သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မေလးရွားက ေျမာက္ကိုရီးယားသံအဖဲြ႔ သံရံုးပိတ္သိမ္း ဌာေနျပန္


မေလးရွားႏိုင္ငံ ကြာလာလမ္ပူရွိ ေျမာက္ကိုရီးယားသံရုံးက ထြက္လာတဲ့ သံတမန္တဦး ( photo - AP )

[ Zawgyi / Unicode ]

ေျမာက္ကိုရီးယား ရာဇဝတ္တရားခံတဦးကို အေမရိကန္ျပည္ေထာင္စုထံ လႊဲေျပာင္းေပးခဲ့တဲ့ကိစၥမွာ အခ်င္းမ်ားခဲ့ရာက မေလးရွားနဲ႔ ေျမာက္ကိုရီးယား ႏွစ္ႏိုင္ငံၾကား သံတမန္ဆက္ဆံေရး ျဖတ္ေတာက္ဖို႔အထိ ျဖစ္လာခဲ့ၿပီးေနာက္ မေလးရွားႏိုင္ငံဆိုင္ရာ ေျမာက္ကိုရီးယားသံရုံးကို ပိတ္သိမ္းၿပီး သံအဖြဲ႔ဟာ တနဂၤေႏြေန႔က ကြာလာလမ္ပူကေန ထြက္ခြါသြားၾကပါတယ္။

ကြာလာလမ္ပူၿမဳိ႕ ဆင္ေျခဖုံးမွာရွိတဲ့ ေျမာက္ကိုရီးယားသံရုံးက အလံနဲ႔ သံရုံးဆုိင္းဘုတ္ေတြကုိ ျဖဳတ္သိမ္းၿပီး သံတမန္ဝန္ထမ္းေတြနဲ႔ သူတို႔မိသားစုေတြကိုပါ တင္ေဆာင္လာတဲ့ ဘတ္စ္ကား ၂ စီးဟာ တရုတ္ႏိုင္ငံ ရွန္ဟုိင္းၿမဳိ႕ကို ထြက္ခြါမယ့္ ေလယာဥ္နဲ႔လုိက္ပါဖို႔ ေလဆိပ္မွာ စာရင္းသြင္းေနတာကို ျမင္ခဲ့ရတာပါ။

ေျမာက္ကိုရီးယားအမ်ဳိးသားတဦးကို ေငြေၾကးခဝါခ်မႈ စြပ္စဲြခ်က္နဲ႔ အေမရိကန္ျပည္ေထာင္စုကို လႊဲေျပာင္းေပးခဲ့ၿပီး ၂ ရက္အၾကာမွာ မေလးရွားနဲ႔ သံတမန္ဆက္ဆံေရး ျဖတ္ေတာက္လိုက္ၿပီလို႔ ေျမာက္ကုိရီးယားဘက္က ၿပီးခဲ့တဲ့ ေသာၾကာေန႔က ျပင္းထန္စြာ တုန္႔ျပန္ခဲ့ပါတယ္။

ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအြန္းရဲ႕ ဖေအတူ အေမကဲြ အကိုေတာ္စပ္သူကုိ ၂၀၁၇ တုန္းက မေလးရွားေလဆိပ္မွာ လုပ္ႀကံသတ္ျဖတ္မႈ ေပၚေပါက္ခဲ့ၿပီးေနာက္ မေလးရွားႏိုင္ငံနဲ႔ ေျမာက္ကိုရီးယားတို႔ၾကားမွာ သံတမန္ဆက္ဆံေရး အေတာ္ကို ယုိယြင္းလာခဲ့တာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


[ Unicode ]

မလေးရှားက မြောက်ကိုရီးယားသံအဖွဲ့ သံရုံးပိတ်သိမ်း ဌာနေပြန်

မြောက်ကိုရီးယား ရာဇဝတ်တရားခံတဦးကို အမေရိကန်ပြည်ထောင်စုထံ လွှဲပြောင်းပေးခဲ့တဲ့ကိစ္စမှာ အချင်းများခဲ့ရာက မလေးရှားနဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေး ဖြတ်တောက်ဖို့အထိ ဖြစ်လာခဲ့ပြီးနောက် မလေးရှားနိုင်ငံဆိုင်ရာ မြောက်ကိုရီးယားသံရုံးကို ပိတ်သိမ်းပြီး သံအဖွဲ့ဟာ တနင်္ဂနွေနေ့က ကွာလာလမ်ပူကနေ ထွက်ခွါသွားကြပါတယ်။

ကွာလာလမ်ပူမြို့ ဆင်ခြေဖုံးမှာရှိတဲ့ မြောက်ကိုရီးယားသံရုံးက အလံနဲ့ သံရုံးဆိုင်းဘုတ်တွေကို ဖြုတ်သိမ်းပြီး သံတမန်ဝန်ထမ်းတွေနဲ့ သူတို့မိသားစုတွေကိုပါ တင်ဆောင်လာတဲ့ ဘတ်စ်ကား ၂ စီးဟာ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ကို ထွက်ခွါမယ့် လေယာဉ်နဲ့လိုက်ပါဖို့ လေဆိပ်မှာ စာရင်းသွင်းနေတာကို မြင်ခဲ့ရတာပါ။

မြောက်ကိုရီးယားအမျိုးသားတဦးကို ငွေကြေးခဝါချမှု စွပ်စွဲချက်နဲ့ အမေရိကန်ပြည်ထောင်စုကို လွှဲပြောင်းပေးခဲ့ပြီး ၂ ရက်အကြာမှာ မလေးရှားနဲ့ သံတမန်ဆက်ဆံရေး ဖြတ်တောက်လိုက်ပြီလို့ မြောက်ကိုရီးယားဘက်က ပြီးခဲ့တဲ့ သောကြာနေ့က ပြင်းထန်စွာ တုန့်ပြန်ခဲ့ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းရဲ့ ဖအေတူ အမေကွဲ အကိုတော်စပ်သူကို ၂၀၁၇ တုန်းက မလေးရှားလေဆိပ်မှာ လုပ်ကြံသတ်ဖြတ်မှု ပေါ်ပေါက်ခဲ့ပြီးနောက် မလေးရှားနိုင်ငံနဲ့ မြောက်ကိုရီးယားတို့ကြားမှာ သံတမန်ဆက်ဆံရေး အတော်ကို ယိုယွင်းလာခဲ့တာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG