြာ၊ မိုးေကာင္းနဲ႔ ကေလးၿမိဳ႕ေတြမွာ လူမဲ့သပိတ္၊ ႐ြာတြင္းသပိတ္ေတြ ပုံစံမ်ိဳးစုံျပဳလုပ္ၾကၿပီး စစ္အာဏာရွင္ဆန႔္က်င္ေရး ဆႏၵျပခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရန်ကုန်လမ်းမတော် အုပ်ချုပ်ရေးမှူး တဦး သေနတ်နဲ့ ပစ်သတ်ခံရ

ရန်ကုန်မြို့ လမ်းမတော်မြို့နယ်မှာ ဒီနေ့ အစောပိုင်းက ပေါက်ကွဲမှုတွေ ဖြစ်ခဲ့သလို အုပ်ချုပ်ရေးမှူးတယောက် လမ်းပေါ်မှာ ဦးခေါင်းကို သေနတ်နဲ့ ပစ်သတ်ခံရပါတယ်။ အဲဒီနောက် မြို့ထဲမှာ လုံခြုံရေးတင်းကြပ်နေပါတယ်။ လုံခြုံရေးကြောင့် ရန်ကုန်မှာ လမ်းပေါ်ထွက် ချီတက်ဆန္ဒပြစစ်ကြောင်းတွေ မရှိပေမဲ့ တခြားမြို့တွေမှာတော့ ရတဲ့နည်းနဲ့ စစ်အာဏာသိမ်းမှု ဆန့်ကျင်မှုတွေ လုပ်ကြပါတယ်။ ဒီနေ့ မြန်မာနိုင်ငံက အခြေအနေအကြောင်း ရန်ကုန်ကလာတဲ့ သတင်းကို မဆုမွန်က တင်ပြပါမယ်။

ရန်ကုန်မြို့လမ်းမတော်မြို့နယ်ထဲက အမှတ်သုံး ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနားမှာ မနက် ၅ နာရီလောက်က ပေါက်ကွဲမှု တစ်ခုဖြစ်ခဲ့ပြီး မနက် ၇ နာရီလောက်မှာလည်း ကိုင်းတန်းလမ်းနားမှာ ပေါက်ကွဲမှုတစ်ခု ထပ်ဖြစ်ခဲ့ပါတယ်။ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပြီးနောက်မှာတော့ လမ်းမတော် ၈ လမ်းပေါ်မှာ လမ်းမတော် ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခေါင်းကို သေနတ်နဲ့ ပစ်ခံရပြီး သေဆုံးသွားပါတယ်။ ပေါက်ကွဲမှုတွေ ပစ်ခတ်မှုတွေဟာ ဘယ်သူ့လက်ချက်လဲဆိုတာ မသိရသေးပါဘူး။ ဒီအခြေအနေဖြစ်ခဲ့ပြီးနောက် လမ်းမတော်မြို့နယ်အပါအဝင် ရန်ကုန်မြို့နယ်ထဲမှာ လုံခြုံရေးတွေ တိုးမြှင့်ထားတာကြောင့် သပိတ်စစ်ကြောင်းတွေ ဒီနေ့ မထွက်နိုင်ကြဘူးလို့ နေ့စဉ်သပိတ်ကြောင်းတွေမှာ ပါဝင်သူတစ်ဦးက ဗွီအိုအေကို ပြောပါတယ်။

“ဒီနေ့ ဆန္ဒပြတာတွေက သပိတ်တည်လို့ မရဘူးဗျ။ ရန်ကုန်မှာက သပိတ်တွေကို ဈေးတွေမှာ အခြေပြုပြီး လုပ်တာဆိုတော့ ဈေးတွေမှာ ဒီမနက်က လုံခြုံရေး အင်အားအရမ်းချထားတာဆိုတော့ သပိတ်တွေက လုပ်လို့မရဖြစ်နေတာပေါ့။ သပိတ်အသေးလေးတွေတော့ရှိတယ်။ ထွက်နေကျ သပိတ်ကြီးသမားတွေ မရှိတာပေါ့။ ဘာတွေလဲ ရန်ကုန်သားတွေတို့ ရန်ကုန်မြို့ ရန်ကုန်သပိတ်တို့.... အဲ့ဒီ သပိတ်ကြီးသမားတွေက တည်ဖို့လုပ်ပေမဲ့ တည်လို့မရတာ။ မြို့နယ်အလိုက် အစု၊ အစုလေးတွေကတော့ သူ့နေရာနဲ့သူ ရှိကြပါတယ်။”

မနေ့က မူလတန်းကျောင်း တကျောင်းမှာ မီးလောင်ခဲ့တဲ့ တောင်ဒဂုံမြို့နယ်ထဲမှာတော့ ဆရာမတယောက်ကို ဖမ်းဆီးခဲ့ပါတယ်။

အမှတ် ၁၄ မူလတန်းမှာ မနက် ၂ နာရီလောက် မီးလောင်ခဲ့ပြီးနောက် မနက် ၅ နာရီလောက်မှာ CDM လုပ်နေတဲ့ မူလတန်းပြဆရာမ ဒေါ်လဲ့လဲ့ဝင်းကို စစ်တပ်က လာရောက်ဖမ်းဆီးသွားတာဖြစ်ပါတယ်။

ရန်ကုန်မြို့လယ် ဒဂုံမြို့နယ်ထဲက ယောမင်းကြီးလမ်းမှာရှိတဲ့ တိုက်ခန်းတစ်ခုမှာ နေ့လယ်ပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့လို့ အမျိုးသား တစ်ဦး အပြင်းအထန်ဒဏ်ရာ ရရှိခဲ့ပါတယ်။ ပေါက်ကွဲမှု ဘယ်လိုဖြစ်တယ်ဆိုတာ မသိရပေမဲ့ လူနာကို ကုတင် ၅၀၀ ဆေးရုံကို ပို့ပေးခဲ့တယ်လို့ ကိုယ်တိုင်ပို့ဆောင်ခဲ့တဲ့ ရွှေကြာလူမှုကူညီရေးအသင်းက ပြောပါတယ်။

“ထိခိုက်ဒဏ်ရာရတာ တစ်ယောက်ထဲပဲ တွေ့တယ်။ တစ်ယောက်ပဲ ကျမ ပို့ခဲ့တာလည်း တစ်ယောက်ပဲ လူနာကတော့ အခြေအနေကတော့ သွေးထွက်တော့ တော်တော်တော့လွန်နေတယ်။ ခေါင်းနည်းနည်းရှိမယ်။ လက်၊ ညာဘက်လက်ဖျံနားမှာ တော်တော်လေးကို အသားဖက်တွေ လန်ပြီးတော့မှ အရိုးတွေပေါ်နေတယ်ကို တွေ့ပါတယ်။ ကျန်တဲ့နေရာတော့ ကျမတို့ အသေအချာ သူသွေးထွက်များနေတော့ အသေအချာလေးတော့ ကျမတို့တော့ မစမ်းစစ်မိပါဘူးရှင်။ ပေါက်ကွဲမှုက ဘာမှမသိရသေးဘူး။ ကျမရောက်တဲ့အချိန်တော့လူနာတော့ မှောက်လျက်ပဲ လဲနေတယ်။ မီးဖိုအခန်းထဲမှာ ဖြစ်တဲ့အတွက်သက်ဆိုင်ရာတွေကလည်း စစ်ဆေးနေတဲ့အတွက် ပေါက်ကွဲမှုကတော့ ဘယ်အရာ ဘာပေါက်ကွဲလဲဆိုတာတော့ ကျမ မပြောတတ်ဘူး။”

ပဲခူူးတိုင်း ဒိုက်ဦးမြို့နယ်ထဲမှာ မေလ ၁၇ ရက်နေ့ညက စစ်တပ်က မြို့ထဲမှာ ပစ်ခတ်မှုအတွင်း သေနတ်ထိမှန်ခဲ့တဲ့ အမျိုးသားတဦး သေဆုံးခဲ့ပါတယ်။

မွန်ပြည်နယ် မော်လမြိုင်မြို့မှာတော့ တက္ကသိုလ် ကျောင်းသူ၊ ကျောင်းသား ၈ ဦးကို မနေ့ည ၁၁ နာရီလောက်က စစ်ကောင်စီတပ်တွေက လာရောက် ဖမ်းဆီးသွားပါတယ်။ ဇေယျာမြိုင်ရပ်ကွက်မှာ သူတို့ ၈ ဦးနေထိုင်တဲ့ အိမ်ကို ဝင်ရောက်စစ်ဆေးပြီး ဖမ်းဆီးသွားတာပါ။ Laptop နှစ်လုံး၊ ဆိုင်ကယ်နှစ်စီး အပါအဝင် တခြားပစ္စည်းတွေကိုလည်း သိမ်းဆည်းသွားတယ်လို့ မော်လမြိုင်တက္ကသိုလ် ကျောင်းသား များသမဂ္ဂက ကိုသံဇဉ်ဦးက ဗွီအိုအေကို ပြောပါတယ်။

“ပါသွားတာက အားလုံးပေါင်း လတ်တလော သိရတာ ၈ ယောက်ပေါ့နော်။ မချစ်သီတာအေးရယ်၊ သီရိမာလာထွန်းရယ်၊ နောက်ကိုကျော်ဇင်အောင်၊ ကိုစိုင်းကျော်စွာရယ် နောက်တော့ ကိုသီဟအောင်ရယ် နောက် ကိုကျော်ထင်ပိုင်နဲ့ ကိုစိုးရဲရင့်ပိုင်ဆိုပြီး ၈ ယောက်ကျနော်တို့ သိရတယ်ပေါ့နော်။ သူတို့အိမ်ကို ဝင်စစ်တယ်။ ဝင်စစ်ပြီးတော့ အဲ့ဒီမှာရှိတဲ့ သူတို့ သုံးနေကြ Laptop နှစ်လုံးပါသွားတယ်။ နောက် printer တစ်လုံးပါတယ်။ နောက်အခြားစာရွက်စာတမ်း Laptop တို့ ဦးထုပ်၊ ဆိုင်ကယ်က နှစ်စီး ဒါတွေ ပါသွားတယ်လို့ပဲ အကြမ်းဖျင်းသိရထားတယ်ဗျ။”

အဖမ်းဆီးခံရတဲ့သူတွေဟာ မော်လမြိုင်တက္ကသိုလ်နဲ့ အစိုးရစက်မှုသိပ္ပံကျောင်းမှာ ကျောင်းတက်နေသူတွေဖြစ်ကြပါတယ်။ သူတို့ ၈ ယောက်ကို ဘယ်ကို ဖမ်းဆီးခေါ်ဆောင်သွားသလဲဆိုတာ အတိအကျမသိရသေးပေမဲ့ ဥပဒေပညာရှင်တွေရဲ့ အကူအညီနဲ့ သူတို့လွတ်မြောက်အောင် ကြိုးစားသွားမယ်လို့လည်း မော်လမြိုင်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂဥက္ကဋ္ဌက ပြောထားပါတယ်။

မြန်မာနိုင်ငံတောင်ပိုင်း ထားဝယ်မြို့မှာတော့ အင်အား ၅၀ ကျော်စီရှိကြတဲ့ သပိတ်စစ်ကြောင်းနှစ်ကြောင်း ဒီနေ့ ထွက်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြခဲ့ကြတယ်လို့ ဆန္ဒပြ သပိတ်စစ်ကြောင်းမှာ ပါဝင်သူတစ်ဦးက ပြောပါတယ်။

“ဒီနေ့က သပိတ်တွေကတော့ ရှိတယ်။ ဒါပေမဲ့ အကြမ်းဖက်ဖြိုခွဲတာမျိုးတော့ မရှိဘူး။ အေးအေးဆေးဆေးပဲ ပြီးသွားတယ်ဗျ။ ဒီနေ့ သပိတ်စစ်ကြောင်းက ၂ ကြောင်းထွက်ဖြစ်တယ်ဗျ။ ကျနော်တို့ အင်ဂျင်နီယာနဲ့ ပညာရေး သပိတ်စစ်ကြောင်းက တစ်ခု၊ နောက်တစ်ခုက တပ်ပေါင်းစု သပိတ်စစ်ကြောင်းနဲ့ လူငယ်သပိတ်ကော်မတီ သပိတ်စစ်ကြောင်း နှစ်ခုပေါင်းပြီးတော့ သပိတ်စစ်ကြောင်းတစ်ခုပေါ့နော်။ စုစုပေါင်း ၂ ခုထွက်ဖြစ်ပါတယ်ဗျ။ အင်အားက တစ်ကြောင်းကို ၅၀ လောက်တော့ ရှိတယ်ဗျ။”

မနေ့က ထားဝယ် သပိတ်စစ်ကြောင်းကို ကားနဲ့ ဝင်တိုက်ပြီး ဖမ်းဆီးခံရသူ ၅ ဦးထဲမှာ ထိခိုက်ဒဏ်ရာရသူတွေ ရှိပေမဲ့ သူတို့ရဲ့ အခြေအနေကို မသိရသေးပေမဲ့ ခုလက်ရှိမှာ ထားဝယ် အကျဉ်းထောင်သို့ ပို့ထားတယ်လို့ သတင်းရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

မန္တလေးမြို့မှာ လုံခြုံရေးတင်းကြပ်ထားတဲ့ကြားကပဲ တကသသပိတ်၊ စက်မှုစုပေါင်းသပိတ်တွေအပါအဝင် သပိတ်စစ်ကြောင်းတွေ ချီတက်ဆန္ဒပြကြပါတယ်။ ဖားကန့်မှာလည်း အမျိုးသမီးနဲ့ လူငယ်တွေပါဝင်တဲ့ သပိတ်စစ်ကြောင်းတွေ နေ့စဉ်လိုလို ဆန္ဒထုတ်ဖော်ကြပါတယ်။ ထားဝယ်၊ လောင်းလုံ၊ ဒီပဲယင်း၊ ဆားလင်းကြီး၊ ယင်းမာပင်၊ ကျောက်မဲ မြို့တွေမှာ ဆိုင်ကယ်သပိတ်၊ ပျောက်ကြားသပိတ်တွေလုပ်ကြသလို တန့်ဆည်၊ မော်လမြိုင်၊ ရေဦး၊ မုံရွာ၊ မိုးကောင်းနဲ့ ကလေးမြို့တွေမှာ လူမဲ့သပိတ်၊ ရွာတွင်းသပိတ်တွေ ပုံစံမျိုးစုံပြုလုပ်ကြပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG