သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံ လျှပ်စစ်ပစ္စည်းစက်ရုံက မြန်မာလုပ်သား ၁၃ဝဝ နီးပါး ကိုဗစ်ကူးစက်ခံရ


ထိုင်းနိုင်ငံရှိ ကိုဗစ်ကပ်ရောဂါပိုးကူးစက်ခံရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို စက်ရုံယာယီ ဆေးရုံမှာ ကုသပေးနေပုံ ။ ဓါတ်ပုံ (Phetchaburi )
ထိုင်းနိုင်ငံရှိ ကိုဗစ်ကပ်ရောဂါပိုးကူးစက်ခံရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို စက်ရုံယာယီ ဆေးရုံမှာ ကုသပေးနေပုံ ။ ဓါတ်ပုံ (Phetchaburi )

{{Zawgyi/Unicode}}
ထိုင်းနိုင်ငံ Phetchaburi ဖက်ချဘူရီပြည်နယ် (Khao Yoi) ခေါက်ယွိုင်မြို့က Cal-Comp Electronics (Thailand) လျှပ်စစ်ပစ္စည်းစက်ရုံမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံက အလုပ်သမား ၁၃၀၀ နီးပါး ကိုဗစ်ကပ်ရောဂါ ကူးစက်နေပါတယ်။ ထိုင်းနိုင်ငံတဝှန်း စက်ရုံတွေမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုနှုန်း စိုးရိမ်စရာကောင်းလောက်အောင် များနေချိန် အဲဒီစက်ရုံက အလုပ်သမားတွေကို ဆေးစစ်ခဲ့တာမှာ အတည်ပြုလူနာ ၂ ထောင်ကျော် ကူးစက်နေတာ တေ့ွခဲ့ရပြီး ၁ ထောင့် ၃ ရာလောက်က မြန်မာအလုပ်သမားတွေဖြစ်နေကြတာပါ။ ဒီအခြေအနေကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက်မအေးအေးမာကပြောပြပါမယ်။

ထိုင်းနိုင်ငံ Phetchaburi ဖက်ချ ဘူရီပြည်နယ် ခေါက်ယွိုင်မြို့ (Khao Yoi) က လျှပ်စစ်ပစ္စည်းထုတ်လုပ်တဲ့ စက်ရုံက အလုပ်သမား ၅ ထောင့် ၁ ရာကျော်ကို မေလ ၂၄ ရက်နေ့က ကိုရိုနာရောဂါပိုးရှိမရှိ စစ်ဆေးခဲ့တာမှာ ၂ ထောင့် ၁ ရာကျော်မှာ ကိုဗစ်ရောဂါပိုး ကူးစက်နေတာ တွေ့ရှိခဲ့ပါတယ်။ အဲဒီထဲက ၁ ထောင့် ၃ ရာနီးပါးက မြန်မာရွှေ့ပြောင်း လုပ်သားတွေဖြစ်ကြပါတယ်။ ကိုဗစ်အတည်ပြုလူနာ ၁၂၉၇ ယောက်က မြန်မာနိုင်ငံသားတွေ ဖြစ်ကြပြီး ထိုင်းအလုပ်သမားတွေက ၇၈၁ ယောက် ဖြစ်ပါတယ်။

ဒါဟာ စက်ရုံတခုထဲမှာ အလုပ်သမား အများဆုံး ကူးစက်မှုဖြစ်ပြီး အဲဒီစက်ရုံကို ၁၄ ရက် ပိတ်လိုက်ပြီး ကိုဗစ်ထိမ်းချုပ် ကုသရေးလုပ်ငန်းတွေကို သက်ဆိုင်ရာ ဆက်လုပ်နေပါတယ်။

ကိုဗစ်အတည်ပြုလူနာ မြန်မာလုပ်သား ၁၃၀၀ နီးပါးကို စက်ရုံတွင်းမှာပဲ အရေးပေါ် ယာယီဆေးရုံလုပ်ပြီး ကုသပေးနေပါတယ်။ ထိုင်းနိုင်ငံသား အလုပ်သမားတွေကိုတော့ ပြင်ပထိုင်းဆေးရုံတွေဆီ ပို့ဆောင် ကုသပေးနေပါတယ်။

ထိုင်းနိုင်ငံထဲက တခြားပြည်နယ်တွေမှာရှိတဲ့ စက်ရုံတွေ၊ လုပ်ငန်းခွင်တွေ၊ ဆောက်လုပ်ရေးဆိုက်တွေမှာလည်း ထောင်နဲ့ချီတဲ့ အလုပ်သမားတွေ ကိုဗစ်ရောဂါ ကူးစက်နေတယ်လို့ ထိုင်းအစိုးရရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ထိုင်းနိုင်ငံတဝန်း အတည်ပြုလူနာ အများဆုံး စစ်ဆေးတွေ့ရှိတဲ့ စက်မူဇုံနယ်မြေတွေကတော့ ဘန်ကောက်၊ ဖက်ချဘူရီ၊ ချွန်ဘူရီနဲ့ စမုတ်ပရာကန် ပြည်နယ်တွေမှာ အများဆုံး ကူးစက်နေကြပါတယ်။ အဲဒီမှာ အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံက ရွှေ့ပြောင်းလုပ်သား ၃ ထောင်ထက် မနည်း ကိုဗစ်ရောဂါကူးစက်နေကြပါတယ်။

အခုလို ထိုင်းစက်ရုံ အလုပ်ရုံတွေမှာ အစုလိုက် အပြုံလိုက် ကိုဗစ်ကပ်ရောဂါ ကူးစက်နေတာကို အချိန်မီ ထိမ်းချုပ်နိုင်ဖို့အတွက် မေလ ၂၄ ရက်နေ့က ထိုင်းပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ် ပရဝစ် ဝုန်စဝန် ဦးဆောင်ပြီး အရေးပေါ်အစည်းအဝေး ပြုလုပ်ခဲ့ပါတယ်။ ဝန်ကြီးဌာနပေါင်းစုံတက်ရောက်ခဲ့ အစည်းအဝေးအပြီး အလုပ်သမားရေးရာ ဝန်ကြီး နိုင်ဆူချပ်ချုံကင် Suchart Chomklin က ခုလို ထိုင်းဘာသာ ပြောကြားခဲ့ပါတယ်။

အခုလို စက်ရုံတွေမှာ အလုပ်သမားတွေအကြား ကူးစက်မှုနှုံးမြင့်တက်လာရတာဟာ အလုပ်ရှင်တွေရဲ့ ပေါ့လျှော့မှုကြောင့်လို့ပြောဆိုသွားပြီး ''အလုပ်ရှင်တွေဟာ စက်ရုံအလုပ်သမားတွေကို ရောဂါပိုးးစစ်ဆေးဖို့ နှောက်းနှေးနေကြတယ် ။ တချို့က ပိုးတွေလူနာရှိရင် စက်ရုံပိတ်ပစ်ရမှာစိုးရိမ်နေကြတယ်ဆိုပြီးပြောသွားပါတယ် "

အလုပ်သမားတွေဟာ တရားဝင် အထောက်အထားနဲ့ဝင်ရောက်လာတာဖြစ်လို့ ထိုင်းအစိုးရအနေနဲ့ကျန်းမာရေး စောင့်ရှောက်ကုသရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်ပေးနေတယ်လို့လည်း သူကပြောပါတယ်။

ကိုဗစ်တတိယလှိုင်းကူးစက်နေတဲ့ ထိုင်းနိုင်ငံမှာ မေလ ၂၅ ရက်နေ့အထိ အတည်ပြုလူနာ စုစုပေါင်း ၁ သိန်း ၃ သောင်း ၅ထောင်ကျော်ရှိပြီး သေဆုံးသူက ၈၃၂ ထက်မနည်းရှိသလို၊ နေ့စဉ်လည်း အတည်ပြုလူနာ ထောင်ဂဏန်းရှိနေပါတယ်။

...........................................

တိုက်ရိုက် လင့်ခ်

{{Unicode}}











XS
SM
MD
LG