သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကင္းပုန္းခ်ေစာင့္ၾကည့္မႈမ်ားေၾကာင့္ ဆႏၵျပရန္ ခက္ခဲလာ


ေမလ ၁၉ ရက္ေန႔ ကေလးၿမိဳ႕ရပ္ကြက္အားလုံး စုေပါင္းသပိတ္စစ္ေၾကာင္းျမင္ကြင္း။ (ဓာတ္ပံု - CJ - ေမ ၁၉၊ ၂၀၂၁)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ ရက္ေပါင္း ၁၀၀ ေက်ာ္ စစ္အာဏာရွင္ကို ဆန္႔က်င္ကန္႔ကြက္ေနၾကၿပီး ဒီကေန႔မွာလည္း သပိတ္ပံုစံအမ်ဳိးမ်ဳိး ဆက္ရွိေနသလို ဆႏၵျပဖို႔ လူစုေနခ်ိန္မွာ စစ္ေကာင္စီတပ္က လာေရာက္ၿဖိဳခြဲၿပီး အဖမ္းခံရသူေတြလည္း ရွိေနပါတယ္။ တခ်ိန္တည္းမွာပဲ အမည္မသိ ေသနတ္သမားေတြရဲ႕ ပစ္ခတ္မႈေတြေၾကာင့္ စစ္ေကာင္စီရဲ႕ ရပ္ကြက္အုပ္ခ်ဳပ္ေရးအဖြဲ႔၀င္ေတြ ေသဆုံးမႈေတြလည္း ရွိေနပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကုိေတာ့ မဆုမြန္က တင္ျပေပးပါမယ္။

ကရင္ျပည္နယ္ ဘုရားသံုးဆူၿမိဳ႕ က စစ္ေကာင္စီခန္႔အပ္ထားတဲ့ အမွတ္ ၄ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ဦးေက်ာ္ဇင္မင္း ဒီေန႔ မနက္ ၉ နာရီေက်ာ္ေလာက္မွာ အမည္မသိလက္နက္ကုိင္အဖြဲ႕ေတြက ဆိုင္ကယ္ႏွစ္စီးနဲ႔ လာေရာက္ၿပီး ေသဆံုးသူ ဦးေက်ာ္ဇင္မင္း ေနထိုင္ရာ ေဒါနလမ္းသြယ္ (၁)က ဆိုင္ကယ္၊ ကားေရးေဆးဆိုင္မွာ လာေရာက္ ပစ္သတ္သြားတယ္လို႔ ဘုရားသံုးဆူ ေဒသခံတစ္ဦးက ေျပာပါတယ္။

“ပစ္ခတ္တဲ့ အခါက်ေတာ့ ေသနတ္အတိုနဲ႔ပဲ က်ေနာ္တို႔ ပစၥတိုေသနတ္နဲ႔ေပါ့ေနာ္။ ပစ္ခတ္သြားၿပီးေတာ့ ဆိုင္ကယ္နဲ႔ပဲ ျပန္ၿပီးေတာ့ ထြက္ေျပးသြားၾကတယ္။ အဲ့ဒီမွာ ဦးေက်ာ္ဇင္မင္းဆိုတာက စစ္ေကာင္စီက ခန္႔ထားတဲ့ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး။ အမွတ္ ၄ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴး၊ က်ည္ေပါ့... က်ည္ ၉ ေတာင့္ မွန္တယ္လို႔ေတာ့ က်ေနာ္တို႔ၾကားတယ္။ဒဏ္ရာကေတာ့ ေတာ္ေတာ္မ်ားတယ္။ ၉ ခ်က္ေလာက္မွန္တယ္လို႔ေတာ့ ေျပာတယ္။ ေလာေလာဆယ္ ဒီအဲ့ဒီေနရာေတြကို အခုပစ္ခတ္သြားတဲ့ေနရာကို ယာယီ အသြားလာကန္႔သတ္လိုက္တယ္။”

စစ္ေကာင္စီက ခန္႔အပ္ထားတဲ့ ေသဆံုးသူ ဦးေက်ာ္ဇင္မင္းဟာ ဒုတိယတပ္ရင္းမွဴးအဆင့္နဲ႔ စစ္တပ္ကေန အၿငိမ္းစားယူထားသူလည္း ျဖစ္တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

ၿပီးခဲ့တဲ့ ဧၿပီ ၂၈ ရက္တုန္းက ထိုင္း-ျမန္မာနယ္စပ္ ဘုရားသံုးဆူၿမိဳ႕မွာရွိတဲ့ ထိုင္းနယ္စပ္ စစ္ေဆးေရးဂိတ္၊ ႀကံ႕ခိုင္ေရးပါတီ႐ုံးနဲ႔ ရပ္ကြက္ ၃ က ႀကံ႕ခိုင္ေရးပါတီဝင္ ေနအိမ္မွာ အမည္မသိလက္နက္ကိုင္ အဖြဲ႔တစ္ဖြဲ႔က ဆိုင္ကယ္နဲ႔ လာေရာက္ၿပီး လက္လုပ္ဗံုး ပစ္ခြဲမႈျဖစ္ပြားခဲ့ပါေသးတယ္။

ျပည္ၿမိဳ႕က ျပည္ခိုင္ၿဖိဳး႐ုံး၊ စည္ပင္႐ုံးနဲ႔ တရား႐ုံးတို႔ အနီးမွာ မနက္ပိုင္းက ဗုံးေပါက္ကြဲမႈေတြ ျဖစ္ခဲ့ပါတယ္။ စစ္ကိုင္းတိုင္း၊ ေျမာင္ၿမိဳ႕နယ္၊ ေ႐ႊေပါက္ပင္ေက်း႐ြာက အုပ္ခ်ဳပ္ေရးမွဴးႏွင့္ သူ႔ရဲ႕ သမီးနဲ႔ ေျမးတို႔ ေမ ၁၈ ရက္ မေန႔ညက အသတ္ခံရပါတယ္။ ဒီကေန႔ ေန႔လယ္ပိုင္းမွာ ပုသိမ္ၿမိဳ႕က ကိုဗစ္လူနာေတြကို ကူညီေစာင့္ေရွာက္ေပးေနတဲ့ ကိုသူေနေအာင္ အပါအဝင္ ၃ ဦးကို စစ္ေကာင္စီတပ္ေတြက အရပ္ဝတ္ေတြနဲ႔ လာေရာက္ဖမ္းဆီးသြားပါတယ္။

ရန္ကုန္မွာ ရပ္ကြက္အလိုက္ လုပ္ၾကတဲ့ သပိတ္စစ္ေၾကာင္း အေသးေလးေတြကေတာ့ ရပ္ကြက္တခ်ိဳ႕မွာ ရွိၾကေပမဲ့ အဖမ္းအဆီးမ်ားတာအျပင္ ကင္းပုန္းေတြ ခ်ၿပီး ေစာင့္ၾကည့္မႈေတြ ရွိေနတဲ့အတြက္ ပင္မသပိတ္စစ္ေၾကာင္းႀကီးေတြ ဒီေန႔လည္း မထြက္ႏိုင္ေသးဘူးလို႔ သပိတ္စစ္ေၾကာင္းကို ဦးေဆာင္ေနသူ တစ္ဦးက ေျပာပါတယ္။

“ဒီေန႔ေတာ့ က်ေနာ္တို႔ ဘာမွ မလုပ္ျဖစ္ေသးဘူးခင္ဗ်။ ဘာလို႔လည္းဆိုေတာ့ က်ေနာ္တို႔ အေျခအေနက အရမ္းၾကပ္ေနတာလည္း ပါတယ္ဗ်။ အဲ့ဒီလိုမ်ိဳး ကိစၥေလးေတြေၾကာင့္ ပင္မသပိတ္စစ္ေၾကာင္းေတြကေတာ့ မထြက္ျဖစ္ဘူးဗ်။ က်ေနာ္တို႔ကို ၾကည့္ဖို႔ သူတို႔ အရပ္ဝတ္ေတြနဲ႔ခ်ထားတာမ်ိဳးေတြ ရွိတယ္ဗ်ာ။ ၿပီးေတာ့ လမ္းဆုံမွာရွိတဲ့ လက္ဖက္ရည္ဆိုင္ေတြလို ေနရာမ်ိဳးေတြမွာ အရပ္ဝတ္ေတြနဲ႔ ကင္းခ်ထားေတာ့ ေတာ္႐ုံတန္႐ုံ က်ေနာ္တို႔ ေျပာက္က်ားေတာင္ သြားဖို႔ အဆင္မေျပတာမ်ိဳးျဖစ္ေနတာေပါ့ဗ်။”

သာေကတၿမိဳ႕နယ္ထဲက ဆႏၵျပသပိတ္ကိုေတာ့ လူစုေနတုန္းမွာ စစ္ေကာင္စီတပ္ေတြက ဝင္ေရာက္ဖမ္းဆီးခဲ့လို႔ အမ်ိဳးသမီးတစ္ဦး အပါအဝင္ ၃ ဦးဖမ္းဆီးခံပါတယ္လို႔ ေဒသတြင္း သတင္းေတြမွာ ေဖာ္ျပထားပါတယ္။

ဒီေန႔မနက္ပိုင္းမွာ လႈိင္ၿမိဳ႕နယ္မွာ ၾကက္ေျခနီ လူနာတင္ကားတစီးလည္း ရပ္ထားစဥ္မွာ မီးရႈိ႕ဖ်က္ဆီးခံလိုက္ရပါတယ္။

မႏၲေလးမွာေတာ့ ဒီကေန႔ တကၠသိုလ္ေက်ာင္းသား သမဂၢ(တကသ) နဲ႔ ၿမိဳ႕လူထု ပူးေပါင္းၿပီး ‘လမ္းေဘးလက္ဖက္ရည္ဆိုင္မွသည္ ဖက္ဒရယ္ ဒီမိုကေရစီ ျပည္ေထာင္စုပန္းတိုင္သို႔ ေတာ္လွန္ခ်ီတက္ၾကပါစို႔’ ဆိုတဲ့ ေႂကြးေၾကာ္သံေတြနဲ႔ လက္ဖက္ရည္ဆိုင္သပိတ္ကို လုပ္ခဲ့ၾကပါတယ္။ ဒီကေန႔ မနက္အေစာပိုင္းကလည္း ခ်မ္းျမသာစည္ၿမိဳ႕နယ္မွာ တပ္ေပါင္းစုသပိတ္ ခ်ီတက္ ဆႏၵျပခဲ့ၾကတယ္လို႔ ဆႏၵျပပြဲမွာ ပါဝင္သူတစ္ဦးက ေျပာပါတယ္။

“မနက္ပိုင္းကေတာ့ က်ေနာ္တို႔ ခ်မ္းျမသာစည္ၿမိဳ႕နယ္မွာ တပ္ေပါင္းစုသပိတ္ဗ်။ ခ်မ္းျမသာစည္ၿမိဳ႕နယ္ ၄၆ လမ္းေပါ့ေနာ္။ မနက္ အရုဏ္ဦးသပိတ္ေပါ့၊ တပ္ေပါင္းစု၊ ခ်မ္းျမသာစည္ တကသပါမယ္၊ ေနာက္ၿပီးေတာ့ ပညာေရးပါမယ္။ တမၸဝတၱီစစ္ေၾကာင္း၊ စိန္ပန္းစစ္ေၾကာင္း၊ ဘုရားႀကီးစစ္ေၾကာင္း အဲ့ဒီလိုေပါ့... မႏၲေလးၿမိဳ႕က ေပါင္းလို႔ရတဲ့ စစ္ေၾကာင္းေတြ ေပါင္းၿပီးလုပ္တဲ့ တပ္ေပါင္းစု သပိတ္ေပါ့။”

အင္အား ၂၀၀ ေလာက္ပါတဲ့ မႏၲေလးတပ္ေပါင္းစု သပိတ္စစ္ေၾကာင္းက ဒီကေန႔မွာ စစ္ေကာင္စီ လက္နက္ကိုင္တပ္ဖြဲ႕ေတြနဲ႔ ထိပ္တိုက္ေတြ႕တာမရွိဘဲ ေအာင္ေအာင္ျမင္ျမင္ လူစုခြဲႏိုင္ခဲ့ၾကပါတယ္။

