(Zawgyi / Unicode)
ေျမာက္ကိုရီးယားႏုိင္ငံက သူ႔ရဲ႕ ႏ်ဴကလီးယားလက္နက္ အစီအစဥ္ေတြ လက္ေလွ်ာ့သြားေအာင္ အထူးကိုယ္စားလွယ္တေယာက္ကို ေစလႊတ္မယ္လို႔ အေမရိကန္သမၼတ ဂ်ိဳးဘုိင္ဒန္က ေျပာပါတယ္။ ေျမာက္ကိုရီးယားႏုိင္ငံနဲ႔ ပတ္သက္လို႔ အေမရိကန္ျပည္ေထာင္စုနဲ႔ ေတာင္ကိုရီးယား ႏွစ္ႏုိင္ငံစလုံး အထူးစိုးရိမ္လ်က္ ရွိေနပါတယ္လို႔လည္း သမၼတ ဂ်ိဳးဘိုင္ဒန္က ေျပာပါတယ္။
“ကိုရီးယားကၽြန္းဆြယ္မွာ ႏ်ဴကလီးယား လုံးဝကင္းစင္ေရးဆိုတဲ့ ရည္မွန္းခ်က္ေတြ က်ေနာ္တို႔မွာ ရွိေနဆဲပါ။ အေမရိကန္နဲ႔ မဟာမိတ္ႏုိင္ငံေတြရဲ႕ လုံၿခဳံေရး တိုးတက္ဖို႔အတြက္ လက္ေတြ႔က်တဲ့ တိုးတက္မႈမ်ိဳး ရေအာင္လုပ္ဖို႔ ဆႏၵရွိပါတယ္။ ေရွ႕က ကိုင္တြယ္ခဲ့ၾကတဲ့ နည္းလမ္းေတြထဲမွာ ေအာင္ျမင္တာေတြေရာ၊ မေအာင္ျမင္တာေတြကိုပါ အနိီးကပ္ ေလ့လာေနပါတယ္။” လုိ႔ ေတာင္ကိုရီးယားသမၼတ မြန္းေဂ်းအင္းနဲ႔ ပူးတြဲလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ မစၥတာဘုိင္ဒန္က ေျပာဆိုသြားပါတယ္။
အေမရိကန္အစိုးရရဲ႕ အႏၱိမရည္မွန္းခ်က္က ကိုရီးယားကၽြန္းဆြယ္မွာ ႏ်ဴကလီးယား လုံးဝကင္းစင္ေရး ျဖစ္တယ္လို႔လည္း ေျပာပါတယ္။
ေျမာက္ကိုရီးယားဆုိ္င္ရာ မူဝါဒေတြကို သမၼတအိမ္ျဖဴေတာ္က ၿပီးခဲ့တဲ့လမွာပဲ အၿပီး ဆန္းစစ္ သုံးသပ္ခဲ့တာပါ။
သမၼတေဟာင္း ေဒၚနယ္လ္ထရမ့္ လုပ္ကုိင္ခဲ့တဲ့ ေျမာက္ကိုရီးယားေခါင္းေဆာင္ Kim Jong Un ကို ပုဂၢိဳလ္ေရးအရ ခ်ဥ္းကပ္တာမ်ိဳးေရာ၊ သမၼတေဟာင္း ဘရက္ခ္အိုဘားမား လက္ထက္ကလို တုိက္႐ုိက္ဆက္ဆံတာမ်ိဳး ေရွာင္တဲ့ နည္းဗ်ဴဟာမ်ိဳးေတြကိုပါ သမၼတဘုိင္ဒန္ အစိုးရက လုပ္ကိုင္မယ့္ပုံေတာ့ မရွိပါဘူး။
-------------------------
(Unicode)
မြောက်ကိုရီးယား နျူကလီးယားအရေး ကန်အထူးကိုယ်စားလှယ် စေလွှတ်မည်
မြောက်ကိုရီးယားနိုင်ငံက သူ့ရဲ့ နျူကလီးယားလက်နက် အစီအစဉ်တွေ လက်လျှော့သွားအောင် အထူးကိုယ်စားလှယ်တယောက်ကို စေလွှတ်မယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပြောပါတယ်။ မြောက်ကိုရီးယားနိုင်ငံနဲ့ ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုနဲ့ တောင်ကိုရီးယား နှစ်နိုင်ငံစလုံး အထူးစိုးရိမ်လျက် ရှိနေပါတယ်လို့လည်း သမ္မတ ဂျိုးဘိုင်ဒန်က ပြောပါတယ်။
“ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယား လုံးဝကင်းစင်ရေးဆိုတဲ့ ရည်မှန်းချက်တွေ ကျနော်တို့မှာ ရှိနေဆဲပါ။ အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေရဲ့ လုံခြုံရေး တိုးတက်ဖို့အတွက် လက်တွေ့ကျတဲ့ တိုးတက်မှုမျိုး ရအောင်လုပ်ဖို့ ဆန္ဒရှိပါတယ်။ ရှေ့က ကိုင်တွယ်ခဲ့ကြတဲ့ နည်းလမ်းတွေထဲမှာ အောင်မြင်တာတွေရော၊ မအောင်မြင်တာတွေကိုပါ အနီးကပ် လေ့လာနေပါတယ်။” လို့ တောင်ကိုရီးယားသမ္မတ မွန်းဂျေးအင်းနဲ့ ပူးတွဲလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မစ္စတာဘိုင်ဒန်က ပြောဆိုသွားပါတယ်။
အမေရိကန်အစိုးရရဲ့ အန္တိမရည်မှန်းချက်က ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယား လုံးဝကင်းစင်ရေး ဖြစ်တယ်လို့လည်း ပြောပါတယ်။
မြောက်ကိုရီးယားဆိုင်ရာ မူဝါဒတွေကို သမ္မတအိမ်ဖြူတော်က ပြီးခဲ့တဲ့လမှာပဲ အပြီး ဆန်းစစ် သုံးသပ်ခဲ့တာပါ။
သမ္မတဟောင်း ဒေါ်နယ်လ်ထရမ့် လုပ်ကိုင်ခဲ့တဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ကို ပုဂ္ဂိုလ်ရေးအရ ချဉ်းကပ်တာမျိုးရော၊ သမ္မတဟောင်း ဘရက်ခ်အိုဘားမား လက်ထက်ကလို တိုက်ရိုက်ဆက်ဆံတာမျိုး ရှောင်တဲ့ နည်းဗျူဟာမျိုးတွေကိုပါ သမ္မတဘိုင်ဒန် အစိုးရက လုပ်ကိုင်မယ့်ပုံတော့ မရှိပါဘူး။