သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရန္ကုန္မဂၤလာေစ်းအနီး သပိတ္ေပါင္းစံု လွ်ပ္တျပက္ဆႏၵျပ


ရန္ကုန္ၿမိဳ႔ မဂၤလာေစ်းအနီး စစ္အာဏာရွင္ဆန္႔က်င္ေရး ဆႏၵျပပြဲ ၊ ေမ ၂၄၊၂၀၂၁ (ဓါတ္ပုံ AP)

{{Zawgyi/Unicode}}
စစ္အာဏာသိမ္းမႈ ဆန္႔က်င္ ကန္႔ကြက္တဲ ဆႏၵျပပဲြေတြ ဒီေန႔မွာလည္း ဆက္႐ွိေနတာမွာ ရန္ကုန္ၿမိဳ႕မွာ ဆႏၵျပသူ ရာနဲ႔ခ်ီပါဝင္တဲ့ ဆႏၵျပ စစ္ေၾကာင္းေတြ လမ္းေပၚ ျပန္ထြက္လာၾကပါတယ္။ ဒီေန႔ ဆႏၵျပသူေတြက ႐ိုဟင္ဂ်ာေတြအေရးနဲ႔ ပါလက္စတိုင္း အေရးေတြ အတြက္ပါ ေႂကြးေၾကာ္ ဆႏၵျပခဲ့ၾကပါတယ္။ ရန္ကုန္ၿမိဳ႕အျပင္ တျခားနယ္ၿမိဳ႕ေတြက ဆႏၵျပပဲြေတြအေၾကာင္း ရန္ကုန္က လာတဲ့သတင္းကို မဆုမြန္က ေျပာျပပါမယ္။

ရန္ကုန္ၿမိဳ႕ မဂၤလာေတာင္ၫြန္႔ၿမိဳ႕နယ္မွာ ရန္ကုန္ ပင္မသပိတ္စစ္ေၾကာင္းနဲ႔ ၿမိဳ႕နယ္ေပါင္းစုံက သပိတ္စစ္ေၾကာင္းေတြ ပူးေပါင္းၿပီး အခ်ိန္တိုအတြင္း အလ်င္အျမန္ ခ်ီတက္ ဆႏၵျပခဲ့ၾကပါတယ္။

ဇြန္လ ၁ ရက္ျပန္ဖြင့္မယ့္ အေျခခံပညာေက်ာင္းေတြအတြက္ ဒီေန႔ ေက်ာင္း စအပ္ရတဲ့ေန႔မွာ လံုၿခံဳေရးေတြက ေက်ာင္းေတြဖက္ အာ႐ံုစိုက္ေနတာေၾကာင့္ သပိတ္စစ္ေၾကာင္းေတြ အမ်ားႀကီး ထြက္လာႏိုင္တာျဖစ္တယ္လို႔ သပိတ္စစ္ေၾကာင္းမွာ ပါဝင္သူတစ္ဦးက ေျပာပါတယ္။

“ဒီေန႔က ရန္ကုန္က ၿမိဳ႕နယ္ေပါင္းစုံ သပိတ္ေပါင္းစုံ စုေပါင္းသပိတ္ထြက္ပါတယ္ဗ်။ သပိတ္ပုံစံကေတာ့ ေပ်ာက္ၾကားသပိတ္ပါပဲ။ မဂၤလာေတာင္ၫြန္႔က မဂၤလာေစ်းအနီးေပါ့၊ အင္အားကေတာ့ ၂၀၀ ေလာက္ရွိတယ္။ သပိတ္ကေတာ့ ရန္ကုန္မွာရွိတဲ့ သပိတ္အင္အားစုေတြ ေတာ္ေတာ္မ်ားမ်ား လာေပါင္းၾကပါတယ္ဗ်။ လုံၿခဳံေရး အေျခအေနက ဒီေန႔ဆိုရင္ သူတို႔က ေက်ာင္းေတြမွာ ယူတာမ်ား တယ္ေပါ့ေႏွာ္။ ဒီေန႔ ေက်ာင္းေတြ စလက္ခံတဲ့ေန႔ဆိုေတာ့ ဒီတျခားဖက္ေတြမွာ သိပ္မေတြ႕ရဘူး။ ၿပီးေတာ့ ဒီေနရာကလည္း သူတို႔ သိပ္သတိမထားမိတဲ့ ေနရာကို ေ႐ြးရတာေပါ့။ ကြၽန္ေတာ္တို႔ သပိတ္တခု စုေပါင္းထြက္မယ္ဆိုရင္ ကြၽန္ေတာ္တို႔ အခ်ိန္ရတဲ့ ၅ မိနစ္မွာ ဘယ္လို လုံၿခဳံေအာင္ လုပ္ရမလဲ စဥ္းစားရတာကိုး။ စစ္တပ္ေကာင္စီက လွည့္မယ္ေနရာေတြကို အရင္စဥ္းစားၿပီးမွ ကြၽန္ေတာ္တို႔က ထြက္ရတဲ့အတြက္ သပိတ္ေတြက ေန႔တိုင္းမထြက္ႏိုင္တာေပါ့ေနာ္။

ဒီေန႔ ရန္ကုန္က ဆႏၵျပပြဲေတြမွာ ထူးျခားတာကေတာ့ ႐ိုဟင္ဂ်ာေတြအေရး၊ လက္႐ွိအေ႐ွ႕အလယ္ပိုင္းေဒသမွာ ျဖစ္ေနတဲ့ အစၥေရးနဲ႔ ပါလက္စတိုင္း ပဋိပကၡမွာ ပါလက္စတိုင္းေတြဖက္က စာနာေၾကာင္း ဆႏၵထုတ္ေဖာ္ျပသတာေတြကိုပါ ေတ႔ြရတာျဖစ္ပါတယ္။

"ပုံမွန္နဲ႔ မတူပဲနဲ႔ ကြၽန္ေတာ္တို႔ လူမ်ိဳးေရးဖိႏွိပ္ခံရတဲ့ အေရးေတြနဲ႔ ပတ္သက္လို႔ ျမန္မာျပည္က ရပ္တည္ေၾကာင္း အဲ့လို ဆႏၵျပ ဆိုင္းဘုတ္ကိုင္ၾကတာေတြ ေတြ႕ရပါတယ္။ အထူးသျဖင့္ အစၥေရး ပါလက္စတိုင္း ျဖစ္စဥ္မွာ ပါလက္စတိုင္းျပည္သူေတြဖက္ ရပ္တည္ေၾကာင္းေပါ့၊ ႐ိုဟင္ဂ်ာအေရးမွာလည္း ႐ိုဟင္ဂ်ာေတြရဲ႕ ဖိႏွိပ္ခံရမႈေတြကို ခံစားနားလည္ေၾကာင္းေပါ့၊ ဒါေတြပါ ေရးၿပီးကိုင္လာၾကတာေတြ႕ရတယ္ဗ်။”

၂၀၁၇ ခုႏွစ္က ရခိုင္ေျမာက္ပိုင္းမွာ စစ္တပ္ရဲ႕ နယ္ေျမ႐ွင္းလင္းမႈေတြအတြင္း ႐ိုဟင္ဂ်ာေတြအေပၚ ဆိုးဝါးတဲ့ လူ႔အခြင့္အေရးခ်ဳိးေဖာက္မႈေတြ ႐ွိခဲ့တယ္လို႔ ကုလသမဂၢက စံုစမ္းေတြ႔႐ွိထားသလို အေမရိကန္အပါအဝင္ ႏိုင္ငံတကာအသိုင္းအဝိုင္းကလည္း ေထာက္ျပထားၾကပါတယ္။

၂၀၁၇ ၾသဂုတ္လေနာက္ပိုင္း ရခိုင္ေျမာက္ပိုင္းကေန ဘဂၤလားေဒ႐ွ္႕ႏုိင္ငံဖက္ ထြက္ေျပးသြားသူ သိန္းနဲ႔ခ်ီ ႐ွိပါတယ္။ ႐ိုဟင္ဂ်ာဆိုတဲ့ အသံုးအႏႈန္းကို အရင္ကေတာ့ ျမန္မာႏိုင္ငံမွာ သံုးႏႈန္းေျပာဆိုတာကိုေတာင္ လက္မခံခဲ့ၾကပါဘူး။ ဒီေန႔မွာေတာ့ ႐ိုဟင္ဂ်ာေတြဘက္ကပါ ရပ္တည္ဆႏၵျပမႈေတြ လုပ္လာၾကတာျဖစ္ပါတယ္။
စစ္အုပ္ခ်ဳပ္ေရးေၾကညာထားတဲ့ လႈိင္သာယာမွာလည္း လူငယ္တစ္ခ်ိဳ႕ ေပ်ာက္ၾကားသပိတ္ဆင္ႏႊဲခဲ့ၾကပါတယ္။ ေန႔စဥ္မျပတ္ လွ်ပ္တျပက္ ေပ်ာက္ၾကားသပိတ္ေတြ ရွိေနတဲ့ ရန္ကုန္ၿမိဳ႕မွာ ေပါက္ကြဲမႈတစ္ခ်ိဳ႕ ေန႔စဥ္လိုလိုရွိေနၿပီး စစ္ေကာင္စီတပ္ေတြရဲ႕ ဖမ္းဆီးမႈေတြလည္းဆက္ရွိေနပါတယ္။

မေကြးတိုင္း ဂန္႔ေဂါၿမိဳ႕နယ္ ႏွမ္းခါးေက်း႐ြာမွာလည္း စစ္အာဏာရွင္ ဆန္႔က်င္ေရး ခ်ီတက္ ဆႏၵျပမႈေတြ ရွိပါတယ္။ ဒီကေန႔ စစ္ေကာင္စီက ေက်ာင္းေတြ ျပန္ဖြင့္ဖို႔ ပထမဆုံး ေက်ာင္းအပ္ႏွံေရးေန႔ျဖစ္တာေၾကာင့္ အာဏာရွင္ မႀကိဳက္ ႏွမ္းခါးသပိတ္ဆိုတဲ့ ေႂကြးေၾကာ္သံေတြနဲ႔ ေက်ာင္းသားေတြ ဆရာဆရာမေတြပါ ပါဝင္ခ်ီတက္ ဆႏၵျပခဲ့ၾကတယ္လို႔ ဆႏၵျပပြဲမွာ ပါဝင္သူတစ္ဦးက ေျပာပါတယ္။

“မနက္ ၇ နာရီေလာက္ေပါ့။ အင္အားကေတာ့ ၂၀၀ ဝန္းက်င္ေလာက္ ျဖစ္မယ္ရွင့္။ အာဏာရွင္ မႀကိဳက္ ႏွမ္းခါးသပိတ္ဆိုတဲ့ စာနဲ႔ေပါ့။ ေက်ာင္းသားေလးေတြလည္းပါတယ္။ စစ္အာဏာရွင္စနစ္မွာ ပညာမသင္ဖို႔ေပါ့ေႏွာ္။ ေက်ာင္းသားေတြကေတာ့ ၅၀ ဝန္းက်င္ေလာက္ေတာ့ ပါမယ္ရွင့္။”

ကေလးၿမိဳ႕ ေအာင္ေဇယ် ရပ္ကြက္ အထက ၆ မွာ ဒီမနက္ အေစာပိုင္းက ေပါက္ကြဲမႈ တစ္ခုျဖစ္ခဲ့တာေၾကာင့္ ကေလးၿမိဳ႕မွာ လုံၿခဳံေရး တင္ၾကပ္မႈေတြ ရွိေနတဲ့ အတြက္ ပုံမွန္ထြက္ေနၾက သပိတ္စစ္ေၾကာင္း ၄ ခုမွာ ၃ ခုသာ ထြက္ႏိုင္ခဲ့ပါတယ္။ ကေလးၿမိဳ႕ ပင္မသပိတ္ေၾကာင္းက လုံၿခဳံေရး တင္းၾကပ္မႈၾကားက ဒီကေန႔ ညေနပိုင္းမွာ အင္အား ၂၀၀ ဝန္းက်င္ေလာက္နဲ႔ ခ်ီတက္ ဆႏၵျပခဲ့ၾကပါတယ္။

“မနက္ပိုင္းက စစ္ေၾကာင္းတစ္ေၾကာင္းထြက္တယ္။ ခုညေနပိုင္းက ၂ ေၾကာင္းထြက္မယ္ေပ့ါ။ ခါတိုင္းဆို တစ္ၿမိဳ႕လုံးမွာ စစ္ေၾကာင္း ၄ ေၾကာင္းရွိတယ္ေပ့ါ၊ ၿမိဳ႕ေပၚေလ ႐ြာေတြေတာ့ မပါေသးဘူး ေပါ့။ ဒီေန႔ စစ္ေၾကာင္းတစ္ေၾကာင္းကေတာ့ မထြက္ႏိုင္ဘူး တအားလုံၿခဳံေရး တင္းၾကပ္ေတာ့ေလ"

တျခားနယ္ၿမိဳ႕ေတြမွာလည္း စစ္အာဏာရွင္ဆန္႔က်င္ေရးလႈပ္ရွားမႈေတြဆက္ရွိေနသလို တခ်ိဳ႕ၿမိဳ႕ေတြမွာဆို အရင္ေန႔ေတြကထက္ ဆႏၵျပသူအင္အား ပိုမ်ားလာတာေတြ႔ရပါတယ္။

ဖားကန္႔၊ ေလာင္းလုံ၊ ထားဝယ္ နဲ႔ မႏၲေလးၿမိဳ႕ေတြမွာ သပိတ္စစ္ေၾကာင္းေတြ လမ္းေလွ်ာက္ခ်ီတက္ၾကသလို ယင္းမာပင္၊ တန္႔ဆည္နဲ႔ မုံ႐ြာၿမိဳ႕ေတြမွာလည္း ဆႏၵျပပြဲေတြလုပ္ၾကပါတယ္။

စစ္ကိုင္းတိုင္း၊ ဆားလင္းႀကီးၿမိဳ႕နယ္၊ လက္ပံေတာင္းေဒသေက်း႐ြာေတြမွာေတာ့ ႐ြာေပါင္းစုသပိတ္ေတြကို လူအင္အားေထာင္နဲ႔ခ်ီ လမ္းေလွ်ာက္ဆႏၵျပၾကၿပီး စစ္အာဏာရွင္ဆန္႔က်င္ေရး ေဟာေျပာပြဲေတြလည္း လုပ္ၾကခဲ့ပါတယ္။

......................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

ရန်ကုန်မင်္ဂလာဈေးအနီး သပိတ်ပေါင်းစုံ လျှပ်တပြက်ဆန္ဒပြ


စစ်အာဏာသိမ်းမှု ဆန့်ကျင် ကန့်ကွက်တဲ ဆန္ဒပြပွဲတွေ ဒီနေ့မှာလည်း ဆက်ရှိနေတာမှာ ရန်ကုန်မြို့မှာ ဆန္ဒပြသူ ရာနဲ့ချီပါဝင်တဲ့ ဆန္ဒပြ စစ်ကြောင်းတွေ လမ်းပေါ် ပြန်ထွက်လာကြပါတယ်။ ရန်ကုန်မြို့အပြင် တခြားနယ်မြို့တွေက ဆန္ဒပြပွဲတွေအကြောင်း ရန်ကုန်က လာတဲ့သတင်းကို မဆုမွန်က ပြောပြပါမယ်။

ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်မှာ ရန်ကုန် ပင်မသပိတ်စစ်ကြောင်းနဲ့ မြို့နယ်ပေါင်းစုံက သပိတ်စစ်ကြောင်းတွေ ပူးပေါင်းပြီး အချိန်တိုအတွင်း အလျင်အမြန် ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

ဇွန်လ ၁ ရက်ပြန်ဖွင့်မယ့် အခြေခံပညာကျောင်းတွေအတွက် ဒီနေ့ ကျောင်း စအပ်ရတဲ့နေ့မှာ လုံခြုံရေးတွေက ကျောင်းတွေဖက် အာရုံစိုက်နေတာကြောင့် သပိတ်စစ်ကြောင်းတွေ အများကြီး ထွက်လာနိုင်တာဖြစ်တယ်လို့ သပိတ်စစ်ကြောင်းမှာ ပါဝင်သူတစ်ဦးက ပြောပါတယ်။

“ဒီနေ့က ရန်ကုန်က မြို့နယ်ပေါင်းစုံ သပိတ်ပေါင်းစုံ စုပေါင်းသပိတ်ထွက်ပါတယ်ဗျ။ သပိတ်ပုံစံကတော့ ပျောက်ကြားသပိတ်ပါပဲ။ မင်္ဂလာတောင်ညွန့်က မင်္ဂလာဈေးအနီးပေါ့၊ အင်အားကတော့ ၂၀၀ လောက်ရှိတယ်။ သပိတ်ကတော့ ရန်ကုန်မှာရှိတဲ့ သပိတ်အင်အားစုတွေ တော်တော်များများ လာပေါင်းကြပါတယ်ဗျ။ လုံခြုံရေး အခြေအနေက ဒီနေ့ဆိုရင် သူတို့က ကျောင်းတွေမှာ ယူတာများ တယ်ပေါ့နှော်။ ဒီနေ့ ကျောင်းတွေ စလက်ခံတဲ့နေ့ဆိုတော့ ဒီတခြားဖက်တွေမှာ သိပ်မတွေ့ရဘူး။ ပြီးတော့ ဒီနေရာကလည်း သူတို့ သိပ်သတိမထားမိတဲ့ နေရာကို ရွေးရတာပေါ့။ ကျွန်တော်တို့ သပိတ်တခု စုပေါင်းထွက်မယ်ဆိုရင် ကျွန်တော်တို့ အချိန်ရတဲ့ ၅ မိနစ်မှာ ဘယ်လို လုံခြုံအောင် လုပ်ရမလဲ စဉ်းစားရတာကိုး။ စစ်တပ်ကောင်စီက လှည့်မယ်နေရာတွေကို အရင်စဉ်းစားပြီးမှ ကျွန်တော်တို့က ထွက်ရတဲ့အတွက် သပိတ်တွေက နေ့တိုင်းမထွက်နိုင်တာပေါ့နော်။

ဒီနေ့ ရန်ကုန်က ဆန္ဒပြပွဲတွေမှာ ထူးခြားတာကတော့ ရိုဟင်ဂျာတွေအရေး၊ လက်ရှိအရှေ့အလယ်ပိုင်းဒေသမှာ ဖြစ်နေတဲ့ အစ္စရေးနဲ့ ပါလက်စတိုင်း ပဋိပက္ခမှာ ပါလက်စတိုင်းတွေဖက်က စာနာကြောင်း ဆန္ဒထုတ်ဖော်ပြသတာတွေကိုပါ တေ့ွရတာဖြစ်ပါတယ်။

"ပုံမှန်နဲ့ မတူပဲနဲ့ ကျွန်တော်တို့ လူမျိုးရေးဖိနှိပ်ခံရတဲ့ အရေးတွေနဲ့ ပတ်သက်လို့ မြန်မာပြည်က ရပ်တည်ကြောင်း အဲ့လို ဆန္ဒပြ ဆိုင်းဘုတ်ကိုင်ကြတာတွေ တွေ့ရပါတယ်။ အထူးသဖြင့် အစ္စရေး ပါလက်စတိုင်း ဖြစ်စဉ်မှာ ပါလက်စတိုင်းပြည်သူတွေဖက် ရပ်တည်ကြောင်းပေါ့၊ ရိုဟင်ဂျာအရေးမှာလည်း ရိုဟင်ဂျာတွေရဲ့ ဖိနှိပ်ခံရမှုတွေကို ခံစားနားလည်ကြောင်းပေါ့၊ ဒါတွေပါ ရေးပြီးကိုင်လာကြတာတွေ့ရတယ်ဗျ။”

၂၀၁၇ ခုနှစ်က ရခိုင်မြောက်ပိုင်းမှာ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုတွေအတွင်း ရိုဟင်ဂျာတွေအပေါ် ဆိုးဝါးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိခဲ့တယ်လို့ ကုလသမဂ္ဂက စုံစမ်းတွေ့ရှိထားသလို အမေရိကန်အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ထောက်ပြထားကြပါတယ်။

၂၀၁၇ သြဂုတ်လနောက်ပိုင်း ရခိုင်မြောက်ပိုင်းကနေ ဘင်္ဂလားဒေရှ့်နိုင်ငံဖက် ထွက်ပြေးသွားသူ သိန်းနဲ့ချီ ရှိပါတယ်။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို အရင်ကတော့ မြန်မာနိုင်ငံမှာ သုံးနှုန်းပြောဆိုတာကိုတောင် လက်မခံခဲ့ကြပါဘူး။ ဒီနေ့မှာတော့ ရိုဟင်ဂျာတွေဘက်ကပါ ရပ်တည်ဆန္ဒပြမှုတွေ လုပ်လာကြတာဖြစ်ပါတယ်။
စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ လှိုင်သာယာမှာလည်း လူငယ်တစ်ချို့ ပျောက်ကြားသပိတ်ဆင်နွှဲခဲ့ကြပါတယ်။ နေ့စဉ်မပြတ် လျှပ်တပြက် ပျောက်ကြားသပိတ်တွေ ရှိနေတဲ့ ရန်ကုန်မြို့မှာ ပေါက်ကွဲမှုတစ်ချို့ နေ့စဉ်လိုလိုရှိနေပြီး စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးမှုတွေလည်းဆက်ရှိနေပါတယ်။

မကွေးတိုင်း ဂန့်ဂေါမြို့နယ် နှမ်းခါးကျေးရွာမှာလည်း စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြမှုတွေ ရှိပါတယ်။ ဒီကနေ့ စစ်ကောင်စီက ကျောင်းတွေ ပြန်ဖွင့်ဖို့ ပထမဆုံး ကျောင်းအပ်နှံရေးနေ့ဖြစ်တာကြောင့် အာဏာရှင် မကြိုက် နှမ်းခါးသပိတ်ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ ကျောင်းသားတွေ ဆရာဆရာမတွေပါ ပါဝင်ချီတက် ဆန္ဒပြခဲ့ကြတယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်သူတစ်ဦးက ပြောပါတယ်။

“မနက် ၇ နာရီလောက်ပေါ့။ အင်အားကတော့ ၂၀၀ ဝန်းကျင်လောက် ဖြစ်မယ်ရှင့်။ အာဏာရှင် မကြိုက် နှမ်းခါးသပိတ်ဆိုတဲ့ စာနဲ့ပေါ့။ ကျောင်းသားလေးတွေလည်းပါတယ်။ စစ်အာဏာရှင်စနစ်မှာ ပညာမသင်ဖို့ပေါ့နှော်။ ကျောင်းသားတွေကတော့ ၅၀ ဝန်းကျင်လောက်တော့ ပါမယ်ရှင့်။”

ကလေးမြို့ အောင်ဇေယျ ရပ်ကွက် အထက ၆ မှာ ဒီမနက် အစောပိုင်းက ပေါက်ကွဲမှု တစ်ခုဖြစ်ခဲ့တာကြောင့် ကလေးမြို့မှာ လုံခြုံရေး တင်ကြပ်မှုတွေ ရှိနေတဲ့ အတွက် ပုံမှန်ထွက်နေကြ သပိတ်စစ်ကြောင်း ၄ ခုမှာ ၃ ခုသာ ထွက်နိုင်ခဲ့ပါတယ်။ ကလေးမြို့ ပင်မသပိတ်ကြောင်းက လုံခြုံရေး တင်းကြပ်မှုကြားက ဒီကနေ့ ညနေပိုင်းမှာ အင်အား ၂၀၀ ဝန်းကျင်လောက်နဲ့ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

“မနက်ပိုင်းက စစ်ကြောင်းတစ်ကြောင်းထွက်တယ်။ ခုညနေပိုင်းက ၂ ကြောင်းထွက်မယ်ပေ့ါ။ ခါတိုင်းဆို တစ်မြို့လုံးမှာ စစ်ကြောင်း ၄ ကြောင်းရှိတယ်ပေ့ါ၊ မြို့ပေါ်လေ ရွာတွေတော့ မပါသေးဘူး ပေါ့။ ဒီနေ့ စစ်ကြောင်းတစ်ကြောင်းကတော့ မထွက်နိုင်ဘူး တအားလုံခြုံရေး တင်းကြပ်တော့လေ"

တခြားနယ်မြို့တွေမှာလည်း စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေဆက်ရှိနေသလို တချို့မြို့တွေမှာဆို အရင်နေ့တွေကထက် ဆန္ဒပြသူအင်အား ပိုများလာတာတွေ့ရပါတယ်။

ဖားကန့်၊ လောင်းလုံ၊ ထားဝယ် နဲ့ မန္တလေးမြို့တွေမှာ သပိတ်စစ်ကြောင်းတွေ လမ်းလျှောက်ချီတက်ကြသလို ယင်းမာပင်၊ တန့်ဆည်နဲ့ မုံရွာမြို့တွေမှာလည်း ဆန္ဒပြပွဲတွေလုပ်ကြပါတယ်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းဒေသကျေးရွာတွေမှာတော့ ရွာပေါင်းစုသပိတ်တွေကို လူအင်အားထောင်နဲ့ချီ လမ်းလျှောက်ဆန္ဒပြကြပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဟောပြောပွဲတွေလည်း လုပ်ကြခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG