သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့အေရး ထိေရာက္ေအာင္ေဆာင္႐ြက္ဖို႔ အာဆီယံအမတ္ေတြ ေတာင္းဆို


အာဆီယံလႊတ္ေတာ္အမတ္မ်ားအဖြဲ႔ APHR

{{Zawgyi/Unicode}}

ျမန္မာ့အေရး ဘုံသေဘာတူညီခ်က္ ၅ ရပ္ကို အေရွ႕ေတာင္အာရွႏိုင္ငံမ်ားအသင္း (ASEAN) က အျမန္ဆုံး ထိေရာက္စြာ အေကာင္အထည္ေဖာ္ဖို႔၊ အဲဒီ သေဘာတူညီခ်က္ကို ေျပာင္ေျပာင္တင္းတင္း ခ်ိဳးေဖာက္ေနတဲ့ျမန္မာစစ္တပ္ကို တာဝန္ယူမႈရွိေအာင္ လုပ္ကိုင္ဖို႔ လူ႔အခြင့္အေရးဆိုင္ရာ အာဆီယံလႊတ္ေတာ္အမတ္မ်ား အဖြဲ႕ APHR က တိုက္တြန္းလိုက္ပါတယ္။

ျမန္မာ့အေရး အာဆီယံ အထူးအစည္းအေဝးက်င္းပခဲ့တာ တလေလာက္ ရွိလာတဲ့အခ်ိန္ထိ ဘာမွေျပာင္းလဲတာ မေတြ႕ရေသးဘူးလို႔ ဒီကေန႔ ေမလ ၂၁ ရက္ေန႔ APHR က ထုတ္ျပန္တဲ့ ၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။ အာဆီယံရဲ႕ေတာင္းဆိုခ်က္ကို စစ္ေကာင္စီဘက္က ဂ႐ုမစိုက္တဲ့အတြက္ အာဆီယံ အသင္းႀကီးအတြက္ အခ်ိန္ကုန္႐ုံသက္သက္ပဲလို႔လည္း ေျပာထားပါတယ္။

ဧၿပီလက ရခဲ့တဲ့ အာဆီယံ ဘုံသေဘာတူညီခ်က္ဟာ ေကာင္းမြန္တဲ့ ေဆာင္႐ြက္ခ်က္ျဖစ္ေပမဲ့၊ ဒါ အေျပာသက္သက္မဟုတ္ဘူးဆိုတာ သက္ေသျပဖို႔လိုၿပီလို႔လည္း ေဖာ္ျပထားပါတယ္။

စစ္တပ္အေနဲ႔သူ႔ရဲ႕ ၾကမ္းၾကဳတ္ရက္စက္မႈအတြက္ အက်ိဳးဆက္ကိုခံစားရေအာင္လုပ္ဖို႔လိုတာေၾကာင့္ အေရးယူမႈေတြလုပ္ဖို႔လည္း အာဆီယံအသင္းႀကီးကို APHR ရဲ႕ဥကၠ႒လည္းျဖစ္၊ မေလးရွားလႊတ္ေတာ္အမတ္လည္းျဖစ္တဲ့ Charles Santiago ကေၾကညာခ်က္ထဲမွာ တိုက္တြန္း ထားပါတယ္။

အၾကမ္းဖက္လုပ္ရပ္ရဲ႕အက်ိဳးဆက္အျဖစ္ အာဆီယံအစည္းအေဝးေတြမွာ ျမန္မာစစ္တပ္ကို မဖိတ္ဖို႔၊ ျမန္မာ စစ္ဗိုလ္ခ်ဳပ္ေတြကို ေဒသတြင္းခရီးသြားလာခြင့္ပိတ္ပင္ဖို႔၊ စစ္တပ္နဲ႔ ပတ္သက္ေနတဲ့စီးပြားေရး လုပ္ငန္းေတြကို ပစ္မွတ္ထား ဒဏ္ခတ္ဖို႔လည္း မစၥတာ Santiago က အဲဒီေၾကညာခ်က္မွာ အႀကံျပဳထားပါတယ္။

ျမန္မာစစ္တပ္ရဲ႕ လုပ္ရပ္ေတြကို ျပစ္တင္ရႈတ္ခ်ၿပီး လက္နက္ေရာင္းခ်ခြင့္ ပိတ္ပင္ဖို႔ဆိုတဲ့ ကုလသမဂၢအေထြေထြ ညီလာခံရဲ႕ ျပဌာန္းခ်က္မူၾကမ္းကို ေထာက္ခံဖို႔လည္း အာဆီယံကို တိုက္တြန္းထားပါတယ္။

ျမန္မာႏိုင္ငံမွာ စစ္တပ္ကအာဏာသိမ္းၿပီးတဲ့ေနာက္ပိုင္း ဆႏၵျပျပည္သူေတြအေပၚ အၾကမ္းဖက္ႏွိမ္ႏွင္းေနတာေၾကာင့္ အာဆီယံ အသင္းႀကီးက ဧၿပီ ၂၄ ရက္ေန႔မွာ ျမန္မာ့အေရး အစည္းအေဝး တရပ္က်င္းပၿပီး ဘုံသေဘာတူညီခ်က္ ၅ ရပ္ ခ်မွတ္ခဲ့တာျဖစ္ပါတယ္။ ..............................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

မြန်မာ့အရေး ဘုံသဘောတူညီချက် ၅ ရပ်ကို အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) က အမြန်ဆုံး ထိရောက်စွာ အကောင်အထည်ဖော်ဖို့၊ အဲဒီ သဘောတူညီချက်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတဲ့မြန်မာစစ်တပ်ကို တာဝန်ယူမှုရှိအောင် လုပ်ကိုင်ဖို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များ အဖွဲ့ APHR က တိုက်တွန်းလိုက်ပါတယ်။

မြန်မာ့အရေး အာဆီယံ အထူးအစည်းအဝေးကျင်းပခဲ့တာ တလလောက် ရှိလာတဲ့အချိန်ထိ ဘာမှပြောင်းလဲတာ မတွေ့ရသေးဘူးလို့ ဒီကနေ့ မေလ ၂၁ ရက်နေ့ APHR က ထုတ်ပြန်တဲ့ ကြညာချက်မှာ ဖော်ပြထားပါတယ်။ အာဆီယံရဲ့တောင်းဆိုချက်ကို စစ်ကောင်စီဘက်က ဂရုမစိုက်တဲ့အတွက် အာဆီယံ အသင်းကြီးအတွက် အချိန်ကုန်ရုံသက်သက်ပဲလို့လည်း ပြောထားပါတယ်။

ဧပြီလက ရခဲ့တဲ့ အာဆီယံ ဘုံသဘောတူညီချက်ဟာ ကောင်းမွန်တဲ့ ဆောင်ရွက်ချက်ဖြစ်ပေမဲ့၊ ဒါ အပြောသက်သက်မဟုတ်ဘူးဆိုတာ သက်သေပြဖို့လိုပြီလို့လည်း ဖော်ပြထားပါတယ်။

စစ်တပ်အနေဲ့သူ့ရဲ့ ကြမ်းကြုတ်ရက်စက်မှုအတွက် အကျိုးဆက်ကိုခံစားရအောင်လုပ်ဖို့လိုတာကြောင့် အရေးယူမှုတွေလုပ်ဖို့လည်း အာဆီယံအသင်းကြီးကို APHR ရဲ့ဥက္ကဋ္ဌလည်းဖြစ်၊ မလေးရှားလွှတ်တော်အမတ်လည်းဖြစ်တဲ့ Charles Santiago ကကြေညာချက်ထဲမှာ တိုက်တွန်း ထားပါတယ်။

အကြမ်းဖက်လုပ်ရပ်ရဲ့အကျိုးဆက်အဖြစ် အာဆီယံအစည်းအဝေးတွေမှာ မြန်မာစစ်တပ်ကို မဖိတ်ဖို့၊ မြန်မာ စစ်ဗိုလ်ချုပ်တွေကို ဒေသတွင်းခရီးသွားလာခွင့်ပိတ်ပင်ဖို့၊ စစ်တပ်နဲ့ ပတ်သက်နေတဲ့စီးပွားရေး လုပ်ငန်းတွေကို ပစ်မှတ်ထား ဒဏ်ခတ်ဖို့လည်း မစ္စတာ Santiago က အဲဒီကြေညာချက်မှာ အကြံပြုထားပါတယ်။

မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေကို ပြစ်တင်ရှုတ်ချပြီး လက်နက်ရောင်းချခွင့် ပိတ်ပင်ဖို့ဆိုတဲ့ ကုလသမဂ္ဂအထွေထွေ ညီလာခံရဲ့ ပြဌာန်းချက်မူကြမ်းကို ထောက်ခံဖို့လည်း အာဆီယံကို တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်း ဆန္ဒပြပြည်သူတွေအပေါ် အကြမ်းဖက်နှိမ်နှင်းနေတာကြောင့် အာဆီယံ အသင်းကြီးက ဧပြီ ၂၄ ရက်နေ့မှာ မြန်မာ့အရေး အစည်းအဝေး တရပ်ကျင်းပပြီး ဘုံသဘောတူညီချက် ၅ ရပ် ချမှတ်ခဲ့တာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG