သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မႏၲေလး-ျမစ္ႀကီးနားလမ္း ဟိုပင္ၿမိဳ႕ထြက္တံတား မိုင္းခဲြတိုက္ခိုက္ခံရ


မႏၲေလး ျမစ္ႀကီးနားလမ္း ဟိုပင္ၿမိဳ႕ထြက္တံတား မိုင္းခဲြတိုက္ခိုက္ခံရ (ဓါတ္္ပုံ CJ)

{{Zawgyi/Unicode}}

ကခ်င္ျပည္နယ္ ဟိုပင္ၿမိဳ႔အထြက္ ဝက္ကုန္းတံတား ဒီေန႔ မိုင္းခဲြအတိုက္ခိုက္ခံရတာေၾကာင့္ ကုန္တင္ကားၾကီးေတြေတာ့ ျဖတ္သြားလို႔ မရေတာ့ပါဘူး။ ေလာေလာဆည္ မီးရထား အသြားအလာလည္း ရပ္ဆိုင္းေနတာျဖစ္တဲ့အတြက္ ျမစ္ႀကီးနားနဲ႔ ကခ်င္ျပည္အထက္ပိုင္းမွာ ကုန္စည္စီးဆင္းမႈ ခက္ခဲၿပီး ကုန္ေစ်းႏႈန္း ျမင့္တက္လာမွာကို ေဒသခံေတြ စိုးရိမ္ေနၾကပါတယ္။ ရန္ကုန္ကလာတဲ့ ဒီသတင္းကို ကိုၿငိမ္းခ်မ္းက တင္ျပထားပါတယ္။

ကခ်င္ျပည္နယ္ ဟိုပင္ၿမိဳ႔အထြက္ ဝက္ကုန္းတံတားဟာ မႏၱေလး- ျမစ္ၾကီးနားကားလမ္းေပၚမွာ ရိွတာျဖစ္ၿပီး ၿမိဳ႕အတြက္ သြားေရး လာေရး အေရးႀကီးတဲ့ တံတားတခုျဖစ္ပါတယ္။ တနလၤာေန႔ ည၈နာရီ ေလာက္က ဒီတံတား မုိင္းခဲြတိုက္ခိုက္ခံရတာေၾကာင့္ တံတားတဘက္ျခမ္းဟာ လံုးဝပ်က္ဆီးသြားခဲ့တာပါ။ မိိုင္းခဲြတိုက္ခိုက္ခံရတာေၾကာင့္ ျဖတ္သန္းသြားလာလို႔ မရေအာင္ပ်က္ဆီးသြားခဲ့ေၾကာင္း ဟိုပင္ေဒသခံတစ္ဦးက VOA ကို အခုလို ေျပာပါတယ္။

“ဝက္ကုန္းတံတား။ ဒီက ျမစ္ၾကီးနားဘက္ ထြက္တဲ့တံတား။ ပ်က္စီးတာေတာ့ သံုးလုိ႔ေတာင္ မရေတာ့ဘူး။ အသြားအလာေတြပါ အကုန္ပိတ္သြားတာ။ ကားၾကီးေတြကေတာ့ သြားဖို႔ ခက္သြားၿပီေပါ့။ ၂၂ဘီးတို႔၊ ၁၆ဘီးတို႔ဆုိတာေတာ့ သြားဖို႔ လမ္းမရိွဘူးေပါ့။ ကားေသးေတြကေတာ့ နန္႔ရင္းဘက္က သရက္ေခ်ာင္းကို ကူးဖို႔ လုပ္ထားတာရိွတယ္။ သစ္သားတံတားေပါ့။ ကားေသးကေတာ့ အဲလို ကြင္းလာတယ္။”

တံတားမုိင္းခဲြတိုက္ခိုက္မႈမွာ မိုင္းေထာင္သူလုိ႔ ယူဆရသူတစ္ဦးဟာ ေပါက္ကဲြမႈအတြင္း ခႏၶာကိုယ္တစ္စစီျဖစ္ ေသဆံုးခဲ့ေၾကာင္းနဲ႔ ငါးရွာသြားသူတစ္ေယာက္လည္း တံတားအကူးမွာ ဆိုင္ကယ္ထိုးက် ေသဆံုးခဲ့ေၾကာင္း ၾကားသိရေပမဲ့ ေသခ်ာ မသိရေၾကာင္းလည္း ဟိုပင္ေဒသခံက ဆက္ေျပာပါတယ္။

ဟိုပင္ၿမိဳ႔အေရွ႕ နန္႔ရင္းရြာဘက္ကသြားတဲ့ ကြင္းလမ္းကေတာ့ ေျမလမ္းျဖစ္တာေၾကာင့္ မိုးတြင္းမွာ သြားေရးလာေရးအတြက္ အခက္အခဲ ရိွႏိုင္တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

ၿပီးခဲ့တဲ့ ဧၿပီလ ၂၇ရက္ေန႔ ညပိုင္းမွာ ဟိုပင္ၿမိဳ႔နဲ႔ ၾကာကြင္းၾကီးေက်းရြာအၾကားရိွ တ၀က္ေခ်ာင္းကို ျဖတ္ကူးတဲ့ ကားလမ္းနဲ႔ ရထားလမ္းလည္း မုိင္းခဲြတုိက္ခိုက္ခဲ့ရပါတယ္။

အဲဒီတုန္းက ကားလမ္းက ဆိုးဆိုး၀ါး၀ါး မထိခိုက္တာေၾကာင့္ ကားေတြ ပံုမွန္ သြားလာႏိုင္ၿပီး ရထားလမ္းကေတာ့ အေတာ္ေလး ပ်က္စီးသြားခဲ့ပါတယ္။ ဒါေပမဲ့ မႏၱေလး- ျမစ္ၾကီးနားရထားေတြ ရပ္ဆိုင္းေနတာေၾကာင့္ ေဒသခံေတြအတြက္ ထူးထူးျခားျခား သက္ေရာက္မႈမရိွခဲ့ပါဘူး။

အခုေတာ့ လမ္းပန္းဆက္သြယ္ေရးအတြက္ အားကိုးေနရတဲ့ ဟိုပင္ၿမိဳ႔က ၀က္ကုန္းတံတားေပၚ ကုန္တင္ယာဥ္အၾကီးေတြ ျဖတ္သန္း မရေတာ့ဘူးဆုိရင္ေတာ့ ျမစ္ၾကီးနားနဲ႔ ကခ်င္ျပည္နယ္အထက္ပိုင္းကို ကုန္စည္ပို႔ေဆာင္ဖို႔ ခက္ခဲၿပီး ေစ်းႏႈန္းေတြ ျမင့္တက္လာမွာကို စိုးရိမ္ရေၾကာင္း ကခ်င္ၿငိမ္းခ်မ္းေရးအက်ိဳးေဆာင္အဖဲြ႔က ဦးလမိုင္ဂြမ္ဂ်ာက သံုးသပ္ပါတယ္။

“အခုကေတာ့ ရထားလမ္းလည္း မေပါက္ဘူး။ ကားလမ္းနဲ႔ပဲ သြားေနတယ္ဆုိေတာ့ ကုန္ကားေတြကလည္း အဲဒီကားလမ္းအတိုင္းပဲ တက္လာတာေလ။ အဲေတာ့ ဒီတံတားေတြ မရိွေတာ့ဘူးဆိုေတာ့ ကုန္ကားေတြကေတာ့ တက္ဖုိ႔ေတာ့ အခက္အခဲေတာ့ ျဖစ္သြားတာေပါ့။ ကားေသးေတြ ခရီးသြားတာေတြကေတာ့ သြားလုိ႔ ရတယ္ဆုိေပမဲ့လည္း ကုန္ကားၾကီးေတြက သြားလုိ႔ မရဘူးဆိုေတာ့ ကုန္ေစ်းႏႈန္းေတြလည္း ကေမာက္ကမ ျဖစ္လာမလားဆိုတဲ့ စိုးရိမ္ခ်က္ေတာ့ ရိွတာေပါ့ေလ။”

ၿပီးခဲ့တဲ့ ရက္ပိုင္းေတြက ကခ်င္ျပည္နယ္ ေရႊကူၿမိဳ႔ကေန ဗန္းေမာ္ဘက္ကို ဆန္တက္လာတဲ့ သေဘၤာေတြမွာ တပ္ရိကၡာေတြ သယ္ေဆာင္တယ္ဆုိၿပီး KIA က ပစ္ခတ္တိုက္ခိုက္တာေတြလည္း ရိွခဲ့တာျဖစ္ပါတယ္။

တနလၤာေန႔က စစ္ေကာင္စီနဲ႔ ကခ်င္လက္နက္ကိုင္ KIA အၾကား ပစ္ခတ္တိုက္ခုိက္တာေတြ ျဖစ္ခဲ့တဲ့ မုိးေမာက္ၿမိဳ႔နယ္ ၿမိဳ႔သစ္၊ ကုန္းေလာဘက္မွာေတာ့ ဒီေန႔မွာ အနည္းငယ္ၿငိမ္သက္ေနေၾကာင္း ေဒသခံေတြက ေျပာပါတယ္။ ဒီေန႔ မနက္ပိုင္းမွာ လက္နက္ၾကီး ပစ္ခတ္သံတခ်ိဳ႔ၾကားရေပမဲ့ တိုက္ပဲြျဖစ္ပြားတာမရိွေၾကာင္းလည္း ေျပာပါတယ္။

ေဖေဖာ္၀ါရီလဆန္းက စစ္တပ္က အာဏာသိမ္းၿပီးေနာက္ ဆန္႔က်င္ဆႏၵျပသူေတြကို အၾကမ္းဖက္ ပစ္ခတ္ႏွိပ္နင္းတဲ့ေနာက္ ကခ်င္ျပည္နယ္အတြင္း တုိက္ပဲြေတြ ျပန္လည္စတင္ခဲ့တာပါ။

လက္ရိွအေျခအေနမွာ ကခ်င္ျပည္နယ္အတြင္း ဆႏၵျပတာေတြ၊ ဗံုးေပါက္ကဲြတာေတြ ဆက္ရိွေနသလို ပစ္ခတ္ႏွိပ္နင္းတာ၊ ဖမ္းဆီးတာေတြလည္းရိွေနပါတယ္။ စစ္တပ္နဲ႔ KIA အၾကား တိုက္ပဲြေတြလည္း ကခ်င္ျပည္နယ္မွာသာမက စစ္ကိုင္းတုိင္းေဒသၾကီး ခႏီၱးၿမိဳ႔နယ္အထိက်ယ္ျပန္႔လာေနပါတယ္။

.............................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

ကချင်ပြည်နယ် ဟိုပင်မြို့အထွက် ဝက်ကုန်းတံတား ဒီနေ့ မိုင်းခွဲအတိုက်ခိုက်ခံရတာကြောင့် ကုန်တင်ကားကြီးတွေတော့ ဖြတ်သွားလို့ မရတော့ပါဘူး။ လောလောဆည် မီးရထား အသွားအလာလည်း ရပ်ဆိုင်းနေတာဖြစ်တဲ့အတွက် မြစ်ကြီးနားနဲ့ ကချင်ပြည်အထက်ပိုင်းမှာ ကုန်စည်စီးဆင်းမှု ခက်ခဲပြီး ကုန်ဈေးနှုန်း မြင့်တက်လာမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။ ရန်ကုန်ကလာတဲ့ ဒီသတင်းကို ကိုငြိမ်းချမ်းက တင်ပြထားပါတယ်။

ကချင်ပြည်နယ် ဟိုပင်မြို့အထွက် ဝက်ကုန်းတံတားဟာ မန္တလေး- မြစ်ကြီးနားကားလမ်းပေါ်မှာ ရှိတာဖြစ်ပြီး မြို့အတွက် သွားရေး လာရေး အရေးကြီးတဲ့ တံတားတခုဖြစ်ပါတယ်။ တနင်္လာနေ့ ည၈နာရီ လောက်က ဒီတံတား မိုင်းခွဲတိုက်ခိုက်ခံရတာကြောင့် တံတားတဘက်ခြမ်းဟာ လုံးဝပျက်ဆီးသွားခဲ့တာပါ။ မိုင်းခွဲတိုက်ခိုက်ခံရတာကြောင့် ဖြတ်သန်းသွားလာလို့ မရအောင်ပျက်ဆီးသွားခဲ့ကြောင်း ဟိုပင်ဒေသခံတစ်ဦးက VOA ကို အခုလို ပြောပါတယ်။

“ဝက်ကုန်းတံတား။ ဒီက မြစ်ကြီးနားဘက် ထွက်တဲ့တံတား။ ပျက်စီးတာတော့ သုံးလို့တောင် မရတော့ဘူး။ အသွားအလာတွေပါ အကုန်ပိတ်သွားတာ။ ကားကြီးတွေကတော့ သွားဖို့ ခက်သွားပြီပေါ့။ ၂၂ဘီးတို့၊ ၁၆ဘီးတို့ဆိုတာတော့ သွားဖို့ လမ်းမရှိဘူးပေါ့။ ကားသေးတွေကတော့ နန့်ရင်းဘက်က သရက်ချောင်းကို ကူးဖို့ လုပ်ထားတာရှိတယ်။ သစ်သားတံတားပေါ့။ ကားသေးကတော့ အဲလို ကွင်းလာတယ်။”

တံတားမိုင်းခွဲတိုက်ခိုက်မှုမှာ မိုင်းထောင်သူလို့ ယူဆရသူတစ်ဦးဟာ ပေါက်ကွဲမှုအတွင်း ခန္ဓာကိုယ်တစ်စစီဖြစ် သေဆုံးခဲ့ကြောင်းနဲ့ ငါးရှာသွားသူတစ်ယောက်လည်း တံတားအကူးမှာ ဆိုင်ကယ်ထိုးကျ သေဆုံးခဲ့ကြောင်း ကြားသိရပေမဲ့ သေချာ မသိရကြောင်းလည်း ဟိုပင်ဒေသခံက ဆက်ပြောပါတယ်။

ဟိုပင်မြို့အရှေ့ နန့်ရင်းရွာဘက်ကသွားတဲ့ ကွင်းလမ်းကတော့ မြေလမ်းဖြစ်တာကြောင့် မိုးတွင်းမှာ သွားရေးလာရေးအတွက် အခက်အခဲ ရှိနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၇ရက်နေ့ ညပိုင်းမှာ ဟိုပင်မြို့နဲ့ ကြာကွင်းကြီးကျေးရွာအကြားရှိ တဝက်ချောင်းကို ဖြတ်ကူးတဲ့ ကားလမ်းနဲ့ ရထားလမ်းလည်း မိုင်းခွဲတိုက်ခိုက်ခဲ့ရပါတယ်။

အဲဒီတုန်းက ကားလမ်းက ဆိုးဆိုးဝါးဝါး မထိခိုက်တာကြောင့် ကားတွေ ပုံမှန် သွားလာနိုင်ပြီး ရထားလမ်းကတော့ အတော်လေး ပျက်စီးသွားခဲ့ပါတယ်။ ဒါပေမဲ့ မန္တလေး- မြစ်ကြီးနားရထားတွေ ရပ်ဆိုင်းနေတာကြောင့် ဒေသခံတွေအတွက် ထူးထူးခြားခြား သက်ရောက်မှုမရှိခဲ့ပါဘူး။

အခုတော့ လမ်းပန်းဆက်သွယ်ရေးအတွက် အားကိုးနေရတဲ့ ဟိုပင်မြို့က ဝက်ကုန်းတံတားပေါ် ကုန်တင်ယာဉ်အကြီးတွေ ဖြတ်သန်း မရတော့ဘူးဆိုရင်တော့ မြစ်ကြီးနားနဲ့ ကချင်ပြည်နယ်အထက်ပိုင်းကို ကုန်စည်ပို့ဆောင်ဖို့ ခက်ခဲပြီး ဈေးနှုန်းတွေ မြင့်တက်လာမှာကို စိုးရိမ်ရကြောင်း ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့က ဦးလမိုင်ဂွမ်ဂျာက သုံးသပ်ပါတယ်။

“အခုကတော့ ရထားလမ်းလည်း မပေါက်ဘူး။ ကားလမ်းနဲ့ပဲ သွားနေတယ်ဆိုတော့ ကုန်ကားတွေကလည်း အဲဒီကားလမ်းအတိုင်းပဲ တက်လာတာလေ။ အဲတော့ ဒီတံတားတွေ မရှိတော့ဘူးဆိုတော့ ကုန်ကားတွေကတော့ တက်ဖို့တော့ အခက်အခဲတော့ ဖြစ်သွားတာပေါ့။ ကားသေးတွေ ခရီးသွားတာတွေကတော့ သွားလို့ ရတယ်ဆိုပေမဲ့လည်း ကုန်ကားကြီးတွေက သွားလို့ မရဘူးဆိုတော့ ကုန်ဈေးနှုန်းတွေလည်း ကမောက်ကမ ဖြစ်လာမလားဆိုတဲ့ စိုးရိမ်ချက်တော့ ရှိတာပေါ့လေ။”

ပြီးခဲ့တဲ့ ရက်ပိုင်းတွေက ကချင်ပြည်နယ် ရွှေကူမြို့ကနေ ဗန်းမော်ဘက်ကို ဆန်တက်လာတဲ့ သင်္ဘောတွေမှာ တပ်ရိက္ခာတွေ သယ်ဆောင်တယ်ဆိုပြီး KIA က ပစ်ခတ်တိုက်ခိုက်တာတွေလည်း ရှိခဲ့တာဖြစ်ပါတယ်။

တနင်္လာနေ့က စစ်ကောင်စီနဲ့ ကချင်လက်နက်ကိုင် KIA အကြား ပစ်ခတ်တိုက်ခိုက်တာတွေ ဖြစ်ခဲ့တဲ့ မိုးမောက်မြို့နယ် မြို့သစ်၊ ကုန်းလောဘက်မှာတော့ ဒီနေ့မှာ အနည်းငယ်ငြိမ်သက်နေကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒီနေ့ မနက်ပိုင်းမှာ လက်နက်ကြီး ပစ်ခတ်သံတချို့ကြားရပေမဲ့ တိုက်ပွဲဖြစ်ပွားတာမရှိကြောင်းလည်း ပြောပါတယ်။

ဖေဖော်ဝါရီလဆန်းက စစ်တပ်က အာဏာသိမ်းပြီးနောက် ဆန့်ကျင်ဆန္ဒပြသူတွေကို အကြမ်းဖက် ပစ်ခတ်နှိပ်နင်းတဲ့နောက် ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေ ပြန်လည်စတင်ခဲ့တာပါ။

လက်ရှိအခြေအနေမှာ ကချင်ပြည်နယ်အတွင်း ဆန္ဒပြတာတွေ၊ ဗုံးပေါက်ကွဲတာတွေ ဆက်ရှိနေသလို ပစ်ခတ်နှိပ်နင်းတာ၊ ဖမ်းဆီးတာတွေလည်းရှိနေပါတယ်။ စစ်တပ်နဲ့ KIA အကြား တိုက်ပွဲတွေလည်း ကချင်ပြည်နယ်မှာသာမက စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ်အထိကျယ်ပြန့်လာနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG