သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဆႏၵျပပဲြေတြ ႏွိမ္နင္းမႈအတြင္း ေသဆုံးသူ ၃၀၀ ခန္႔ရွိ (ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္)


ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္။ (ေဖေဖာ္ဝါရီ ၃၊ ၂၀၂၁။)

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ စစ္တပ္အာဏာသိမ္းမႈကို ဆန္႔က်င္တဲ့ ဆႏၵျပပြဲေတြကို စစ္တပ္နဲ႔ ရဲက အၾကမ္းဖက္ၿဖိဳခြဲမႈေၾကာင့္ လူေပါင္း ၇၀၀ ေက်ာ္ ေသဆံုးေနရေၾကာင္း မီဒီယာေတြရဲ႕ ေျပာၾကားခ်က္ဟာ ခ်ဲ႕ကား ေျပာတာသာ ျဖစ္ၿပီး တကယ္တမ္းက ထက္ဝက္ေလာက္ပဲ ရွိေၾကာင္း စစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႈးႀကီး မင္းေအာင္လႈိင္က ၾကာသပေတးေန႔ Phoenix ႐ုပ္သံ ေမးျမန္းခန္းမွာ ေျပာၾကားလိုက္ပါတယ္။

"ဒီ ၇၀၀ ေလာက္ စာရင္းမရွိေျပာၾကတဲ့ ၇၀၀ ေလာက္ ေသတဲ့ ကိစၥကို မီဒီယာေတြခ်ဲ႕ေျပာတာက မွ်တမႈမရွိဘူးလို႔ က်ေနာ္ေျပာလိုတယ္။ တကယ္ေသတာကေတာ့ ၃၀၀ နီးပါးေလာက္ရွိပါတယ္။ ရဲမွာလည္း ေသတဲ့လူေတြအမ်ားႀကီးရွိတယ္ ရဲမွာလည္း ၄၇ ေယာက္ေသခဲ့တယ္ ၊ ရဲ ၄၇ ေယာက္ ၂၀၀ ေက်ာ္ဒဏ္ရာရတယ္။”

တ႐ုတ္သတင္းေထာက္ Fu Xiaotian က တ႐ုတ္ႏိုင္ငံ ေဘဂ်င္းကေန ေနျပည္ေတာ္က ဗိုလ္ခ်ဳပ္မွဴးႀကီးကို အြန္လိုင္းကေန ေမးျမန္းခဲ့တာျဖစ္ၿပီး ဒါဟာ အရပ္သားအစိုးရလက္ကေန အာဏာသိမ္းယူခဲ့ခ်ိန္ကစၿပီး စစ္ေကာင္စီအႀကီးအကဲရဲ႕ ရွားရွားပါးပါး ေျဖၾကားခ်က္လည္း ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံနဲ႔ ပတ္သက္ၿပီး စစ္ေကာင္စီဘက္က ခ်မွတ္ထားတဲ့ အနာဂတ္အစီစဥ္ေတြကို ေဆြးေႏြးထားတဲ့ ဒီအင္တာဗ်ဴး တစိတ္တပိုင္းကို ေသာၾကာေန႔ ညေနပိုင္းမွာ ထုတ္လႊင့္ခဲ့တာပါ။

အာဏာသိမ္းလိုက္တဲ့ စစ္တပ္က ျမန္မာႏိုင္ငံကို ပါတီစံုဒီမိုကေရစီစံနစ္နဲ႔ ဖယ္ဒရယ္ကို အေျခခံတဲ့ ျပည္ေထာင္စု ျဖစ္လာေအာင္ လုပ္ေဆာင္ေနတာျဖစ္ေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႈးႀကီးက ေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ ႏွစ္ေပါင္း ၅၀ ေက်ာ္ စစ္တပ္ကအုပ္ခ်ဳပ္ေနရာကေန ဒီမိုကေရစီ လမ္းေၾကာင္းေပၚ ျပန္လည္ေလွ်ာက္လွမ္းလာတာ သိပ္မၾကာေသးခင္မွာပဲ အခု ေဖေဖၚဝါရီလ ၁ ရက္ေန႔မွာ စစ္တပ္က အာဏာျပန္သိမ္းလိုက္တာလည္း ျဖစ္ပါတယ္။

ဒီမိုကေရစီ အရသာကို ျမည္းစမ္းမိေနၿပီ ျဖစ္တဲ့ ျပည္သူ အမ်ားစုက စစ္အာဏာသိမ္းတာကို လက္မခံပဲ အာဏာဖီဆန္လာၾကတာေၾကာင့္ စစ္တပ္နဲ႔ရဲေတြက အင္အားသံုးေျခမႈန္း ေနတာ ရက္ေပါင္း တရာေက်ာ္လာၿပီ ျဖစ္ပါတယ္။

လမ္းမေပၚထြက္ ဆႏၵျပသူေတြကို စစ္အာဏာပိုင္ေတြက ပစ္ခတ္သတ္ျဖတ္တာ၊ တက္ႂကြလႈပ္ရွားသူေတြ၊ သတင္းသမားေတြကို ဖမ္းဆီးေထာင္ခ်တာေတြနဲ႔ ျပင္းျပင္းထန္ထန္ ႏွိမ္နင္းေနတာ ျဖစ္ၿပီး ကုလသမဂၢ အပါအဝင္ ႏိုင္ငံအမ်ားအျပားက စစ္အာဏာသိမ္းမႈကို အျပစ္တင္ ရႈတ္ခ်ေနၾကတာ ျဖစ္ပါတယ္။

စစ္တပ္အာဏာသိမ္းခဲ့ခ်ိန္ကစၿပီး ေမလ ၂၁ ရက္ေန႔ အထိ ေသဆံုးရတဲ့ ဆႏၵျပျပည္သူက ၈၁၂ ေယာက္ရွိေနၿပီး အဖမ္းခံေနရသူက ၄၂၅၈ ေယာက္ ရွိေနတယ္လို႔ ႏိုင္ငံေရးအက်ဥ္းသားမ်ား ေစာင့္ေရွာက္ေရးအသင္း AAPP က သတင္းထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


............

ဆန္ဒပြပွဲတွေ နှိမ်နင်းမှုအတွင်း သေဆုံးသူ ၃၀၀ ခန့်ရှိ (ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်)
(Unicode)

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကို စစ်တပ်နဲ့ ရဲက အကြမ်းဖက်ဖြိုခွဲမှုကြောင့် လူပေါင်း ၇၀၀ ကျော် သေဆုံးနေရကြောင်း မီဒီယာတွေရဲ့ ပြောကြားချက်ဟာ ချဲ့ကား ပြောတာသာ ဖြစ်ပြီး တကယ်တမ်းက ထက်ဝက်လောက်ပဲ ရှိကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က ကြာသပတေးနေ့ Phoenix ရုပ်သံ မေးမြန်းခန်းမှာ ပြောကြားလိုက်ပါတယ်။

"ဒီ ၇၀၀ လောက် စာရင်းမရှိပြောကြတဲ့ ၇၀၀ လောက် သေတဲ့ ကိစ္စကို မီဒီယာတွေချဲ့ပြောတာက မျှတမှုမရှိဘူးလို့ ကျနော်ပြောလိုတယ်။ တကယ်သေတာကတော့ ၃၀၀ နီးပါးလောက်ရှိပါတယ်။ ရဲမှာလည်း သေတဲ့လူတွေအများကြီးရှိတယ် ရဲမှာလည်း ၄၇ ယောက်သေခဲ့တယ် ၊ ရဲ ၄၇ ယောက် ၂၀၀ ကျော်ဒဏ်ရာရတယ်။”

တရုတ်သတင်းထောက် Fu Xiaotian က တရုတ်နိုင်ငံ ဘေဂျင်းကနေ နေပြည်တော်က ဗိုလ်ချုပ်မှူးကြီးကို အွန်လိုင်းကနေ မေးမြန်းခဲ့တာဖြစ်ပြီး ဒါဟာ အရပ်သားအစိုးရလက်ကနေ အာဏာသိမ်းယူခဲ့ချိန်ကစပြီး စစ်ကောင်စီအကြီးအကဲရဲ့ ရှားရှားပါးပါး ဖြေကြားချက်လည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က ချမှတ်ထားတဲ့ အနာဂတ်အစီစဉ်တွေကို ဆွေးနွေးထားတဲ့ ဒီအင်တာဗျူး တစိတ်တပိုင်းကို သောကြာနေ့ ညနေပိုင်းမှာ ထုတ်လွှင့်ခဲ့တာပါ။

အာဏာသိမ်းလိုက်တဲ့ စစ်တပ်က မြန်မာနိုင်ငံကို ပါတီစုံဒီမိုကရေစီစံနစ်နဲ့ ဖယ်ဒရယ်ကို အခြေခံတဲ့ ပြည်ထောင်စု ဖြစ်လာအောင် လုပ်ဆောင်နေတာဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှုးကြီးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၅၀ ကျော် စစ်တပ်ကအုပ်ချုပ်နေရာကနေ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်လည်လျှောက်လှမ်းလာတာ သိပ်မကြာသေးခင်မှာပဲ အခု ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အာဏာပြန်သိမ်းလိုက်တာလည်း ဖြစ်ပါတယ်။

ဒီမိုကရေစီ အရသာကို မြည်းစမ်းမိနေပြီ ဖြစ်တဲ့ ပြည်သူ အများစုက စစ်အာဏာသိမ်းတာကို လက်မခံပဲ အာဏာဖီဆန်လာကြတာကြောင့် စစ်တပ်နဲ့ရဲတွေက အင်အားသုံးခြေမှုန်း နေတာ ရက်ပေါင်း တရာကျော်လာပြီ ဖြစ်ပါတယ်။

လမ်းမပေါ်ထွက် ဆန္ဒပြသူတွေကို စစ်အာဏာပိုင်တွေက ပစ်ခတ်သတ်ဖြတ်တာ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေကို ဖမ်းဆီးထောင်ချတာတွေနဲ့ ပြင်းပြင်းထန်ထန် နှိမ်နင်းနေတာ ဖြစ်ပြီး ကုလသမဂ္ဂ အပါအဝင် နိုင်ငံအများအပြားက စစ်အာဏာသိမ်းမှုကို အပြစ်တင် ရှုတ်ချနေကြတာ ဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းခဲ့ချိန်ကစပြီး မေလ ၂၁ ရက်နေ့ အထိ သေဆုံးရတဲ့ ဆန္ဒပြပြည်သူက ၈၁၂ ယောက်ရှိနေပြီး အဖမ်းခံနေရသူက ၄၂၅၈ ယောက် ရှိနေတယ်လို့ နိုင်ငံရေးအကျဉ်းသားများ စောင့်ရှောက်ရေးအသင်း AAPP က သတင်းထုတ်ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG