သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သမၼတ Biden ေျမာက္ကိုရီးယားမူ၀ါဒကို တရားေသ ခ်မွတ္ထားဖြယ္ မရွိ


(Zawgyi/Unicode)

အရင္ အေမရိကန္ သမၼတ Donald Trump က ေျမာက္ကိုရီးယားကို မီးကုန္ယမ္းကုန္ တုံ႔ျပန္မယ္ ဆိုတဲ႔ ၿခိမ္းေျခာက္မႈနဲ႔ ခ်ဥ္းကပ္ခဲ႔ၿပီးေနာက္ ေျမာက္ကိုရီးယား ေခါင္းေဆာင္ Kim Jong Un နဲ႔ ထိပ္သီး ေတြ႔ဆံုေဆြးေႏြးပြဲေတြ ထြက္ေပၚခဲ႔ပါတယ္။ သူ႔အရင္ သမၼတ Barack Obama ရဲ႕ေျမာက္ကိုရီးယား အေရး ခ်ဥ္းကပ္မႈကေတာ့ မဟာဗ်ဴဟာေျမာက္ စိတ္ရွည္သည္းခံျခင္း ျဖစ္ၿပီး စီးပြားေရးနဲ႔ စစ္ေရး ဖိအားေတြနဲ႔ ေျမာက္ကိုရီးယား အစိုးရဘက္က ေဆြးေႏြးလာေစေရး နားခ်ဖို႔ ႀကိဳးစားခဲ႔ပါတယ္။

အရင္ သမၼတေတြရဲ႕ ေျမာက္ကိုရီးယား အေရး ခ်ဥ္းကပ္မႈေတြက အေမရိကန္ရဲ႕ ရည္မွန္းခ်က္ေတြ ျပည့္ေျမာက္ေအာင္ မစြမ္းေဆာင္ႏုိင္ခဲ႔ဘူးလို႔ အသိအမွတ္ျပဳ ေျပာဆိုတဲ႔ အေမရိကန္ အရာရွိေတြက အခု သမၼတ Joe Biden ရဲ႕ ႀကိဳးပမ္းမႈက အရင္ သမၼတေတြရဲ႕ ခ်ဥ္းကပ္မႈေတြၾကား မယုတ္မလြန္ အစြန္းမေရာက္တဲ႔ ၾကားေန ခ်ဥ္းကပ္မႈ ျဖစ္တယ္လို႔ ေျပာဆိုၾကပါတယ္။

လနဲ႔ခ်ီ ျပန္လွန္ သံုးသပ္ၿပီးေနာက္ သမၼတ Biden ရဲ႕ ေျမာက္ကိုရီးယား ေရးရာ မဟာဗ်ဴဟာကို သမၼတ အိမ္ျဖဴေတာ္ တာ၀န္ရွိသူေတြက ၿပီးခဲ႔တဲ႔ သီတင္းပတ္ အတြင္းမွာ ထုတ္ျပန္ထားတာပါ။ သမၼတ Biden ရဲ႕ အစီအစဥ္အရေတာ့ ေျမာက္ကိုရီးယားဘက္က ႏ်ဴးကလီးယား လက္နက္ေတြ စြန္႔လႊတ္လာေစေရး အေမရိကန္က ဆက္လက္ ဖိအားေပးမွာ ျဖစ္သလို ေဆြးေႏြးပြဲေတြ ျဖစ္လာေရးလည္း ေဆာင္ရြက္မွာ ျဖစ္ၿပီး ဒီရည္မွန္းခ်က္ ကို အေထာက္အကူ ျဖစ္ေစမယ့္ မယုတ္မလြန္ သေဘာတူညီခ်က္ေတြလည္း ရွိလာႏုိင္ပါတယ္။

ဒီဗ်ဴဟာ ခ်မွတ္ က်င့္သံုးမႈေပၚ မူတည္ၿပီး သမၼတ Biden ရဲ႕ ေျမာက္ကိုရီးယား ဆိုင္ရာ မဟာဗ်ဴဟာက အေမရိကန္ရဲ႕ ထိပ္တန္း အေရးႀကီးဆံုး ႏုိင္ငံျခားေရး မူ၀ါဒ စိန္ေခၚခ်က္ တခုကို ကိုင္တြယ္ ေဆာင္ရြက္မႈမွာ ထူးျခားတဲ႔ အေျပာင္းအလဲ တခု ျဖစ္လာႏုိင္ပါတယ္။

ေျမာက္ကိုရီးယားနဲ႔ သံခင္းတမန္ခင္း လမ္းေၾကာင္း ရွာႏုိင္မယ့္ ေစ႔စပ္ညွိႏိႈင္းၿပီး လက္ေတြ႔က်တဲ႔ ခ်ဥ္းကပ္မႈကို အေမရိကန္က ေဆာင္ရြက္မယ္လို႔ ၿပီးခဲ႔တဲ႔ ေသာၾကာေန႔မွာ အိမ္ျဖဴေတာ္ ျပန္ၾကားေရး တာ၀န္ခံ Jen Psaki က ေျပာပါတယ္။ အခုအခ်ိန္ထိေတာ့ ေျမာက္ကိုရီးယားဘက္က ေစ႔စပ္ညွိႏိႈင္းလိုတဲ႔ ပံု မျပေသးပါဘူး။

ၿပီးခဲ႔တဲ႔ လ အတြင္း ေျမာက္ကိုရီးယားဘက္က တာတိုပစ္ ဒံုးက်ည္ တစင္း စမ္းသပ္ခဲ႔ၿပီး ဒါဟာဆိုရင္ တႏွစ္တာ ကာလ အတြင္း ပထမဆံုး ပဲ႔ထိန္းတပ္ဒံုး ပစ္ခတ္မႈ ျဖစ္ပါတယ္။ ေနာက္ထပ္ ဒီထက္ပိုၿပီး ျပင္းထန္တဲ႔ စမ္းသပ္မႈေတြ လုပ္ႏုိင္တယ္လို႔လည္း ေျမာက္ကိုရီးယား အစိုးရဘက္က အရိပ္အျမြက္ ေျပာထားတာပါ။ ေျမာက္ကိုရီးယားဘက္က ဒံုးက်ည္ စမ္းသပ္မႈေတြ အေပၚ အေမရိကန္ သမၼတ Biden ဘက္က ဘယ္လို တုံ႔ျပန္မလဲ ဆိုတာကေတာ့ ရွင္းရွင္းလင္းလင္း မရွိေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္


.............

သမ္မတ Biden မြောက်ကိုရီးယားမူဝါဒကို တရားသေ ချမှတ်ထားဖွယ်မရှိ

(Unicode)

အရင် အမေရိကန် သမ္မတ Donald Trump က မြောက်ကိုရီးယားကို မီးကုန်ယမ်းကုန် တုံ့ပြန်မယ် ဆိုတဲ့ ခြိမ်းခြောက်မှုနဲ့ ချဉ်းကပ်ခဲ့ပြီးနောက် မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un နဲ့ ထိပ်သီး တွေ့ဆုံဆွေးနွေးပွဲတွေ ထွက်ပေါ်ခဲ့ပါတယ်။ သူ့အရင် သမ္မတ Barack Obama ရဲ့မြောက်ကိုရီးယား အရေး ချဉ်းကပ်မှုကတော့ မဟာဗျူဟာမြောက် စိတ်ရှည်သည်းခံခြင်း ဖြစ်ပြီး စီးပွားရေးနဲ့ စစ်ရေး ဖိအားတွေနဲ့ မြောက်ကိုရီးယား အစိုးရဘက်က ဆွေးနွေးလာစေရေး နားချဖို့ ကြိုးစားခဲ့ပါတယ်။

အရင် သမ္မတတွေရဲ့ မြောက်ကိုရီးယား အရေး ချဉ်းကပ်မှုတွေက အမေရိကန်ရဲ့ ရည်မှန်းချက်တွေ ပြည့်မြောက်အောင် မစွမ်းဆောင်နိုင်ခဲ့ဘူးလို့ အသိအမှတ်ပြု ပြောဆိုတဲ့ အမေရိကန် အရာရှိတွေက အခု သမ္မတ Joe Biden ရဲ့ ကြိုးပမ်းမှုက အရင် သမ္မတတွေရဲ့ ချဉ်းကပ်မှုတွေကြား မယုတ်မလွန် အစွန်းမရောက်တဲ့ ကြားနေ ချဉ်းကပ်မှု ဖြစ်တယ်လို့ ပြောဆိုကြပါတယ်။

လနဲ့ချီ ပြန်လှန် သုံးသပ်ပြီးနောက် သမ္မတ Biden ရဲ့ မြောက်ကိုရီးယား ရေးရာ မဟာဗျူဟာကို သမ္မတ အိမ်ဖြူတော် တာဝန်ရှိသူတွေက ပြီးခဲ့တဲ့ သီတင်းပတ် အတွင်းမှာ ထုတ်ပြန်ထားတာပါ။ သမ္မတ Biden ရဲ့ အစီအစဉ်အရတော့ မြောက်ကိုရီးယားဘက်က နျူးကလီးယား လက်နက်တွေ စွန့်လွှတ်လာစေရေး အမေရိကန်က ဆက်လက် ဖိအားပေးမှာ ဖြစ်သလို ဆွေးနွေးပွဲတွေ ဖြစ်လာရေးလည်း ဆောင်ရွက်မှာ ဖြစ်ပြီး ဒီရည်မှန်းချက် ကို အထောက်အကူ ဖြစ်စေမယ့် မယုတ်မလွန် သဘောတူညီချက်တွေလည်း ရှိလာနိုင်ပါတယ်။

ဒီဗျူဟာ ချမှတ် ကျင့်သုံးမှုပေါ် မူတည်ပြီး သမ္မတ Biden ရဲ့ မြောက်ကိုရီးယား ဆိုင်ရာ မဟာဗျူဟာက အမေရိကန်ရဲ့ ထိပ်တန်း အရေးကြီးဆုံး နိုင်ငံခြားရေး မူဝါဒ စိန်ခေါ်ချက် တခုကို ကိုင်တွယ် ဆောင်ရွက်မှုမှာ ထူးခြားတဲ့ အပြောင်းအလဲ တခု ဖြစ်လာနိုင်ပါတယ်။

မြောက်ကိုရီးယားနဲ့ သံခင်းတမန်ခင်း လမ်းကြောင်း ရှာနိုင်မယ့် စေ့စပ်ညှိနှိုင်းပြီး လက်တွေ့ကျတဲ့ ချဉ်းကပ်မှုကို အမေရိကန်က ဆောင်ရွက်မယ်လို့ ပြီးခဲ့တဲ့ သောကြာနေ့မှာ အိမ်ဖြူတော် ပြန်ကြားရေး တာဝန်ခံ Jen Psaki က ပြောပါတယ်။ အခုအချိန်ထိတော့ မြောက်ကိုရီးယားဘက်က စေ့စပ်ညှိနှိုင်းလိုတဲ့ ပုံ မပြသေးပါဘူး။

ပြီးခဲ့တဲ့ လ အတွင်း မြောက်ကိုရီးယားဘက်က တာတိုပစ် ဒုံးကျည် တစင်း စမ်းသပ်ခဲ့ပြီး ဒါဟာဆိုရင် တနှစ်တာ ကာလ အတွင်း ပထမဆုံး ပဲ့ထိန်းတပ်ဒုံး ပစ်ခတ်မှု ဖြစ်ပါတယ်။ နောက်ထပ် ဒီထက်ပိုပြီး ပြင်းထန်တဲ့ စမ်းသပ်မှုတွေ လုပ်နိုင်တယ်လို့လည်း မြောက်ကိုရီးယား အစိုးရဘက်က အရိပ်အမြွက် ပြောထားတာပါ။ မြောက်ကိုရီးယားဘက်က ဒုံးကျည် စမ်းသပ်မှုတွေ အပေါ် အမေရိကန် သမ္မတ Biden ဘက်က ဘယ်လို တုံ့ပြန်မလဲ ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG