(Zawgyi/Unicode)
ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ ႏိုင္ငံေရးအၾကပ္အတည္း ၾကံဳေနရတာကို ေဒသတြင္း ႏိုင္ငံေတြ ဝိုင္း၀န္းကူညီ ေျဖရွင္းၾကဖို႔ ကုလသမဂၢအတြင္းေရးမူးခ်ဳပ္ရဲ့ အထူးကိုယ္စားလွယ္နဲ႔ ထိုင္းဝန္ႀကီးခ်ဳပ္တို႔ မေန႔က ေဆြးေႏြးၾကပါတယ္။ ျမန္မာနဲ႔ ထိုင္းႏိုင္ငံတို႔လည္း အဖဲြ႕၀င္အျဖစ္ ပါ၀င္ၾကတဲ့ အေရွ႕ေတာင္အာရွ ႏိုင္ငံမ်ားအသင္း (ASEAN) ဥကၠ႒ ေရွ႕သီတင္းပတ္ထဲ ျမန္မာႏိုင္ငံ မသြားခင္မွာ ေတြ႕ဆုံခဲ့ၾကတာလည္း ျဖစ္ပါတယ္။
ကုလသမဂၢ အထူးကိုယ္စားလွယ္ Christine Burgener နဲ႔ ထိုင္းဝန္ႀကီးခ်ဳပ္ Prayuth Chan-o-cha တို႔ရဲ႕ ေသာၾကာေန႔က ေတြ႕ဆုံမႈနဲ႔ အာဆီယံ ဥကၠ႒ရဲ႕ ခရီးစဥ္အေပၚ အာဆီယံအေရး ကၽြမ္းက်င္သူ ထိုင္းဝါရင့္ သတင္းအယ္ဒီတာနဲ႔ အႀကီးတန္းသုေတသီ Kavi Chongkittavorn နဲ႔ ထိုင္း-ျမန္မာအေရးကၽြမ္းက်င္သူ ဦးေအာင္သူျငိမ္းတို႔ကို ကိုဝင္းမင္းက ဆက္သြယ္ေမးျမန္း တင္ဆက္ထားပါတယ္။
ထိုင္းနို္င္ငံမွာ အရင္ထုတ္ေ၀ခဲ့တဲ့ The Nations သတင္းစာ အယ္ဒီတာေဟာင္းနဲ ့လက္ရွိ Bangkok Post သတင္းစာမွာ ပံုမွန္ သံုးသပ္သူ Kavi က မေန ့က ေတြ ့ဆံုေဆြးေႏြးမႈအတြင္းရခဲ့တဲ့ အေရးပါမႈကို အခုလိုေျပာပါတယ္။
Kavi Chongkittavorn။ ။ "ဒီေန႔အစည္းအေဝးက အရမ္းကိုအေရးပါပါတယ္။ ဘာလို႔လဲဆိုေတာ့ ထိုင္းႏိုင္ငံအေနနဲ႔၊ ျမန္မာႏိုင္ငံထဲပဋိပကၡေတြကေန ထြက္ေျပးလာသူေတြကို၊ ျပန္ေမာင္းမထုတ္ဘူးလို႔ ကုလသမဂၢအထူးကိုယ္စားလွယ္ကို ကတိေပးလိုက္လို႔ပါ။ သိတဲ့အတိုင္းပဲေလ၊ ၿပီးခဲ့တဲ့ ၃ လအတြင္း၊ တပ္မေတာ္နဲ႔ လက္နက္ကိုင္တိုင္းရင္းသားတပ္ေတြအၾကား၊ ႀကိၾကားႀကိဳၾကားတိုက္ပြဲေတြျဖစ္ခဲ့တာမို႔၊ အဲ့ဒိက ရြာသားေတြ ထိုင္းဘက္ကို၊ အခ်ိန္နဲ႔အမွ် ထြက္ေျပးလာေနတယ္ေလ။”
ဒါေပမယ့္ ထိုင္းျမန္မာအေရးက်ြမ္းက်င္သူ ဦးေအာင္သူျငိမ္းကေတာ့ ျမန္မာနိုင္ငံကထြက္ေျပးလာသူေတြကို အခုလို ျပန္မပို ့ေပးမယ့္ အရင္တုန္းကလိုေတာ့ ထိုင္းက အမ်ားၾကီးကူဖို ့အားနည္းသြားျပီလို ့ဆိုပါတယ္။
ကိုေအာင္သူျငိမ္း။ ။ “ ဒီတေလာ DVB သတင္းေထာက္ေတြ ထိုင္းနို္င္ငံထဲမွာ ဖမ္းမိတာေတြ ရွိပါတယ္။ အဲဒါမ်ိဴးဆုိရင္ေတာ့ ထိုင္းရဲ့သေဘာကေတာ့ သူတို ့လည္းနာမည္အပ်က္မခံဘူး။ တတိယနိုင္ငံကို ထြက္ဖို ့ဆိုလို ့ရွိရင္လည္း သူတို ့ခြင့္ျပဳလိုက္နိုင္တဲ့ အေနအထားမ်ိဴးရွိပါတယ္။ ဒါေပမယ့္လည္း ထိုင္းနိုင္ငံရဲ့ နယ္စပ္မွာ တခ်ိန္တုန္းကလို ဒုကၡသည္စခန္းၾကီးေတြ၊ ေနာက္ထပ္ထြက္လာတဲ့သူေတြအတြက္ ခို္လွဳံစရာေပါ့ေနာ္၊ အဲလိုအေနအထားမ်ိဴးေတြေတာ့ ထိုင္းဘက္က ျပင္ဆင္ထားတာမရွိဘူးလို ့ထင္တယ္ဗ်။ ဒီနယ္စပ္မွာရွိတဲ့ က်ေနာ္တို ့ဒီလက္နက္ကိုင္အဖြဲ ့ေတြေပါ့ဗ်ာ။ ဒါေတြနဲ ့ပက္သက္လို ့လည္း ေထာက္ပံ့တာေတြ၊ ေနာက္တခုက နိုင္ငံေရးအရ ခိုလွဳံမယ့္ကိစၥမ်ိဴးေတြ၊ ဒါေတြနဲ ့ပက္သက္လို ့လည္း ေတာ္ေတာ္တင္းတင္းၾကပ္ၾကပ္ရွိတယ္ေပါ့။ တဘက္ကလည္း Covid-19 ကူးစပ္မႈေတြနဲ ့ပက္သက္လို ့သူတို ့စိုးရိမ္တာေတာ့ သေဘာေပါက္ပါတယ္။ ဒါေပမယ့္လည္း အရင္တခ်ိန္လို ေထာက္ခံမႈေတြေတာ့ အမ်ားၾကီး မေတြ ့ရဘူးဗ်။”
ထုိင္းနိုင္ငံ အထင္ကရ ခ်ဴလာေလာင္ကြန္းတကၠသိုလ္ရွိ လံုျခံဳေရးနဲ ့နိုင္ငံတကာေလ့လာေရးဌာနက အၾကီးတန္းသုေတသီလည္းျဖစ္တဲ့ Kavi က ဒီေဆြးေႏြးပြဲမွာ ေရွ ့ဆက္သြားဖို ့အေရးပါတဲ့ အာဆီယံရဲ့ ဘံုသေဘာတူညီခ်က္ ငါးရပ္ကိုလည္း ပိုထိေအာင္ေဆြးေႏြးခဲ့ၾကတဲ့ ဒီေခါင္းေဆာင္နွစ္ဦးရဲ့ ရင္းနွီးမႈကလည္း အေရးပါခဲ့တယ္လို ့ဆိုပါတယ္။
Kavi Chongkittavorn။ ။ သူတို႔ အခ်င္းခ်င္းက ရင္းႏွီးထားၾကၿပီးသားပါ။ ဘာလို႔လဲဆိုေတာ့ Ms Burgener က၊ အရင္ ထိုင္းႏိုင္ငံဆိုင္ရာ ဆြစ္ဇာလန္သံအမတ္ႀကီးအျဖစ္ ၂၀၀၉ ခုႏွစ္ကေန ၂၀၁၅ အထိ ထိုင္းမွာ တာဝန္က်ခဲ့ဖူးတာကိုး။ တကယ္က ထိုင္းဝန္ႀကီးခ်ဳပ္ကလည္း၊ Ms Burgener ရဲ့ သံတမန္ေရးကၽြမ္းက်င္မူေၾကာင့္သာ၊ အခုလို ျမန္မာႏိုင္ငံက အေျခအေနကို တာဝန္ယူကိုင္တြယ္ေပးဖို႔၊ ကုလသမဂၢကေန အထူးကုိယ္စာလွယ္တာဝန္ေပးခံခဲ့ရတာလို႔ ခ်ီးက်ဴးေလ့ရွိပါတယ္။”
ကိုေအာင္သူျငိမ္းကလည္း ျမန္မာ့အေရးလက္ရွိအာဆီယံမွာ သိပ္မတက္ၾကြေသးတဲ့ ထိုင္းကို ပိုပါလာေအာင္လုပ္နိုင္ခဲ့တာက ထူးျခားတယ္လို ့ဆိုပါတယ္။ အရင္ျမန္မာတိုင္းစ္ သတင္းစာမွာလည္း အယ္ဒီတာလုပ္ေပးခဲ့သူ Kavi က ကုလ-အထူးကိုယ္စားလွယ္ေရွ ့အပတ္ထဲ ျမန္မာျပီးသြားေရာက္ဖို ့ၾကိဳးစားေနတာနဲ ့ခြင့္ျပဳခ်က္အခုခ်ိန္အထိမရေသးဘူးဆိုတာကိုလည္း ေဆြးေႏြးခဲ့ၾကျပီး အာဆီယံအထူးကိုယ္စားလွယ္ခန္ ့နိုင္ဖို ့ေစာင့္ေနရတဲ့အခ်ိန္မွာ လာမယ့္အာစီယံဥကၠဌရဲ့ ျမန္မာခရီးစဥ္ အေရးပါပံုကို အခုလိုေျပာပါတယ္။
Kavi Chongkittavorn။ ။ “ဒီခရီးစဥ္က အာဏာသိမ္းအၿပီး အာဆီယံရဲ့ ပထမဆံုး လူကိုယ္တိုင္လႊတ္တဲ့ ကို္ယ္စားလွယ္အဖြဲ႔ ခရီးစဥ္ႀကီးပါ။ ဒါေၾကာင့္ ဒီကိုယ္စားလွယ္အဖြဲ႔အေနနဲ႔ ဘာေတြ လုပ္ေဆာင္မယ္၊ ဘယ္လိုအစီအစဥ္ေတြဆြဲမယ္ဆိုတာအတြက္၊ ကနဦးႀကိဳတင္ေလ့လာဆန္းစစ္မူ တခ်ိဳ.လုပ္ႏိုင္ဖို႔၊ စစ္တပ္ေခါင္းေဆာင္နဲ႔ တျခားအေရးပါတဲ့ တာဝန္ရွိသူေတြကိုေတြ႔ခ်င္ပါလိမ့္မယ္၊ ဒါၿပီးမွာသာ၊ အာဆီယံရဲ့ အထူးကိုယ္စားလွယ္ကို ေစလႊတ္ဖို႔ ရွိပါလိမ့္မယ္။
ဦးေအာင္သူျငိမ္းကေတာ့ အာဆီယံရဲ့ ေဆြးေႏြးသေဘာတူတာနဲ ့တကယ္ျဖစ္လာတာ ၾကာတတ္ပံုကို အခုလိုေျပာပါတယ္။
ကိုေအာင္သူျငိမ္း။ ။”အခုေတြ ့ဆံုေဆြးေႏြးမႈကေတာ့ ေကာင္းပါတယ္။ ဒါေပမယ့္လည္း ခ်က္ခ်င္းၾကီးေတာ့ ရလာဒ္ထြက္မယ္လို ့မထင္ရဘူးေပါ့ေနာ္။ အထူးသျဖင့္ေပါ့ ကုလသမဂၢရဲ့ အထူးသံတမန္ ခရစ္စတင္း ဘာဂနာက သူက ေဒသတြင္းမွာရွိတဲ့ေခါင္းေဆာင္ေတြကို လိုက္ျပီးေဆြးေႏြးတယ္။ ေဆြးေႏြးျပီးေတာ့ ျမန္မာျပည္အေရးကို ပိုျပီးတြန္းတြန္းတိုက္တိုက္ျဖစ္လာဖို ့ၾကိဳးစားေနတာေတြေတာ့ ရွိပါတယ္။ ဒါေပမယ့္လည္း ဒီ အာဆီယံကိုယ္တိုင္က အခုခ်ိန္ထိ သူတို ့ရဲ့ အထူးကိုယ္စားလွယ္ သံတမန္္တဦးခန္ ့ဖို ့ဆိုတာက အခုခ်ိန္ထိ ေဆြးေႏြး ျငင္းခုန္ေနတုန္းရွိေသးတယ္။ လူတေယာက္ကိုပဲ ခန္ ့တာနဲ ့စာရင္ အဖြဲ ့ထဲက သံုးေလးေယာက္ကိုပဲ ကိုယ္စားျပဳခိုင္းမလားေပါ့ေနာ္။ ဒါေတြလည္း ၾကားပါတယ္။”
အဲဒီေတာ့ အခုအာဆီယံဥကၠဌရဲ့ ေရွ ့အပတ္ခရီးစဥ္ကေန အေကာင္းဆံုးဘာေမွ်ာ္လင့္နိုင္သလဲဆိုတာနဲ ့ပတ္သက္ျပီး အာဆီယံကို အတြင္းက်က် ေလ့လာသိရွိထားတဲ့ Kavi က အခုလို ေျပာပါတယ္။
Kavi Chongkittavorn။ ။ "ကၽြန္ေတာ္ထင္ပါတယ္။ အေကာင္းဆံုးေမွ်ာ္လင့္ႏိုင္တာကေတာ့၊ အာဆီယံ အထူးကုိယ္စာလွယ္နဲ႔ ကုလသမဂၢ အထူးကိုယ္စားလွယ္တို႔ ျမန္မာႏိုင္ငံထဲကို အတူတြဲသြားၿပီး လုပ္ေဆာင္ေပးႏိုင္ဖို႔ေပါ့ေနာ္။ ဒါက အေကာင္းဆံုးအေျခအေနပါ။ ဒါေပမဲ့ ဘယ္လိုျဖစ္လာမလဲ၊ အခုလိုျဖစ္လာမလားဆိုတာကေတာ့၊ ေနာက္အပတ္ထဲ၊ ဒါမွမဟုတ္ အဲ့ဒိေနာက္ပိုင္းကို ေစာင့္ၾကည့္ရဦးမွာပါ။"
ဦးေအာင္သူျငိမ္းကလည္း အာဆီယံ ဘံုသေဘာတူညီခ်က္(၅)ခုက စင္းလံုးေခ်ာမဟုတ္ေပမယ့္ ေရွ ့တန္းက အေရးပါလာေနတယ္လို ့ဆိုပါတယ္။
ကိုေအာင္သူျငိမ္း။ ။ "လက္ရွိအာဆီယံမွာ ျပီးခဲ့တဲ့ Consensus ေပါ့ေနာ္။ (၅) ခ်က္သေဘာတူထားတာရွိတယ္။ အဲဒီေတာ့ တရုတ္အပါအ၀င္၊ အေမရိကန္အပါအ၀င္ က်န္တဲ့နိုင္ငံေတြကလည္း အာဆီယံေတာ့ အေရွ ့က လွမ္းပါေစဦး။ သူတို ့က ေနာက္က ပ့ံပိုးမယ္ဆိုတဲ့ အခန္း က႑ေပါ့။ အဲလိုအေနအထားမွာ က်ေနာ္ျမင္တာကေတာ့ အာဆီယံက ပိုျပီး အေရးပါတဲ့ ေနရာမွာ ေရွ ့တန္းေရာက္လာတယ္ထင္ပါတယ္။"
Kavi ကလည္း အာဆီယံ ပိုအားရွိလာေအာင္ ၀ိုင္းကူေပးဖို ့အင္အားၾကီးနုိင္ငံေတြျဖစ္တဲ့ အေမရိကန္နဲ ့တရုတ္တို ့မွာလည္း တာ၀န္ရွိတယ္လို ့ဆိုပါတယ္။
..........................................................
မြန်မာ့အရေး အိမ်နီးချင်းတွေနဲ့ အာဆီယံနိုင်ငံတွေက ဘာတွေမျှော်လင့်နိုင်မလဲ
(Unicode)
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံရေးအကြပ်အတည်း ကြုံနေရတာကို ဒေသတွင်း နိုင်ငံတွေ ဝိုင်းဝန်းကူညီ ဖြေရှင်းကြဖို့ ကုလသမဂ္ဂအတွင်းရေးမူးချုပ်ရဲ့ အထူးကိုယ်စားလှယ်နဲ့ ထိုင်းဝန်ကြီးချုပ်တို့ မနေ့က ဆွေးနွေးကြပါတယ်။ မြန်မာနဲ့ ထိုင်းနိုင်ငံတို့လည်း အဖွဲ့ဝင်အဖြစ် ပါဝင်ကြတဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) ဥက္ကဋ္ဌ ရှေ့သီတင်းပတ်ထဲ မြန်မာနိုင်ငံ မသွားခင်မှာ တွေ့ဆုံခဲ့ကြတာလည်း ဖြစ်ပါတယ်။
ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Christine Burgener နဲ့ ထိုင်းဝန်ကြီးချုပ် Prayuth Chan-o-cha တို့ရဲ့ သောကြာနေ့က တွေ့ဆုံမှုနဲ့ အာဆီယံ ဥက္ကဋ္ဌရဲ့ ခရီးစဉ်အပေါ် အာဆီယံအရေး ကျွမ်းကျင်သူ ထိုင်းဝါရင့် သတင်းအယ်ဒီတာနဲ့ အကြီးတန်းသုတေသီ Kavi Chongkittavorn နဲ့ ထိုင်း-မြန်မာအရေးကျွမ်းကျင်သူ ဦးအောင်သူငြိမ်းတို့ကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်း တင်ဆက်ထားပါတယ်။
ထိုင်းနိုင်ငံမှာ အရင်ထုတ်ဝေခဲ့တဲ့ The Nations သတင်းစာ အယ်ဒီတာဟောင်းနဲ့လက်ရှိ Bangkok Post သတင်းစာမှာ ပုံမှန် သုံးသပ်သူ Kavi က မနေ့က တွေ့ဆုံဆွေးနွေးမှုအတွင်းရခဲ့တဲ့ အရေးပါမှုကို အခုလိုပြောပါတယ်။
Kavi Chongkittavorn။ ။ "ဒီနေ့အစည်းအဝေးက အရမ်းကိုအရေးပါပါတယ်။ ဘာလို့လဲဆိုတော့ ထိုင်းနိုင်ငံအနေနဲ့၊ မြန်မာနိုင်ငံထဲပဋိပက္ခတွေကနေ ထွက်ပြေးလာသူတွေကို၊ ပြန်မောင်းမထုတ်ဘူးလို့ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ကို ကတိပေးလိုက်လို့ပါ။ သိတဲ့အတိုင်းပဲလေ၊ ပြီးခဲ့တဲ့ ၃ လအတွင်း၊ တပ်မတော်နဲ့ လက်နက်ကိုင်တိုင်းရင်းသားတပ်တွေအကြား၊ ကြိကြားကြိုကြားတိုက်ပွဲတွေဖြစ်ခဲ့တာမို့၊ အဲ့ဒိက ရွာသားတွေ ထိုင်းဘက်ကို၊ အချိန်နဲ့အမျှ ထွက်ပြေးလာနေတယ်လေ။”
ဒါပေမယ့် ထိုင်းမြန်မာအရေးကျွမ်းကျင်သူ ဦးအောင်သူငြိမ်းကတော့ မြန်မာနိုင်ငံကထွက်ပြေးလာသူတွေကို အခုလို ပြန်မပို ့ပေးမယ့် အရင်တုန်းကလိုတော့ ထိုင်းက အများကြီးကူဖို့အားနည်းသွားပြီလို့ဆိုပါတယ်။
ကိုအောင်သူငြိမ်း။ ။ “ ဒီတလော DVB သတင်းထောက်တွေ ထိုင်းနိုင်ငံထဲမှာ ဖမ်းမိတာတွေ ရှိပါတယ်။ အဲဒါမျိူးဆိုရင်တော့ ထိုင်းရဲ့သဘောကတော့ သူတို့လည်းနာမည်အပျက်မခံဘူး။ တတိယနိုင်ငံကို ထွက်ဖို့ဆိုလို့ရှိရင်လည်း သူတို့ခွင့်ပြုလိုက်နိုင်တဲ့ အနေအထားမျိူးရှိပါတယ်။ ဒါပေမယ့်လည်း ထိုင်းနိုင်ငံရဲ့ နယ်စပ်မှာ တချိန်တုန်းကလို ဒုက္ခသည်စခန်းကြီးတွေ၊ နောက်ထပ်ထွက်လာတဲ့သူတွေအတွက် ခိုလှုံစရာပေါ့နော်၊ အဲလိုအနေအထားမျိူးတွေတော့ ထိုင်းဘက်က ပြင်ဆင်ထားတာမရှိဘူးလို့ထင်တယ်ဗျ။ ဒီနယ်စပ်မှာရှိတဲ့ ကျနော်တို့ဒီလက်နက်ကိုင်အဖွဲ့တွေပေါ့ဗျာ။ ဒါတွေနဲ့ပက်သက်လို့လည်း ထောက်ပံ့တာတွေ၊ နောက်တခုက နိုင်ငံရေးအရ ခိုလှုံမယ့်ကိစ္စမျိူးတွေ၊ ဒါတွေနဲ့ပက်သက်လို့လည်း တော်တော်တင်းတင်းကြပ်ကြပ်ရှိတယ်ပေါ့။ တဘက်ကလည်း Covid-19 ကူးစပ်မှုတွေနဲ့ပက်သက်လို့သူတို့စိုးရိမ်တာတော့ သဘောပေါက်ပါတယ်။ ဒါပေမယ့်လည်း အရင်တချိန်လို ထောက်ခံမှုတွေတော့ အများကြီး မတွေ့ရဘူးဗျ။”
ထိုင်းနိုင်ငံ အထင်ကရ ချူလာလောင်ကွန်းတက္ကသိုလ်ရှိ လုံခြုံရေးနဲ့နိုင်ငံတကာလေ့လာရေးဌာနက အကြီးတန်းသုတေသီလည်းဖြစ်တဲ့ Kavi က ဒီဆွေးနွေးပွဲမှာ ရှေ့ဆက်သွားဖို့အရေးပါတဲ့ အာဆီယံရဲ့ ဘုံသဘောတူညီချက် ငါးရပ်ကိုလည်း ပိုထိအောင်ဆွေးနွေးခဲ့ကြတဲ့ ဒီခေါင်းဆောင်နှစ်ဦးရဲ့ ရင်းနှီးမှုကလည်း အရေးပါခဲ့တယ်လို့ဆိုပါတယ်။
Kavi Chongkittavorn။ ။ သူတို့ အချင်းချင်းက ရင်းနှီးထားကြပြီးသားပါ။ ဘာလို့လဲဆိုတော့ Ms Burgener က၊ အရင် ထိုင်းနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံအမတ်ကြီးအဖြစ် ၂၀၀၉ ခုနှစ်ကနေ ၂၀၁၅ အထိ ထိုင်းမှာ တာဝန်ကျခဲ့ဖူးတာကိုး။ တကယ်က ထိုင်းဝန်ကြီးချုပ်ကလည်း၊ Ms Burgener ရဲ့ သံတမန်ရေးကျွမ်းကျင်မူကြောင့်သာ၊ အခုလို မြန်မာနိုင်ငံက အခြေအနေကို တာဝန်ယူကိုင်တွယ်ပေးဖို့၊ ကုလသမဂ္ဂကနေ အထူးကိုယ်စာလှယ်တာဝန်ပေးခံခဲ့ရတာလို့ ချီးကျူးလေ့ရှိပါတယ်။”
ကိုအောင်သူငြိမ်းကလည်း မြန်မာ့အရေးလက်ရှိအာဆီယံမှာ သိပ်မတက်ကြွသေးတဲ့ ထိုင်းကို ပိုပါလာအောင်လုပ်နိုင်ခဲ့တာက ထူးခြားတယ်လို့ဆိုပါတယ်။ အရင်မြန်မာတိုင်းစ် သတင်းစာမှာလည်း အယ်ဒီတာလုပ်ပေးခဲ့သူ Kavi က ကုလ-အထူးကိုယ်စားလှယ်ရှေ့အပတ်ထဲ မြန်မာပြီးသွားရောက်ဖို့ကြိုးစားနေတာနဲ့ခွင့်ပြုချက်အခုချိန်အထိမရသေးဘူးဆိုတာကိုလည်း ဆွေးနွေးခဲ့ကြပြီး အာဆီယံအထူးကိုယ်စားလှယ်ခန့်နိုင်ဖို့စောင့်နေရတဲ့အချိန်မှာ လာမယ့်အာစီယံဥက္ကဌရဲ့ မြန်မာခရီးစဉ် အရေးပါပုံကို အခုလိုပြောပါတယ်။
Kavi Chongkittavorn။ ။ “ဒီခရီးစဉ်က အာဏာသိမ်းအပြီး အာဆီယံရဲ့ ပထမဆုံး လူကိုယ်တိုင်လွှတ်တဲ့ ကိုယ်စားလှယ်အဖွဲ့ ခရီးစဉ်ကြီးပါ။ ဒါကြောင့် ဒီကိုယ်စားလှယ်အဖွဲ့အနေနဲ့ ဘာတွေ လုပ်ဆောင်မယ်၊ ဘယ်လိုအစီအစဉ်တွေဆွဲမယ်ဆိုတာအတွက်၊ ကနဦးကြိုတင်လေ့လာဆန်းစစ်မူ တချို.လုပ်နိုင်ဖို့၊ စစ်တပ်ခေါင်းဆောင်နဲ့ တခြားအရေးပါတဲ့ တာဝန်ရှိသူတွေကိုတွေ့ချင်ပါလိမ့်မယ်၊ ဒါပြီးမှာသာ၊ အာဆီယံရဲ့ အထူးကိုယ်စားလှယ်ကို စေလွှတ်ဖို့ ရှိပါလိမ့်မယ်။
ဦးအောင်သူငြိမ်းကတော့ အာဆီယံရဲ့ ဆွေးနွေးသဘောတူတာနဲ့တကယ်ဖြစ်လာတာ ကြာတတ်ပုံကို အခုလိုပြောပါတယ်။
ကိုအောင်သူငြိမ်း။ ။”အခုတွေ့ဆုံဆွေးနွေးမှုကတော့ ကောင်းပါတယ်။ ဒါပေမယ့်လည်း ချက်ချင်းကြီးတော့ ရလာဒ်ထွက်မယ်လို့မထင်ရဘူးပေါ့နော်။ အထူးသဖြင့်ပေါ့ ကုလသမဂ္ဂရဲ့ အထူးသံတမန် ခရစ်စတင်း ဘာဂနာက သူက ဒေသတွင်းမှာရှိတဲ့ခေါင်းဆောင်တွေကို လိုက်ပြီးဆွေးနွေးတယ်။ ဆွေးနွေးပြီးတော့ မြန်မာပြည်အရေးကို ပိုပြီးတွန်းတွန်းတိုက်တိုက်ဖြစ်လာဖို့ကြိုးစားနေတာတွေတော့ ရှိပါတယ်။ ဒါပေမယ့်လည်း ဒီ အာဆီယံကိုယ်တိုင်က အခုချိန်ထိ သူတို့ရဲ့ အထူးကိုယ်စားလှယ် သံတမန်တဦးခန့်ဖို့ဆိုတာက အခုချိန်ထိ ဆွေးနွေး ငြင်းခုန်နေတုန်းရှိသေးတယ်။ လူတယောက်ကိုပဲ ခန့်တာနဲ့စာရင် အဖွဲ့ထဲက သုံးလေးယောက်ကိုပဲ ကိုယ်စားပြုခိုင်းမလားပေါ့နော်။ ဒါတွေလည်း ကြားပါတယ်။”
အဲဒီတော့ အခုအာဆီယံဥက္ကဌရဲ့ ရှေ ့အပတ်ခရီးစဉ်ကနေ အကောင်းဆုံးဘာမျှော်လင့်နိုင်သလဲဆိုတာနဲ့ပတ်သက်ပြီး အာဆီယံကို အတွင်းကျကျ လေ့လာသိရှိထားတဲ့ Kavi က အခုလို ပြောပါတယ်။
Kavi Chongkittavorn။ ။ "ကျွန်တော်ထင်ပါတယ်။ အကောင်းဆုံးမျှော်လင့်နိုင်တာကတော့၊ အာဆီယံ အထူးကိုယ်စာလှယ်နဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်တို့ မြန်မာနိုင်ငံထဲကို အတူတွဲသွားပြီး လုပ်ဆောင်ပေးနိုင်ဖို့ပေါ့နော်။ ဒါက အကောင်းဆုံးအခြေအနေပါ။ ဒါပေမဲ့ ဘယ်လိုဖြစ်လာမလဲ၊ အခုလိုဖြစ်လာမလားဆိုတာကတော့၊ နောက်အပတ်ထဲ၊ ဒါမှမဟုတ် အဲ့ဒိနောက်ပိုင်းကို စောင့်ကြည့်ရဦးမှာပါ။"
ဦးအောင်သူငြိမ်းကလည်း အာဆီယံ ဘုံသဘောတူညီချက်(၅)ခုက စင်းလုံးချောမဟုတ်ပေမယ့် ရှေ့တန်းက အရေးပါလာနေတယ်လို့ဆိုပါတယ်။
ကိုအောင်သူငြိမ်း။ ။ "လက်ရှိအာဆီယံမှာ ပြီးခဲ့တဲ့ Consensus ပေါ့နော်။ (၅) ချက်သဘောတူထားတာရှိတယ်။ အဲဒီတော့ တရုတ်အပါအဝင်၊ အမေရိကန်အပါအဝင် ကျန်တဲ့နိုင်ငံတွေကလည်း အာဆီယံတော့ အရှေ့က လှမ်းပါစေဦး။ သူတို့က နောက်က ပံ့ပိုးမယ်ဆိုတဲ့ အခန်း ကဏ္ဍပေါ့။ အဲလိုအနေအထားမှာ ကျနော်မြင်တာကတော့ အာဆီယံက ပိုပြီး အရေးပါတဲ့ နေရာမှာ ရှေ့တန်းရောက်လာတယ်ထင်ပါတယ်။"
Kavi ကလည်း အာဆီယံ ပိုအားရှိလာအောင် ဝိုင်းကူပေးဖို့အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ အမေရိကန်နဲ့တရုတ်တို့မှာလည်း တာဝန်ရှိတယ်လို့ဆိုပါတယ်။