သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်တပ်ကို အရေးယူဖို့ လွတ်မြောက် ဂျပန်သတင်းထောက် တောင်းဆို


Japanese journalist Kitazumi Yuki
Japanese journalist Kitazumi Yuki

{{Zawgyi/Unicode}}

မြန်မာနိုင်ငံက အာဏာသိမ်း စစ်အုပ်ချုပ်ရေးကောင်စီအပေါ် အရေးယူ ဒဏ်ခတ်ပြီး အကူအညီတွေ ဖြတ်တောက်ဖို့ မကြာခင်က မြန်မာ အကျဉ်းထောင်က လွတ်မြောက်လာတဲ့ ဂျပန် သတင်းထောက် Yuki Kitazumi က ဂျပန်အစိုးရကို တောင်းဆိုလိုက်ပါတယ်။ ဒီလို အကူညီ တွေ အားလုံး ဖြတ်တောက်တာဟာ မြန်မာနိုင်ငံမှာရင်ဆိုင်နေရတဲ့ ပြဿနာအားလုံးရဲ့ အဖြေမဟုတ်ပေမဲ့လည်း စစ်အုပ်ချုပ်ရေး ကောင်စီကို ထိထိရောက်ရောက် အကြောင်းကြားတဲ့ သတင်းစကားတခု ဖြစ်လိမ့်မယ်လို့ Yuki Kitazumi က ရိုက်တာသတင်းဌာနကို ပြောဆိုပါတယ်။

“မြန်မာနိုင်ငံ ဒီမိုကရေစီရေး တိုးတက်အောင်ဆောင်ရွက်ဖို့ ဂျပန်နိုင်ငံဘက်က ODA ပြည်ပ ဖွံ့ဖြိုးရေးအကူအညီ အများကြီးပေးပြီး ရင်းနှီးထားတာပါ။ ဒါပေမဲ့ အခု အာဏာသိမ်းတဲ့ စစ်အုပ်ချုပ်ရေးကောင်စီက နောက်ကြောင်း ပြန်လှည့်နေပါတယ်။ တိုးတက်တဲ့ အထောက်အထားဘာမှ မရှိတဲ့အတွက် ရုတ်သိမ်းဖို့ ပြန်စဉ်းစားတာက သဘာဝကျပါတယ်လို့ Yuki Kitazumi က ပြောသွားတာပါ"

မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးထိမ်းသိမ်းခံနေရသူ မြန်မာနိုင်ငံသား အများအပြား နှိပ်စက်ညှင်းပမ်းခံနေရတဲ့အကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အကျဉ်းထောင်က လွတ်မြောက်ပြီး ဂျပန်နိုင်ငံကို ပြန်လည်ရောက်ရှိလာတဲ့ ဂျပန် သတင်းထောက် Yuki Kitazumi က ပြောဆိုပါတယ်။

Yuki Kitazumi ဟာ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ မြန်မာနိုင်ငံမှာ ဒုတိယ အကြိမ် ဖမ်းဆီးခံခဲ့ရပြီး လုပ်ကြံသတင်းဖြန့်မှုနဲ့ စွဲချက်တင်ခံခဲ့ရပါတယ်။ သူဟာ စစ်အာဏာသိမ်းမှုအပြီး မြန်မာနိုင်ငံမှာ ပထမဆုံး ဖမ်းဆီးခံရတဲ့ နိုင်ငံခြားသား သတင်းထောက်ဖြစ်ပါတယ်။

......................................................

တိုက်ရိုက် လင့်ခ်

{{Unicode}}




XS
SM
MD
LG