(Zawgyi/Unicode)
စစ်အာဏာသိမ်းပြီးနောက် ဖမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် ပြန်လွှတ်ပေးရေး အာဆီယံ- အရှေ့တောင် အာရှ နိုင်ငံများ အသင်းက ဆက်လက် တောင်းဆိုသင့်ကြောင်း စကာင်္ပူ နိုင်ငံခြားရေး ၀န်ကြီးက အင်္ဂါနေ့မှာ ပြောပါတယ်။
အင်ဒိုနီးရှား နိုင်ငံ မြို့တော် ဂျာကာတာမှာ လုပ်ခဲ့တဲ့ မြန်မာ့ အရေး ဆွေးနွေးပွဲက ထွက်လာတဲ့ အာဆီယံ ဘုံသဘောတူညီချက်ကို မြန်မာ စစ်တပ်က ရှောင်လွှဲနေတဲ့ အနေအထားမျိုးမှာ စကာင်္ပူ နိုင်ငံခြားရေး ၀န်ကြီး Vivian Balakrishnan ရဲ့ အခု မှတ်ချက်က အာဆီယံ အဖွဲ့ဝင် နိုင်ငံ တခုရဲ့ အပွင့်လင်းဆုံး တုံ့ပြန်ပြောဆိုမှု ဖြစ်ပါတယ်။
အာဆီယံ ဘုံသဘောတူညီချက်ကို မြန်မာ စစ်တပ် အာဏာပိုင်တွေဘက်က ကိုင်စွဲ ဆောင်ရွက်ရေး အတွက် အာဆီယံဘက်က ဆက်လက် တိုက်တွန်း ဆောင်ရွက်ရမယ်၊ အထူးသဖြင့်တော့ မြန်မာ နိုင်ငံတွင်း အကြမ်းဖက်မှုတွေကို အစွမ်းကုန် ထိန်းထိန်းသိမ်းသိမ်း ရှိရေးနဲ့ သက်ဆိုင်သူ အားလုံး အဓိပ္ပါယ်ရှိရှိ စတင် ဆွေးနွေးရေး ဖြစ်တယ်လို့လည်း စကာင်္ပူ နိုင်ငံခြားရေး ၀န်ကြီးက ပြောဆိုပါတယ်။
....................
ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ အာဆီယံ တောင်းဆိုသင့် (စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး)
(Unicode)
စစ်အာဏာသိမ်းပြီးနောက် ဖမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် ပြန်လွှတ်ပေးရေး အာဆီယံ- အရှေ့တောင် အာရှ နိုင်ငံများ အသင်းက ဆက်လက် တောင်းဆိုသင့်ကြောင်း စကာၤပူ နိုင်ငံခြားရေး ဝန်ကြီးက အင်္ဂါနေ့မှာ ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တခြားသူတွေကို ပြန်လွှတ်ပေးရေး တောင်းဆိုဖို့ လွှတ်တော်ရဲ့ မေးမြန်းမှုမှာ ထည့်သွင်း ပြောဆိုခဲ့တာ ဖြစ်ကြောင်း ရိုက်တာ သတင်းက ဖော်ပြပါတယ်။
အာဆီယံ အဖွဲ့ကြီးရဲ့ မြန်မာ့ အရေး ဘုံသဘောတူညီချက်မှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းခံထားရသူတွေ ပြန်လွှတ်ရေး တောင်းဆိုမထားပေမယ့်လည်း အဖွဲ့ဝင် နိုင်ငံ တချို့ကတော့ စစ်တပ်က ဖမ်းထားသူ အားလုံး ပြန်လွှတ်ပေးရေး ပြောဆိုထားတာ ဖြစ်ပါတယ်။
အင်ဒိုနီးရှား နိုင်ငံ မြို့တော် ဂျာကာတာမှာ လုပ်ခဲ့တဲ့ မြန်မာ့ အရေး ဆွေးနွေးပွဲက ထွက်လာတဲ့ အာဆီယံ ဘုံသဘောတူညီချက်ကို မြန်မာ စစ်တပ်က ရှောင်လွှဲနေတဲ့ အနေအထားမျိုးမှာ စကာၤပူ နိုင်ငံခြားရေး ဝန်ကြီး Vivian Balakrishnan ရဲ့ အခု မှတ်ချက်က အာဆီယံ အဖွဲ့ဝင် နိုင်ငံ တခုရဲ့ အပွင့်လင်းဆုံး တုံ့ပြန်ပြောဆိုမှု ဖြစ်ပါတယ်။
တဖက်က အမျိုးသား ညီညွတ်ရေး အစိုးရ - NUG ဘက်ကလည်း အာဆီယံရဲ့ ဘုံသဘောတူညီချက် အပေါ် သတိထား တုံ့ပြန်ထားတာ ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းထားသူ အားလုံး ပြန်လွှတ် မပေးရင်တော့ ဆွေးနွေးရေး ဆိုတာ မဖြစ်နိုင်ဘူးလို့ ပြောဆိုထားတာပါ။ စစ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်း ဖြစ်လာတဲ့ ပြသနာတွေကို အဆုံးသတ်နိုင်ရေး မြန်မာ စစ်တပ်ဘက်က ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်လို့လည်း စကာၤပူ နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။
မြန်မာ စစ်တပ်ဘက်က ထိန်းထိန်းသိမ်းသိမ်း ရှိလာစေရေးနဲ့ အတိုက်အခံတွေနဲ့ စတင်ဆွေးနွေး လာစေရေး အတွက် အရှေ့တောင် အာရှ နိုင်ငံတွေက ဆက်လက် ဖိအားပေးရေးလည်း သူက တိုက်တွန်းပါတယ်။ ဒီလုပ်ငန်းစဉ်က လွယ်ကူမှာ မဟုတ်ကြောင်း၊ စစ်တပ်ဘက်က ပူးပေါင်းဆောင်ရွက်မှု လိုကြောင်း စကာၤပူ နိုင်ငံခြားရေး ဝန်ကြီးက လွှတ်တော် မေးမြန်းမှုကို တုံ့ပြန်ဖြေကြားခဲ့တာပါ။
အာဆီယံ ဘုံသဘောတူညီချက်ကို မြန်မာ စစ်တပ် အာဏာပိုင်တွေဘက်က ကိုင်စွဲ ဆောင်ရွက်ရေး အတွက် အာဆီယံဘက်က ဆက်လက် တိုက်တွန်း ေဆောင်ရွက်ရမယ်၊ အထူးသဖြင့်တော့ မြန်မာ နိုင်ငံတွင်း အကြမ်းဖက်မှုတွေကို အစွမ်းကုန် ထိန်းထိန်းသိမ်းသိမ်း ရှိရေးနဲ့ သက်ဆိုင်သူ အားလုံး အဓိပ္ပါယ်ရှိရှိ စတင် ဆွေးနွေးရေး ဖြစ်တယ်လို့လည်း စကာၤပူ နိုင်ငံခြားရေး ဝန်ကြီးက ပြောဆိုပါတယ်။