သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံ ဒီမိုကေရစီလမ္း ျပန္တည္႔မတ္ေရး ႏိုင္ငံတကာကူညီဖို႔ ေဒၚဇင္မာေအာင္ပန္ၾကား


The Wilson Center မွာ ျပဳလုပ္တဲ့ ျမန္မာ့အေရး အြန္လိုင္းေဆြးေႏြးပြဲ

(Zawgyi/Unicode)

ျမန္မာႏိုင္ငံ ဒီမိုကေရစီလမ္းေၾကာင္းေပၚ ျပန္ေလွ်ာက္လွမ္းႏိုင္ေရးအတြက္ ျမန္မာစစ္တပ္ကို လက္နက္မရေအာင္ ဝိုင္းဝန္းလုပ္ေဆာင္ေပးၾကဖို႔ ၾကာသပေတးေန႔က ဝါရွင္တန္ဒီစီက Wilson စင္တာမွာ ျပဳလုပ္တဲ့ ျမန္မာ့အေရး အြန္လိုင္းေဆြးေႏြးပြဲမွာ အမ်ိဳးသားညီၫြတ္ေရးအစိုးရ NUG ရဲ႕ ႏိုင္ငံျခားေရးဝန္ႀကီး ေဒၚဇင္မာေအာင္က ပန္ၾကားလိုက္ပါတယ္။

“ျမန္မာစစ္တပ္ျဖစ္တဲ့ တပ္မေတာ္ကို တႏိုင္ငံခ်င္းစီကျဖစ္ေစ ႏိုင္ငံ ေပါင္းစံုကတဆင့္ ျဖစ္ေစ လိုအပ္တဲ့ အေရးယူမႈေတြလုပ္ေပးဖို႔ ႏိုင္ငံတကာ အစိုးရေတြကို ေတာင္းဆိုခ်င္ပါတယ္။ ျမန္မာစစ္အုပ္ခ်ဳပ္ေရး ေကာင္စီကို ေထာက္ခံမႈေပးေနတဲ့ ႏိုင္ငံေတြ အေနနဲ႔ သူတို႔အတြက္ လက္နက္ခဲယမ္းမီးေက်ာက္ေတြ ဝယ္ယူခြင့္ ျဖတ္ေတာက္ဖို႔၊ အကူညီေပးတာ ျဖတ္ပစ္ဖို႔နဲ႔ ျပစ္မႈကင္းလြတ္ခြင့္ေပးတာကို ရပ္ပစ္ဖို႔ လိုအပ္ပါတယ္။ ဒါ့အျပင္ NUG အစိုးရအဖြဲ႔ကို ေထာက္ခံပံ့ပိုးေပးဖို႔နဲ႔ စစ္အာဏာပိုင္ေတြကို တြန္းလွန္ရာမွာ အင္အားခိုင္မာေစဖို႔ အတြက္ လိုအပ္တဲ့ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႔ေတြကို ပံ့ပိုးေပးဖို႔ပါ ေတာင္းဆိုခ်င္ပါတယ္။”

Wilson စင္တာ ရဲ႕ အာရွေရးရာ အစီအစဥ္မွာ ျမန္မာႏိုင္ငံရဲ႕ လက္ရွိနဲ႔ အနာဂတ္ ဆိုင္ရာနဲ႔ ပတ္သက္ၿပီး အေရြးေကာက္ခံ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီ CRPH က အသစ္ဖြဲ႔စည္းလိုက္တဲ့ NUG အစိုးရအဖြဲ႔ရဲ႕ အျမင္ေတြကို အေမရိကန္ ဝါရင့္ လႊတ္ေတာ္အမတ္ေတြ အပါအဝင္ ပညာရွင္ေတြနဲ႔ ေဆြးေႏြးရာမွာ ေဒၚဇင္မာေအာင္က ပန္ၾကားလိုက္တာ ျဖစ္ပါတယ္။

ေဆြးေႏြးပြဲမွာ တက္ေရာက္ေဆြးေႏြးသူေတြကေတာ့ အရင္ USAID အႀကီးအကဲေဟာင္း Mark Green ၊ အေမရိကန္ေအာက္ လႊတ္ေတာ္အမတ္ေတြျဖစ္တဲ့ ကယ္လီဖိုးနီးယားျပည္နယ္ အမတ္ Ami Bera နဲ႔ Ohio ျပည္နယ္အမတ္ Steve Chabot အထက္လႊတ္ေတာ္အမတ္ Ben Cardin၊ ဒီမိုကရက္တစ္ပါတီ ရဲ႕ NDI အဖြဲ႔ဥကၠဌ ျဖစ္တဲ့ ျမန္မာႏိုင္ငံဆိုင္ရာ အေမရိကန္သံအမတ္ေဟာင္း Derek Mitchell၊ ရီပါတ္ဘလစ္ကင္ပါတီရဲ႕ IRI အဖြ႕ဲဥကၠဌ Dr. Daniel Twining နဲ႔ NUG အဖြဲ႔ရဲ႕ အထူးကိုယ္စားလွယ္ ဦးထင္လင္းေအာင္ တို႔ျဖစ္ပါတယ္။

ေမရီလန္းျပည္နယ္ အထက္လႊတ္ေတာ္အမတ္ Ben Cardin၊ က ျမန္မာႏိုင္ငံ ဒီမိုကေရစီလမ္းေၾကာင္း ေပၚျပန္ေလွ်ာက္လာေစဖို႔ အကူညီေပးရမွာ ျဖစ္ေၾကာင္း ေျပာပါတယ္။

“ျမန္မာႏိ္ုင္ငံမွာ ဒီမိုကေရစီျပန္လည္ထူေထာင္ႏိုင္ေအာင္ အကူအညီေပးႏိုင္ဖို႔ အတြက္ အမ်ိဳးသားညီၫြတ္ေရး အစိုးရကို က်ေနာ္တို႔ ပံ့ပိုးေထာက္ခံမႈ ေပးခ်င္ပါတယ္။ ဒါေပမယ့္ တခ်ိန္ထည္းမွာပဲ စစ္တပ္နဲ႔ သူ႔ရဲ႕ တရားမဝင္ လုပ္ရပ္ေတြကို ဆန္႔က်င္ေၾကာင္းး ျပသဖို႔ေတာ့ သင့္ေတာ္တဲ့ အေရးယူမႈေတြ လုပ္ဖို႔ လို ပါတယ္။ ဒါဟာ ျမန္မာႏိုင္ငံသားေတြကို အျပစ္ေပးဖို႔ မဟုတ္ပါဘူး အားလံုး ၿငိမ္းၿငိမ္းခ်မ္းခ်မ္းနဲ႔ စစ္မွန္တဲ့ဒီမိုကေရစီရေရးအတြက္ ျမန္မာျပည္သူေတြနဲ႔ အတူရပ္တည္ဖို႔ပါ။”

စစ္တပ္အာဏာသိမ္းမႈကို ျပည္သူအမ်ားစုကလက္မခံၾကပဲ ရက္ေပါင္း တရာေက်ာ္လာသည့္တိုင္ ဆန္႔က်င္ ဆႏၵျပေနဆဲ ျဖစ္ၿပီး ဒီအာဏာသိမ္းမႈေၾကာင့္ ျပည္တြင္းမွာ စီးပြါးေရး၊ ပညာေရး၊ လူမႈေရး အစစ ဆုတ္ယုတ္တဲ့ အျပင္ အိမ္နီးခ်င္းနဲ႔ အင္ဒိုပစိဖိတ္ေဒသတြင္းမွာပါ မတည္ၿငိမ္မႈေတြ ျဖစ္လာေစေၾကာင္း ေဒၚဇင္မာေအာင္က ေျပာၾကားခဲ့တာပါ။

ဒါ့အျပင္ အေမရိကန္နဲ႔ အေနာက္ႏိုင္ငံေတြက ျမန္မာစစ္တပ္အေပၚ ပစ္မွတ္ထား အေရးယူတာေတြ လုပ္တာကို ႀကိဳဆိုေပမယ့္ အေမရိကန္စိုးရေရာ တျခားႏိုင္ငံအစိုးရေတြကပါ စစ္ေကာင္စီက ခန္႔အပ္တဲ့ သံတမန္ေတြကို အသိမွတ္မျပဳဖို႔ပါ ေဆြးေႏြးပြဲမွာ ပန္ၾကားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

..........

မြန်မာနိုင်ငံ ဒီမိုကရေစီလမ်း ပြန်တည့်မတ်ရေး နိုင်ငံတကာကူညီဖို့ ဒေါ်ဇင်မာအောင်ပန်ကြား

(Unicode)

မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လျှောက်လှမ်းနိုင်ရေးအတွက် မြန်မာစစ်တပ်ကို လက်နက်မရအောင် ဝိုင်းဝန်းလုပ်ဆောင်ပေးကြဖို့ ကြာသပတေးနေ့က ဝါရှင်တန်ဒီစီက Wilson စင်တာမှာ ပြုလုပ်တဲ့ မြန်မာ့အရေး အွန်လိုင်းဆွေးနွေးပွဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပန်ကြားလိုက်ပါတယ်။

“မြန်မာစစ်တပ်ဖြစ်တဲ့ တပ်မတော်ကို တနိုင်ငံချင်းစီကဖြစ်စေ နိုင်ငံ ပေါင်းစုံကတဆင့် ဖြစ်စေ လိုအပ်တဲ့ အရေးယူမှုတွေလုပ်ပေးဖို့ နိုင်ငံတကာ အစိုးရတွေကို တောင်းဆိုချင်ပါတယ်။ မြန်မာစစ်အုပ်ချုပ်ရေး ကောင်စီကို ထောက်ခံမှုပေးနေတဲ့ နိုင်ငံတွေ အနေနဲ့ သူတို့အတွက် လက်နက်ခဲယမ်းမီးကျောက်တွေ ဝယ်ယူခွင့် ဖြတ်တောက်ဖို့၊ အကူညီပေးတာ ဖြတ်ပစ်ဖို့နဲ့ ပြစ်မှုကင်းလွတ်ခွင့်ပေးတာကို ရပ်ပစ်ဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် NUG အစိုးရအဖွဲ့ကို ထောက်ခံပံ့ပိုးပေးဖို့နဲ့ စစ်အာဏာပိုင်တွေကို တွန်းလှန်ရာမှာ အင်အားခိုင်မာစေဖို့ အတွက် လိုအပ်တဲ့တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကို ပံ့ပိုးပေးဖို့ပါ တောင်းဆိုချင်ပါတယ်။”

Wilson စင်တာ ရဲ့ အာရှရေးရာ အစီအစဉ်မှာ မြန်မာနိုင်ငံရဲ့ လက်ရှိနဲ့ အနာဂတ် ဆိုင်ရာနဲ့ ပတ်သက်ပြီး အရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က အသစ်ဖွဲ့စည်းလိုက်တဲ့ NUG အစိုးရအဖွဲ့ရဲ့ အမြင်တွေကို အမေရိကန် ဝါရင့် လွှတ်တော်အမတ်တွေ အပါအဝင် ပညာရှင်တွေနဲ့ ဆွေးနွေးရာမှာ ဒေါ်ဇင်မာအောင်က ပန်ကြားလိုက်တာ ဖြစ်ပါတယ်။

ဆွေးနွေးပွဲမှာ တက်ရောက်ဆွေးနွေးသူတွေကတော့ အရင် USAID အကြီးအကဲဟောင်း Mark Green ၊ အမေရိကန်အောက် လွှတ်တော်အမတ်တွေဖြစ်တဲ့ ကယ်လီဖိုးနီးယားပြည်နယ် အမတ် Ami Bera နဲ့ Ohio ပြည်နယ်အမတ် Steve Chabot အထက်လွှတ်တော်အမတ် Ben Cardin၊ ဒီမိုကရက်တစ်ပါတီ ရဲ့ NDI အဖွဲ့ဥက္ကဌ ဖြစ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ဟောင်း Derek Mitchell၊ ရီပါတ်ဘလစ်ကင်ပါတီရဲ့ IRI အဖွ့ဲဥက္ကဌ Dr. Daniel Twining နဲ့ NUG အဖွဲ့ရဲ့ အထူးကိုယ်စားလှယ် ဦးထင်လင်းအောင် တို့ဖြစ်ပါတယ်။

မေရီလန်းပြည်နယ် အထက်လွှတ်တော်အမတ် Ben Cardin၊ က မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်း ပေါ်ပြန်လျှောက်လာစေဖို့ အကူညီပေးရမှာ ဖြစ်ကြောင်း ပြောပါတယ်။

“မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်လည်ထူထောင်နိုင်အောင် အကူအညီပေးနိုင်ဖို့ အတွက် အမျိုးသားညီညွတ်ရေး အစိုးရကို ကျနော်တို့ ပံ့ပိုးထောက်ခံမှု ပေးချင်ပါတယ်။ ဒါပေမယ့် တချိန်ထည်းမှာပဲ စစ်တပ်နဲ့ သူ့ရဲ့ တရားမဝင် လုပ်ရပ်တွေကို ဆန့်ကျင်ကြောင်းး ပြသဖို့တော့ သင့်တော်တဲ့ အရေးယူမှုတွေ လုပ်ဖို့ လို ပါတယ်။ ဒါဟာ မြန်မာနိုင်ငံသားတွေကို အပြစ်ပေးဖို့ မဟုတ်ပါဘူး အားလုံး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ စစ်မှန်တဲ့ဒီမိုကရေစီရရေးအတွက် မြန်မာပြည်သူတွေနဲ့ အတူရပ်တည်ဖို့ပါ။”

စစ်တပ်အာဏာသိမ်းမှုကို ပြည်သူအများစုကလက်မခံကြပဲ ရက်ပေါင်း တရာကျော်လာသည့်တိုင် ဆန့်ကျင် ဆန္ဒပြနေဆဲ ဖြစ်ပြီး ဒီအာဏာသိမ်းမှုကြောင့် ပြည်တွင်းမှာ စီးပွါးရေး၊ ပညာရေး၊ လူမှုရေး အစစ ဆုတ်ယုတ်တဲ့ အပြင် အိမ်နီးချင်းနဲ့ အင်ဒိုပစိဖိတ်ဒေသတွင်းမှာပါ မတည်ငြိမ်မှုတွေ ဖြစ်လာစေကြောင်း ဒေါ်ဇင်မာအောင်က ပြောကြားခဲ့တာပါ။

ဒါ့အပြင် အမေရိကန်နဲ့ အနောက်နိုင်ငံတွေက မြန်မာစစ်တပ်အပေါ် ပစ်မှတ်ထား အရေးယူတာတွေ လုပ်တာကို ကြိုဆိုပေမယ့် အမေရိကန်စိုးရရော တခြားနိုင်ငံအစိုးရတွေကပါ စစ်ကောင်စီက ခန့်အပ်တဲ့ သံတမန်တွေကို အသိမှတ်မပြုဖို့ပါ ဆွေးနွေးပွဲမှာ ပန်ကြားခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG