သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မင္းတပ္က ျပည္သူေတြကို ႏိုင္ငံတကာ ကူညီဖို႔ NUG ေဆာင္ရြက္ (NUG ဝန္ႀကီးခ်ဳပ္ မန္းဝင္းခိုင္သန္း)


NUG ဝန္ႀကီးခ်ဳပ္ မန္းဝင္းခိုင္သန္း။ (ေမ ၁၆၊ ၂၀၂၁။ Photo Screenshot - PVTV)

(Zawgyi / Unicode)

အာဏာသိမ္းထားတဲ့စစ္တပ္ကို ရရာလက္နက္နဲ႔ ခုခံဆန္႔က်င္ေနတဲ့ ခ်င္းျပည္နယ္ မင္းတပ္ၿမိဳ႕က ျပည္သူေတြကို စစ္တပ္က စစ္ေျမျပင္သံုး လက္နက္ႀကီးေတြ၊ စစ္ရဟတ္ယာဥ္ေတြသံုးၿပီး ျပင္းျပင္းထန္ထန္ တိုက္ခိုက္ခဲ့သလို ေဒသခံေတြကိုပါ လူသားဒို္င္းသဖြယ္ သံုးခဲ့တာအတြက္ စစ္တပ္ကို အေရးယူႏုိင္ဖို႔နဲ႔ ေဒသခံေတြကိုပါ အကူအညီေပးႏိုင္ဖို႔ NUG အမ်ိဳးသားညီညြတ္ေရးအစိုးရက လုပ္ေဆာင္ေနေၾကာင္း NUG အစိုးရ ျပည္ေထာင္စုဝန္ႀကီးခ်ဳပ္ မန္းဝင္းခိုင္သန္းက ေျပာၾကားလိုက္ပါတယ္။

“မင္းတပ္ျပည္သူေတြကို အကူအညီေပးႏုိင္ဖို႔ ႏုိင္ငံတကာ အဖြဲ႔အစည္းေတြနဲ႔ အစိုးရေတြကို ဆက္သြယ္ေဆြးေႏြးၿပီး အကူအညီ ေတာင္းခံတာေတြ ေဆာင္ရြက္ခဲ့သလို ေျမျပင္က ျပည္သူလူထုနဲ႔ ခ်ိတ္ဆက္ၿပီးေတာ့လည္း ကူညီေထာက္ပံ့မႈေတြ အလ်င္အျမန္ ေရာက္ရွိေအာင္ ေဆာင္ရြက္ေပးလ်က္ ရွိပါတယ္။”

တတ္စြမ္းတဲ့နည္းနဲ႔ ခုခံေနၾကတဲ့ ျပည္သူေတြြကို ဦးညႊတ္ဂုဏ္ျပဳေၾကာင္းနဲ႔ ျပည္သူေတြ လိုလားတဲ့ ဖက္ဒရယ္ဒီမိုကေရစီ အျမန္ရေအာင္ ႀကိဳးပမ္းေနေၾကာင္း အမ်ိဳးသားညီညြတ္ေရး အစိုးရရဲ႕ သက္တမ္း တလျပည့္တဲ့ ေမလ ၁၆ ရက္ မိန္႔ခြန္းမွာ ျပည္ေထာင္စုဝန္ႀကီးခ်ဳပ္က ခုလို ေျပာၾကားခဲ့တာပါ။

မင္းတပ္ျပည္သူေတြကို အကာအကြယ္ မေပးႏုိင္ေသးတဲ့အတြက္ စိတ္ထိခိုက္ရေၾကာင္း ေျပာၾကားခဲ့သလို ျပည္သူေတြကို အျပည့္အဝ အကာအကြယ္ေပးႏုိင္မယ့္ တပ္မေတာ္တရပ္ကို ထူေထာင္ဖို႔ ေရွ႕ေျပးျဖစ္တဲ့ ျပည္သူ႔ကာကြယ္ေရးတပ္မေတာ္ (PDF) ကို အခုအခါမွာ ထူေထာင္ၿပီးျဖစ္တဲ့အတြက္ ေခတ္မီလက္နက္ကိုင္ တပ္မေတာ္တရပ္ ထူေထာင္ဖို႔ ျပင္ဆင္ေနေၾကာင္းလည္း သတင္းစကား ပါးပါတယ္။

အမ်ိဳးသားညီၫြတ္ေရးအစိုးရ တာဝန္ရွိသူေတြဟာ မင္းတပ္ေဒသခံေတြနဲ႔ ေတြ႔ဆံု ေဆြးေႏြးခဲ့သလို မင္းတပ္ျပည္သူေတြကို ခ်က္ခ်င္း အကာအကြယ္ေပးဖို႔ NUG ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ Antonio Guterres၊ ကုလသမဂၢ အေထြေထြညီလာခံ ဥကၠ႒ Volkan Bozkir နဲ႔ ကုလသမဂၢ လံုၿခံဳေရးေကာင္စီ အလွည့္က်ဥကၠ႒ျဖစ္တဲ့ တ႐ုတ္ႏုိင္ငံဆိုင္ရာ သံအမတ္ႀကီး Zhang Jun အပါအဝင္ ႏိုင္ငံတကာ အဖြဲ႔အစည္းေတြကို ေတာင္းဆိုခဲ့ပါတယ္။ ဒါ့အျပင္ အရပ္သား ျပည္သူေတြအေပၚ စစ္လက္နက္ႀကီးေတြသံုး တိုက္ခိုက္တဲ့ စစ္တပ္ကို ျပတ္ျပတ္သားသား အေရးယူေပးဖုိ႔ပါ ေတာင္းဆိုခဲ့ပါတယ္။

ခ်င္းျပည္နယ္၊ မင္းတပ္ၿမိဳ႕ ျပည္သူ႔ကာကြယ္ေရးအဖြဲ႔ဝင္ေတြနဲ႔ စစ္ေကာင္စီ တပ္ဖြဲ႔ေတြအၾကား လြန္ခဲ့တဲ့ ရက္ပုိင္းအတြင္း ျဖစ္ပြားခဲ့တဲ့ အျပန္အလွန္ ပစ္ခတ္မႈေတြအတြင္း လူငယ္ ၆ ဦး ေသဆုံးခဲ့တယ္လုိ႔ ေဒသခံ ကာကြယ္ေရးအဖြဲ႔ဝင္ရဲ႕ ေျပာၾကားခ်က္ကုိ ကုိးကားၿပီး သတင္းမီဒီယာေတြမွာ ေဖာ္ျပၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------

(Unicode)

မင်းတပ်က ပြည်သူတွေကို နိုင်ငံတကာ ကူညီဖို့ NUG ဆောင်ရွက် (NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း)

အာဏာသိမ်းထားတဲ့စစ်တပ်ကို ရရာလက်နက်နဲ့ ခုခံဆန့်ကျင်နေတဲ့ ချင်းပြည်နယ် မင်းတပ်မြို့က ပြည်သူတွေကို စစ်တပ်က စစ်မြေပြင်သုံး လက်နက်ကြီးတွေ၊ စစ်ရဟတ်ယာဉ်တွေသုံးပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့သလို ဒေသခံတွေကိုပါ လူသားဒိုင်းသဖွယ် သုံးခဲ့တာအတွက် စစ်တပ်ကို အရေးယူနိုင်ဖို့နဲ့ ဒေသခံတွေကိုပါ အကူအညီပေးနိုင်ဖို့ NUG အမျိုးသားညီညွတ်ရေးအစိုးရက လုပ်ဆောင်နေကြောင်း NUG အစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားလိုက်ပါတယ်။

“မင်းတပ်ပြည်သူတွေကို အကူအညီပေးနိုင်ဖို့ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ အစိုးရတွေကို ဆက်သွယ်ဆွေးနွေးပြီး အကူအညီ တောင်းခံတာတွေ ဆောင်ရွက်ခဲ့သလို မြေပြင်က ပြည်သူလူထုနဲ့ ချိတ်ဆက်ပြီးတော့လည်း ကူညီထောက်ပံ့မှုတွေ အလျင်အမြန် ရောက်ရှိအောင် ဆောင်ရွက်ပေးလျက် ရှိပါတယ်။”

တတ်စွမ်းတဲ့နည်းနဲ့ ခုခံနေကြတဲ့ ပြည်သူတွေကို ဦးညွှတ်ဂုဏ်ပြုကြောင်းနဲ့ ပြည်သူတွေ လိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီ အမြန်ရအောင် ကြိုးပမ်းနေကြောင်း အမျိုးသားညီညွတ်ရေး အစိုးရရဲ့ သက်တမ်း တလပြည့်တဲ့ မေလ ၁၆ ရက် မိန့်ခွန်းမှာ ပြည်ထောင်စုဝန်ကြီးချုပ်က ခုလို ပြောကြားခဲ့တာပါ။

မင်းတပ်ပြည်သူတွေကို အကာအကွယ် မပေးနိုင်သေးတဲ့အတွက် စိတ်ထိခိုက်ရကြောင်း ပြောကြားခဲ့သလို ပြည်သူတွေကို အပြည့်အဝ အကာအကွယ်ပေးနိုင်မယ့် တပ်မတော်တရပ်ကို ထူထောင်ဖို့ ရှေ့ပြေးဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကို အခုအခါမှာ ထူထောင်ပြီးဖြစ်တဲ့အတွက် ခေတ်မီလက်နက်ကိုင် တပ်မတော်တရပ် ထူထောင်ဖို့ ပြင်ဆင်နေကြောင်းလည်း သတင်းစကား ပါးပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ တာဝန်ရှိသူတွေဟာ မင်းတပ်ဒေသခံတွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့သလို မင်းတပ်ပြည်သူတွေကို ချက်ချင်း အကာအကွယ်ပေးဖို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres၊ ကုလသမဂ္ဂ အထွေထွေညီလာခံ ဥက္ကဋ္ဌ Volkan Bozkir နဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ တရုတ်နိုင်ငံဆိုင်ရာ သံအမတ်ကြီး Zhang Jun အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေကို တောင်းဆိုခဲ့ပါတယ်။ ဒါ့အပြင် အရပ်သား ပြည်သူတွေအပေါ် စစ်လက်နက်ကြီးတွေသုံး တိုက်ခိုက်တဲ့ စစ်တပ်ကို ပြတ်ပြတ်သားသား အရေးယူပေးဖို့ပါ တောင်းဆိုခဲ့ပါတယ်။

ချင်းပြည်နယ်၊ မင်းတပ်မြို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေအကြား လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့တဲ့ အပြန်အလှန် ပစ်ခတ်မှုတွေအတွင်း လူငယ် ၆ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံ ကာကွယ်ရေးအဖွဲ့ဝင်ရဲ့ ပြောကြားချက်ကို ကိုးကားပြီး သတင်းမီဒီယာတွေမှာ ဖော်ပြကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG