သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

NLD ပါတီဖ်က္သိမ္းမယ့္ အစီအစဥ္ စစ္တပ္အာဏာတည္ၿမဲေရး ႀကိဳးပမ္းမႈအျဖစ္ ေဒါက္တာဆာဆာ ေ၀ဖန္


ေဒါက္တာဆာဆာ

(Zawgyi/Unicode)

NLD အမ်ိဳးသားဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ကို စစ္ေကာင္စီက ၂၀၂၀ ေရြးေကာက္ပြဲ မဲမသမာမႈ ရွိတယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ ဖ်က္သိမ္းပစ္ႏိုင္ေျခရွိေနတယ္ ဆိုတဲ့ သတင္းေတြနဲ႔ပတ္သက္ၿပီး ဒါဟာ စစ္ေခါင္းေဆာင္ေတြ ျမန္မာႏိုင္ငံကို ႏွစ္ရွည္လမ်ား အုပ္ခ်ဳပ္ႏိုင္ဖို႔လုပ္ေနတာ ျဖစ္ေၾကာင္း NUG အမ်ိဳးသားညီၫြတ္ေရးအစိုးရအဖြဲ ေျပာခြင့္ရျဖစ္တဲ့ အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္ရြက္ေရးဝန္ႀကီး ေဒါက္တာဆာဆာက ေျပာၾကားလိုက္ပါတယ္။

စစ္ေကာင္စီက ခန္႔အပ္ထားတဲ့ ေရြးေကာက္ပြဲေကာ္မရွင္က NLD ကို ေရြးေကာက္ပြဲ ဝင္ခြင့္ ပိတ္ပင္ေၾကာင္း ေၾကညာခ်က္ဟာ လူထုဆႏၵကို ဆန္႔က်င္ၿပီး စစ္အုပ္ခ်ဳပ္မႈ သက္တမ္းရွည္ေအာင္ ဒီမိုကေရစီကို ေျပာင္ေျပာင္တင္းတင္း ခ်ိဳးေဖာက္ေနတာ ျဖစ္ေၾကာင္း ေဒါက္တာဆာဆာက ႐ိုက္တာေမးျမန္းခ်က္ကို အီးေမးလ္ ကေန ျပန္ေျဖၾကားခဲ့တာ ျဖစ္ပါတယ္။

ႏိုဝင္ဘာေရြးေကာက္ပဲြမွာ မဲမသမာမႈေတြ ရွိခဲ့တဲ့အတြက္ NLD ကို ဖ်က္သိမ္းမလား၊ မဲမသာမႈ က်ဳးလြန္ခဲ့တဲ့သူေတြကို အေရးယူမလား ဆိုတာ စဥ္းစား ေဆာင္ရြက္သြားမွာ ျဖစ္ေၾကာင္း ေနျပည္ေတာ္မွာ ေသာၾကာေန႔ကက်င္းပတဲ့ ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္နဲ႔ ႏိုင္ငံေရးပါတီေတြ ေတြ႔ဆုံပြဲမွာ စစ္ေကာင္စီက ခန္႔အပ္ထားတဲ့ ေရြးေကာက္ပြဲ ေကာ္မရွင္ ဥကၠ႒ ဦးသိန္းစိုး ေျပာၾကားခဲ့ပါတယ္။

ႏိုင္ငံတဝွမ္းက NLD ပါတီ႐ုံးေတြကို ၀င္ေရာက္ရွာေဖြတာ၊ အဖြဲ႔၀င္ေတြကို ဖမ္းဆီးအေရးယူတာေတြ ရွိေနေပမဲ့ ပါတီ႐ုံးေတြပိတ္သိမ္း ပစ္တာမ်ိဳးေတာ့ မရွိေသးပါဘူး။ စစ္တပ္အာဏာသိမ္းၿပီးခ်ိန္ ကတည္းက ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သမၼတ ဦးဝင္းျမင့္အပါအဝင္ NLD ေခါင္းေဆာင္ပိုင္းေတြကို ဖမ္းဆီးထားတာ ျဖစ္ၿပီး ပါတီဝင္ အေတာ္မ်ားမ်ားကေတာ့ ထြက္ေျပးတိမ္းေရွာင္ ေနရတာပါ။

ေဖေဖၚဝါရီလ ၁ ရက္ စစ္တပ္က အာဏာရယူရာမွာ အဓိက အေၾကာင္းျပခ်က္က ေရြးေကာက္ပြဲအတြင္း မဲမသမာမႈရွိတယ္ဆိုတဲ့ စြပ္စြဲခ်က္ျဖစ္ၿပီး ႏိုင္ငံတကာ အသိုင္းဝိုင္းကေရာ NLD ကပါ ဒီအေၾကာင္းျပခ်က္ကို လက္မခံၾကပါဘူး။ စစ္တပ္ကေတာ့ ၂ ႏွစ္အတြင္း ေရြးေကာက္ပြဲ အသစ္ က်င္းပေပးမယ္လို႔ ကတိေပးထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


............

NLD ပါတီဖျက်သိမ်းမယ့် အစီအစဉ် စစ်တပ်အာဏာတည်မြဲရေး ကြိုးပမ်းမှုအဖြစ် ဒေါက်တာဆာဆာ ဝေဖန်
(Unicode)

NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို စစ်ကောင်စီက ၂၀၂၀ ရွေးကောက်ပွဲ မဲမသမာမှု ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖျက်သိမ်းပစ်နိုင်ခြေရှိနေတယ် ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး ဒါဟာ စစ်ခေါင်းဆောင်တွေ မြန်မာနိုင်ငံကို နှစ်ရှည်လများ အုပ်ချုပ်နိုင်ဖို့လုပ်နေတာ ဖြစ်ကြောင်း NUG အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ ပြောခွင့်ရဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာက ပြောကြားလိုက်ပါတယ်။

စစ်ကောင်စီက ခန့်အပ်ထားတဲ့ ရွေးကောက်ပွဲကော်မရှင်က NLD ကို ရွေးကောက်ပွဲ ဝင်ခွင့် ပိတ်ပင်ကြောင်း ကြေညာချက်ဟာ လူထုဆန္ဒကို ဆန့်ကျင်ပြီး စစ်အုပ်ချုပ်မှု သက်တမ်းရှည်အောင် ဒီမိုကရေစီကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာ ဖြစ်ကြောင်း ဒေါက်တာဆာဆာက ရိုက်တာမေးမြန်းချက်ကို အီးမေးလ် ကနေ ပြန်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

နိုဝင်ဘာရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိခဲ့တဲ့အတွက် NLD ကို ဖျက်သိမ်းမလား၊ မဲမသာမှု ကျုးလွန်ခဲ့တဲ့သူတွေကို အရေးယူမလား ဆိုတာ စဉ်းစား ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း နေပြည်တော်မှာ သောကြာနေ့ကကျင်းပတဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံပွဲမှာ စစ်ကောင်စီက ခန့်အပ်ထားတဲ့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုး ပြောကြားခဲ့ပါတယ်။

နိုင်ငံတဝှမ်းက NLD ပါတီရုံးတွေကို ဝင်ရောက်ရှာဖွေတာ၊ အဖွဲ့ဝင်တွေကို ဖမ်းဆီးအရေးယူတာတွေ ရှိနေပေမဲ့ ပါတီရုံးတွေပိတ်သိမ်း ပစ်တာမျိုးတော့ မရှိသေးပါဘူး။ စစ်တပ်အာဏာသိမ်းပြီးချိန် ကတည်းက နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်အပါအဝင် NLD ခေါင်းဆောင်ပိုင်းတွေကို ဖမ်းဆီးထားတာ ဖြစ်ပြီး ပါတီဝင် အတော်များများကတော့ ထွက်ပြေးတိမ်းရှောင် နေရတာပါ။

ဖေဖေါ်ဝါရီလ ၁ ရက် စစ်တပ်က အာဏာရယူရာမှာ အဓိက အကြောင်းပြချက်က ရွေးကောက်ပွဲအတွင်း မဲမသမာမှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်ဖြစ်ပြီး နိုင်ငံတကာ အသိုင်းဝိုင်းကရော NLD ကပါ ဒီအကြောင်းပြချက်ကို လက်မခံကြပါဘူး။ စစ်တပ်ကတော့ ၂ နှစ်အတွင်း ရွေးကောက်ပွဲ အသစ် ကျင်းပပေးမယ်လို့ ကတိပေးထားပါတယ်။

XS
SM
MD
LG