ဆႏၵျပမႈေတြကို စစ္ေကာင္စီတပ္က အၾကမ္းဖက္ပစ္ခတ္ၿဖိဳခြဲေနတဲ့ၾကားကပဲ လွ်ပ္တျပက္ ဆႏၵျပမႈေတြ ဆက္ရွိေနပါတယ္။ မူဆယ္က လူငယ္ေတြ ဦးေဆာင္တဲ့ စစ္အာဏာရွင္ဆန္႔က်င္လႈပ္ရွားမႈ သပိတ္ေတြကို စစ္ေကာင္စီတပ္နဲ႔ ထိပ္တိုက္မေတြ႔ေအာင္ လႈပ္ရွားေနတယ္လို႔ Generation Z လူငယ္တစ္ဦးက ေျပာပါတယ္။

“က်ေနာ္တို႔ ေန႔တိုင္း သပိတ္စစ္ေၾကာင္းက ထြက္တယ္ခင္ဗ်။ ေျပာမယ္ဆိုရင္ က်ေနာ္တို႔ အခ်က္အျခာက်တဲ့ လမ္းမႀကီးဘက္ကိုေတာ့ က်ေနာ္တို႔ မထြက္ေတာ့ဘူးခင္ဗ်၊ ဘာလို႔လဲဆိုေတာ့ သူတို႔နဲ႔ ထိပ္တိုက္ေတြ႔မွာေၾကာက္လို႔ေလ။ က်ေနာ္တို႔ အဲ့ဒီလိုမ်ဳိးေပါ့ေနာ္ ရပ္ကြက္ေတြထဲကိုေပါ့။ အဲ့လိုမ်ဳိးေရွာင္လို႔ တိမ္းလို႔ေကာင္းမယ့္ေနရာမ်ဳိးကိုပဲ... က်ေနာ္တို႔က ေနရာယူလိုက္တယ္ခင္ဗ်။ အဲ့ဒီလိုမ်ဳိးပဲ... က်ေနာ္တို႔ သပိတ္စစ္ေၾကာင္းကို စီစဥ္လုိက္တယ္ခင္ဗ်။ သူတို႔လည္း ပံုမွန္ရွိတယ္ခင္ဗ်။ သူတို႔လည္း ပံုမွန္ကင္းလွည့္ေနတာ ဘာညာရွိတယ္ခင္ဗ်။ အခုေဆး႐ုံတို႔ ၿပီးရင္ က်ေနာ္တို႔ နည္းနည္းအခ်က္အခ်ာက်တဲ့ လမ္းေပၚေတြပိုင္းမွာ သူတို႔စစ္တယ္ခင္ဗ်။ ဖုန္းေတြ စစ္တယ္ အဲဒီလိုမ်ဳိးေတြေလ...။ ဆိုင္ကယ္ေတြဘာေတြ စစ္တယ္ခင္ဗ်။”

ျမန္မာႏိုင္ငံအတြင္း တခ်ဳိ႕ေနရာေတြမွာ လူအင္အားအမ်ားအျပားနဲ႔ လမ္းေပၚထြက္ ဆႏၵျပပြဲေတြ နည္းသြားေပမဲ့ ေပ်ာက္ၾကားသပိတ္၊ လူမဲ့သပိတ္၊ ေက်ာင္းမတက္ေရး လႈပ္ရွားမႈနဲ႔ သပိတ္မ်ိဳးစုံကို ပုံစံမ်ိဳးစုံနဲ႔ဆင္ႏႊဲေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကင်းပုန်းချစောင့်ကြည့်မှုများကြောင့် ဆန္ဒပြရန် ခက်ခဲလာ

မြန်မာနိုင်ငံမှာ ရက်ပေါင်း ၁၀၀ ကျော် စစ်အာဏာရှင်ကို ဆန့်ကျင်ကန့်ကွက်နေကြပြီး ဒီကနေ့မှာလည်း သပိတ်ပုံစံအမျိုးမျိုး ဆက်ရှိနေသလို ဆန္ဒပြဖို့ လူစုနေချိန်မှာ စစ်ကောင်စီတပ်က လာရောက်ဖြိုခွဲပြီး အဖမ်းခံရသူတွေလည်း ရှိနေပါတယ်။ တချိန်တည်းမှာပဲ အမည်မသိ သေနတ်သမားတွေရဲ့ ပစ်ခတ်မှုတွေကြောင့် စစ်ကောင်စီရဲ့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ သေဆုံးမှုတွေလည်း ရှိနေပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကိုတော့ မဆုမွန်က တင်ပြပေးပါမယ်။

ကရင်ပြည်နယ် ဘုရားသုံးဆူမြို့ က စစ်ကောင်စီခန့်အပ်ထားတဲ့ အမှတ် ၄ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်မင်း ဒီနေ့ မနက် ၉ နာရီကျော်လောက်မှာ အမည်မသိလက်နက်ကိုင်အဖွဲ့တွေက ဆိုင်ကယ်နှစ်စီးနဲ့ လာရောက်ပြီး သေဆုံးသူ ဦးကျော်ဇင်မင်း နေထိုင်ရာ ဒေါနလမ်းသွယ် (၁)က ဆိုင်ကယ်၊ ကားရေးဆေးဆိုင်မှာ လာရောက် ပစ်သတ်သွားတယ်လို့ ဘုရားသုံးဆူ ဒေသခံတစ်ဦးက ပြောပါတယ်။

“ပစ်ခတ်တဲ့ အခါကျတော့ သေနတ်အတိုနဲ့ပဲ ကျနော်တို့ ပစ္စတိုသေနတ်နဲ့ပေါ့နော်။ ပစ်ခတ်သွားပြီးတော့ ဆိုင်ကယ်နဲ့ပဲ ပြန်ပြီးတော့ ထွက်ပြေးသွားကြတယ်။ အဲ့ဒီမှာ ဦးကျော်ဇင်မင်းဆိုတာက စစ်ကောင်စီက ခန့်ထားတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး။ အမှတ် ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ ကျည်ပေါ့... ကျည် ၉ တောင့် မှန်တယ်လို့တော့ ကျနော်တို့ကြားတယ်။ဒဏ်ရာကတော့ တော်တော်များတယ်။ ၉ ချက်လောက်မှန်တယ်လို့တော့ ပြောတယ်။ လောလောဆယ် ဒီအဲ့ဒီနေရာတွေကို အခုပစ်ခတ်သွားတဲ့နေရာကို ယာယီ အသွားလာကန့်သတ်လိုက်တယ်။”

စစ်ကောင်စီက ခန့်အပ်ထားတဲ့ သေဆုံးသူ ဦးကျော်ဇင်မင်းဟာ ဒုတိယတပ်ရင်းမှူးအဆင့်နဲ့ စစ်တပ်ကနေ အငြိမ်းစားယူထားသူလည်း ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၈ ရက်တုန်းက ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့မှာရှိတဲ့ ထိုင်းနယ်စပ် စစ်ဆေးရေးဂိတ်၊ ကြံ့ခိုင်ရေးပါတီရုံးနဲ့ ရပ်ကွက် ၃ က ကြံ့ခိုင်ရေးပါတီဝင် နေအိမ်မှာ အမည်မသိလက်နက်ကိုင် အဖွဲ့တစ်ဖွဲ့က ဆိုင်ကယ်နဲ့ လာရောက်ပြီး လက်လုပ်ဗုံး ပစ်ခွဲမှုဖြစ်ပွားခဲ့ပါသေးတယ်။

ပြည်မြို့က ပြည်ခိုင်ဖြိုးရုံး၊ စည်ပင်ရုံးနဲ့ တရားရုံးတို့ အနီးမှာ မနက်ပိုင်းက ဗုံးပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပါတယ်။ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ရွှေပေါက်ပင်ကျေးရွာက အုပ်ချုပ်ရေးမှူးနှင့် သူ့ရဲ့ သမီးနဲ့ မြေးတို့ မေ ၁၈ ရက် မနေ့ညက အသတ်ခံရပါတယ်။ ဒီကနေ့ နေ့လယ်ပိုင်းမှာ ပုသိမ်မြို့က ကိုဗစ်လူနာတွေကို ကူညီစောင့်ရှောက်ပေးနေတဲ့ ကိုသူနေအောင် အပါအဝင် ၃ ဦးကို စစ်ကောင်စီတပ်တွေက အရပ်ဝတ်တွေနဲ့ လာရောက်ဖမ်းဆီးသွားပါတယ်။

ရန်ကုန်မှာ ရပ်ကွက်အလိုက် လုပ်ကြတဲ့ သပိတ်စစ်ကြောင်း အသေးလေးတွေကတော့ ရပ်ကွက်တချို့မှာ ရှိကြပေမဲ့ အဖမ်းအဆီးများတာအပြင် ကင်းပုန်းတွေ ချပြီး စောင့်ကြည့်မှုတွေ ရှိနေတဲ့အတွက် ပင်မသပိတ်စစ်ကြောင်းကြီးတွေ ဒီနေ့လည်း မထွက်နိုင်သေးဘူးလို့ သပိတ်စစ်ကြောင်းကို ဦးဆောင်နေသူ တစ်ဦးက ပြောပါတယ်။

“ဒီနေ့တော့ ကျနော်တို့ ဘာမှ မလုပ်ဖြစ်သေးဘူးခင်ဗျ။ ဘာလို့လည်းဆိုတော့ ကျနော်တို့ အခြေအနေက အရမ်းကြပ်နေတာလည်း ပါတယ်ဗျ။ အဲ့ဒီလိုမျိုး ကိစ္စလေးတွေကြောင့် ပင်မသပိတ်စစ်ကြောင်းတွေကတော့ မထွက်ဖြစ်ဘူးဗျ။ ကျနော်တို့ကို ကြည့်ဖို့ သူတို့ အရပ်ဝတ်တွေနဲ့ချထားတာမျိုးတွေ ရှိတယ်ဗျာ။ ပြီးတော့ လမ်းဆုံမှာရှိတဲ့ လက်ဖက်ရည်ဆိုင်တွေလို နေရာမျိုးတွေမှာ အရပ်ဝတ်တွေနဲ့ ကင်းချထားတော့ တော်ရုံတန်ရုံ ကျနော်တို့ ပြောက်ကျားတောင် သွားဖို့ အဆင်မပြေတာမျိုးဖြစ်နေတာပေါ့ဗျ။”

သာကေတမြို့နယ်ထဲက ဆန္ဒပြသပိတ်ကိုတော့ လူစုနေတုန်းမှာ စစ်ကောင်စီတပ်တွေက ဝင်ရောက်ဖမ်းဆီးခဲ့လို့ အမျိုးသမီးတစ်ဦး အပါအဝင် ၃ ဦးဖမ်းဆီးခံပါတယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဒီနေ့မနက်ပိုင်းမှာ လှိုင်မြို့နယ်မှာ ကြက်ခြေနီ လူနာတင်ကားတစီးလည်း ရပ်ထားစဉ်မှာ မီးရှို့ဖျက်ဆီးခံလိုက်ရပါတယ်။

မန္တလေးမှာတော့ ဒီကနေ့ တက္ကသိုလ်ကျောင်းသား သမဂ္ဂ(တကသ) နဲ့ မြို့လူထု ပူးပေါင်းပြီး ‘လမ်းဘေးလက်ဖက်ရည်ဆိုင်မှသည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုပန်းတိုင်သို့ တော်လှန်ချီတက်ကြပါစို့’ ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ လက်ဖက်ရည်ဆိုင်သပိတ်ကို လုပ်ခဲ့ကြပါတယ်။ ဒီကနေ့ မနက်အစောပိုင်းကလည်း ချမ်းမြသာစည်မြို့နယ်မှာ တပ်ပေါင်းစုသပိတ် ချီတက် ဆန္ဒပြခဲ့ကြတယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်သူတစ်ဦးက ပြောပါတယ်။

“မနက်ပိုင်းကတော့ ကျနော်တို့ ချမ်းမြသာစည်မြို့နယ်မှာ တပ်ပေါင်းစုသပိတ်ဗျ။ ချမ်းမြသာစည်မြို့နယ် ၄၆ လမ်းပေါ့နော်။ မနက် အရုဏ်ဦးသပိတ်ပေါ့၊ တပ်ပေါင်းစု၊ ချမ်းမြသာစည် တကသပါမယ်၊ နောက်ပြီးတော့ ပညာရေးပါမယ်။ တမ္ပဝတ္တီစစ်ကြောင်း၊ စိန်ပန်းစစ်ကြောင်း၊ ဘုရားကြီးစစ်ကြောင်း အဲ့ဒီလိုပေါ့... မန္တလေးမြို့က ပေါင်းလို့ရတဲ့ စစ်ကြောင်းတွေ ပေါင်းပြီးလုပ်တဲ့ တပ်ပေါင်းစု သပိတ်ပေါ့။”

အင်အား ၂၀၀ လောက်ပါတဲ့ မန္တလေးတပ်ပေါင်းစု သပိတ်စစ်ကြောင်းက ဒီကနေ့မှာ စစ်ကောင်စီ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ထိပ်တိုက်တွေ့တာမရှိဘဲ အောင်အောင်မြင်မြင် လူစုခွဲနိုင်ခဲ့ကြပါတယ်။

ဆန္ဒပြမှုတွေကို စစ်ကောင်စီတပ်က အကြမ်းဖက်ပစ်ခတ်ဖြိုခွဲနေတဲ့ကြားကပဲ လျှပ်တပြက် ဆန္ဒပြမှုတွေ ဆက်ရှိနေပါတယ်။ မူဆယ်က လူငယ်တွေ ဦးဆောင်တဲ့ စစ်အာဏာရှင်ဆန့်ကျင်လှုပ်ရှားမှု သပိတ်တွေကို စစ်ကောင်စီတပ်နဲ့ ထိပ်တိုက်မတွေ့အောင် လှုပ်ရှားနေတယ်လို့ Generation Z လူငယ်တစ်ဦးက ပြောပါတယ်။

“ကျနော်တို့ နေ့တိုင်း သပိတ်စစ်ကြောင်းက ထွက်တယ်ခင်ဗျ။ ပြောမယ်ဆိုရင် ကျနော်တို့ အချက်အခြာကျတဲ့ လမ်းမကြီးဘက်ကိုတော့ ကျနော်တို့ မထွက်တော့ဘူးခင်ဗျ၊ ဘာလို့လဲဆိုတော့ သူတို့နဲ့ ထိပ်တိုက်တွေ့မှာကြောက်လို့လေ။ ကျနော်တို့ အဲ့ဒီလိုမျိုးပေါ့နော် ရပ်ကွက်တွေထဲကိုပေါ့။ အဲ့လိုမျိုးရှောင်လို့ တိမ်းလို့ကောင်းမယ့်နေရာမျိုးကိုပဲ... ကျနော်တို့က နေရာယူလိုက်တယ်ခင်ဗျ။ အဲ့ဒီလိုမျိုးပဲ... ကျနော်တို့ သပိတ်စစ်ကြောင်းကို စီစဉ်လိုက်တယ်ခင်ဗျ။ သူတို့လည်း ပုံမှန်ရှိတယ်ခင်ဗျ။ သူတို့လည်း ပုံမှန်ကင်းလှည့်နေတာ ဘာညာရှိတယ်ခင်ဗျ။ အခုဆေးရုံတို့ ပြီးရင် ကျနော်တို့ နည်းနည်းအချက်အချာကျတဲ့ လမ်းပေါ်တွေပိုင်းမှာ သူတို့စစ်တယ်ခင်ဗျ။ ဖုန်းတွေ စစ်တယ် အဲဒီလိုမျိုးတွေလေ...။ ဆိုင်ကယ်တွေဘာတွေ စစ်တယ်ခင်ဗျ။”

မြန်မာနိုင်ငံအတွင်း တချို့နေရာတွေမှာ လူအင်အားအများအပြားနဲ့ လမ်းပေါ်ထွက် ဆန္ဒပြပွဲတွေ နည်းသွားပေမဲ့ ပျောက်ကြားသပိတ်၊ လူမဲ့သပိတ်၊ ကျောင်းမတက်ရေး လှုပ်ရှားမှုနဲ့ သပိတ်မျိုးစုံကို ပုံစံမျိုးစုံနဲ့ဆင်နွှဲနေကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG