သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

သမၼတ Biden ရန္လိုတဲ့မူဝါဒ က်င့္သံုးေနတယ္လို႔ ေျမာက္ကိုရီးယားေခါင္းေဆာင္ စြပ္စြဲ


ေျမာက္ကုိရီးယားေခါင္းေဆာင္ Kim Jong Un. (မတ္ ၆၊ ၂၀၂၁)

(Zawgyi / Unicode)

အေမရိကန္သမၼတ Joe Biden ဟာ ရန္လိုတဲ့မူဝါဒကုိ က်င့္သုံးေနတယ္လို႔ ေျမာက္ကုိရီးယားက စြပ္စဲြလုိက္ၿပီး အေမရိကန္ရဲ႕ အတုအေယာင္ သံတမန္ေရးနည္းလမ္းကို ပယ္ခ်ရင္း လက္တုံ႔ျပန္မႈ လုပ္သြားမယ္လို႔ တနဂၤေႏြေန႔က ေျပာၾကားလိုက္ပါတယ္။

ေျမာက္က္ိုရီးယားရဲ႕ ႏ်ဴကလီးယား အစီအစဥ္ ၿခိမ္းေျခာက္မႈကို သံတမန္ေရးနည္းနဲ႔ ေျဖရွင္းဖို႔ သူ႔အစိုးရက ညႇိႏႈိင္းေဆာင္ရြက္သြားဖြယ္ ရွိၿပီး တဖက္မွာလည္း ၿခိမ္းေျခာက္မႈေတြကို ဟန္႔တားသြားမယ္လို႔ သမၼတ Biden က ဗုဒၶဟူးေန႔မွာ ေျပာဆုိခဲ့ၿပီးေနာက္ ေျမာက္ကုိရီးယားရဲ႕ တုံ႔ျပန္ခ်က္ ခုလို ေပၚထြက္လာတာပါ။

ကိုရီးယားကၽြန္းဆြယ္မွာ ႏ်ဴကလီးယားလက္နက္ ျဖဳတ္သိမ္းေရးဆိုင္ရာ မူဝါဒ ျပန္လည္သုံးသပ္မႈအၿပီး ေျမာက္ကိုရီးယားနဲ႔ ေဆြးေႏြးပဲြ စကားဝိုင္းအတြက္ အေမရိကန္သမၼတက တံခါးဖြင့္ထားပါတယ္လို႔ အိမ္ျဖဴေတာ္က ေသာၾကာေန႔မွာ ေၾကညာခဲ့ေပမယ့္ မမွားသင့္တဲ့အမွားကို Joe Biden က လုပ္ထားႏွင့္ၿပီလို႔ ေျမာက္ကုိရီးယားက ေျပာပါတယ္။

အေမရိကန္က ေျပာေနတဲ့ သံတမန္ေရး လမ္းေၾကာင္းဟာ အတုအေယာင္သာျဖစ္ၿပီး ေျမာက္ကိုရီးယားကို ႏ်ဴကလီးယားလက္နက္နဲ႔ တုံ႔ျပန္မယ့္ ၿခိမ္းေျခာက္မႈကို မျမင္ရေအာင္ ဖုံးကြယ္ထားျခင္းသာ ျဖစ္တယ္လုိ႔ ေျမာက္ကိုရီးယား ႏိုင္ငံျခားေရးဌာနအရာရွိ Kwon Jung Gun က ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

ကိုရီးယားကၽြန္းစြယ္မွာ ႏ်ဴကလီးယား လံုးဝကင္းစင္ေရးဟာ သူတို႔ရဲ႕ ရည္မွန္းခ်က္ပန္းတိုင္ ျဖစ္ေပမယ့္ ဒီအတြက္ ဘယ္လို သြံခင္းတမန္ခင္းမ်ိဳးနဲ႔ စတင္လုပ္ဆာင္မယ္ ဆုိတာကိုေတာ့ အိမ္ျဖဴေတာ္ေျပာခြင့္ရ အမ်ဳိးသမီး Jen Psaki က ေျပာမထားပါဘူး။

တိုက္႐ိုက္ လင့္ခ္

-------------------

(Unicode)

သမ္မတ Biden ရန်လိုတဲ့မူဝါဒ ကျင့်သုံးနေတယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် စွပ်စွဲ

အမေရိကန်သမ္မတ Joe Biden ဟာ ရန်လိုတဲ့မူဝါဒကို ကျင့်သုံးနေတယ်လို့ မြောက်ကိုရီးယားက စွပ်စွဲလိုက်ပြီး အမေရိကန်ရဲ့ အတုအယောင် သံတမန်ရေးနည်းလမ်းကို ပယ်ချရင်း လက်တုံ့ပြန်မှု လုပ်သွားမယ်လို့ တနင်္ဂနွေနေ့က ပြောကြားလိုက်ပါတယ်။

မြောက်ကိုရီးယားရဲ့ နျူကလီးယား အစီအစဉ် ခြိမ်းခြောက်မှုကို သံတမန်ရေးနည်းနဲ့ ဖြေရှင်းဖို့ သူ့အစိုးရက ညှိနှိုင်းဆောင်ရွက်သွားဖွယ် ရှိပြီး တဖက်မှာလည်း ခြိမ်းခြောက်မှုတွေကို ဟန့်တားသွားမယ်လို့ သမ္မတ Biden က ဗုဒ္ဓဟူးနေ့မှာ ပြောဆိုခဲ့ပြီးနောက် မြောက်ကိုရီးယားရဲ့ တုံ့ပြန်ချက် ခုလို ပေါ်ထွက်လာတာပါ။

ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားလက်နက် ဖြုတ်သိမ်းရေးဆိုင်ရာ မူဝါဒ ပြန်လည်သုံးသပ်မှုအပြီး မြောက်ကိုရီးယားနဲ့ ဆွေးနွေးပွဲ စကားဝိုင်းအတွက် အမေရိကန်သမ္မတက တံခါးဖွင့်ထားပါတယ်လို့ အိမ်ဖြူတော်က သောကြာနေ့မှာ ကြေညာခဲ့ပေမယ့် မမှားသင့်တဲ့အမှားကို Joe Biden က လုပ်ထားနှင့်ပြီလို့ မြောက်ကိုရီးယားက ပြောပါတယ်။

အမေရိကန်က ပြောနေတဲ့ သံတမန်ရေး လမ်းကြောင်းဟာ အတုအယောင်သာဖြစ်ပြီး မြောက်ကိုရီးယားကို နျူကလီးယားလက်နက်နဲ့ တုံ့ပြန်မယ့် ခြိမ်းခြောက်မှုကို မမြင်ရအောင် ဖုံးကွယ်ထားခြင်းသာ ဖြစ်တယ်လို့ မြောက်ကိုရီးယား နိုင်ငံခြားရေးဌာနအရာရှိ Kwon Jung Gun က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ကိုရီးယားကျွန်းစွယ်မှာ နျူကလီးယား လုံးဝကင်းစင်ရေးဟာ သူတို့ရဲ့ ရည်မှန်းချက်ပန်းတိုင် ဖြစ်ပေမယ့် ဒီအတွက် ဘယ်လို သွံခင်းတမန်ခင်းမျိုးနဲ့ စတင်လုပ်ဆာင်မယ် ဆိုတာကိုတော့ အိမ်ဖြူတော်ပြောခွင့်ရ အမျိုးသမီး Jen Psaki က ပြောမထားပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG